အမ်ိဳးသမီး လိင္အဂၤါ ျဖတ္ေတာက္ျခင္းဆိုတာ ဘာလဲ
အမ်ိဳးသမီး လိင္အဂၤါ ျဖတ္ေတာက္ျခင္းဆိုတာ ဘာလဲ
.....................................
အမ်ိဳးသမီးလိင္အဂၤါျဖတ္ေတာက္ခံရမႈ Female Genital Mutilation – FGM က မလိင္အဂၤါတခုုလုံးကိုျဖစ္ေစ၊ တစိတ္တပိုင္းကို ျဖစ္ေစ ျဖတ္ေတာက္ခံရတာျဖစ္ပါတယ္။
FGM ကို ဘာေၾကာင့္လုပ္ရတာလဲ။
FGM ကို ႐ိုးရာအစဥ္အလာေတြ၊ အယူအဆေတြအမ်ိဳးမ်ိဳးေၾကာင့္ က်င့္သုံးပါတယ္။
အမ်ိဳးသမီးရဲ႕ ကာမစိတ္ကို ထိန္းခ်ဳပ္ဖို႔
FGM ကိုမ်ားေသာအားျဖင့္ အမ်ိဳးသမီးေတြမွာ ကာမစိတ္မျဖစ္ေပၚေအာင္ ထိန္းခ်ဳပ္ဖို႔အတြက္ အမ်ားဆုံးက်င့္သုံးပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြမွာ အမ်ိဳးသမီးေတြရဲ႕ လိင္အဂၤါကိုျဖတ္ေတာက္ျခင္းျဖင့္ အမ်ိဳးသမီးေတြမွာ ကာမစိတ္ျဖစ္ေပၚမႈကိုထိန္းခ်ဳပ္ႏိုင္ၿပီး၊ အိမ္ေထာင္မျပဳခင္အခ်ိန္အထိ အပ်ိဳစင္ဘဝကို ထိန္းသိမ္းႏိုင္မွာျဖစ္တယ္လို႔ ယူဆေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕အစည္း WHO ရဲ႕အဆိုအရသိရပါတယ္။
ဘာသာေရး
အစၥလာမ္ဘာသာ ၊ ခရစ္ယာန္ဘာသာ နဲ႔ အျခားဘာသာျခားလူနည္းစုေတြမွာလည္း FGM ကို က်င့္သုံးၾကပါတယ္။ အစၥလာမ္နဲ႔ ခရစ္ယာန္ဘာသာေတြမွာ FGM ကို ဘာသာေရးအရ အားေပးတာမ်ိဳးမရွိေပမယ့္ ဘာသာေရးေပၚမွာ ခံယူတဲ့အယူဝါဒေတြေၾကာင့္ တခါတေလမွာ က်င့္သုံးၾကတာလည္းျဖစ္ပါတယ္။
လူမူေရး
ဘာသာေရးနဲ႔ဆက္ႏြယ္ၿပီး FGM ကို လူ႔အသိုင္းအဝိုင္းၾကားမွာ ဒါကို လူမႈေရးတာဝန္အျဖစ္သတ္မွတ္ၾကပါတယ္။ အ႐ြယ္ေရာက္မိန္းကေလးေတြ အိမ္ေထာင္မက်ခင္မွာ လုပ္ကိုလုပ္ရမယ့္ အေလ့အထတစ္ခုအေနနဲ႔ သတ္မွတ္ၾကပါတယ္။ အိမ္ေထာင္မျပဳခင္မွာ အပ်ိဳစင္ဘဝကို ထိန္းသိမ္းဖို႔ နဲ႔ အိမ္ေထာင္ဖက္အေပၚမွာ သစၥာရွိဖို႔ ပတ္ဝန္းက်င္ရဲ႕ အားေပးလႈံ႕ေဆာ္မႈေတြက အမ်ိဳးသမီးေတြကို လိင္အဂၤါျဖတ္ေတာက္ဖို႔ ဖိအားတစ္ခုျဖစ္လာပါတယ္။
စီးပြားေရး
FGM ကိုက်င့္သုံးတဲ့ စီးပြားေရးမဖြံ႕ၿဖိဳးတဲ့ ႏိုင္ငံတခ်ိဳ႕မွာ အမ်ိဳးသမီးေတြအေနနဲ႔ အိမ္ေထာက္ဖက္အေပၚမွာ မွီခိုရတဲ့ အေနအထားေၾကာင့္ FGM ကို က်င့္သုံးဖို႔ ျဖစ္လာပါတယ္။
အလွအပ
FGM ကို တခ်ိဳ႕ေနရာေတြမွာေတာ့ အလွအပခြဲစိတ္ျပဳျပင္မႈတစ္ခုအျဖစ္ က်င့္သုံးပါတယ္။
ဘယ္သူေတြက လုပ္ေပးတာလဲ။
ေရွး႐ိုးစြဲဆန္တဲ့ လူ႔အဖြဲ႕အစည္းေတြမွာ ေဆးပညာကို စနစ္တက်သင္ယူၿပီးေျမာက္ထားျခင္းမရွိတဲ့သူေတြက အမ်ိဳးသမီးလိင္အဂၤါျဖတ္ေတာက္ ခြဲစိတ္ၾကပါတယ္။ တခ်ိဳ႕ေနရာေတြမွာေတာ့ တိုင္းရင္ေဆးဆရာေတြ၊ ပေရာဂဆရာေတြက ခြဲစိတ္ၾကပါတယ္။
play
ဘယ္အ႐ြယ္မွာ စက်င့္သုံးတာလဲ
ႏိုင္ငံအလိုက္ FGM ကို ေမြးကင္းစအ႐ြယ္မိန္းကေလးေတြကေန၊ အသက္ ၁၅ႏွစ္အ႐ြယ္အတြင္း မိန္းကေလးေတြမွာ အမ်ားဆုံးက်င့္သုံးၾကပါတယ္။
FGM ေၾကာင့္ အမ်ိဳးသမီးေတြမွာ ဘယ္လိုထိခိုက္ေစသလဲ။
FGM က်င့္သုံးတဲ့အတြက္ အမ်ိဳးသမီးေတြမွာက်န္းမာေရးအက်ိဳးအျမတ္ ဘာတစ္ခုမွ မရတဲ့အျပင္ ဘဝတေလွ်ာက္လုံးမွာ ႐ုပ္ပိုင္းဆိုင္ရာေရာ၊ စိတ္ပိုင္းဆိုင္ရာ အမာ႐ြတ္တစ္ခုက်န္သြားေစပါတယ္။ FGM ေၾကာင့္ျဖစ္တဲ့ ျပႆနာေတြမွာ
ေသြးထြက္လြန္ျခင္း၊ အလြန္အကြၽံနာက်င္ျခင္း၊ ကတုန္ကယင္ျဖစ္ျခင္း ကေန အသက္ေသဆုံးတဲ့အထိျဖစ္ျခင္း
ေရာဂါပိုးဝင္ၿပီးတခါတရံ အသက္ေသဆုံးတဲ့အထိျဖစ္ျခင္း
ဆီးသြားတဲ့အခ်ိန္နဲ႔ ဓမၼတာလာခ်ိန္ေတြ ခက္ခဲျခင္း
အိတ္ခ်္အိုင္ဗီ နဲ႔ တျခားဆီးလမ္းေၾကာင္းနဲ႔ဆိုင္တဲ့ ေရာဂါပိုးမ်ား ကူးစက္လြယ္ျခင္း
စိတ္ေရာဂါ ျပႆနာမ်ားႀကဳံရျခင္း
လိင္ဆက္ဆံတဲ့အခါမွာ နာက်င္ျခင္း
သားဖြားစဥ္မွာ တျခားရႈပ္ေထြးတဲ့ ျပႆနာမ်ားႀကဳံရျခင္း
အမ်ိဳးသမီးလိင္အဂၤါျဖတ္ေတာက္နည္း အဆင့္ဆင့္
FGM ကို ဘယ္ႏိုင္ငံေတြမွာ က်င့္သုံးလဲ
အမ်ိဳးသမီးလိင္အဂၤါျဖတ္ေတာက္ျခင္းကို FGM အာရွ၊ အာဖရိကနဲ႔ အေရွ႕အလယ္ပိုင္းႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ က်င့္သုံးပါတယ္။
အာရွ ႏိုင္ငံေတြမွာ အိႏၵိယ၊ အင္ဒိုနီးရွား၊ မေလးရွား၊ ပါကစၥတန္နဲ႔ သီရိလကၤာ ႏိုင္ငံေတြမွာ က်င့္သုံးၾကပါတယ္။
အာဖရိက မွာ ဘီနင္၊ ဘူကီနာဖာဆို၊ ကင္မ႐ြန္း၊ ဗဟိုအာဖရိကသမၼတႏိုင္ငံ အပါအဝင္ႏိုင္ငံေပါင္း ၂၈ႏိုင္ငံမွာ က်င့္သုံးၿပီး အေရွ႕အလယ္ပိုင္းမွာေတာ့ ယီမင္၊ အိုမန္၊ အီရတ္၊ အီရန္၊ ပါလစၥတိုင္း၊ အီဂ်စ္နဲ႔ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုႏိုင္ငံမွာ က်င့္သုံးပါတယ္။
ဒါ့အျပင္ ဥေရာပအေရွ႕ပိုင္းမွာေတာ့ ေဂ်ာ္ဂ်ီယာ နဲ႔ ႐ုရွား၊ ေတာင္အေမရိကမွာ ကိုလံဘီယာ၊ အီေကြေဒါ၊ ပနားမား နဲ႔ ပီ႐ူး ႏိုင္ငံတို႔မွာလည္းက်င့္သုံးပါတယ္။
အေနာက္ႏိုင္ငံေတြျဖစ္တဲ့ ၾသစေၾတးလ်၊ ကေနဒါ၊ နယူးဇီလန္၊ အေမရိကန္ႏိုင္ငံ၊ နဲ႔ ယူေကတို႔မွာေတာ့ အျခားႏိုင္ငံေတြကို ျပန႔္က်ဲထြက္ခြာၿပီး အေျခခ်ႏိုင္ထိုင္တဲ့ လူမ်ိဳးေတြၾကားမွာ က်င့္သုံးၾကတာကိုေတြ႕ရပါတယ္။
Source – Aljezeera
Credit; Duwun
Unicode
အမျိုးသမီး လိင်အင်္ဂါ ဖြတ်တောက်ခြင်းဆိုတာ ဘာလဲ
.....................................
အမျိုးသမီးလိင်အင်္ဂါဖြတ်တောက်ခံရမှု Female Genital Mutilation – FGM က မလိင်အင်္ဂါတခုုလုံးကိုဖြစ်စေ၊ တစိတ်တပိုင်းကို ဖြစ်စေ ဖြတ်တောက်ခံရတာဖြစ်ပါတယ်။
FGM ကို ဘာကြောင့်လုပ်ရတာလဲ။
FGM ကို ရိုးရာအစဉ်အလာတွေ၊ အယူအဆတွေအမျိုးမျိုးကြောင့် ကျင့်သုံးပါတယ်။
အမျိုးသမီးရဲ့ ကာမစိတ်ကို ထိန်းချုပ်ဖို့
FGM ကိုများသောအားဖြင့် အမျိုးသမီးတွေမှာ ကာမစိတ်မဖြစ်ပေါ်အောင် ထိန်းချုပ်ဖို့အတွက် အများဆုံးကျင့်သုံးပါတယ်။ တချို့နိုင်ငံတွေမှာ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါကိုဖြတ်တောက်ခြင်းဖြင့် အမျိုးသမီးတွေမှာ ကာမစိတ်ဖြစ်ပေါ်မှုကိုထိန်းချုပ်နိုင်ပြီး၊ အိမ်ထောင်မပြုခင်အချိန်အထိ အပျိုစင်ဘဝကို ထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ ယူဆကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့အဆိုအရသိရပါတယ်။
ဘာသာရေး
အစ္စလာမ်ဘာသာ ၊ ခရစ်ယာန်ဘာသာ နဲ့ အခြားဘာသာခြားလူနည်းစုတွေမှာလည်း FGM ကို ကျင့်သုံးကြပါတယ်။ အစ္စလာမ်နဲ့ ခရစ်ယာန်ဘာသာတွေမှာ FGM ကို ဘာသာရေးအရ အားပေးတာမျိုးမရှိပေမယ့် ဘာသာရေးပေါ်မှာ ခံယူတဲ့အယူဝါဒတွေကြောင့် တခါတလေမှာ ကျင့်သုံးကြတာလည်းဖြစ်ပါတယ်။
လူမူရေး
ဘာသာရေးနဲ့ဆက်နွယ်ပြီး FGM ကို လူ့အသိုင်းအဝိုင်းကြားမှာ ဒါကို လူမှုရေးတာဝန်အဖြစ်သတ်မှတ်ကြပါတယ်။ အရွယ်ရောက်မိန်းကလေးတွေ အိမ်ထောင်မကျခင်မှာ လုပ်ကိုလုပ်ရမယ့် အလေ့အထတစ်ခုအနေနဲ့ သတ်မှတ်ကြပါတယ်။ အိမ်ထောင်မပြုခင်မှာ အပျိုစင်ဘဝကို ထိန်းသိမ်းဖို့ နဲ့ အိမ်ထောင်ဖက်အပေါ်မှာ သစ္စာရှိဖို့ ပတ်ဝန်းကျင်ရဲ့ အားပေးလှုံ့ဆော်မှုတွေက အမျိုးသမီးတွေကို လိင်အင်္ဂါဖြတ်တောက်ဖို့ ဖိအားတစ်ခုဖြစ်လာပါတယ်။
စီးပွားရေး
FGM ကိုကျင့်သုံးတဲ့ စီးပွားရေးမဖွံ့ဖြိုးတဲ့ နိုင်ငံတချို့မှာ အမျိုးသမီးတွေအနေနဲ့ အိမ်ထောက်ဖက်အပေါ်မှာ မှီခိုရတဲ့ အနေအထားကြောင့် FGM ကို ကျင့်သုံးဖို့ ဖြစ်လာပါတယ်။
အလှအပ
FGM ကို တချို့နေရာတွေမှာတော့ အလှအပခွဲစိတ်ပြုပြင်မှုတစ်ခုအဖြစ် ကျင့်သုံးပါတယ်။
ဘယ်သူတွေက လုပ်ပေးတာလဲ။
ရှေးရိုးစွဲဆန်တဲ့ လူ့အဖွဲ့အစည်းတွေမှာ ဆေးပညာကို စနစ်တကျသင်ယူပြီးမြောက်ထားခြင်းမရှိတဲ့သူတွေက အမျိုးသမီးလိင်အင်္ဂါဖြတ်တောက် ခွဲစိတ်ကြပါတယ်။ တချို့နေရာတွေမှာတော့ တိုင်းရင်ဆေးဆရာတွေ၊ ပရောဂဆရာတွေက ခွဲစိတ်ကြပါတယ်။
play
ဘယ်အရွယ်မှာ စကျင့်သုံးတာလဲ
နိုင်ငံအလိုက် FGM ကို မွေးကင်းစအရွယ်မိန်းကလေးတွေကနေ၊ အသက် ၁၅နှစ်အရွယ်အတွင်း မိန်းကလေးတွေမှာ အများဆုံးကျင့်သုံးကြပါတယ်။
FGM ကြောင့် အမျိုးသမီးတွေမှာ ဘယ်လိုထိခိုက်စေသလဲ။
FGM ကျင့်သုံးတဲ့အတွက် အမျိုးသမီးတွေမှာကျန်းမာရေးအကျိုးအမြတ် ဘာတစ်ခုမှ မရတဲ့အပြင် ဘဝတလျှောက်လုံးမှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာ အမာရွတ်တစ်ခုကျန်သွားစေပါတယ်။ FGM ကြောင့်ဖြစ်တဲ့ ပြဿနာတွေမှာ
သွေးထွက်လွန်ခြင်း၊ အလွန်အကျွံနာကျင်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း ကနေ အသက်သေဆုံးတဲ့အထိဖြစ်ခြင်း
ရောဂါပိုးဝင်ပြီးတခါတရံ အသက်သေဆုံးတဲ့အထိဖြစ်ခြင်း
ဆီးသွားတဲ့အချိန်နဲ့ ဓမ္မတာလာချိန်တွေ ခက်ခဲခြင်း
အိတ်ချ်အိုင်ဗီ နဲ့ တခြားဆီးလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါပိုးများ ကူးစက်လွယ်ခြင်း
စိတ်ရောဂါ ပြဿနာများကြုံရခြင်း
လိင်ဆက်ဆံတဲ့အခါမှာ နာကျင်ခြင်း
သားဖွားစဉ်မှာ တခြားရှုပ်ထွေးတဲ့ ပြဿနာများကြုံရခြင်း
အမျိုးသမီးလိင်အင်္ဂါဖြတ်တောက်နည်း အဆင့်ဆင့်
FGM ကို ဘယ်နိုင်ငံတွေမှာ ကျင့်သုံးလဲ
အမျိုးသမီးလိင်အင်္ဂါဖြတ်တောက်ခြင်းကို FGM အာရှ၊ အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတော်တော်များများမှာ ကျင့်သုံးပါတယ်။
အာရှ နိုင်ငံတွေမှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်နဲ့ သီရိလင်္ကာ နိုင်ငံတွေမှာ ကျင့်သုံးကြပါတယ်။
အာဖရိက မှာ ဘီနင်၊ ဘူကီနာဖာဆို၊ ကင်မရွန်း၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ အပါအဝင်နိုင်ငံပေါင်း ၂၈နိုင်ငံမှာ ကျင့်သုံးပြီး အရှေ့အလယ်ပိုင်းမှာတော့ ယီမင်၊ အိုမန်၊ အီရတ်၊ အီရန်၊ ပါလစ္စတိုင်း၊ အီဂျစ်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှာ ကျင့်သုံးပါတယ်။
ဒါ့အပြင် ဥရောပအရှေ့ပိုင်းမှာတော့ ဂျော်ဂျီယာ နဲ့ ရုရှား၊ တောင်အမေရိကမှာ ကိုလံဘီယာ၊ အီကွေဒေါ၊ ပနားမား နဲ့ ပီရူး နိုင်ငံတို့မှာလည်းကျင့်သုံးပါတယ်။
အနောက်နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ အမေရိကန်နိုင်ငံ၊ နဲ့ ယူကေတို့မှာတော့ အခြားနိုင်ငံတွေကို ပြန့်ကျဲထွက်ခွာပြီး အခြေချနိုင်ထိုင်တဲ့ လူမျိုးတွေကြားမှာ ကျင့်သုံးကြတာကိုတွေ့ရပါတယ်။
Source – Aljezeera
Credit; Duwun

0 Comments