Last post

အမ်ိဳးသားေတြမွာ တစ္ကိုယ္ရည္ စိတ္ေျဖေဖ်ာက္ျခင္းရဲ႕ ဆိုးက်ိဳးမ်ား


အမ်ိဳးသားေတြမွာ တစ္ကိုယ္ရည္ စိတ္ေျဖေဖ်ာက္ျခင္းရဲ႕ ဆိုးက်ိဳးမ်ား
..............................
တစ္ကိုယ္ရည္ အာသာေျဖျခင္းဟာ က်န္းမာတဲ့ လူတစ္ေယာက္ရဲ႕ ပံုမွန္အျပဳအမူသာျဖစ္ၿပီး အိပ္ေပ်ာ္ စားဝင္ေစကာ စိတ္ဖိစီးမႈမ်ားကို ေလ်ာ့က်ေစႏိုင္ပါတယ္။ ဒါ့အျပင္ ကိုယ္ခံစြမ္းအားကို ေကာင္းမြန္ေစႏိုင္ၿပီး ဆီးက်ိတ္ေရာင္ေရာဂါကို ကာကြယ္ေပးပါတယ္။ စိတ္ေပ်ာ္ရႊင္ေစတဲ့ Endorphin ဆိုတဲ့ ေဟာ္မုန္းကိုလည္း ထြက္ေစႏိုင္ပါေသးတယ္။

        အမ်ိဳးသားေတြအတြက္ တစ္ကိုယ္ရည္ အာသာေျဖျခင္းရဲ႕ ဆိုးက်ိဳးမ်ားမွာ -

1.      စိတ္ဆႏၵ ျပည့္ဝမႈ နည္းေစႏိုင္ပါတယ္။

          ေလ့လာေတြ႕ရွိမႈတစ္ခုအရ တစ္ကိုယ္ရည္ အာသာေျဖျခင္းဟာ ေနာက္ပိုင္း သုတ္လႊတ္ႏိုင္ဖို႔ရာ အခ်ိန္ပိုၾကာတတ္တယ္လို႔ ဆိုပါတယ္။ ခ်စ္သူအမ်ိဳးသမီးနဲ႔ အတူမေနမီ အႀကိမ္ႀကိမ္ အာသာေျဖျခင္းျဖင့္ အတူေနတဲ့အခါ စိတ္ဆႏၵ အထြတ္အထိပ္ကိုေရာက္ဖု႔ိ ခက္ခဲတတ္ပါတယ္။ ဒါ့အျပင္ အျခားလူတစ္ဦးတစ္ေယာက္ရဲ႕ အထိအေတြ႕ကို တံု႔ျပန္မႈ နည္းသြားတတ္ၿပီး စိတ္ဆႏၵျပည့္ဝဖို႔ ခက္ခဲသြားတတ္ပါတယ္။

2.      ေနာက္ပိုင္းမွာ အဂၤါေတာင့္တင္းမႈ နည္းသြားတတ္ပါတယ္။

          အမ်ိဳးသားေတြအတြက္ အဆိုးဆံုးဆိုးက်ိဳးပဲ ျဖစ္ပါတယ္။ သုတ္ထုတ္လႊတ္ၿပီးေနာက္ ေယာကၤ်ားအဂၤါ ေထာင္မတ္ရာမွာ ေတာင့္တင္းမႈ မရွိေတာ့တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါေပမဲ့ တိက်တဲ့ သက္ေသျပမႈေတြေတာ့ မရွိေသးပါဘူး။ ဆိုးက်ိဳးေနာက္တစ္ခ်က္ကေတာ့ အဂၤါ ထိခုိက္တာ၊ ေရာင္တာေတြ ျဖစ္တတ္ပါတယ္။

3.      ရွက္ရြံ႕စိတ္ ျဖစ္ေပၚလာတတ္ပါတယ္။

          တစ္ကိုယ္ရည္ အာသာေျဖျခင္းဟာ ကိုယ့္ကိုယ္ကို ရွက္ရြ႕ံစိတ္ေတြ၊ အျပစ္လုပ္မိတဲ့ ခံစားခ်က္ေတြ ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါဟာ ဘာသာေရးနဲ႔ မိဘ႐ိုးရာ ဓေလ့စ႐ိုက္မ်ားနဲ႔ စပ္ဆိုင္ေနတတ္ပါတယ္။ စိတ္ေက်နပ္ ေပ်ာ္ရႊင္မႈနဲ႔ ေရွာင္ၾကဥ္သင့္တယ္လို႔ လူ႔အသိုင္းအဝိုင္းက သတ္မွတ္ထားတဲ့ အျပဳအမူေတြၾကား စိတ္ပင္ပန္းရတတ္ပါတယ္။ ဒီလို အျပစ္ရွိ ခံစားခ်က္ေတြဟာ ကိုယ့္ကိုယ္ကို ယံုၾကည္မႈနဲ႔ ကိုယ့္ကိုယ္ကို ခ်စ္ခင္မႈတုိ႔အေပၚ ႀကီးႀကီးမားမား ဆိုးက်ိဳးသက္ေရာက္မႈ ရွိႏိုင္ပါတယ္။

4.      အခ်ိန္ၾကာ တစ္ကိုယ္ရည္ အာသာေျဖျခင္းဟာ ကိုယ္က်န္းမာေရးကို ထိခိုက္ေစတတ္ပါတယ္။

          အခ်ိန္ၾကာ တစ္ကိုယ္ရည္ အာသာေျဖျခင္းျဖင့္ ခႏၶာကိုယ္တြင္း လိင္ေဟာ္မုန္းေတြနဲ႔ ဓာတ္ပစၥည္းေတြ ထြက္တာ မ်ားလာပါတယ္။ ဒီလို တံု႔ျပန္မႈေတြဟာ တစ္ေယာက္နဲ႔တစ္ေယာက္ေတာ့ မတူတတ္ပါဘူး။ တခ်ိဳ႕မွာ ပင္ပန္းႏြမ္းနယ္ျခင္း၊ အျမင္မၾကည္လင္ျခင္း၊ ဆံပင္ကြၽတ္ျခင္း၊ ေဝွးေစ့နာက်င္ျခင္း၊ ဆီးစပ္ကိုက္ျခင္းတို႔ ျဖစ္တတ္ၾကပါတယ္။ ဒီလိုလကၡဏာေတြ ျဖစ္ေပၚလာပါက အာသာေျဖတဲ့ အႀကိမ္အေရအတြက္ကို ေလွ်ာ့ၿပီး လကၡဏာမ်ား သက္သာမႈ ရွိ၊ မရွိ ေစာင့္ၾကည့္ပါ။ မသက္သာပါက ဆရာဝန္နဲ႔ ေတြ႕ဆံုသင့္ပါတယ္။

5.      အာသာ မေျဖရ မေနႏိုင္ ျဖစ္လာတတ္ပါတယ္။

          ဒီလို ျဖစ္လာျခင္းဟာ ဘဝကိုပါ အက်ိဳးသက္ေရာက္မႈ ရွိလာတတ္ပါတယ္။ တစ္ေန႔မွာ 6 ႀကိမ္ခန္႔ အာသာေျဖတတ္သူႏွစ္ဦးမွာ တစ္ဦးဟာ ကိုယ့္ကိုယ္ကို ေက်နပ္မႈရွိေနၿပီး အျခားတစ္ေယာက္မွာေတာ့ စိတ္တိုင္းမက် ျဖစ္ေနတတ္ပါတယ္။ ဒါေပမဲ့ ကိုယ့္ဆႏၵကိုယ္ ေျဖေလွ်ာ့ျခင္းနဲ႔ ကိုယ့္ရဲ႕ တစ္ေန႔တာ တာဝန္ဝတၱရားမ်ားကို ဟန္ခ်က္ညီေအာင္ မထိန္းႏိုင္ပါက ဆက္ဆံေရး၊ အလုပ္အကိုင္၊ စီးပြားေရးနဲ႔ ကိုယ့္ကိုယ္ကို ယံုၾကည္စိတ္ခ်မႈမ်ားအေပၚ ဆိုးရြားစြာ သက္ေရာက္မႈ ရွိလာႏိုင္ပါတယ္။

6.      အျခားဆုိးက်ိဳးမ်ား

          မၾကာခဏ စိတ္ဆႏၵ ေျဖေလွ်ာ့ျခင္းျဖင့္ ခႏၶာကိုယ္တြင္း ေဟာ္မုန္းအေျပာင္းအလဲမ်ား ျဖစ္လာႏိုင္ပါတယ္။ ျဖစ္လာႏိုင္တဲ့ ဆိုးက်ိဳးမ်ားကေတာ့ -

●        စြဲလမ္းျခင္း - မၾကာခဏ အာသာေျဖတတ္သူမွာ စြဲလမ္းလာတတ္ပါတယ္။ တျခားေဆးစြဲသူေတြလိုပဲ ဆိုးက်ိဳးမ်ားတဲ့ စြဲလမ္းမႈတစ္မ်ိဳးလည္း ျဖစ္ပါတယ္။

●        အဂၤါေထာင္မတ္ရာမွာ အခက္အခဲ ျဖစ္လာျခင္း - ခဏခဏ စိတ္ေျဖတတ္သူမွာ ဒီလို အခက္အခဲ ႀကံဳေတြ႕လာရတတ္ပါတယ္။

●        အာ႐ံုေၾကာဆိုင္ရာ ျပႆနာမ်ား - ေလ့လာစမ္းသပ္မႈမ်ားမွာ စိတ္ေျဖျခင္းနဲ႔ အာ႐ံုေၾကာဆိုင္ရာ ေရာဂါမ်ားဟာ ဆက္စပ္မႈရွိေနတယ္လို႔ ဆိုပါတယ္။

●        အခ်ိန္မတိုင္ သုတ္လႊတ္ျခင္း - မၾကာခဏ အာသာေျဖသူေတြမွာ သုတ္လႊတ္ျခင္းကို ထိန္းသိမ္းဖို႔ ခက္ခဲလာတတ္ေၾကာင္း ေတြ႕ရွိရပါတယ္။ လိင္အဂၤါမွာရွိတဲ့ အာ႐ံုေၾကာကို မၾကာခဏ ႏိုးဆြမိတာေၾကာင့္ ျဖစ္ႏိုင္ပါတယ္။

●        နာက်င္ျခင္း - ၾကမ္းၾကမ္းတမ္းတမ္း ကိုင္တြယ္မိပါက နာတာ၊ က်င္တာ ျဖစ္တတ္ပါတယ္။

●        အေရးေပၚအေျခအေနမ်ား ျဖစ္ေပၚလာႏိုင္ျခင္း - ရွားပါးေပမယ့္ ျဖစ္ႏိုင္တဲ့ အျခင္းအရာတစ္ခုကေတာ့ ပစၥည္းတစ္ခုခုကို စအိုေပါက္ထဲ ထည့္ရာမွ အူမႀကီး အစာေဟာင္းအိမ္ထဲထိ ဝင္သြားႏိုင္ကာ အေရးေပၚ ျပန္ထုတ္ရတာမ်ိဳး ရွိႏိုင္ပါတယ္။


Credit: Dr. Emerald

Unicode

အမျိုးသားတွေမှာ တစ်ကိုယ်ရည် စိတ်ဖြေဖျောက်ခြင်းရဲ့ ဆိုးကျိုးများ
..............................
တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ကျန်းမာတဲ့ လူတစ်ယောက်ရဲ့ ပုံမှန်အပြုအမူသာဖြစ်ပြီး အိပ်ပျော် စားဝင်စေကာ စိတ်ဖိစီးမှုများကို လျော့ကျစေနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေနိုင်ပြီး ဆီးကျိတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ စိတ်ပျော်ရွှင်စေတဲ့ Endorphin ဆိုတဲ့ ဟော်မုန်းကိုလည်း ထွက်စေနိုင်ပါသေးတယ်။

        အမျိုးသားတွေအတွက် တစ်ကိုယ်ရည် အာသာဖြေခြင်းရဲ့ ဆိုးကျိုးများမှာ -

1.      စိတ်ဆန္ဒ ပြည့်ဝမှု နည်းစေနိုင်ပါတယ်။

          လေ့လာတွေ့ရှိမှုတစ်ခုအရ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ နောက်ပိုင်း သုတ်လွှတ်နိုင်ဖို့ရာ အချိန်ပိုကြာတတ်တယ်လို့ ဆိုပါတယ်။ ချစ်သူအမျိုးသမီးနဲ့ အတူမနေမီ အကြိမ်ကြိမ် အာသာဖြေခြင်းဖြင့် အတူနေတဲ့အခါ စိတ်ဆန္ဒ အထွတ်အထိပ်ကိုရောက်ဖု့ိ ခက်ခဲတတ်ပါတယ်။ ဒါ့အပြင် အခြားလူတစ်ဦးတစ်ယောက်ရဲ့ အထိအတွေ့ကို တုံ့ပြန်မှု နည်းသွားတတ်ပြီး စိတ်ဆန္ဒပြည့်ဝဖို့ ခက်ခဲသွားတတ်ပါတယ်။

2.      နောက်ပိုင်းမှာ အင်္ဂါတောင့်တင်းမှု နည်းသွားတတ်ပါတယ်။

          အမျိုးသားတွေအတွက် အဆိုးဆုံးဆိုးကျိုးပဲ ဖြစ်ပါတယ်။ သုတ်ထုတ်လွှတ်ပြီးနောက် ယောင်္ကျားအင်္ဂါ ထောင်မတ်ရာမှာ တောင့်တင်းမှု မရှိတော့တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တိကျတဲ့ သက်သေပြမှုတွေတော့ မရှိသေးပါဘူး။ ဆိုးကျိုးနောက်တစ်ချက်ကတော့ အင်္ဂါ ထိခိုက်တာ၊ ရောင်တာတွေ ဖြစ်တတ်ပါတယ်။

3.      ရှက်ရွံ့စိတ် ဖြစ်ပေါ်လာတတ်ပါတယ်။

          တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ကိုယ့်ကိုယ်ကို ရှက်ရွံ့စိတ်တွေ၊ အပြစ်လုပ်မိတဲ့ ခံစားချက်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါဟာ ဘာသာရေးနဲ့ မိဘရိုးရာ ဓလေ့စရိုက်များနဲ့ စပ်ဆိုင်နေတတ်ပါတယ်။ စိတ်ကျေနပ် ပျော်ရွှင်မှုနဲ့ ရှောင်ကြဉ်သင့်တယ်လို့ လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတဲ့ အပြုအမူတွေကြား စိတ်ပင်ပန်းရတတ်ပါတယ်။ ဒီလို အပြစ်ရှိ ခံစားချက်တွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ ကိုယ့်ကိုယ်ကို ချစ်ခင်မှုတို့အပေါ် ကြီးကြီးမားမား ဆိုးကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

4.      အချိန်ကြာ တစ်ကိုယ်ရည် အာသာဖြေခြင်းဟာ ကိုယ်ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။

          အချိန်ကြာ တစ်ကိုယ်ရည် အာသာဖြေခြင်းဖြင့် ခန္ဓာကိုယ်တွင်း လိင်ဟော်မုန်းတွေနဲ့ ဓာတ်ပစ္စည်းတွေ ထွက်တာ များလာပါတယ်။ ဒီလို တုံ့ပြန်မှုတွေဟာ တစ်ယောက်နဲ့တစ်ယောက်တော့ မတူတတ်ပါဘူး။ တချို့မှာ ပင်ပန်းနွမ်းနယ်ခြင်း၊ အမြင်မကြည်လင်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ဝှေးစေ့နာကျင်ခြင်း၊ ဆီးစပ်ကိုက်ခြင်းတို့ ဖြစ်တတ်ကြပါတယ်။ ဒီလိုလက္ခဏာတွေ ဖြစ်ပေါ်လာပါက အာသာဖြေတဲ့ အကြိမ်အရေအတွက်ကို လျှော့ပြီး လက္ခဏာများ သက်သာမှု ရှိ၊ မရှိ စောင့်ကြည့်ပါ။ မသက်သာပါက ဆရာဝန်နဲ့ တွေ့ဆုံသင့်ပါတယ်။

5.      အာသာ မဖြေရ မနေနိုင် ဖြစ်လာတတ်ပါတယ်။

          ဒီလို ဖြစ်လာခြင်းဟာ ဘဝကိုပါ အကျိုးသက်ရောက်မှု ရှိလာတတ်ပါတယ်။ တစ်နေ့မှာ 6 ကြိမ်ခန့် အာသာဖြေတတ်သူနှစ်ဦးမှာ တစ်ဦးဟာ ကိုယ့်ကိုယ်ကို ကျေနပ်မှုရှိနေပြီး အခြားတစ်ယောက်မှာတော့ စိတ်တိုင်းမကျ ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဆန္ဒကိုယ် ဖြေလျှော့ခြင်းနဲ့ ကိုယ့်ရဲ့ တစ်နေ့တာ တာဝန်ဝတ္တရားများကို ဟန်ချက်ညီအောင် မထိန်းနိုင်ပါက ဆက်ဆံရေး၊ အလုပ်အကိုင်၊ စီးပွားရေးနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုများအပေါ် ဆိုးရွားစွာ သက်ရောက်မှု ရှိလာနိုင်ပါတယ်။

6.      အခြားဆိုးကျိုးများ

          မကြာခဏ စိတ်ဆန္ဒ ဖြေလျှော့ခြင်းဖြင့် ခန္ဓာကိုယ်တွင်း ဟော်မုန်းအပြောင်းအလဲများ ဖြစ်လာနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများကတော့ -

●        စွဲလမ်းခြင်း - မကြာခဏ အာသာဖြေတတ်သူမှာ စွဲလမ်းလာတတ်ပါတယ်။ တခြားဆေးစွဲသူတွေလိုပဲ ဆိုးကျိုးများတဲ့ စွဲလမ်းမှုတစ်မျိုးလည်း ဖြစ်ပါတယ်။

●        အင်္ဂါထောင်မတ်ရာမှာ အခက်အခဲ ဖြစ်လာခြင်း - ခဏခဏ စိတ်ဖြေတတ်သူမှာ ဒီလို အခက်အခဲ ကြုံတွေ့လာရတတ်ပါတယ်။

●        အာရုံကြောဆိုင်ရာ ပြဿနာများ - လေ့လာစမ်းသပ်မှုများမှာ စိတ်ဖြေခြင်းနဲ့ အာရုံကြောဆိုင်ရာ ရောဂါများဟာ ဆက်စပ်မှုရှိနေတယ်လို့ ဆိုပါတယ်။

●        အချိန်မတိုင် သုတ်လွှတ်ခြင်း - မကြာခဏ အာသာဖြေသူတွေမှာ သုတ်လွှတ်ခြင်းကို ထိန်းသိမ်းဖို့ ခက်ခဲလာတတ်ကြောင်း တွေ့ရှိရပါတယ်။ လိင်အင်္ဂါမှာရှိတဲ့ အာရုံကြောကို မကြာခဏ နိုးဆွမိတာကြောင့် ဖြစ်နိုင်ပါတယ်။

●        နာကျင်ခြင်း - ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်မိပါက နာတာ၊ ကျင်တာ ဖြစ်တတ်ပါတယ်။

●        အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာနိုင်ခြင်း - ရှားပါးပေမယ့် ဖြစ်နိုင်တဲ့ အခြင်းအရာတစ်ခုကတော့ ပစ္စည်းတစ်ခုခုကို စအိုပေါက်ထဲ ထည့်ရာမှ အူမကြီး အစာဟောင်းအိမ်ထဲထိ ဝင်သွားနိုင်ကာ အရေးပေါ် ပြန်ထုတ်ရတာမျိုး ရှိနိုင်ပါတယ်။


Credit: Dr. Emerald

0 Comments