သင့္လက္တြဲေဖာ္နဲ႕ လိင္မွဳေရးရာ အေၾကာင္းဘယ္လိုေဆြးေႏြးမလဲ
သင့္လက္တြဲေဖာ္နဲ႕ လိင္မွဳေရးရာ အေၾကာင္းဘယ္လိုေဆြးေႏြးမလဲ
...............................
ကိုယ့္ရဲ႕ကိုယ္ေရးကိုယ္တာ အေၾကာင္းအရာမွန္သမွ် တျခားသူကို ေပးမသိဘဲ လွ်ိဳ႕ဝွက္ထားသင့္တယ္ဆိုေပမယ့္ ဘဝလက္တြဲေဖာ္ရယ္လို႔ ရွိလာၿပီဆိုရင္ေတာ့ ေျပာသင့္ဆိုသင့္တဲ့ကိစၥေတြ အထူးသျဖင့္ အိမ္ေထာင္မႈကိစၥေတြကို ႏွစ္ဦးႏွစ္ဖက္ ညႇိႏိုႈင္း တိုင္ပင္တာက ေပ်ာ္႐ႊင္သာယာတဲ့ ဆက္ဆံေရး ျဖစ္ဖို႔အတြက္ အေရးႀကီးပါတယ္။ ျမန္မာ့လူေနမႈပုံစံမွာ လိင္မႈေရးရာ ကိစၥေတြဆိုတာက ေျပာဆိုဖို႔ မသင့္တဲ့အရာေတြအျဖစ္ တင္းတင္းက်ပ္က်ပ္ သတ္မွတ္ထားလို႔ ဒီအေၾကာင္းအရာမ်ိဳးေတြ ပြင့္ပြင့္လင္းလင္းေျပာဖို႔ဆိုတာ ခက္ခဲပါတယ္။ ဒီအတြက္ လိင္မႈေရးရာကိစၥေတြ ဘယ္လိုေျပာဆိုၾကမလဲဆိုတာ ဒီေဆာင္းပါးက အႀကံေပးထားပါတယ္။
ပြင့္ပြင့္လင္းလင္းရွိပါ။
တစ္ေယာက္နဲ႔ တစ္ေယာက္ စိတ္ထဲရွိတာ သိဖို႔ဆိုတာမလြယ္ပါဘူး။ တစ္ခါတေလမွာ လူေတြဟာ သူတို႔ရဲ႕လက္တြဲေဖာ္ေတြကသူတို႔ကို တကယ္မခ်စ္ဘူး၊ဂ႐ုမစိုက္ဘူးလို႔ ထင္ေနတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ဒါမ်ိးေတြမျဖစ္ေစဖို႔နဲ႔ ႏွစ္ဦးၾကားဆက္ဆံေရး အဆင္ေျပေစဖို႔အေရးႀကီးဆုံးက ပြင့္ပြင့္လင္းလင္းရွိဖို႔ပါ။
သူ႔အႀကိဳက္ ကိုယ့္အႀကိဳက္ ေဆြးေႏြးပါ။
လိင္မႈေရးရာကိစၥမွာ တစ္ဦးနဲ႔တစ္ဦး ဘယ္အက်င့္ေတြကို ႀကိဳက္တယ္။ ဘယ္လိုဟာမ်ိဳးေတြကို ေတာ့ျဖင့္မႀကိဳက္ဘူးဆိုတာကို ေျပာျပာထားဖို႔လိုပါတယ္။ ျမန္မာအမ်ိဳးသမီးအမ်ားစုက လိင္ပိုင္းဆိုင္ရာကိစၥေတြကို ေဆြးေႏြးဖို႔ ႏႈတ္မရဲတာေတြ၊ ရွက္႐ြံ႕တာမ်ိဳးေတြရွိပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ကိစၥေတြက ေျပာမွသိႏိုင္တာမ်ိဳးေတြပါ။ ဒီလိုေဆြးေႏြးၿပီး သူ႔အႀကိဳက္ ကိုယ့္အႀကိဳက္ သိေအာင္လုပ္ထားမွသာ ခ်စ္ခရီးလမ္းမွာ သာယာေပ်ာ္႐ႊင္စရာေကာင္းပါလိမ့္မယ္။
အေကာင္းျမင္စိတ္နဲ႔ၾကည့္ပါ။
အေကာင္းျမင္ဖို႔လည္း လိုအပ္ပါတယ္။ ကိုယ့္အိမ္ေထာင္ဖက္ရဲ႕ ေကာင္းကြက္ေတြကို အၿမဲေတြးေပး တာက ႏွစ္ဦးၾကား ပိုနီးစပ္ေစႏိုင္မွာျဖစ္ၿပီး လိင္မႈဘဝမွလည္း ပိုအဆင္ေျပေစမွာပါ။ အျပဳသေဘာရွိမွသာ အားနည္းခ်က္ေလးေတြကို ျဖည့္ေတြးေပးႏိုင္တာေၾကာင့္ ပိုၿပီး အဆင္ေျပေအာင္ေပ်ာ္႐ႊင္ေသာ လိင္မႈဘဝျဖစ္လာႏိုင္မွာပါ။
လိင္မႈေရးရာအေၾကာင္း ပုံမွန္ေဆြးေႏြးပါ။
မိမိအေဖာ္နဲ႔ လိင္မႈေရးရာအေၾကာင္းကို ပုံမွန္ေဆြးေႏြးတဲ့ အေလ့အက်င့္ရွိဖို႔လိုပါတယ္။ လိင္ဆက္ဆံမႈကေနရလာႏိုင္တဲ့ က်န္းမာေရးအက်ိဳးေက်းဇူးလိုမ်ိဳးကိစၥေတြနဲ႔ လိင္မႈေရးရာပညာေပးေဆာင္းပါးေတြအေၾကာင္းေဆြးေႏြးတာမ်ိဳးေတြလုပ္ႏိုင္ပါတယ္။ ဒီလိုမ်ိဳးေဆြးေႏြးတာက စိတ္ေက်နပ္မႈရွိၿပီး ေပ်ာ္႐ႊင္တဲ့ ဆက္ဆံေရးကိုရရွိေစႏိုင္ပါတယ္။ ႐ုပ္ရွင္ေတြအေၾကာင္းေျပာရင္းျဖစ္ျဖစ္၊ ႐ုပ္ရွင္ၾကည့္ရင္းျဖစ္ျဖစ္ကေနအစျပဳၿပီးေတာ့လည္း လိင္မႈေရးရာအေၾကာင္းေတြေဆြးေႏြးလို႔ရပါတယ္။ ႏွစ္ေယာက္အတူတူ႐ုပ္ရွင္ၾကည့္တာက ႏွစ္ဦးၾကား လိင္မႈေရးရာနဲ႔ပတ္သက္ၿပီး ပြင့္ပြင္းလင္းလင္းေဆြးေႏြးလို႔ရေစႏိုင္ပါတယ္။ ပြင့္လင္းတဲ့ လိင္မႈေရးရာေဆြးေႏြးမႈေတြက လိင္ဆက္ဆံမႈအေပၚ ရင္ခုန္စိတ္ လႈပ္ရွား ေစႏိုင္ၿပီးေပ်ာ္႐ႊင္ ၾကည္ႏူးေစပါတယ္။
အဆင္သင့္ျဖစ္တဲ့အခ်ိန္အထိသားဆက္ျခားထားဖို႔ေဆြးေႏြးပါ။
ကေလးယူဖို႔အဆင္သင့္ျဖစ္တဲ့အခ်ိန္ထိ ဘယ္သားဆက္ျခားနည္းက ႏွစ္ဦးစလုံးအတြက္ အဆင္ေျပေစမလဲဆိုတာတိုင္ပင္ပါ။ မိဘျဖစ္ဖို႔ အဆင္သင့္ျဖစ္တဲ့အခ်ိန္ထိ သင့္လ်ာ္မယ့္ သားဆက္ျခားနည္း တစ္ခုခုသုံးဖို႔ ေ႐ြးခ်ယ္တဲ့အခါမွာလည္း စိတ္တူကိုယ္တူနဲ႔ ပြင့္ပြင့္လင္းလင္း တိုင္ပင္ ေ႐ြးခ်ယ္သင့္ပါတယ္။
ေ႐ြးခ်ယ္စရာ သားဆက္ျခားနည္းေတြဟာ ေဈးကြက္တြင္းမွာ အမ်ိဳးမ်ိဳး ရွိေနပါ တယ္။ေဟာ္မုန္း ပါနည္းလား /ေဟာ္မုန္းကင္းနည္းလားဆိုတာ ေ႐ြးခ်ယ္ႏိုင္ပါတယ္။ ေဟာ္မုန္းပါနည္းေတြဆို (၃)လခံထိုးေဆး ၊ေန႔စဥ္ေသာက္ေဆးနဲ႔ လက္ေမာင္းတြင္းထည့္သားဆက္ျခားနည္းတို႔ျဖစ္ပါတယ္။ ေဟာ္မုန္းကင္းနည္းေတြကေတာ့ ကြန္ဒုံးသုံးျခင္းနဲ႔ သားအိမ္တြင္းထည့္သားဆက္ျခားပစၥည္း ေၾကးနီ IUD တို႔ဟာ ျမန္မာႏိုင္ငံမွာ ေတာ္ေတာ္မ်ားမ်ားသုံးတဲ့ သားဆက္ျခား နည္းေတြျဖစ္ပါတယ္။ Lydia အမွတ္တံဆပ္ပါ သားဆက္ျခားနည္းေတြကို သင္ယုံၾကည္ရာ က်န္းမာေရးေစာင့္ေရွာက္သူနဲ႔တိုင္ပင္ၿပီး အသုံးျပဳႏိုင္ပါတယ္။
ျမန္မာလူမ်ိဳးေတြဟာ အရွက္အေၾကာက္ႀကီးလို႔ လိင္မႈဆက္ဆံေရးကိစၥေတြဟာ ပြင့္လင္းစြာ ေျပာဆိုရမယ့္အရာေတြအျဖစ္ မသတ္မွတ္ၾကပါဘူး။ တကယ္ေတာ့ လိင္မႈဆက္ဆံေရးကိစၥေတြမွာ အခုလိုႏွစ္ဦးႏွစ္ဖက္ တိုင္ပင္ေဆြးေႏြးမွ က်န္းမာေပ်ာ္႐ႊင္တဲ့ ခ်စ္ခရီးလမ္းျဖစ္လာမွာပါ။
ေရးသားသူ Aye Thi Mon
Unicode
သင့်လက်တွဲဖော်နဲ့ လိင်မှုရေးရာ အကြောင်းဘယ်လိုဆွေးနွေးမလဲ
...............................
ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ အကြောင်းအရာမှန်သမျှ တခြားသူကို ပေးမသိဘဲ လျှို့ဝှက်ထားသင့်တယ်ဆိုပေမယ့် ဘဝလက်တွဲဖော်ရယ်လို့ ရှိလာပြီဆိုရင်တော့ ပြောသင့်ဆိုသင့်တဲ့ကိစ္စတွေ အထူးသဖြင့် အိမ်ထောင်မှုကိစ္စတွေကို နှစ်ဦးနှစ်ဖက် ညှိနိုှုင်း တိုင်ပင်တာက ပျော်ရွှင်သာယာတဲ့ ဆက်ဆံရေး ဖြစ်ဖို့အတွက် အရေးကြီးပါတယ်။ မြန်မာ့လူနေမှုပုံစံမှာ လိင်မှုရေးရာ ကိစ္စတွေဆိုတာက ပြောဆိုဖို့ မသင့်တဲ့အရာတွေအဖြစ် တင်းတင်းကျပ်ကျပ် သတ်မှတ်ထားလို့ ဒီအကြောင်းအရာမျိုးတွေ ပွင့်ပွင့်လင်းလင်းပြောဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီအတွက် လိင်မှုရေးရာကိစ္စတွေ ဘယ်လိုပြောဆိုကြမလဲဆိုတာ ဒီဆောင်းပါးက အကြံပေးထားပါတယ်။
ပွင့်ပွင့်လင်းလင်းရှိပါ။
တစ်ယောက်နဲ့ တစ်ယောက် စိတ်ထဲရှိတာ သိဖို့ဆိုတာမလွယ်ပါဘူး။ တစ်ခါတလေမှာ လူတွေဟာ သူတို့ရဲ့လက်တွဲဖော်တွေကသူတို့ကို တကယ်မချစ်ဘူး၊ဂရုမစိုက်ဘူးလို့ ထင်နေတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါမျိးတွေမဖြစ်စေဖို့နဲ့ နှစ်ဦးကြားဆက်ဆံရေး အဆင်ပြေစေဖို့အရေးကြီးဆုံးက ပွင့်ပွင့်လင်းလင်းရှိဖို့ပါ။
သူ့အကြိုက် ကိုယ့်အကြိုက် ဆွေးနွေးပါ။
လိင်မှုရေးရာကိစ္စမှာ တစ်ဦးနဲ့တစ်ဦး ဘယ်အကျင့်တွေကို ကြိုက်တယ်။ ဘယ်လိုဟာမျိုးတွေကို တော့ဖြင့်မကြိုက်ဘူးဆိုတာကို ပြောပြာထားဖို့လိုပါတယ်။ မြန်မာအမျိုးသမီးအများစုက လိင်ပိုင်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးဖို့ နှုတ်မရဲတာတွေ၊ ရှက်ရွံ့တာမျိုးတွေရှိပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေက ပြောမှသိနိုင်တာမျိုးတွေပါ။ ဒီလိုဆွေးနွေးပြီး သူ့အကြိုက် ကိုယ့်အကြိုက် သိအောင်လုပ်ထားမှသာ ချစ်ခရီးလမ်းမှာ သာယာပျော်ရွှင်စရာကောင်းပါလိမ့်မယ်။
အကောင်းမြင်စိတ်နဲ့ကြည့်ပါ။
အကောင်းမြင်ဖို့လည်း လိုအပ်ပါတယ်။ ကိုယ့်အိမ်ထောင်ဖက်ရဲ့ ကောင်းကွက်တွေကို အမြဲတွေးပေး တာက နှစ်ဦးကြား ပိုနီးစပ်စေနိုင်မှာဖြစ်ပြီး လိင်မှုဘဝမှလည်း ပိုအဆင်ပြေစေမှာပါ။ အပြုသဘောရှိမှသာ အားနည်းချက်လေးတွေကို ဖြည့်တွေးပေးနိုင်တာကြောင့် ပိုပြီး အဆင်ပြေအောင်ပျော်ရွှင်သော လိင်မှုဘဝဖြစ်လာနိုင်မှာပါ။
လိင်မှုရေးရာအကြောင်း ပုံမှန်ဆွေးနွေးပါ။
မိမိအဖော်နဲ့ လိင်မှုရေးရာအကြောင်းကို ပုံမှန်ဆွေးနွေးတဲ့ အလေ့အကျင့်ရှိဖို့လိုပါတယ်။ လိင်ဆက်ဆံမှုကနေရလာနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးလိုမျိုးကိစ္စတွေနဲ့ လိင်မှုရေးရာပညာပေးဆောင်းပါးတွေအကြောင်းဆွေးနွေးတာမျိုးတွေလုပ်နိုင်ပါတယ်။ ဒီလိုမျိုးဆွေးနွေးတာက စိတ်ကျေနပ်မှုရှိပြီး ပျော်ရွှင်တဲ့ ဆက်ဆံရေးကိုရရှိစေနိုင်ပါတယ်။ ရုပ်ရှင်တွေအကြောင်းပြောရင်းဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ရင်းဖြစ်ဖြစ်ကနေအစပြုပြီးတော့လည်း လိင်မှုရေးရာအကြောင်းတွေဆွေးနွေးလို့ရပါတယ်။ နှစ်ယောက်အတူတူရုပ်ရှင်ကြည့်တာက နှစ်ဦးကြား လိင်မှုရေးရာနဲ့ပတ်သက်ပြီး ပွင့်ပွင်းလင်းလင်းဆွေးနွေးလို့ရစေနိုင်ပါတယ်။ ပွင့်လင်းတဲ့ လိင်မှုရေးရာဆွေးနွေးမှုတွေက လိင်ဆက်ဆံမှုအပေါ် ရင်ခုန်စိတ် လှုပ်ရှား စေနိုင်ပြီးပျော်ရွှင် ကြည်နူးစေပါတယ်။
အဆင်သင့်ဖြစ်တဲ့အချိန်အထိသားဆက်ခြားထားဖို့ဆွေးနွေးပါ။
ကလေးယူဖို့အဆင်သင့်ဖြစ်တဲ့အချိန်ထိ ဘယ်သားဆက်ခြားနည်းက နှစ်ဦးစလုံးအတွက် အဆင်ပြေစေမလဲဆိုတာတိုင်ပင်ပါ။ မိဘဖြစ်ဖို့ အဆင်သင့်ဖြစ်တဲ့အချိန်ထိ သင့်လျာ်မယ့် သားဆက်ခြားနည်း တစ်ခုခုသုံးဖို့ ရွေးချယ်တဲ့အခါမှာလည်း စိတ်တူကိုယ်တူနဲ့ ပွင့်ပွင့်လင်းလင်း တိုင်ပင် ရွေးချယ်သင့်ပါတယ်။
ရွေးချယ်စရာ သားဆက်ခြားနည်းတွေဟာ ဈေးကွက်တွင်းမှာ အမျိုးမျိုး ရှိနေပါ တယ်။ဟော်မုန်း ပါနည်းလား /ဟော်မုန်းကင်းနည်းလားဆိုတာ ရွေးချယ်နိုင်ပါတယ်။ ဟော်မုန်းပါနည်းတွေဆို (၃)လခံထိုးဆေး ၊နေ့စဉ်သောက်ဆေးနဲ့ လက်မောင်းတွင်းထည့်သားဆက်ခြားနည်းတို့ဖြစ်ပါတယ်။ ဟော်မုန်းကင်းနည်းတွေကတော့ ကွန်ဒုံးသုံးခြင်းနဲ့ သားအိမ်တွင်းထည့်သားဆက်ခြားပစ္စည်း ကြေးနီ IUD တို့ဟာ မြန်မာနိုင်ငံမှာ တော်တော်များများသုံးတဲ့ သားဆက်ခြား နည်းတွေဖြစ်ပါတယ်။ Lydia အမှတ်တံဆပ်ပါ သားဆက်ခြားနည်းတွေကို သင်ယုံကြည်ရာ ကျန်းမာရေးစောင့်ရှောက်သူနဲ့တိုင်ပင်ပြီး အသုံးပြုနိုင်ပါတယ်။
မြန်မာလူမျိုးတွေဟာ အရှက်အကြောက်ကြီးလို့ လိင်မှုဆက်ဆံရေးကိစ္စတွေဟာ ပွင့်လင်းစွာ ပြောဆိုရမယ့်အရာတွေအဖြစ် မသတ်မှတ်ကြပါဘူး။ တကယ်တော့ လိင်မှုဆက်ဆံရေးကိစ္စတွေမှာ အခုလိုနှစ်ဦးနှစ်ဖက် တိုင်ပင်ဆွေးနွေးမှ ကျန်းမာပျော်ရွှင်တဲ့ ချစ်ခရီးလမ်းဖြစ်လာမှာပါ။
ရေးသားသူ Aye Thi Mon

0 Comments