အမ်ိဳးသမီးမ်ားတြင္ အလုပ္လုပ္ပံုျခင္းမတူညီေသာေဆးမ်ား (သို့) အမ်ိဳးသမီးမ်ားအတြက္ ေဆး၀ါးလမ္းညႊန္
အမ်ိဳးသမီးမ်ားတြင္ အလုပ္လုပ္ပံုျခင္းမတူညီေသာေဆးမ်ား (သို့) အမ်ိဳးသမီးမ်ားအတြက္ ေဆး၀ါးလမ္းညႊန္
.................................
1. အမ်ိဳးသမီးမ်ား၏ ဇီ၀ျဖစ္စဥ္သည္ေဆး၀ါးမ်ား၏လုပ္ေဆာင္မႈအေပၚမည္ကဲ့သို႔ အက်ိဳးသက္ေရာက္မႈရွိသနည္း
ကိုယ္အေလးခ်ိန္အျပင္ အမ်ိဳးသမီးမ်ား၏ အျခားဇီ၀ျဖစ္စဥ္မ်ားကလည္း ေဆး၀ါးမ်ား၏လုပ္ေဆာင္မႈကို မ်ားစြာအက်ိဳးသက္ေရာက္မႈရွိပါသည္။
ပထမဆံုးအခ်က္မွာ အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသားမ်ားထက္ခႏၶာကိုယ္အဆီ သိုေလွာင္မႈပိုမိုမ်ားျပားျခင္းေၾကာင့္ အဆီတြင္ေပ်ာ္၀င္ႏုိင္ေသာေဆးမ်ား၏ ေပ်ာ္၀င္မႈႏႈန္းမ်ား ပိုမိုလ်င္ျမန္ႏုိင္ပါသည္။ ထုိ႔ေၾကာင့္ ဤအမ်ိဳးအစားအတြင္ပါ၀င္ေသာ စိတ္ေရာဂါကုေဆးမ်ား (ဥပမာ- စိတ္က်ျခင္းကိုကုသေသာေဆးမ်ား၊ စိတ္ႂကြျခင္းကိုကုသေသာေဆးမ်ား) တြင္ အက်ိဳးသက္ေရာက္မႈမ်ားစြာရွိေၾကာင္းကို နယူးေယာက္စ္ၿမိဳ႕ ကိုလမ္ဘီယာေဆးတကၠသုိလ္၏ စိတ္ေရာဂါဆုိင္ရာ ပါေမာကၡႏွင့္ အေမရိကန္ႏုိင္ငံ စိတ္ပညာအဖြဲ႕အစည္း၏ သိပၸံပညာဆုိင္ရာေကာ္မတီ၏ ဥကၠ႒ တစ္ဦးလည္းျဖစ္သူ ေဒါက္တာ Philip Muskin က ေျပာၾကားထားသည္။
အမ်ိဳးသားႏွင့္အမ်ိဳးသမီးေနာက္ထပ္ျခားနားခ်က္တစ္ခုမွာ အစာေျခရာတြင္ျဖစ္ၿပီး အမ်ိဳးသမီးမ်ားတြင္ အစာအိမ္အက္ဆစ္ထြက္ျခင္းနည္းပါးေသာေၾကာင့္ အစာေခ်ရာတြင္ ေႏွးေကြးေစပါသည္။ ထုိ႔အတြက္ေၾကာင့္ပင္ အက္ဆစ္ရွိမွ စုပ္ယူမႈအားေကာင္းေသာေဆးမ်ား (ဥပမာ- မႈိေရာဂါသတ္ေဆးမ်ား) သည္ အမ်ိဳးသမီးမ်ားတြင္ ထင္သေလာက္အစြမ္းမထက္ၾကပါ။ ထုိနည္းတူစြာ အစာမရွိေသာအခ်ိန္တြင္မွ အလုပ္လုပ္ေသာ tetracycline ကဲ့သို႔ ပဋိဇီ၀ေဆး၀ါးမ်ားသည္လည္း အစာစားၿပီးခ်က္ခ်င္းေသာက္သံုးပါက ခႏၶာကိုယ္မွေကာင္းစြာမစုပ္ယူႏုိင္ေပ။
2. အမ်ိဳးသမီးေဟာ္မုန္း (Estrogen) ၏ ေဆး၀ါးမ်ားအေပၚတြင္ အက်ိဳးသက္ေရာက္မႈမ်ား
ေဟာ္မုန္းမ်ားသည္လည္း ခႏၶာကိုယ္တြင္ေဆး၀ါးမ်ားၿဖိဳခြဲျခင္းႏွင့္ အသံုးျပဳျခင္းျဖစ္စဥ္မ်ားတြင္ အဓိကပါ၀င္ပါသည္။ အမ်ိဳးသမီးေဟာ္မုန္းမ်ားသည္ ဓမၼတာလာစဥ္အခ်ိန္ႏွင့္ ေသြးဆံုးခါနီးအခ်ိန္မ်ားတြင္ အတက္အက်အလြန္မ်ားသည္။ ဥပမာအားျဖင့္ Estrogen သည္ အသည္းမွေဆး၀ါးမ်ားၿဖိဳခြဲျခင္းကို ဟန္႔တားေစႏုိင္ေၾကာင္း Dr.Muskin က ေျပာၾကားထားသည္။
Dr.Muskin က ဆက္လက္၍ အသည္းကိုဇကာစစ္ႏွင့္ ခိုင္းႏႈိင္းကာ အစားအစာမ်ားအတြင္းမွာအဆိပ္မ်ားကို အသည္းမွဖယ္ရွားေပးေၾကာင္းႏွင့္ ေဆး၀ါးမ်ားကိုခႏၶာကိုယ္မွ အဆိပ္အေတာက္ဟုမွတ္ယူထားေၾကာင္းရွင္းျပထားပါသည္။
အကယ္၍ အသည္းလုပ္ေဆာင္ခ်က္မ်ားမေကာင္းပါက ပံုမွန္ေဆးၫႊန္းအတိုင္းေသာက္လွ်င္ပင္ ခႏၶာကိုယ္တြငး္၌ ေဆးမ်ားစုပံုလာေပလိမ့္မည္။ ကင္ဆာေရာဂါတြင္ ကုသေသာေဆး၀ါးအမ်ားစုကိုမူ ေက်ာက္ကပ္မွဖယ္ရွားေလ့ရွိေၾကာင္းသိရပါသည္။ အေမရိကန္အေထြေထြေရာဂါကုမိသားစုဆရာ၀န္မ်ားမဂၢဇင္း၏ ေဆာင္းပါးတစ္ခုအရ methotrexate ကဲ့သို႔ ကင္ဆာေရာဂါကုသေသာေဆးမ်ားကို ခႏၶာကိုယ္မွဖယ္ရွားရာတြင္ အမ်ိဳးသမီးမ်ားက အမ်ိဳးသားမ်ားထက္ 13-17 ရာခိုင္ႏႈန္းနီးပါးေႏွးေကြးေၾကာင္းသိရပါသည္။
3. ႏွလံုးေရာဂါကုေဆး၀ါးမ်ား
ႏွလံုးေရာဂါကုသရာတြင္ အသံုးျပဳေသာေဆးမ်ားသည္လည္း အမ်ိဳးသားႏွင့္အမ်ိဳးသမီးမ်ားတြင္ လုပ္ေဆာင္ပံုျခင္းမတူညီၾကေပ။ ျပင္းအားနည္းေသြးက်ဲေဆး (aspirin) ကို ႏွလံုးတိုက္ခိုက္ခံရမႈမွကာကြယ္ရန္ အသံုးျပဳၾကေသာ္လည္း အမ်ိဳးသမီးမ်ားတြင္မူ ေသြးထြက္ႏုိင္ေခ်မ်ားျပားျခင္းေၾကာင့္ အမွန္တကယ္လိုအပ္မွသာ ေပးေလ့ရွိၾကသည္။
ထုိနည္းတူစြာ beta-blockers ကဲ့သို႔ ေသြးက်ေဆးမ်ားကလည္း အမ်ိဳးသမီးမ်ားတြင္ အမ်ိဳးသားမ်ားထက္ ေဘးထြက္ဆိုးက်ိဳးပိုမုိခံရေစႏိုင္သည္။
Warfarin ကဲ့သို႔ေသြးခဲဟန္႔တားေဆးမ်ားတြင္လည္း အမ်ိဳးသမီးမ်ားကို အမ်ိဳးသားမ်ားထက္ ပိုမိုျပင္းအားနည္းေသာ ေဆးမ်ားကိုသာေပးေလ့ရွိသည္။ အေမရိကန္အေထြေထြေရာဂါကုမိသားစုဆရာ၀န္မ်ားမဂၢဇင္းတြင္ မၾကာေသးမီကေဖာ္ျပခဲ့ေသာ ေဆာင္းပါးတစ္ခုတြင္ အမ်ိဳးသမီးမ်ားသည္ အမ်ိဳးသားမ်ားထက္တစ္ပတ္လွ်င္ Warfarin ကို 2.5 – 4.5 မီလီဂရမ္ထိ ပိုမိုေလ်ာ့နည္းစြာ လိုအပ္ေၾကာင္းေရးသားထားပါသည္။
4. အကိုက္အခဲေပ်ာက္ေဆးႏွင့္ အိပ္ေဆးမ်ား
အကိုက္အခဲေပ်ာက္ေဆးမ်ားသည္ အမ်ိဳးသားမ်ားတြင္သာမက အမ်ိဳးသမီးမ်ားတြင္လည္း မတူညီေသာေဘးထြက္ ဆိုးက်ိဳးမ်ားကိုျဖစ္ေစႏုိင္ပါသည္။ 2002 ခုႏွစ္တြင္ ျပဳလုပ္ေသာစစ္တမ္းမ်ားအရ ပါရာစီတေမာ (သို႔) စတီရြိဳက္မပါေသာ အကိုက္အခဲေပ်ာက္ေ္ဆးမ်ား (Ibuprofen) ေသာက္သံုးေသာအမ်ိဳးသမီးမ်ားတြင္ ေသြးေပါင္ခ်ိန္ျမင့္တက္ေစႏုိင္ေၾကာင္း သိရွိရပါသည္။ အထူးသျဖင့္ တစ္လလွ်င္ 22 ရက္ထက္ပို၍ ေသာက္သံုးေသာအမ်ိဳးသမီးမ်ားတြင္ ေသြးတိုးေရာဂါျဖစ္ႏုိင္ေခ် 86 ရာခိုင္ႏႈန္းပိုမုိျမင့္မားပါသည္။
အျခားေဆးအုပ္စုအမ်္ိဳးအစားမွာ အိပ္ေဆးမ်ားျဖစ္ၿပီး အမ်ိဳးသမီးမ်ားတြင္ အမ်ိဳးသားမ်ားထက္ စြန္႔ထုတ္မႈပိုမိုေႏွးေကြးေၾကာင္း ေတြ႕ရွိရပါသည္။ ထုိ႔ေၾကာင့္ Zolpidem ကဲ့သို႔အိပ္ေဆးမ်ိဳးကို ညေနဘက္တြင္ ေသာက္ထားေသာအမ်ိဳးသမီးမ်ားသည္ ေနာက္တစ္ေန႔ကားေမာင္းရာတြင္ အခက္အခဲရွိေၾကာင္း အစီရင္ခံစာအရသိရပါသည္။ သို႔အတြက္ 2013 ခုႏွစ္တြင္ အစားအစာႏွင့္ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနမွ အႀကံျပဳခ်က္အရ အမ်ိဳးသမီးမ်ားသည္ Zolpidem ပမာဏ ကို အမ်ိဳးသားမ်ားထက္ တစ္၀က္ခန္႔ေလ်ာ့၍ေသာက္သံုးသင့္ေၾကာင္း ေဖာ္ျပထားပါသည္။
အမ်ိဳးသမီးမ်ားအတြက္ ေဆး၀ါးလမ္းညႊန္
Dr.Muskin က ဤကဲ့သို႔ဇီ၀ေဗဒဆုိင္ရာ ကြဲျပားခ်က္မ်ားသည္ ေျပာပေလာက္ေသာ ကိစၥမ်ားမဟုတ္ေသာေၾကာင့္ အမ်ိဳးသမီးမ်ားအေနျဖင့္ ေဆးေသာက္ရန္စိတ္ပူပန္စရာ မလိုေၾကာင္း ေျပာၾကားလိုက္သည္။ အမ်ားအားျဖင့္ အမ်ိဳးသားႏွင့္အမ်ိဳးသမီးတို႔သည္ ျပင္းအား တူေသာေဆးမ်ားကို ေသာက္သံုးၾကေသာ္လည္း အမ်ိဳးသမီးမ်ားက ေဆး၀ါးမ်ား၏ေဘးထြက္ဆိုးက်ိဳးမ်ားကိုမူ ပိုမိုသိသာစြာခံစားရေလ့ရွိပါသည္။ ထုိ႔ေၾကာင့္ Dr.Muskin က ဆက္လက္အၾကံျပဳထားသည္မွာ ေဆးတစ္ခုကိုမေသာက္သံုးမီ ယခင္ေဆးမ်ား၏ မိမိအေပၚအက်ိဳးသက္ေရာက္ပံုမ်ားကို ဆရာ၀န္ႏွင့္ေသခ်ာေဆြးေႏြးတုိင္ပင္ၿပီးမွသာလွ်င္ စတင္ေသာက္သံုးသင့္ေၾကာင္းသိရပါသည္။
Crd : Dr. Thinzar Wynn
Unicode
အမျိုးသမီးများတွင် အလုပ်လုပ်ပုံခြင်းမတူညီသောဆေးများ (သို့) အမျိုးသမီးများအတွက် ဆေးဝါးလမ်းညွှန်
.................................
1. အမျိုးသမီးများ၏ ဇီဝဖြစ်စဉ်သည်ဆေးဝါးများ၏လုပ်ဆောင်မှုအပေါ်မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိသနည်း
ကိုယ်အလေးချိန်အပြင် အမျိုးသမီးများ၏ အခြားဇီဝဖြစ်စဉ်များကလည်း ဆေးဝါးများ၏လုပ်ဆောင်မှုကို များစွာအကျိုးသက်ရောက်မှုရှိပါသည်။
ပထမဆုံးအချက်မှာ အမျိုးသမီးများသည် အမျိုးသားများထက်ခန္ဓာကိုယ်အဆီ သိုလှောင်မှုပိုမိုများပြားခြင်းကြောင့် အဆီတွင်ပျော်ဝင်နိုင်သောဆေးများ၏ ပျော်ဝင်မှုနှုန်းများ ပိုမိုလျင်မြန်နိုင်ပါသည်။ ထို့ကြောင့် ဤအမျိုးအစားအတွင်ပါဝင်သော စိတ်ရောဂါကုဆေးများ (ဥပမာ- စိတ်ကျခြင်းကိုကုသသောဆေးများ၊ စိတ်ကြွခြင်းကိုကုသသောဆေးများ) တွင် အကျိုးသက်ရောက်မှုများစွာရှိကြောင်းကို နယူးယောက်စ်မြို့ ကိုလမ်ဘီယာဆေးတက္ကသိုလ်၏ စိတ်ရောဂါဆိုင်ရာ ပါမောက္ခနှင့် အမေရိကန်နိုင်ငံ စိတ်ပညာအဖွဲ့အစည်း၏ သိပ္ပံပညာဆိုင်ရာကော်မတီ၏ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်သူ ဒေါက်တာ Philip Muskin က ပြောကြားထားသည်။
အမျိုးသားနှင့်အမျိုးသမီးနောက်ထပ်ခြားနားချက်တစ်ခုမှာ အစာခြေရာတွင်ဖြစ်ပြီး အမျိုးသမီးများတွင် အစာအိမ်အက်ဆစ်ထွက်ခြင်းနည်းပါးသောကြောင့် အစာချေရာတွင် နှေးကွေးစေပါသည်။ ထို့အတွက်ကြောင့်ပင် အက်ဆစ်ရှိမှ စုပ်ယူမှုအားကောင်းသောဆေးများ (ဥပမာ- မှိုရောဂါသတ်ဆေးများ) သည် အမျိုးသမီးများတွင် ထင်သလောက်အစွမ်းမထက်ကြပါ။ ထိုနည်းတူစွာ အစာမရှိသောအချိန်တွင်မှ အလုပ်လုပ်သော tetracycline ကဲ့သို့ ပဋိဇီဝဆေးဝါးများသည်လည်း အစာစားပြီးချက်ချင်းသောက်သုံးပါက ခန္ဓာကိုယ်မှကောင်းစွာမစုပ်ယူနိုင်ပေ။
2. အမျိုးသမီးဟော်မုန်း (Estrogen) ၏ ဆေးဝါးများအပေါ်တွင် အကျိုးသက်ရောက်မှုများ
ဟော်မုန်းများသည်လည်း ခန္ဓာကိုယ်တွင်ဆေးဝါးများဖြိုခွဲခြင်းနှင့် အသုံးပြုခြင်းဖြစ်စဉ်များတွင် အဓိကပါဝင်ပါသည်။ အမျိုးသမီးဟော်မုန်းများသည် ဓမ္မတာလာစဉ်အချိန်နှင့် သွေးဆုံးခါနီးအချိန်များတွင် အတက်အကျအလွန်များသည်။ ဥပမာအားဖြင့် Estrogen သည် အသည်းမှဆေးဝါးများဖြိုခွဲခြင်းကို ဟန့်တားစေနိုင်ကြောင်း Dr.Muskin က ပြောကြားထားသည်။
Dr.Muskin က ဆက်လက်၍ အသည်းကိုဇကာစစ်နှင့် ခိုင်းနှိုင်းကာ အစားအစာများအတွင်းမှာအဆိပ်များကို အသည်းမှဖယ်ရှားပေးကြောင်းနှင့် ဆေးဝါးများကိုခန္ဓာကိုယ်မှ အဆိပ်အတောက်ဟုမှတ်ယူထားကြောင်းရှင်းပြထားပါသည်။
အကယ်၍ အသည်းလုပ်ဆောင်ချက်များမကောင်းပါက ပုံမှန်ဆေးညွှန်းအတိုင်းသောက်လျှင်ပင် ခန္ဓာကိုယ်တွင်း၌ ဆေးများစုပုံလာပေလိမ့်မည်။ ကင်ဆာရောဂါတွင် ကုသသောဆေးဝါးအများစုကိုမူ ကျောက်ကပ်မှဖယ်ရှားလေ့ရှိကြောင်းသိရပါသည်။ အမေရိကန်အထွေထွေရောဂါကုမိသားစုဆရာဝန်များမဂ္ဂဇင်း၏ ဆောင်းပါးတစ်ခုအရ methotrexate ကဲ့သို့ ကင်ဆာရောဂါကုသသောဆေးများကို ခန္ဓာကိုယ်မှဖယ်ရှားရာတွင် အမျိုးသမီးများက အမျိုးသားများထက် 13-17 ရာခိုင်နှုန်းနီးပါးနှေးကွေးကြောင်းသိရပါသည်။
3. နှလုံးရောဂါကုဆေးဝါးများ
နှလုံးရောဂါကုသရာတွင် အသုံးပြုသောဆေးများသည်လည်း အမျိုးသားနှင့်အမျိုးသမီးများတွင် လုပ်ဆောင်ပုံခြင်းမတူညီကြပေ။ ပြင်းအားနည်းသွေးကျဲဆေး (aspirin) ကို နှလုံးတိုက်ခိုက်ခံရမှုမှကာကွယ်ရန် အသုံးပြုကြသော်လည်း အမျိုးသမီးများတွင်မူ သွေးထွက်နိုင်ချေများပြားခြင်းကြောင့် အမှန်တကယ်လိုအပ်မှသာ ပေးလေ့ရှိကြသည်။
ထိုနည်းတူစွာ beta-blockers ကဲ့သို့ သွေးကျဆေးများကလည်း အမျိုးသမီးများတွင် အမျိုးသားများထက် ဘေးထွက်ဆိုးကျိုးပိုမိုခံရစေနိုင်သည်။
Warfarin ကဲ့သို့သွေးခဲဟန့်တားဆေးများတွင်လည်း အမျိုးသမီးများကို အမျိုးသားများထက် ပိုမိုပြင်းအားနည်းသော ဆေးများကိုသာပေးလေ့ရှိသည်။ အမေရိကန်အထွေထွေရောဂါကုမိသားစုဆရာဝန်များမဂ္ဂဇင်းတွင် မကြာသေးမီကဖော်ပြခဲ့သော ဆောင်းပါးတစ်ခုတွင် အမျိုးသမီးများသည် အမျိုးသားများထက်တစ်ပတ်လျှင် Warfarin ကို 2.5 – 4.5 မီလီဂရမ်ထိ ပိုမိုလျော့နည်းစွာ လိုအပ်ကြောင်းရေးသားထားပါသည်။
4. အကိုက်အခဲပျောက်ဆေးနှင့် အိပ်ဆေးများ
အကိုက်အခဲပျောက်ဆေးများသည် အမျိုးသားများတွင်သာမက အမျိုးသမီးများတွင်လည်း မတူညီသောဘေးထွက် ဆိုးကျိုးများကိုဖြစ်စေနိုင်ပါသည်။ 2002 ခုနှစ်တွင် ပြုလုပ်သောစစ်တမ်းများအရ ပါရာစီတမော (သို့) စတီရွိုက်မပါသော အကိုက်အခဲပျောက်ေ်ဆးများ (Ibuprofen) သောက်သုံးသောအမျိုးသမီးများတွင် သွေးပေါင်ချိန်မြင့်တက်စေနိုင်ကြောင်း သိရှိရပါသည်။ အထူးသဖြင့် တစ်လလျှင် 22 ရက်ထက်ပို၍ သောက်သုံးသောအမျိုးသမီးများတွင် သွေးတိုးရောဂါဖြစ်နိုင်ချေ 86 ရာခိုင်နှုန်းပိုမိုမြင့်မားပါသည်။
အခြားဆေးအုပ်စုအမျိုးအစားမှာ အိပ်ဆေးများဖြစ်ပြီး အမျိုးသမီးများတွင် အမျိုးသားများထက် စွန့်ထုတ်မှုပိုမိုနှေးကွေးကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် Zolpidem ကဲ့သို့အိပ်ဆေးမျိုးကို ညနေဘက်တွင် သောက်ထားသောအမျိုးသမီးများသည် နောက်တစ်နေ့ကားမောင်းရာတွင် အခက်အခဲရှိကြောင်း အစီရင်ခံစာအရသိရပါသည်။ သို့အတွက် 2013 ခုနှစ်တွင် အစားအစာနှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အကြံပြုချက်အရ အမျိုးသမီးများသည် Zolpidem ပမာဏ ကို အမျိုးသားများထက် တစ်ဝက်ခန့်လျော့၍သောက်သုံးသင့်ကြောင်း ဖော်ပြထားပါသည်။
အမျိုးသမီးများအတွက် ဆေးဝါးလမ်းညွှန်
Dr.Muskin က ဤကဲ့သို့ဇီဝဗေဒဆိုင်ရာ ကွဲပြားချက်များသည် ပြောပလောက်သော ကိစ္စများမဟုတ်သောကြောင့် အမျိုးသမီးများအနေဖြင့် ဆေးသောက်ရန်စိတ်ပူပန်စရာ မလိုကြောင်း ပြောကြားလိုက်သည်။ အများအားဖြင့် အမျိုးသားနှင့်အမျိုးသမီးတို့သည် ပြင်းအား တူသောဆေးများကို သောက်သုံးကြသော်လည်း အမျိုးသမီးများက ဆေးဝါးများ၏ဘေးထွက်ဆိုးကျိုးများကိုမူ ပိုမိုသိသာစွာခံစားရလေ့ရှိပါသည်။ ထို့ကြောင့် Dr.Muskin က ဆက်လက်အကြံပြုထားသည်မှာ ဆေးတစ်ခုကိုမသောက်သုံးမီ ယခင်ဆေးများ၏ မိမိအပေါ်အကျိုးသက်ရောက်ပုံများကို ဆရာဝန်နှင့်သေချာဆွေးနွေးတိုင်ပင်ပြီးမှသာလျှင် စတင်သောက်သုံးသင့်ကြောင်းသိရပါသည်။
Crd : Dr. Thinzar Wynn

0 Comments