ဖေဖေလောင်း
သုတ်ပိုးအားကောင်းစေဖို့ ဒါတွေစားပါ
ဖေဖေလောင်းတို့ရေ
ဟင်းနုနွယ်
ကြက်ဥ
ငှက်ပျောသီး
အမည်းရောင် ချောကလက်
Credit: kalay
Unicode Version
ဖေဖေလောင်းတို့ရေ ကိုယ်ဝန်ရဖို့ဆိုတာ သုတ်ပိုးနဲ့ မမျိုးတွေဆုံမှပါ။ သုတ်ပိုးတွေ အရည်အသွေးရော ၊ အရေအတွက်ပါ ပြည့်မီမှသာ မမျိုးဥလေးဆီ ရောက်အောင်သွားနိုင်မှာပါ။
ဖေဖေလောင်းတို့ရေ ကိုယ်ဝန်ရဖို့ဆိုတာ သုတ်ပိုးနဲ့ မမျိုးတွေဆုံမှပါ။
ဖေဖေလောင်းတို့ရေ ကိုယ်ဝန်ရဖို့ဆိုတာ သုတ်ပိုးနဲ့ မမျိုးတွေဆုံမှပါ။ သုတ်ပိုးတွေ အရည်အသွေးရော ၊ အရေအတွက်ပါ ပြည့်မီမှသာ မမျိုးဥလေးဆီ ရောက်အောင်သွားနိုင်မှာပါ။ ဒီတော့ သုတ်ပိုးတွေ အားကောင်းဖို့ လိုပါတယ်နော်။ သုတ်ပိုးအားကောင်းဖို့ဆိုတာ အစားအသောက်၊ အနေအထိုင်ပေါ်မှာ မူတည်ပါတယ်။ သုတ်ပိုးအားကောင်းဖို့ အစားအစာတွေ စားပေးလို့ ရတယ်ဆိုတော့ ဖေဖေတို့ ဘာတွေစားရမလဲ ပြောပြမယ်နော်။
သုတ်ပိုးအားကောင်းဖို့ဆိုတာ အစားအသောက်၊ အနေအထိုင်ပေါ်မှာ မူတည်ပါတယ်။
ဟင်းနုနွယ်
ဖေဖေလောင်းတို့ သုတ်ပိုးထုတ်လုပ်ဖို့ ဖောလစ်အက်ဆစ် လိုအပ်ပါတယ်။ အကယ်လို့များ ဖေဖေလောင်းမှာ ဖောလစ်အက်ဆစ်ဓါတ် လုံလုံလောက်လောက် မရှိဘူးဆိုရင် သုတ်ပိုးလေးတွေဟာ ပုံသဏ္ဍန် မမှန်တော့ပါဘူး။ ပြီးပြည့်စုံတဲ့ သုတ်ကောင်လေး မဟုတ်ရင် မမျိုးဥဆီ ရောက်အောင် မသွားနိုင်ပါဘူး။ ဒါ့အပြင် ပုံသဏ္ဍန်မမှန်တဲ့ သုတ်ပိုးလေးတွေ မျိုးအောင်ပြီး သန္ဓေတည်ခဲ့မယ်ဆိုရင်လည်း ကလေးမှာ ချို့ယွင်းတာတွေ ဖြစ်လာနိုင်ပါသေးတယ်။ ဒါကြောင့် ဖောလစ်အက်ဆစ်ရရှိဖို့ ဟင်းနုနွယ်နဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ စားပေးပါ။
ကြက်ဥ
ကြက်ဥက ဖေဖေလောင်းတို့ရဲ့ သုတ်ပိုးအရေအတွက်နဲ့ သုတ်ကောင်ရွေ့လျားနိုင်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ ကြက်ဥမှာ ဗီတာမင် E နဲ့ ပရိုတင်းဓါတ်တွေ ပြည့်ပြည့်ဝဝ ပါဝင်တဲ့အတွက် သုတ်ပိုးအရေအတွက်ကို လျှော့ကျစေတဲ့ ဓါတ်တိုးပစ္စည်းတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးကလည်း ဖေဖေလောင်းတို့ရဲ့ သုတ်ပိုးအရေအတွက် ကောင်းမွန်စေတဲ့ အစားအစာတစ်မျိုးပါပဲ။ ငှက်ပျောသီးမှာ သုတ်ပိုး ထုတ်လွှတ်မှုနဲ့ သုတ်ပိုး ကျန်းမာဖို့ မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် အေ ပါဝင်ပါတယ်။ ပြီးတော့ ငှက်ပျောသီးမှာ ပါဝင်တဲ့ အင်ဇိုင်းလည်း သုတ်ပိုးအရေအတွက်နဲ့ လှုပ်ရှားနိုင်စွမ်းကို မြှင့်တင်ပေးနိုင်ပါသေးတယ်။
အမည်းရောင် ချောကလက်
ဖေဖေလောင်းတို့ရေ အချစ်ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ ချောကလက် အမည်းမှာ သုတ်ရည်ပမာဏနဲ့ သုတ်ပိုးအရေအတွက် မြင့်မားစေတဲ့ အမီနိုအက်စစ်တစ်မျိုးဖြစ်တဲ့ အယ်လ်အာဂျနင်းအိတ်ချ်စီအယ် ပါဝင်ပါတယ်။ ဒါဟာ လိင်ဆက်ဆံတဲ့အခါ ဆန္ဒပြီးမြောက်ခြင်းတွေ အပေါ်မှာလည်း အကျိုးသက်ရောက်စေပါတယ်။
သုတ်ပိုးအားကောင်းစေဖို့ စားရမယ့် အစားအစာတွေကို သိရှိပြီးပြီဆိုတော့ ကိုယ်ဝန်ရနိုင်ဖို့ စားဖို့ လိုအပ်ပါတယ်နော်။
Credit: kalay
0 Comments