စအိုမွ လိင္ဆက္ဆံျခင္းခံရေသာ္
......................
အားလုံးသိၾကတဲ့အတိုင္း HIV ဆိုတာ လိင္ကေနတဆင့္ကူးစက္တတ္ပါတယ္။
ဒီလို လိင္ကတဆင့္ ကူးစက္တယ္ဆိုတဲ့ ေနရာမွာ အဓိက ကေတာ့ စအိုကေနတဆင့္ လိင္ဆက္ဆံျခင္း
ခံရရင္ ပိုၿပီးကူးစက္ႏိုင္ေခ် ရွိပါတယ္။
စအိုကတဆင့္ လိင္ဆက္ဆံတဲ့အခါမွာ လိင္တူျခင္း
ျဖစ္ေစ၊ လိင္ကြဲျဖစ္ေစ စအိုထဲကို ထိုးသြင္းသူနဲ႔ ထိုးသြင္းခံရသူဆိုၿပီး ႏွစ္မ်ိဳးႏွစ္စား
ရွိပါတယ္။ ထိုးသြင္းသူနဲ႔ ထိုးသြင္းခံရသူ ယွဥ္ၾကည့္ရင္ ထိုးသြင္းခံရသူက ကူးစက္ႏိုင္ေခ်
၁၃ ဆေလာက္ပိုမ်ားႏိုင္ေခ် ရွိပါတယ္။ စအိုကေန လိင္ဆက္ဆံရင္ ဘာေၾကာင့္ ပိုကူးစက္တတ္တာလဲဆိုရင္
အဓိက ကေတာ့ စအိုထဲမွာ ရွိတဲ့ အခြၽဲတစ္ခုေၾကာင့္ ျဖစ္ပါတယ္။
လူတစ္ေယာက္ရဲ႕ လိင္အဂၤါေတြ ၊ အစာအိမ္နဲ႔
အူလမ္းေၾကာင္း စတာေတြမွာ အခြၽဲေတြ ရွိပါတယ္။ အဲဒီအခြၽဲေတြဟာ ျပင္ပက ပိုးေတြဝင္လာတဲ့အခါ
သတ္ေပးတာမ်ိဳး ဒါမွမဟုတ္ မိန္းမကိုယ္မွာဆို လိင္ဆက္ဆံတဲ့အခါ ေခ်ာဆီအျဖစ္ ျပဳလုပ္ေပးတာမ်ိဳးေတြ
လုပ္ေပးပါတယ္။ အဲဒီလိုပါပဲ စအိုမွာလည္း အခြၽဲရွိပါတယ္။ အဲဒီအခြၽဲက အစာေတြ ျဖတ္သန္းေနတဲ့တေလွ်ာက္
အဆင္ေျပေအာင္ ျပဳမူေပးတာမ်ိဳး ျပင္ပက ပိုးမႊားေတြကို သတ္ေပးတာမ်ိဳးေတြကို ျပဳလုပ္ေပးပါတယ္။
HIV ပိုးဟာ ေသြးမွာထက္ အဲဒီအခြၽဲမွာ ပိုမ်ားမ်ားပါတတ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီအခြၽဲမွာပိုးေတြကို
သတ္ေပးတဲ့ antibody ေတြ ပိုမ်ားမ်ားပါၿပီး HIV ပိုးက အဲဒီ antibody ေတြကို ႀကိဳက္တတ္လို႔ပါ။
ၿပီးေတာ့ စအိုဆိုတာ အစကတည္းက လိင္ဆက္ဆံဖို႔
မဟုတ္တဲ့အတြက္ လိင္ဆက္ဆံတဲ့အခါမွာ ထိခိုက္ပြန္းပဲ့လြယ္ပါတယ္။ ထိခိုက္ပြန္းပဲ့ေနတဲ့
အရာကတဆင့္ ပိုၿပီး ပိုးကူးစက္ျမန္ေစပါတယ္။ ပြန္းပဲ့ရာက ထြက္လာတဲ့ ေသြးေတြကေနတဆင့္လည္း
ဆီးႁပြန္ဝကို ထိမိၿပီး ပိုးကူးႏိုင္ပါတယ္။
ဒါေၾကာင့္ လိင္ဆက္ဆံတဲ့ ပုံစံေတြထဲမွာေတာင္မွ
စအိုကတဆင့္ လိင္ဆက္ဆံျခင္းဟာ ပိုၿပီး HIV ပိုး ကူးစက္ႏိုင္ေခ် ပိုမ်ားပါတယ္။ စအိုကေန
တဆင့္ လိင္ဆက္ဆံမယ္ဆိုရင္ ေခ်ာဆီသုံးတာမ်ိဳး ကြန္ဒုံးသုံးတာမ်ိဳး လုပ္ရင္ေတာင္ အျပည့္အဝ
ကာကြယ္မႈ မေပးႏိုင္ပါဘူး။ ဒါေၾကာင့္ သဘာဝလြန္ နည္းလမ္းေတြကို အသုံးမျပဳၾကဖို႔နဲ႔ ကံအေၾကာင္းမလွလို႔
မေတာ္တဆမႈ တစ္ခုခုနဲ႔ ႀကဳံခဲ့ရရင္လည္း အရွက္အေၾကာက္ႀကီးမေနဘဲ နားလည္တတ္ကြၽမ္းတဲ့ ဆရာဝန္ေတြနဲ႔
အျမန္ဆုံး တိုင္ပင္ေဆြးေႏြးဖို႔ မွာၾကားရင္း ……………
Author : Dr. မ်ိဳးဆက္
Unicode
စအိုမှ လိင်ဆက်ဆံခြင်းခံရသော်
......................
အားလုံးသိကြတဲ့အတိုင်း HIV ဆိုတာ လိင်ကနေတဆင့်ကူးစက်တတ်ပါတယ်။ ဒီလို လိင်ကတဆင့် ကူးစက်တယ်ဆိုတဲ့ နေရာမှာ အဓိက ကတော့ စအိုကနေတဆင့် လိင်ဆက်ဆံခြင်း ခံရရင် ပိုပြီးကူးစက်နိုင်ချေ ရှိပါတယ်။
စအိုကတဆင့် လိင်ဆက်ဆံတဲ့အခါမှာ လိင်တူခြင်း ဖြစ်စေ၊ လိင်ကွဲဖြစ်စေ စအိုထဲကို ထိုးသွင်းသူနဲ့ ထိုးသွင်းခံရသူဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ ထိုးသွင်းသူနဲ့ ထိုးသွင်းခံရသူ ယှဉ်ကြည့်ရင် ထိုးသွင်းခံရသူက ကူးစက်နိုင်ချေ ၁၃ ဆလောက်ပိုများနိုင်ချေ ရှိပါတယ်။ စအိုကနေ လိင်ဆက်ဆံရင် ဘာကြောင့် ပိုကူးစက်တတ်တာလဲဆိုရင် အဓိက ကတော့ စအိုထဲမှာ ရှိတဲ့ အချွဲတစ်ခုကြောင့် ဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ လိင်အင်္ဂါတွေ ၊ အစာအိမ်နဲ့ အူလမ်းကြောင်း စတာတွေမှာ အချွဲတွေ ရှိပါတယ်။ အဲဒီအချွဲတွေဟာ ပြင်ပက ပိုးတွေဝင်လာတဲ့အခါ သတ်ပေးတာမျိုး ဒါမှမဟုတ် မိန်းမကိုယ်မှာဆို လိင်ဆက်ဆံတဲ့အခါ ချောဆီအဖြစ် ပြုလုပ်ပေးတာမျိုးတွေ လုပ်ပေးပါတယ်။ အဲဒီလိုပါပဲ စအိုမှာလည်း အချွဲရှိပါတယ်။ အဲဒီအချွဲက အစာတွေ ဖြတ်သန်းနေတဲ့တလျှောက် အဆင်ပြေအောင် ပြုမူပေးတာမျိုး ပြင်ပက ပိုးမွှားတွေကို သတ်ပေးတာမျိုးတွေကို ပြုလုပ်ပေးပါတယ်။ HIV ပိုးဟာ သွေးမှာထက် အဲဒီအချွဲမှာ ပိုများများပါတတ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချွဲမှာပိုးတွေကို သတ်ပေးတဲ့ antibody တွေ ပိုများများပါပြီး HIV ပိုးက အဲဒီ antibody တွေကို ကြိုက်တတ်လို့ပါ။
ပြီးတော့ စအိုဆိုတာ အစကတည်းက လိင်ဆက်ဆံဖို့ မဟုတ်တဲ့အတွက် လိင်ဆက်ဆံတဲ့အခါမှာ ထိခိုက်ပွန်းပဲ့လွယ်ပါတယ်။ ထိခိုက်ပွန်းပဲ့နေတဲ့ အရာကတဆင့် ပိုပြီး ပိုးကူးစက်မြန်စေပါတယ်။ ပွန်းပဲ့ရာက ထွက်လာတဲ့ သွေးတွေကနေတဆင့်လည်း ဆီးပြွန်ဝကို ထိမိပြီး ပိုးကူးနိုင်ပါတယ်။
ဒါကြောင့် လိင်ဆက်ဆံတဲ့ ပုံစံတွေထဲမှာတောင်မှ စအိုကတဆင့် လိင်ဆက်ဆံခြင်းဟာ ပိုပြီး HIV ပိုး ကူးစက်နိုင်ချေ ပိုများပါတယ်။ စအိုကနေ တဆင့် လိင်ဆက်ဆံမယ်ဆိုရင် ချောဆီသုံးတာမျိုး ကွန်ဒုံးသုံးတာမျိုး လုပ်ရင်တောင် အပြည့်အဝ ကာကွယ်မှု မပေးနိုင်ပါဘူး။ ဒါကြောင့် သဘာဝလွန် နည်းလမ်းတွေကို အသုံးမပြုကြဖို့နဲ့ ကံအကြောင်းမလှလို့ မတော်တဆမှု တစ်ခုခုနဲ့ ကြုံခဲ့ရရင်လည်း အရှက်အကြောက်ကြီးမနေဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးဖို့ မှာကြားရင်း ……………
Author : Dr. မျိုးဆက်

0 Comments