…….
By – KKS / MUNA
Ref: maxim.com
Unicode
အမျိုးသမီးတွေ အသက်အရွယ်အလိုက် ဖြစ်ပေါ်တတ်သော လိင်စိတ် …
…….
လူအများစုက အမျိုးသမီးတွေရဲ့ လိင်စိတ်ဟာ တခါတရံမှာပဲ အထွတ်အထိပ်ရောက်နေတတ်တယ်၊ တချို့ကလည်း ကောလိပ်တက်နေချိန်မှာ စိတ်ဆန္ဒမြင့်မားနေတတ်တယ်လို့ ဆိုကြပါတယ်။
ဒါပေမယ့် အခုတော့ တကယ့် လက်တွေ့ နောက်ဆုံး စမ်းသပ်ချက်ရဲ့ အဖြေရလာပါပြီ။ ဒီလေ့လာချက်ကတော့ အမျိုးသမီးတွေ ဘယ်အသက်အရွယ်မှာ လိင်မှုရေးရာကို အကောင်းဆုံး ခံစားသလဲ ဆိုတာပါပဲ။
Natural Cycles ဆိုတဲ့ App ကနေ အသက်အရွယ်စုံ အမျိုးသမီးပေါင်း ၂၆၀၀ရဲ့ လိင်မှု ရေးရာကို လေ့လာခဲ့တာပါ။ လေ့လာမှုထဲမှာ ကာယကံရှင် အမျိုးသမီးတွေ အနေနဲ့ လိင်မှုဆက်ဆံခြင်းမှာ ဘယ်လို ခံစားရလဲ၊ ဘယ်လိုအချိန်တွေမှာ လိင်မှုထိတွေ့မှုလိုချင်သလဲ၊ ဆက်ဆံနေချိန် အမျိုးသမီးအင်္ဂါတွေရဲ့ ခံစားမှု အပါအဝင် အချိန် ဘယ်လောက် ခြားနားပြီး လိင်ထိတွေ့မှု လိုချင်သလဲ ဆိုတာတွေကိုပါ လေ့လာခဲ့ကြတာပါ။
လေ့လာချက်ရဲ့ အဖြေမှာ အမျိုးသမီးတွေကို အသက် အရွယ်အလိုက် အုပ်စု ၃ခု ခွဲလိုက်ပါတယ်။ အသက် ၂၃နှစ်နဲ့ နောက်ဖက် တစ်အုပ်စု၊ ၂၄နှစ်ကနေ ၃၅နှစ်အတွင်း တစ်အုပ်စုနဲ့ အသက် ၃၆နှစ်နဲ့ အထက် တစ်အုပ်စု ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကျောင်းနေအရွယ်၊ လုပ်ငန်းခွင် အရွယ်နဲ့ နည်းနည်း တည်ငြိမ်ရင့်ကျက် အရွယ်တွေပါ။
လေ့လာချက် အရတော့ အသက် ၃၆နှစ်နဲ့ အထက် အရွယ်ရှိ အမျိုးသမီးတွေဟာ အသက်အရွယ်အရသာ တည်ငြိမ်မှု ရှိလာပေမယ့် လိင်ထိတွေ့လိုမှုမှာတော့ အမြင့်ဆုံး ဆိုတာ သိလာရပါတယ်။
၈၀ရာခိုင်နှုန်းလောက်သော လေ့လာချက်ဝင် အမျိုးသမီးတွေက မကြာခဏ လိင်မှု ဆက်ဆံရေး လိုချင်တယ်လို့ ဆိုကြပါတယ်။
ဒုတိယ လိင်ထိတွေ့မှု လိုချင်သူတွေကတော့ အသက်ငယ် အုပ်စုပါ၊ ၂၃နှစ်နဲ့ အောက်ဖက် အမျိုးသမီးငယ်တွေက ၇၀ရာခိုင်နှုန်းလောက် လိင်ထိတွေ့မှုကို မကြာခဏ လိုချင်တယ်လို့ ဆိုပါတယ်။
လုပ်ငန်းခွင်ဝင် အသက် ၂၄နှစ်နဲ့ ၃၅နှစ် အတွင်း အမျိုးသမီးတွေကပဲ လိင်မှု လိုချင်တက်မက်မှု အနည်းဆုံး ဖြစ်လာပါတယ်။ သူတို့ထဲက ရာခိုင်နှုန်း ၄၀လောက်ပဲ လိင်ထိတွေ့မှုကို မကြာခဏ လိုချင်တယ်လို့ ဆိုပြီး သူတို့ကပဲ လိင်မှုရေးရာကို အကောင်းဆုံး ခံစားမိတယ်လို့ ဆိုပါတယ်။
အမျိုးသမီးအင်္ဂါရပ်ပိုင်းဆိုင်ရာ အထိအတွေ့ကို အကောင်းဆုံး နှစ်လို တပ်မက်မှု အပိုင်းမှာလည်း အသက် ၃၆နှစ်နဲ့ အထက် အမျိုးသမီးတွေကပဲ လိုချင်မှု အမြင့်ဆုံး ဖြစ်ပြီး ရာခိုင်နှုန်း ၆၀လောက်က လိင်ထိတွေ့မှု အရသာကို အကောင်းဆုံး ခံစားမိကြောင်းနဲ့ အရသာရရှိမှုလည်း ကောင်းမွန်ကြောင်း ဆိုပါတယ်။
လုပ်ငန်းခွင်ဝင် အရွယ် အုပ်စုကတော့ ၅၀ရာခိုင်နှုန်းလောက်ပဲ တက်မက်မှု ရှိပြီး အသက်ငယ်သူတွေကတော့ လိင်ပိုင်းဆိုင်ရာအထိအတွေ့နဲ့ အရသာကို အကောင်းဆုံး ခံစားတတ်ပုံ မရပဲ ၂၃ ရာခိုင်နှုန်းလောက်ကပဲ အမျိုးသမီးအင်္ဂါတွေကနေ လိင်ထိတွေ့မှု အရသာကို ကောင်းကောင်း ခံစားမိကြောင်းနဲ့ လိုချင်မှု ရှိကြောင်း ဆိုပါတယ်။
အဆိုပါ သူတွေထဲက စစ်တမ်းကောက်ခံချိန်ကနေ နောက်ဆုံး သတင်း ၂ပတ်အတွင်း လိင်ဆက်ဆံထားမှု အပိုင်းမှာလည်း အသက်အကြီးဆုံး အုပ်စုက ၈၆ရာခိုင်နှုန်း၊ သက်လတ်ပိုင်း အုပ်စုက ၇၆ရာခိုင်နှုန်းနဲ့ အငယ်ဆုံး အုပ်စုကတော့ ၅၆ရာခိုင်နှုန်းပဲ ရှိနေပါတယ်။
လိင်ဆက်ဆံနှုန်းမှာလည်း အများဆုံးကတော့ တပတ်ကို ၂ကြိမ်လို့ ဆိုကြပြီး တချို့က ၃ကြိမ်နဲ့ အများဆုံး ၅ကြိမ်ထိအောင်ပဲ နေလိုကြတယ်လို့ ဖြေတာ တွေ့ရပါတယ်။
ဒါဆိုရင်တော့ လေ့လာချက် အရ အမျိုးသမီးကြီးတွေဟာ ယုံကြည်မှု ရှိလာတဲ့ ရင့်ကျက်လာမှုနဲ့ အတူ လိင်ဆက်ဆံထိတွေ့မှု အကောင်းဆုံး ခံစားရယူချင်ကြတာ တွေ့လာရပါတယ်။
By – KKS / MUNA
Ref: maxim.com
0 Comments