လိင္ဆက္ဆံတဲ့ အႀကိမ္အေရအတြက္နည္းတာက ကိုယ္ဝန္ ရဖုိ႔ခက္ခဲ
လိင္ဆက္ဆံတဲ့ အႀကိမ္အေရအတြက္နည္းတာက ကိုယ္ဝန္ ရဖုိ႔ခက္ခဲ
................................
လိင္ဆက္ဆံတဲ့ အႀကိမ္အေရအတြက္နည္းတာက ကိုယ္ဝန္ရႏိုင္တဲ့ အခြင့္အလမ္းေတြကို ထိခိုက္ေစႏိုင္တာကို ဇနီးေမာင္ႏွံ(၂)ဦးစလံုး သတိျပဳဖုိ႔လိုပါတယ္။
ကိုယ္ဝန္ယူဖုိ႔ ျပင္ဆင္ေနတဲ့ ဇနီးေမာင္ႏွံေတြၾကားမွာ လိင္ဆက္ဆံတဲ့ အႀကိမ္အေရအတြက္ နည္းတာက ကိုယ္ဝန္ရဖုိ႔ အခက္အခဲေတြ ျဖစ္လာေစပါတယ္။ ကုိယ္ဝန္ရဖုိ႔ စိတ္ပူေစတဲ့ ျပႆနာေတြထဲက တစ္ခုေပါ့။ ကိုယ္ဝန္ယူဖုိ႔ ႀကိဳးစားေနခ်ိန္မွာ လိင္ဆက္ဆံတဲ့ အႀကိမ္အေရအတြက္မ်ားရင္ ျပႆနာေတြရွိလာႏိုင္သလို နည္းရင္လည္း အခြင့္အလမ္းေတြ နည္းသြားႏိုင္ပါတယ္။
လိင္ဆက္ဆံတဲ့ အႀကိမ္အေရအတြက္ နည္းတာက ကိုယ္ဝန္ရဖုိ႔ အခက္အခဲေတြ ျဖစ္လာေစပါတယ္ (Photo by the Asian parent)
ဘာေၾကာင့္ လိင္ဆက္ဆံတဲ့ အႀကိမ္အေရအတြက္နည္းရတာလဲ
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လိင္ဆက္ဆံတဲ့ အႀကိမ္အေရအတြက္ နည္းႏိုင္ပါတယ္။ ဇနီးေမာင္ႏွံ(၂)ဦးစလံုးမွာ စိတ္ဖိစီးမႈမ်ားတာေတြကလည္း လိင္ဆက္ဆံတဲ့အႀကိမ္အေရအတြက္ နည္းပါေစပါတယ္။ ပံုစံမမွန္တဲ့ အစားအေသာက္ေတြေၾကာင့္ လိင္ဆက္ဆံလိုစိတ္ေတြ ေလ်ာ့နည္္းေစပါတယ္။ ႏွစ္ရွည္သံုးစြဲရတဲ့ ေဆးဝါးေတြေၾကာင့္လည္း လိင္ဆက္ဆံခ်င္စိတ္ေတြ နည္းပါးေစပါတယ္။ အိမ္ေထာင္ဖက္ရဲ႕ အသက္အရြယ္ေၾကာင့္လည္း လိင္ဆက္ဆံလိုစိတ္ နည္းပါးႏိုင္ပါတယ္။ တျခားျပႆနာေတြေၾကာင့္လည္း လိင္ဆက္ဆံတဲ့ အႀကိမ္အေရအတြက္ နည္းသြားေစပါတယ္။
ကိုယ္ဝန္ယူမယ့္ ဇနီးေမာင္ႏွံေတြအေနနဲ႔ တစ္ပတ္မွာ အမ်ားဆံုး(၃)ႀကိမ္ခန္႔ လိင္ဆက္ဆံေပးပါ (Photo by verywell family)
ကုသမႈခံယူဖို႔လိုအပ္
လိင္ဆက္ဆံတဲ့ အႀကိမ္အေရအတြက္ ေလ်ာ့နည္းရင္လည္း ကိုယ္ဝန္ရဖို႔ ခက္ခဲေစပါတယ္။ မမ်ိဳးဥေၾကြတဲ့ေန႔ေတြကို ေက်ာ္သြားခဲ့ရင္လည္း ကိုယ္ဝန္ရဖို႔ အခြင့္အလမ္း နည္းေစပါတယ္။ ဒါ့ေၾကာင့္ လိင္ဆက္ဆံလိုစိတ္ တိုးလာေအာင္ ဇနီးေမာင္ႏံွေတြအေနနဲ႔ က်န္းမာေရးနဲ႔ ညီညႊတ္တဲ့ အစားအေသာက္ေတြကို စားသံုးေပးပါ။ ေလ့က်င့္ခန္းပံုမွန္ျပဳလုပ္ေပးပါ။ ေယာဂ ေလ့က်င့္ခန္းေတြကို ျပဳလုပ္ေပးပါ။ စိတ္ဖိစီးမႈေတြ ဝင္ေရာက္မလာေအာင္ တားဆီးပါ။ဇနီးေမာင္ႏွံ(၂)ဦးစလံုး မၾကာခဏ အပန္းေျဖခရီးထြက္ေပးပါ။ ဇနီးေမာင္ႏံွ(၂)ဦးစလံုး ဆရာဝန္ေတြဆီမွာ သြားေရာက္ျပသပါ။ ညႊန္ၾကားခ်က္ေတြကို လိုုက္နာပါ။ ဆရာဝန္ေတြ ညႊန္ၾကားထားျခင္းမရွိတဲ့ ေဆးဝါးေတြကို ေရွာင္ရွားပါ။
ကိုယ္ဝန္ယူမယ့္ ဇနီးေမာင္ႏွံေတြအေနနဲ႔ တစ္ပတ္မွာ အမ်ားဆံုး(၃)ႀကိမ္ခန္႔ လိင္ဆက္ဆံေပးပါ။ ကိုယ္ဝန္ယူမယ့္ ဇနီးေမာင္ႏွံေတြအေနနဲ႔ မမ်ိဳးဥေၾကြခ်ိန္ကို သတိထားေနဖို႔ လိုပါတယ္။ လိင္ဆက္ဆံတဲ့ အႀကိမ္အေရအတြက္နည္းတာက ကိုယ္ဝန္ရရွိဖို႔ ျပႆနာေတြ ျဖစ္လာႏိုင္တာေၾကာင့္ သတိခ်ပ္ေစႏိုင္ဖို႔ Kalay ကေန တိုက္တြန္းလုိက္ပါတယ္။
Credit; kalay.
Unicode
လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်နည်းတာက ကိုယ်ဝန် ရဖို့ခက်ခဲ
................................
လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်နည်းတာက ကိုယ်ဝန်ရနိုင်တဲ့ အခွင့်အလမ်းတွေကို ထိခိုက်စေနိုင်တာကို ဇနီးမောင်နှံ(၂)ဦးစလုံး သတိပြုဖို့လိုပါတယ်။
ကိုယ်ဝန်ယူဖို့ ပြင်ဆင်နေတဲ့ ဇနီးမောင်နှံတွေကြားမှာ လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက် နည်းတာက ကိုယ်ဝန်ရဖို့ အခက်အခဲတွေ ဖြစ်လာစေပါတယ်။ ကိုယ်ဝန်ရဖို့ စိတ်ပူစေတဲ့ ပြဿနာတွေထဲက တစ်ခုပေါ့။ ကိုယ်ဝန်ယူဖို့ ကြိုးစားနေချိန်မှာ လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်များရင် ပြဿနာတွေရှိလာနိုင်သလို နည်းရင်လည်း အခွင့်အလမ်းတွေ နည်းသွားနိုင်ပါတယ်။
လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက် နည်းတာက ကိုယ်ဝန်ရဖို့ အခက်အခဲတွေ ဖြစ်လာစေပါတယ် (Photo by the Asian parent)
ဘာကြောင့် လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်နည်းရတာလဲ
အကြောင်းအမျိုးမျိုးကြောင့် လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက် နည်းနိုင်ပါတယ်။ ဇနီးမောင်နှံ(၂)ဦးစလုံးမှာ စိတ်ဖိစီးမှုများတာတွေကလည်း လိင်ဆက်ဆံတဲ့အကြိမ်အရေအတွက် နည်းပါစေပါတယ်။ ပုံစံမမှန်တဲ့ အစားအသောက်တွေကြောင့် လိင်ဆက်ဆံလိုစိတ်တွေ လျော့နည်းစေပါတယ်။ နှစ်ရှည်သုံးစွဲရတဲ့ ဆေးဝါးတွေကြောင့်လည်း လိင်ဆက်ဆံချင်စိတ်တွေ နည်းပါးစေပါတယ်။ အိမ်ထောင်ဖက်ရဲ့ အသက်အရွယ်ကြောင့်လည်း လိင်ဆက်ဆံလိုစိတ် နည်းပါးနိုင်ပါတယ်။ တခြားပြဿနာတွေကြောင့်လည်း လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက် နည်းသွားစေပါတယ်။
ကိုယ်ဝန်ယူမယ့် ဇနီးမောင်နှံတွေအနေနဲ့ တစ်ပတ်မှာ အများဆုံး(၃)ကြိမ်ခန့် လိင်ဆက်ဆံပေးပါ (Photo by verywell family)
ကုသမှုခံယူဖို့လိုအပ်
လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက် လျော့နည်းရင်လည်း ကိုယ်ဝန်ရဖို့ ခက်ခဲစေပါတယ်။ မမျိုးဥကြွေတဲ့နေ့တွေကို ကျော်သွားခဲ့ရင်လည်း ကိုယ်ဝန်ရဖို့ အခွင့်အလမ်း နည်းစေပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံလိုစိတ် တိုးလာအောင် ဇနီးမောင်နံှတွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေကို စားသုံးပေးပါ။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးပါ။ ယောဂ လေ့ကျင့်ခန်းတွေကို ပြုလုပ်ပေးပါ။ စိတ်ဖိစီးမှုတွေ ဝင်ရောက်မလာအောင် တားဆီးပါ။ဇနီးမောင်နှံ(၂)ဦးစလုံး မကြာခဏ အပန်းဖြေခရီးထွက်ပေးပါ။ ဇနီးမောင်နံှ(၂)ဦးစလုံး ဆရာဝန်တွေဆီမှာ သွားရောက်ပြသပါ။ ညွှန်ကြားချက်တွေကို လိုုက်နာပါ။ ဆရာဝန်တွေ ညွှန်ကြားထားခြင်းမရှိတဲ့ ဆေးဝါးတွေကို ရှောင်ရှားပါ။
ကိုယ်ဝန်ယူမယ့် ဇနီးမောင်နှံတွေအနေနဲ့ တစ်ပတ်မှာ အများဆုံး(၃)ကြိမ်ခန့် လိင်ဆက်ဆံပေးပါ။ ကိုယ်ဝန်ယူမယ့် ဇနီးမောင်နှံတွေအနေနဲ့ မမျိုးဥကြွေချိန်ကို သတိထားနေဖို့ လိုပါတယ်။ လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်နည်းတာက ကိုယ်ဝန်ရရှိဖို့ ပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် သတိချပ်စေနိုင်ဖို့ Kalay ကနေ တိုက်တွန်းလိုက်ပါတယ်။
Credit; kalay.

0 Comments