Last post

ကိုယ္ဝန္ ပ်က္ၿပီးေနာက္ ကေလး ဘယ္အခ်ိန္ ျပန္ရႏိုင္သလဲ?





ကိုယ္ဝန္ ပ်က္ၿပီးေနာက္ ကေလး ဘယ္အခ်ိန္ ျပန္ရႏိုင္သလဲ?
……………………..
ကိုယ္ဝန္ပ်က္ၿပီးေနာက္ ရက္အေတာ္ၾကာ ရာသီေသြး မေပၚတတ္ေပမယ့္ သားဥေႂကြတဲ့အတြက္ သေႏၶ တည္ႏိုင္ပါတယ္။ ဒါေၾကာင့္ ခ်က္ခ်င္း ကိုယ္ဝန္ျပန္မေဆာင္ခ်င္ေသးသူေတြမွာ သေႏၶတားနည္းမ်ားကို ခ်က္ခ်င္းအသံုးျပဳသင့္ပါတယ္။

ကြန္ဒံုးနဲ႔ အျခားတားေဆးမ်ားကုိ ခ်က္ခ်င္း အသံုးျပဳႏိုင္ပါတယ္။ ကိုယ္ဝန္ပ်က္ၿပီးေနာက္ 4 ရက္မွ 14 ရက္အတြင္း သားအိမ္ထဲထည့္တားေဆး ထည့္ႏိုင္ပါတယ္။ သားအိမ္တြင္း တားေဆးထည့္ဖို႔အတြက္ ပံုမွန္ရာသီ လာခ်ိန္အထိလည္း ေစာင့္ႏိုင္ေပမယ့္ ေစာင့္ေနစဥ္ ၾကားအခ်ိန္အေတာအတြင္းမွာ အျခားတားေဆးတစ္မ်ိဳးမ်ိဳး သံုးေပးသင့္ပါတယ္။

ေဟာ္မုန္းတားေဆးမ်ားျဖစ္တဲ့ ေသာက္ေဆး၊ ကပ္ခြာ၊ ထိုးေဆးနဲ႔ လက္ေမာင္းထဲထည့္ပစၥည္းမ်ားကို ကိုယ္ဝန္ပ်က္ၿပီး 3 ရက္အတြင္း အသံုးျပဳႏိုင္ပါတယ္။ အကယ္၍ 3 ရက္ေက်ာ္မွ ေသာက္ျဖစ္ပါက မေသာက္ျဖစ္ခင္ ရက္အတြင္းမွာ ကြန္ဒံုး အသံုးျပဳသင့္ၿပီး ေဆးေသာက္ၿပီး 9 ရက္ၾကာ အာနိသင္ စရွိလာခ်ိန္မွ ရပ္သင့္ပါတယ္။

အကယ္၍ ကိုယ္ဝန္ ဆက္ရွိေနပါကလည္း ဒီေဟာ္မုန္းေဆးေတြဟာ သေႏၶသားကို ဆိုးက်ိဳးမျဖစ္ေစပါဘူး။ ဒါေပမဲ့ ကိုယ္ဝန္ တကယ္ ပ်က္၊ မပ်က္ကို တယ္လီေဗးရွင္းဓာတ္မွန္ ႐ိုက္ၾကည့္ၿပီး ျပန္လည္ဆန္းစစ္ၾကည့္သင့္ပါတယ္။

Credit: Dr. Emerald (drmyanmar)

Unicode

ကိုယ်ဝန် ပျက်ပြီးနောက် ကလေး ဘယ်အချိန် ပြန်ရနိုင်သလဲ?
……………………..
ကိုယ်ဝန်ပျက်ပြီးနောက် ရက်အတော်ကြာ ရာသီသွေး မပေါ်တတ်ပေမယ့် သားဥကြွေတဲ့အတွက် သန္ဓေ တည်နိုင်ပါတယ်။ ဒါကြောင့် ချက်ချင်း ကိုယ်ဝန်ပြန်မဆောင်ချင်သေးသူတွေမှာ သန္ဓေတားနည်းများကို ချက်ချင်းအသုံးပြုသင့်ပါတယ်။

ကွန်ဒုံးနဲ့ အခြားတားဆေးများကို ချက်ချင်း အသုံးပြုနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ပြီးနောက် 4 ရက်မှ 14 ရက်အတွင်း သားအိမ်ထဲထည့်တားဆေး ထည့်နိုင်ပါတယ်။ သားအိမ်တွင်း တားဆေးထည့်ဖို့အတွက် ပုံမှန်ရာသီ လာချိန်အထိလည်း စောင့်နိုင်ပေမယ့် စောင့်နေစဉ် ကြားအချိန်အတောအတွင်းမှာ အခြားတားဆေးတစ်မျိုးမျိုး သုံးပေးသင့်ပါတယ်။

ဟော်မုန်းတားဆေးများဖြစ်တဲ့ သောက်ဆေး၊ ကပ်ခွာ၊ ထိုးဆေးနဲ့ လက်မောင်းထဲထည့်ပစ္စည်းများကို ကိုယ်ဝန်ပျက်ပြီး 3 ရက်အတွင်း အသုံးပြုနိုင်ပါတယ်။ အကယ်၍ 3 ရက်ကျော်မှ သောက်ဖြစ်ပါက မသောက်ဖြစ်ခင် ရက်အတွင်းမှာ ကွန်ဒုံး အသုံးပြုသင့်ပြီး ဆေးသောက်ပြီး 9 ရက်ကြာ အာနိသင် စရှိလာချိန်မှ ရပ်သင့်ပါတယ်။

အကယ်၍ ကိုယ်ဝန် ဆက်ရှိနေပါကလည်း ဒီဟော်မုန်းဆေးတွေဟာ သန္ဓေသားကို ဆိုးကျိုးမဖြစ်စေပါဘူး။ ဒါပေမဲ့ ကိုယ်ဝန် တကယ် ပျက်၊ မပျက်ကို တယ်လီဗေးရှင်းဓာတ်မှန် ရိုက်ကြည့်ပြီး ပြန်လည်ဆန်းစစ်ကြည့်သင့်ပါတယ်။

Credit: Dr. Emerald (drmyanmar)
 

0 Comments