လိင္ဆြဲေဆာင္မႈရွိတဲ့ ႏွိပ္နယ္ေပးျခင္း အဆင့္ေျခာက္ဆင့္
လိင္ဆြဲေဆာင္မႈရွိတဲ့ ႏွိပ္နယ္ေပးျခင္း အဆင့္ေျခာက္ဆင့္
သင့္ခ်စ္သူနဲ႔ ျပန္လည္ဆက္သြယ္ဖို႔ ႀကိဳးစားေနပါသလား။ အျခားရိုးစင္းေပမယ့္ စိတ္ဝင္စားစရာေကာင္းတဲ့ လိင္ဆြဲေဆာင္မႈရွိတဲ့ ႏွိပ္နယ္မႈတစ္ခုကိုစမ္းသပ္ၾကည့္ပါ။ တစ္ခါတေလမွာစံုတြဲေတြဟာလိင္ဆက္ဆံဖို႔အေရးႀကီးတဲ့အခ်က္အခ်ိဳ႕ကိုေက်ာ္သြားတတ္ၾကပါတယ္။ ဒါဘာကိုဆိုလိုလဲဆိုေတာ့ သူတုိ႔ဟာလိင္ဆက္ဆံဖက္ရဲ ့ခႏၶာကိုယ္နဲ႔ ပတ္သက္ၿပီးေလးပံုသံုးပံုကိုလ်စ္လ်ဴရႈတာျဖစ္ပါတယ္။ လိင္စိတ္ၾကြေစတဲ့ ႏွိပ္နယ္ျခင္းဆိုတာစံုတြဲေတြမွာတိုက္ရုိက္လိင္စိ္တ္မႏိုးၾကားေစခဲ့ဖူးတဲ့လိင္ဆက္ဆံဖက္ရဲ႕ ခႏၶာကိုယ္အစိတ္အပိုင္းေတြကိုရွာေဖြေတြ႔ရွိျခင္းအားျဖင့္ အခ်င္းခ်င္းစိတ္ေက်နပ္မႈ ရရွိေစပါတယ္။ ဒီေဆာင္းပါးမွာေတာ့ လိင္စိတ္ၾကြေစတဲ့ ႏွိပ္နယ္မႈေတြ အေၾကာင္းကိုတစ္ဆင့္ခ်င္းစီေဖာ္ျပသြားမွာ ျဖစ္ပါတယ္။
၁။ သင့္ေတာ္တဲ့ ေနရာကိုေရြးခ်ယ္ပါ။
လိင္ဆက္ဆံဖုိ႔အတြက္ ေပ်ာေပ်ာင္းတဲ့ ခုတင္ဟာအေကာင္းဆံုးျဖစ္ေပမယ့္ အေကာင္းမြန္ဆံုး ႏွိပ္နယ္မႈအတြက္ေနရာကေတာ့ ေတာင့္တင္း၊ ျပားၿပီး ၿငိမ္သက္သင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့ သင္ေနရာေျပာင္းလိုက္ရင္ သင့္ခ်စ္သူကိုအေႏွာင့္အယွက္ျဖစ္မွာစိုးလို႔ပါ။ ပိုၿပီးသက္ေတာင့္သက္သာရွိဖို႔အတြက္ သင့္ခ်စ္သူကိုအိပ္ရာအမာ၊ ေစာင္အျပားလိုက္ေတြေပၚမွာလဲေလ်ာင္းေစၿပီးသူ႔လည္ပင္း၊ ေျခခ်င္းဝတ္နဲ႔ ဒူးေအာက္မွာေခါင္းအံုးေတြ ထားေပးပါ။
၂။ အဆီကိုအသံုးျပဳပါ။
သင့္လက္ကို ေႏြးေထြးၿပီးေပ်ာ့ေပ်ာင္းေအာင္ ျပဳလုပ္ရံုတင္မက အႏွိပ္ဆီဟာပြတ္တိုက္မႈေတြကိုေလ်ာ့က်ေစၿပီးသင့္ခ်စ္သူရဲ႕ ပင္ပန္းေတာင့္တင္းေနတဲ့ ၾကြက္သားေတြကို ႏွိပ္နယ္၊ ပြတ္သပ္ေပးဖို႔အသံုးဝင္ပါတယ္။ အနံ႔ပါဝင္တဲ့ အဆီေတြဟာသင့္ခ်စ္သူကိုလိင္စိတ္ပိုမိုျပင္းထန္လာေစေသာ္လည္းအနံ႔ျပင္းတဲ့ အရာေတြျဖစ္တဲ့ သနပ္ပင္ကထုတ္ယူရရွိတဲ့ အေမႊးဆီလိုမ်ိဳးဟာေျပာင္းျပန္ရလဒ္ထြက္ေပၚေစပါတယ္။ အဲဒီအစားစံပါယ္ပန္းလိုမ်ိဳးအနံ႔အနည္းငယ္သာရွိတဲ့ အရာကိုအသံုးျပဳၿပီးပုလင္းကိုေရပူထည့္ထားတဲ့ ပန္းကန္လံုးထဲထည့္ၿပီး ေႏြးေထြးေစပါ။
၃။ ေအးခ်မ္းတဲ့ခံစားမႈေတြ ျဖစ္ေပၚေအာင္ ဖန္တီးပါ။
‘ဇာ’ ညအိပ္၀တ္စံုဟာ သူ႔ကိုဆြဲေဆာင္ႏိုင္မွာပါ။ ဒါဟာသင့္ႏွိပ္နယ္မႈရဲ႕ ေလးနက္ၿပီး ျဖည္းညင္းတဲ့ အာရံုေတြကေနလည္းဆြဲထုတ္သြားႏိုင္ပါတယ္။ စိတ္ရွုပ္ေထြးမႈနည္းေအာင္ သင့္ဆံပင္ကိုအေနာက္မွာစည္းထားၿပီးသင့္ကိုယ္နဲ႔ အတိအကႌ်ေတြကိုဝတ္ဆင္သင့္ပါတယ္။ ဆိုးဝါးတဲ့ အေအးဓါတ္ေတြကိုေရွာင္ၾကဥ္ဖို႔ သူ႔ရဲ႕ကိုယ္ဗလာကိုေစာင္လႊာေတြနဲ႔ ဖုန္းလႊမ္းထားပါ။ (သင္ႏိွပ္နယ္ေနတဲ့ ေနရာကိုသာခ်န္ထားပါ။) သီခ်င္းဖြင့္မယ္ဆိုရင္ ဘဲေလးသီခ်င္း (သို႔) ျငိမ့္ေညာင္းတဲ့ သီခ်င္းေတြကိုသာေရြးဖြင့္ပါ။
၄။ ေနရာတစ္ေနရာ (ဘယ္ေနရာကိုမဆိုေရြးခ်ယ္ပါ)။
ခႏၶာကိုယ္ရဲ႕ေနရာတစ္ခုတည္းကိုလံုးဝအာရံုစူးစိုက္ထားျခင္းဟာေခါင္းကေျခအဆံုးပြတ္တိုက္ေပးျခင္းထက္ ပိုေကာင္းတယ္။တကယ္လို ့သူခါးနာေနတယ္ဆိုရင္ အဲဒီေနရာကိုအာရံုစိုက္ပါ။ သူ႔ေျခေထာက္ပြတ္သတ္ျခင္းကို ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ အဲဒီေနရာကိုေဆးလိမ္းေပးပါ။ ဒါမွမဟုတ္ သင့္ကိုဘယ္ေနရာကို ႏွိပ္တာပိုႀကိဳက္သလဲဆိုတာကိုသူ႔ကိုသာတိုက္ရိုက္ေမးပါ။
၅။အဆင္သင့္ျဖစ္ပါေစ။
ေကာင္းမြန္တဲ့ ႏွိပ္နယ္မႈတစ္ခုေပးဖို႔အတြက္ အေျခခံက်တဲ့ အရာေတြကိုသိထားသင့္ပါတယ္။
ဖိႏွိပ္ျခင္းဟာ ခႏၶာကိုယ္ အစိတ္အပိုင္းအေတာ္မ်ားမ်ားအတြက္ ကိုင္တြယ္ရလြယ္ကူတဲ့ လႈပ္ရွားမႈတစ္ခု ျဖစ္ပါတယ္။ လက္တစ္ဖက္ကိုဥပမာသူ႔ပုခံုးေပၚမွာအျပားလိုက္ထားၿပီးက်န္တဲ့တစ္ဖက္နဲ႔ ဖိၿပီးတျဖည္းျဖည္းခ်င္းလွည့္ပါ။
ပြတ္သပ္ျခင္းဟာ ၾကီးမားတဲ့ေနရာ (ေနာက္ေက်ာနဲ႔ ေပါင္) နဲ႔ ေသးငယ္တဲ့ေနရာ (လည္ပင္းနဲ႔ ေျခဖ်ား)ေတြအတြက္ အက်ိဳးရွိပါတယ္။ သင့္လက္ေခ်ာင္းေတြကိုစုလိုက္ပါ။ လက္မကိုတူညီေအာင္ထားပါ။ လက္ဖဝါးေတြကိုသင္လုပ္ေနတဲ့ ေနရာနဲ႔ အျပည့္အဝထိမိေအာင္ ထားၿပီးရွည္လ်ားညင္သာတဲ့ လႈပ္ရွားမႈေတြ ျပဳလုပ္ႏိုင္ပါတယ္။ ႏွလံုးဆီကိုဦးတည္ၿပီးသြားေနရင္ အားပိုထည့္သင့္ၿပီးေတာ့ ေျပာင္းျပန္သြားမယ္ဆိုရင္ေတာ့ အားေလွ်ာ့ထည့္သင့္ပါတယ္။
ႏွိပ္နယ္ျခင္းဟာအသားမ်ားတဲ့ေနရာေတြျဖစ္တဲ့ လက္ေမာင္း၊ တင္ပါးနဲ႔ ေပါင္တုိ႔အတြက္ ေကာင္းမြန္ပါတယ္။ သင့္အိမ္ေထာင္ဖက္ရဲ႕ အေရျပားနဲ႔ သင့္လက္ဖဝါးကိုအျပည့္အ၀ထိကပ္ထားကာသင္ႏွိပ္ခ်င္တဲ့ေနရာကိုမွာအနည္းငယ္မ၍ ညွစ္ေပးပါ။
အဆီမသံုးဘဲပြတ္ေပးပါ။ထိုသို ့ျပဳလုပ္ျခင္းသည္ၾကြက္သားေတြကိုေျပေလ်ာ့ေစပါတယ္။ သင္ႏွိပ္ေနတဲ့ေနရာကိုလက္တစ္ဖက္နဲ႔ ကိုင္ထားၿပီးေနာက္တစ္ဖက္နဲ႔ ဖိႏွိပ္ကာပြတ္သပ္ပါ။ ပုခံုးထိပ္နဲ႔ လက္ဖမိုးေျခဖမိုးလိုမ်ိဳးေသးငယ္တဲ့ ေနရာေတြအတြက္ လက္ထိပ္ေတြနဲ႔ ပြတ္တိုက္ႏွိပ္နယ္ပါ။
ဒီႏွိပ္နယ္ပံုေတြအကုန္လံုးကိုသင့္ခ်စ္သူလိုအပ္တဲ့ အေပၚနဲ႔ သူတုန္႔ျပန္ပံုေပၚ မူတည္ၿပီးႀကိဳက္တဲ့အစီအစဥ္အတိုင္း ျပဳလုပ္ႏိုင္ပါတယ္။ဒီလြယ္ကူတဲ့ ပံုစံနဲ႔ စၾကည့္ပါ။ သင့္ခ်စ္သူကိုမ်က္ႏွာေမွာက္ခိုင္းထားပါ။ သူ႔ပုခံုးကို ႏွိပ္နယ္ပါ။ သင့္လက္ထဲကိုအဆီအနည္းငယ္ထည့္ျပီးသူ႔ေနာက္ေက်ာကိုပြတ္သပ္ပါ။ ထုိ႔ေနာက္ သူ႔တင္ပါးနဲ႔ ေပါင္ေတြကို ႏွိပ္နယ္ေပးၿပီးေျခသလံုးၾကြက္သားေတြကိုပြတ္သပ္ေပးပါ။ေျခဖ၀ါးကိုအနည္းငယ္ ပြတ္ေပးၿပီးအဆံုးသတ္ပါ။
၆။ ခံစားမႈေတြ ေပၚမွာအာရံုစိုက္ပါ။
သင့္ႏွိပ္နယ္မႈဟာလံုးဝၿပီးျပည့္စံုဖို႔ မလိုအပ္ပါဘူး။ ဒါ့ေၾကာင့္ႏွိပ္နည္းေတြနဲ႔ ပတ္သက္ၿပီးမပူပန္ပါနဲ႔။ သင့္ေတြ႔ထိမႈရဲ႕ အရည္အေသြးဟာမွန္ေအာင္ႏွိပ္တာထက္ပိုအေရးႀကီးပါတယ္။ ႏွိပ္နယ္ျခင္းဆိုတာဟာစိတ္ခံစားခ်က္ကိုေဖာ္ျပျခင္း၊သင့္ခ်စ္သူကိုရည္ခ်က္ျဖင့္ ထိေတြ႕ျခင္းနဲ႔ သူ/သူမရဲ႕ တုန္႔ျပန္မႈေတြကိုအေလးထားျခင္းပဲျဖစ္ပါတယ္။
#credit : Dr . Phyu Mon Latt
#unicode
လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်ပေးခြင်း အဆင့်ခြောက်ဆင့်
သင့်ချစ်သူနဲ့ ပြန်လည်ဆက်သွယ်ဖို့ ကြိုးစားနေပါသလား။ အခြားရိုးစင်းပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ လိင်ဆွဲဆောင်မှုရှိတဲ့ နှိပ်နယ်မှုတစ်ခုကိုစမ်းသပ်ကြည့်ပါ။ တစ်ခါတလေမှာစုံတွဲတွေဟာလိင်ဆက်ဆံဖို့အရေးကြီးတဲ့အချက်အချို့ကိုကျော်သွားတတ်ကြပါတယ်။ ဒါဘာကိုဆိုလိုလဲဆိုတော့ သူတို့ဟာလိင်ဆက်ဆံဖက်ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီးလေးပုံသုံးပုံကိုလျစ်လျူရှုတာဖြစ်ပါတယ်။ လိင်စိတ်ကြွစေတဲ့ နှိပ်နယ်ခြင်းဆိုတာစုံတွဲတွေမှာတိုက်ရိုက်လိင်စိတ်မနိုးကြားစေခဲ့ဖူးတဲ့လိင်ဆက်ဆံဖက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုရှာဖွေတွေ့ရှိခြင်းအားဖြင့် အချင်းချင်းစိတ်ကျေနပ်မှု ရရှိစေပါတယ်။ ဒီဆောင်းပါးမှာတော့ လိင်စိတ်ကြွစေတဲ့ နှိပ်နယ်မှုတွေ အကြောင်းကိုတစ်ဆင့်ချင်းစီဖော်ပြသွားမှာ ဖြစ်ပါတယ်။
၁။ သင့်တော်တဲ့ နေရာကိုရွေးချယ်ပါ။
လိင်ဆက်ဆံဖို့အတွက် ပျောပျောင်းတဲ့ ခုတင်ဟာအကောင်းဆုံးဖြစ်ပေမယ့် အကောင်းမွန်ဆုံး နှိပ်နယ်မှုအတွက်နေရာကတော့ တောင့်တင်း၊ ပြားပြီး ငြိမ်သက်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ သင်နေရာပြောင်းလိုက်ရင် သင့်ချစ်သူကိုအနှောင့်အယှက်ဖြစ်မှာစိုးလို့ပါ။ ပိုပြီးသက်တောင့်သက်သာရှိဖို့အတွက် သင့်ချစ်သူကိုအိပ်ရာအမာ၊ စောင်အပြားလိုက်တွေပေါ်မှာလဲလျောင်းစေပြီးသူ့လည်ပင်း၊ ခြေချင်းဝတ်နဲ့ ဒူးအောက်မှာခေါင်းအုံးတွေ ထားပေးပါ။
၂။ အဆီကိုအသုံးပြုပါ။
သင့်လက်ကို နွေးထွေးပြီးပျော့ပျောင်းအောင် ပြုလုပ်ရုံတင်မက အနှိပ်ဆီဟာပွတ်တိုက်မှုတွေကိုလျော့ကျစေပြီးသင့်ချစ်သူရဲ့ ပင်ပန်းတောင့်တင်းနေတဲ့ ကြွက်သားတွေကို နှိပ်နယ်၊ ပွတ်သပ်ပေးဖို့အသုံးဝင်ပါတယ်။ အနံ့ပါဝင်တဲ့ အဆီတွေဟာသင့်ချစ်သူကိုလိင်စိတ်ပိုမိုပြင်းထန်လာစေသော်လည်းအနံ့ပြင်းတဲ့ အရာတွေဖြစ်တဲ့ သနပ်ပင်ကထုတ်ယူရရှိတဲ့ အမွှေးဆီလိုမျိုးဟာပြောင်းပြန်ရလဒ်ထွက်ပေါ်စေပါတယ်။ အဲဒီအစားစံပါယ်ပန်းလိုမျိုးအနံ့အနည်းငယ်သာရှိတဲ့ အရာကိုအသုံးပြုပြီးပုလင်းကိုရေပူထည့်ထားတဲ့ ပန်းကန်လုံးထဲထည့်ပြီး နွေးထွေးစေပါ။
၃။ အေးချမ်းတဲ့ခံစားမှုတွေ ဖြစ်ပေါ်အောင် ဖန်တီးပါ။
‘ဇာ’ ညအိပ်ဝတ်စုံဟာ သူ့ကိုဆွဲဆောင်နိုင်မှာပါ။ ဒါဟာသင့်နှိပ်နယ်မှုရဲ့ လေးနက်ပြီး ဖြည်းညင်းတဲ့ အာရုံတွေကနေလည်းဆွဲထုတ်သွားနိုင်ပါတယ်။ စိတ်ရှုပ်ထွေးမှုနည်းအောင် သင့်ဆံပင်ကိုအနောက်မှာစည်းထားပြီးသင့်ကိုယ်နဲ့ အတိအင်္ကျီတွေကိုဝတ်ဆင်သင့်ပါတယ်။ ဆိုးဝါးတဲ့ အအေးဓါတ်တွေကိုရှောင်ကြဉ်ဖို့ သူ့ရဲ့ကိုယ်ဗလာကိုစောင်လွှာတွေနဲ့ ဖုန်းလွှမ်းထားပါ။ (သင်နှိပ်နယ်နေတဲ့ နေရာကိုသာချန်ထားပါ။) သီချင်းဖွင့်မယ်ဆိုရင် ဘဲလေးသီချင်း (သို့) ငြိမ့်ညောင်းတဲ့ သီချင်းတွေကိုသာရွေးဖွင့်ပါ။
၄။ နေရာတစ်နေရာ (ဘယ်နေရာကိုမဆိုရွေးချယ်ပါ)။
ခန္ဓာကိုယ်ရဲ့နေရာတစ်ခုတည်းကိုလုံးဝအာရုံစူးစိုက်ထားခြင်းဟာခေါင်းကခြေအဆုံးပွတ်တိုက်ပေးခြင်းထက် ပိုကောင်းတယ်။တကယ်လို့သူခါးနာနေတယ်ဆိုရင် အဲဒီနေရာကိုအာရုံစိုက်ပါ။ သူ့ခြေထောက်ပွတ်သတ်ခြင်းကို ကြိုက်နှစ်သက်တယ်ဆိုရင် အဲဒီနေရာကိုဆေးလိမ်းပေးပါ။ ဒါမှမဟုတ် သင့်ကိုဘယ်နေရာကို နှိပ်တာပိုကြိုက်သလဲဆိုတာကိုသူ့ကိုသာတိုက်ရိုက်မေးပါ။
၅။အဆင်သင့်ဖြစ်ပါစေ။
ကောင်းမွန်တဲ့ နှိပ်နယ်မှုတစ်ခုပေးဖို့အတွက် အခြေခံကျတဲ့ အရာတွေကိုသိထားသင့်ပါတယ်။
ဖိနှိပ်ခြင်းဟာ ခန္ဓာကိုယ် အစိတ်အပိုင်းအတော်များများအတွက် ကိုင်တွယ်ရလွယ်ကူတဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ လက်တစ်ဖက်ကိုဥပမာသူ့ပုခုံးပေါ်မှာအပြားလိုက်ထားပြီးကျန်တဲ့တစ်ဖက်နဲ့ ဖိပြီးတဖြည်းဖြည်းချင်းလှည့်ပါ။
ပွတ်သပ်ခြင်းဟာ ကြီးမားတဲ့နေရာ (နောက်ကျောနဲ့ ပေါင်) နဲ့ သေးငယ်တဲ့နေရာ (လည်ပင်းနဲ့ ခြေဖျား)တွေအတွက် အကျိုးရှိပါတယ်။ သင့်လက်ချောင်းတွေကိုစုလိုက်ပါ။ လက်မကိုတူညီအောင်ထားပါ။ လက်ဖဝါးတွေကိုသင်လုပ်နေတဲ့ နေရာနဲ့ အပြည့်အဝထိမိအောင် ထားပြီးရှည်လျားညင်သာတဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ပါတယ်။ နှလုံးဆီကိုဦးတည်ပြီးသွားနေရင် အားပိုထည့်သင့်ပြီးတော့ ပြောင်းပြန်သွားမယ်ဆိုရင်တော့ အားလျှော့ထည့်သင့်ပါတယ်။
နှိပ်နယ်ခြင်းဟာအသားများတဲ့နေရာတွေဖြစ်တဲ့ လက်မောင်း၊ တင်ပါးနဲ့ ပေါင်တို့အတွက် ကောင်းမွန်ပါတယ်။ သင့်အိမ်ထောင်ဖက်ရဲ့ အရေပြားနဲ့ သင့်လက်ဖဝါးကိုအပြည့်အဝထိကပ်ထားကာသင်နှိပ်ချင်တဲ့နေရာကိုမှာအနည်းငယ်မ၍ ညှစ်ပေးပါ။
အဆီမသုံးဘဲပွတ်ပေးပါ။ထိုသို့ပြုလုပ်ခြင်းသည်ကြွက်သားတွေကိုပြေလျော့စေပါတယ်။ သင်နှိပ်နေတဲ့နေရာကိုလက်တစ်ဖက်နဲ့ ကိုင်ထားပြီးနောက်တစ်ဖက်နဲ့ ဖိနှိပ်ကာပွတ်သပ်ပါ။ ပုခုံးထိပ်နဲ့ လက်ဖမိုးခြေဖမိုးလိုမျိုးသေးငယ်တဲ့ နေရာတွေအတွက် လက်ထိပ်တွေနဲ့ ပွတ်တိုက်နှိပ်နယ်ပါ။
ဒီနှိပ်နယ်ပုံတွေအကုန်လုံးကိုသင့်ချစ်သူလိုအပ်တဲ့ အပေါ်နဲ့ သူတုန့်ပြန်ပုံပေါ် မူတည်ပြီးကြိုက်တဲ့အစီအစဉ်အတိုင်း ပြုလုပ်နိုင်ပါတယ်။ဒီလွယ်ကူတဲ့ ပုံစံနဲ့ စကြည့်ပါ။ သင့်ချစ်သူကိုမျက်နှာမှောက်ခိုင်းထားပါ။ သူ့ပုခုံးကို နှိပ်နယ်ပါ။ သင့်လက်ထဲကိုအဆီအနည်းငယ်ထည့်ပြီးသူ့နောက်ကျောကိုပွတ်သပ်ပါ။ ထို့နောက် သူ့တင်ပါးနဲ့ ပေါင်တွေကို နှိပ်နယ်ပေးပြီးခြေသလုံးကြွက်သားတွေကိုပွတ်သပ်ပေးပါ။ခြေဖဝါးကိုအနည်းငယ် ပွတ်ပေးပြီးအဆုံးသတ်ပါ။
၆။ ခံစားမှုတွေ ပေါ်မှာအာရုံစိုက်ပါ။
သင့်နှိပ်နယ်မှုဟာလုံးဝပြီးပြည့်စုံဖို့ မလိုအပ်ပါဘူး။ ဒါ့ကြောင့်နှိပ်နည်းတွေနဲ့ ပတ်သက်ပြီးမပူပန်ပါနဲ့။ သင့်တွေ့ထိမှုရဲ့ အရည်အသွေးဟာမှန်အောင်နှိပ်တာထက်ပိုအရေးကြီးပါတယ်။ နှိပ်နယ်ခြင်းဆိုတာဟာစိတ်ခံစားချက်ကိုဖော်ပြခြင်း၊သင့်ချစ်သူကိုရည်ချက်ဖြင့် ထိတွေ့ခြင်းနဲ့ သူ/သူမရဲ့ တုန့်ပြန်မှုတွေကိုအလေးထားခြင်းပဲဖြစ်ပါတယ်။
#credit : Dr . Phyu Mon Latt

0 Comments