Last post

တစ္ေန႕တစ္ၾကိမ္အာသာေျဖျခင္းဟာ ဆီးက်ိတ္ ကင္ဆာျဖစ္ပြားမႈကိုကာကြယ္ေပးႏိုင္


တစ္ေန႕တစ္ၾကိမ္အာသာေျဖျခင္းဟာ ဆီးက်ိတ္ ကင္ဆာျဖစ္ပြားမႈကိုကာကြယ္ေပးႏိုင္
...........................
တစ္ေန႕ကုိ ပန္းသီးတစ္လံုးစားရင္ ဆရာဝန္နဲ႕ေဝးေစမယ္ဆိုတာ ကုိေတာ့ သင္ၾကားဖူးျပီးသားျဖစ္မွာပါ
ေနာက္ပိုင္းေလ့လာခ်က္ေတြအရ ပံုမွန္အာသာေျဖမႈျပဳလုပ္မယ္ဆိုရင္ ဆီးက်ိတ္ကင္ဆာေရာဂါမျဖစ္ပြားေစႏုိင္ေၾကာင္းေတြ႕ရွိရပါတယ္
အာသာေျဖတယ္ဆိုတာကေတာ့ တစ္ကုိယ္ေရအာသာေျဖမႈတင္မကပဲ အမ်ိဳးသမီးနဲ႕ အတူအာသာေျဖျခင္းလည္း ပါဝင္ပါတယ္ျပီးေတာ့ ဒီေလ့လာမႈကိုလုပ္ခဲ့တဲ့သူေတြဟာ ဟားဗက္ေဆးပညာေက်ာင္းက သုေတသနအဖြဲ႕ပဲျဖစ္ပါတယ္

စစ္တမ္းအရ တစ္လကုိ ၂၁ ၾကိမ္ေလာက္အာသာေျဖေလ့ရွိတဲ့အမ်ိဳးသားေတြဟာ
တစ္လကို ၄ ၾကိမ္မွ ၇ ၾကိမ္ေလာက္လာအာသာေျဖေလ့ရွိတဲ့အမ်ိဳးသားေတြထက္
ဆီးၾကိတ္ကင္ဆာျဖစ္ပြားႏုိင္မႈ ၂၂ ရာခိုင္ႏႈန္းေလ်ာ့နည္းေနေၾကာင္းေတြ႕ရပါတယ္

ရလဒ္ေတြကေတာ့ အားစရာပါပဲ လုိ႕ သုေတသနပညာရွင္ေတြကေျပာၾကားခဲ့ပါတယ္

ဒီစစ္ေဆးမႈဟာ လူေပါင္း ၃၂၀၀၀ ေလာက္ကို ၁၈ ႏွစ္တာအတြင္းေစာင့္ၾကည့္ေနခဲ့တာျဖစ္ျပီးေတာ့
၃၈၃၉ ေယာက္ဟာဆီးၾကိတ္ကင္ဆာျဖစ္ပြားလာတာကိုေတြ႕ရွိရပါတယ္
အသက္ ၂၀ ကေန ၂၉ ႏွစ္အတြင္းနဲ႕ ၄၀ က ၄၉ ႏွစ္အတြင္း အမ်ိဳးသားေတြကုိ သူတုိ႕တစ္လကုိ
ဘယ္ႏွၾကိမ္ေလာက္အာသာေျဖေလ့ရွိလဲလို႕ေမးျမန္းခဲ့ပါတယ္
ရလဒ္ကေတာ့ မ်ားမ်ားအာသာေျဖေလ့ရွိတဲ့သူက ဆီးၾကိတ္ကင္ဆာျဖစ္ပြားႏႈန္းေလ်ာ့ေလေလပဲျဖစ္ပါတယ္

ဟားဗက္ေဆးတကၠသိုလ္မွ ေဒါက္တာ Jennifer Rider ကေတာ့

“ဒီအခ်က္အလက္ေတြဟာ ဆီးၾကိတ္ကင္ဆာေရာဂါအေပၚမွာ အာသာေျဖမႈကဘယ္လုိမ်ိဳးသက္ေရာက္မႈရွိလဲဆုိတာ ကိုေလ့လာထားတာပါ
စစ္တမ္းေတြကိုေလ့လာျပီးတဲ့ေနာက္မွာေတာ့ ကင္ဆာကာကြယ္တဲ့ေနရာမွာ သိသိသာသာအက်ိဳးရွိေစတဲ့အခ်က္ျဖစ္ေၾကာင္းေတြ႕ရပါတယ္

ဆီးၾကိတ္ကင္ဆာျဖစ္ပြားမႈႏႈန္းကုိေလ်ာ့ခ်ေပးႏုိင္မယ့္ တျခားနည္းလမ္းေတြလည္းမေတြ႕ေသးေတာ့
အခုသိထားရတဲ့ ရလဒ္ဟာ အားရစရာတစ္ခုပါပဲ” လုိ႕ေျပာခဲ့ပါတယ္

ဆီးၾကိတ္ကင္ဆာေရာဂါဟာအမ်ိဳးသားက်န္းမာေရးအတြက္ ျခိမ္းေျခာက္မႈၾကီးတစ္ခုျဖစ္ေနတုန္းပါပဲ

Cancer.org မွာေဖာ္ျပထားခ်က္အရေတာ့
” အေမရိကန္မွာ ဆီးၾကိတ္ကင္ဆာေၾကာင့္ေသဆံုးသူဦးေရဟာ အဆုတ္ေရာဂါေၾကာင့္ေသဆံုးဦးေနေရနီးပါးရွိျပီးေတာ့
ဒီေရာဂါဟာ ဒုတိယအျဖစ္အမ်ားဆံုးကင္ဆာတစ္ခုျဖစ္ေနပါတယ္ “တဲ့

အမ်ိဳးသား ၄၁ ေယာက္မွာ ၁ ေယာက္ဟာ ဆီးၾကိတ္ကင္ဆာေရာဂါေၾကာင့္ေသဆံုးေနရေၾကာင္းလည္းေျပာျပထားပါတယ္
ျဖစ္ပြားရတဲ့အေၾကာင္းအရင္းကုိေတာ့ ေသခ်ာမသိႏုိင္ေသးေပမယ့္ အသက္အရြက္ၾကီးျမင့္မႈကလည္း ကင္ဆာျဖစ္ႏုိင္တဲ့အေၾကာင္းအရင္းတစ္ခုျဖစ္ေနပါတယ္

အခုခ်ိန္မွာေတာ့ ဟားဗက္ကေလ့လာမႈအရ အမ်ိဳးသားေတြအတြက္ အိပ္ယာထဲမွာအလုပ္မ်ားေစမယ့္အေၾကာင္းျပခ်က္တစ္ခုရလာတာေပါ့
သိတယ္မလား…ေရာဂါမျဖစ္ေအာင္ကာကြယ္တဲ့ေလ့က်င့္ခန္းေပါ့….

Credit: Min Thu (Daily Hot News)

Unicode

တစ်နေ့တစ်ကြိမ်အာသာဖြေခြင်းဟာ ဆီးကျိတ် ကင်ဆာဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်
...........................
တစ်နေ့ကို ပန်းသီးတစ်လုံးစားရင် ဆရာဝန်နဲ့ဝေးစေမယ်ဆိုတာ ကိုတော့ သင်ကြားဖူးပြီးသားဖြစ်မှာပါ
နောက်ပိုင်းလေ့လာချက်တွေအရ ပုံမှန်အာသာဖြေမှုပြုလုပ်မယ်ဆိုရင် ဆီးကျိတ်ကင်ဆာရောဂါမဖြစ်ပွားစေနိုင်ကြောင်းတွေ့ရှိရပါတယ်
အာသာဖြေတယ်ဆိုတာကတော့ တစ်ကိုယ်ရေအာသာဖြေမှုတင်မကပဲ အမျိုးသမီးနဲ့ အတူအာသာဖြေခြင်းလည်း ပါဝင်ပါတယ်ပြီးတော့ ဒီလေ့လာမှုကိုလုပ်ခဲ့တဲ့သူတွေဟာ ဟားဗက်ဆေးပညာကျောင်းက သုတေသနအဖွဲ့ပဲဖြစ်ပါတယ်

စစ်တမ်းအရ တစ်လကို ၂၁ ကြိမ်လောက်အာသာဖြေလေ့ရှိတဲ့အမျိုးသားတွေဟာ
တစ်လကို ၄ ကြိမ်မှ ၇ ကြိမ်လောက်လာအာသာဖြေလေ့ရှိတဲ့အမျိုးသားတွေထက်
ဆီးကြိတ်ကင်ဆာဖြစ်ပွားနိုင်မှု ၂၂ ရာခိုင်နှုန်းလျော့နည်းနေကြောင်းတွေ့ရပါတယ်

ရလဒ်တွေကတော့ အားစရာပါပဲ လို့ သုတေသနပညာရှင်တွေကပြောကြားခဲ့ပါတယ်

ဒီစစ်ဆေးမှုဟာ လူပေါင်း ၃၂၀၀၀ လောက်ကို ၁၈ နှစ်တာအတွင်းစောင့်ကြည့်နေခဲ့တာဖြစ်ပြီးတော့
၃၈၃၉ ယောက်ဟာဆီးကြိတ်ကင်ဆာဖြစ်ပွားလာတာကိုတွေ့ရှိရပါတယ်
အသက် ၂၀ ကနေ ၂၉ နှစ်အတွင်းနဲ့ ၄၀ က ၄၉ နှစ်အတွင်း အမျိုးသားတွေကို သူတို့တစ်လကို
ဘယ်နှကြိမ်လောက်အာသာဖြေလေ့ရှိလဲလို့မေးမြန်းခဲ့ပါတယ်
ရလဒ်ကတော့ များများအာသာဖြေလေ့ရှိတဲ့သူက ဆီးကြိတ်ကင်ဆာဖြစ်ပွားနှုန်းလျော့လေလေပဲဖြစ်ပါတယ်

ဟားဗက်ဆေးတက္ကသိုလ်မှ ဒေါက်တာ Jennifer Rider ကတော့

“ဒီအချက်အလက်တွေဟာ ဆီးကြိတ်ကင်ဆာရောဂါအပေါ်မှာ အာသာဖြေမှုကဘယ်လိုမျိုးသက်ရောက်မှုရှိလဲဆိုတာ ကိုလေ့လာထားတာပါ
စစ်တမ်းတွေကိုလေ့လာပြီးတဲ့နောက်မှာတော့ ကင်ဆာကာကွယ်တဲ့နေရာမှာ သိသိသာသာအကျိုးရှိစေတဲ့အချက်ဖြစ်ကြောင်းတွေ့ရပါတယ်

ဆီးကြိတ်ကင်ဆာဖြစ်ပွားမှုနှုန်းကိုလျော့ချပေးနိုင်မယ့် တခြားနည်းလမ်းတွေလည်းမတွေ့သေးတော့
အခုသိထားရတဲ့ ရလဒ်ဟာ အားရစရာတစ်ခုပါပဲ” လို့ပြောခဲ့ပါတယ်

ဆီးကြိတ်ကင်ဆာရောဂါဟာအမျိုးသားကျန်းမာရေးအတွက် ခြိမ်းခြောက်မှုကြီးတစ်ခုဖြစ်နေတုန်းပါပဲ

Cancer.org မှာဖော်ပြထားချက်အရတော့
” အမေရိကန်မှာ ဆီးကြိတ်ကင်ဆာကြောင့်သေဆုံးသူဦးရေဟာ အဆုတ်ရောဂါကြောင့်သေဆုံးဦးနေရေနီးပါးရှိပြီးတော့
ဒီရောဂါဟာ ဒုတိယအဖြစ်အများဆုံးကင်ဆာတစ်ခုဖြစ်နေပါတယ် “တဲ့

အမျိုးသား ၄၁ ယောက်မှာ ၁ ယောက်ဟာ ဆီးကြိတ်ကင်ဆာရောဂါကြောင့်သေဆုံးနေရကြောင်းလည်းပြောပြထားပါတယ်
ဖြစ်ပွားရတဲ့အကြောင်းအရင်းကိုတော့ သေချာမသိနိုင်သေးပေမယ့် အသက်အရွက်ကြီးမြင့်မှုကလည်း ကင်ဆာဖြစ်နိုင်တဲ့အကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်

အခုချိန်မှာတော့ ဟားဗက်ကလေ့လာမှုအရ အမျိုးသားတွေအတွက် အိပ်ယာထဲမှာအလုပ်များစေမယ့်အကြောင်းပြချက်တစ်ခုရလာတာပေါ့
သိတယ်မလား…ရောဂါမဖြစ်အောင်ကာကွယ်တဲ့လေ့ကျင့်ခန်းပေါ့….

Credit: Min Thu (Daily Hot News)

0 Comments