Last post

တစ္ပတ္ ဘယ္ႏွစ္ႀကိမ္ေလာက္ တစ္ကိုယ္ေတာ္ လိင္ စိတ္ဆႏၵေျဖေဖ်ာက္ျခင္း ျပဳလုပ္သင့္သလဲ

တစ္ပတ္ ဘယ္ႏွစ္ႀကိမ္ေလာက္ တစ္ကိုယ္ေတာ္ လိင္ စိတ္ဆႏၵေျဖေဖ်ာက္ျခင္း ျပဳလုပ္သင့္သလဲ
.............................
အမ်ိဳးမ်ိဳးေသာ ေလ့လာေတြ႕ရွိခ်က္မ်ားအရ တစ္ကိုယ္ေတာ္ လိင္ စိတ္ေျဖေဖ်ာက္ျခင္းဟာ အတူေနခ်စ္သူ မရွိသူမ်ားအဖို႔ေတာ့ အေျခခံလိုအပ္ခ်က္ အမ်ားႀကီးထဲမွာ တစ္ခု အပါအဝင္ျဖစ္ပါတယ္။ ဒါဟာလည္းပဲ တစ္ကမာၻလုံးမွာ က်င့္သုံးေနၾကတဲ့ လိင္ပိုင္းဆိုင္ရာ အျပဳအမူ တစ္မ်ိဳး ျဖစ္ပါတယ္။ အမ်ိဳးသမီးမ်ားေရာ အမ်ိဳးသားမ်ားေရာ ႏွစ္ဦးစလုံးပါ တစ္ကိုယ္ေတာ္ လိင္စိတ္ ေျဖေဖ်ာက္ေလ့ရွိၾကပါတယ္။ သို႔ေသာ္ လူအခ်ိဳ႕ကေတာ့ ဒါကို ဝန္ခံေလ့ရွိၿပီး အမ်ားစုကေတာ့ ဝန္ခံေလ့ မရွိပါဘူး။ တစ္ကိုယ္ေတာ္ လိင္စိတ္ေျဖေဖ်ာက္ျခင္းဟာဆိုရင္ လိင္ပိုင္းဆိုင္ရာ တက္ႂကြလႈပ္ရွားမႈေတြထဲမွာမွ လူသိအမ်ားဆုံး တစ္ခုျဖစ္ပါတယ္။ ဒါ့အျပင္ ၎နဲ႔ ပတ္သက္ၿပီး မွားယြင္းစြာ ယုံၾကည္ေနၾကတဲ့ အခ်က္ေတြလည္း ပတ္ဝန္းက်င္မွာ အမ်ားႀကီး ရွိပါတယ္။တစ္ကိုယ္ေတာ္ လိင္စိတ္ေျဖေဖ်ာက္တဲ့ အခါမွာ အသုံးျပဳတဲ့ ပစၥည္းေတြေပၚ အေျခခံၿပီး လိင္စိတ္ေျဖေဖ်ာက္ျခင္း အမ်ိဳးအစား ေပါင္းမ်ားစြာ ရွိပါတယ္။ သို႔ေသာ္ လိင္စိတ္ေျဖေဖ်ာက္ျခင္းကို ဘယ္ႏွစ္ႀကိမ္ ဘယ္ႏွစ္ခါ လုပ္သင့္တယ္ဆိုတဲ့ ေမးခြန္းနဲ႔ ပတ္သက္ၿပီး စိုးရိမ္စရာေတြ မ်ားစြာ ရွိေနပါေသးတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ၎ဟာ သင့္ရဲ႕ က်န္းမာေရး စိတ္အေျခအေနနဲ႔ အေလ့အထေတြအေပၚ ဆက္စပ္မႈရွိေနတာေၾကာင့္ ျဖစ္ပါတယ္။

ကြၽႏု္ပ္ဟာ တစ္ကိုယ္ေတာ္ လိင္စိတ္ေျဖေဖ်ာက္ျခင္းကို ဘယ္ႏွစ္ႀကိမ္ေလာက္ ျပဳလုပ္သင့္သလဲ။

တစ္ကိုယ္ေတာ္ လိင္စိတ္ေျဖေဖ်ာက္ျခင္းကို ေန႔ရက္ေတြ၊ ရက္သတၱပတ္ေတြ၊ လေတြ စသျဖင့္ အခ်ိန္အတိအက်ႏွင့္ ဘယ္ႏွစ္ႀကိမ္ျပဳလုပ္ရမယ္ဆိုၿပီး မရွိပါဘူး။ ဒါေၾကာင့္ မ်ားေသာအားျဖင့္ လိင္စိတ္ေျဖေဖ်ာက္ျခင္း မလုပ္တာထက္စာရင္ လုပ္လိုက္တဲ့ အခ်ိန္မွာ သင့္ကိုအလြန္အမင္း ပင္ပန္းျခင္း၊ အားအင္ နည္းေစျခင္း သို႔မဟုတ္ စိတ္ဖိစီးမႈ မ်ားေစျခင္း စတာေတြ မျဖစ္ရင္ေတာ့ သင့္ရဲ႕ လိင္စိတ္ေျဖေဖ်ာက္ျခင္းႏွင့္ ပတ္သက္ၿပီး စိတ္ပူစရာအေၾကာင္း မရွိပါဘူး။ လူေတာ္ေတာ္မ်ားမ်ားဟာ တစ္ရက္ကို အႀကိမ္ေပါင္းမ်ားစြာ တစ္ကိုယ္ေတာ္ လိင္စိတ္ေျဖေဖ်ာက္ၾကပါတယ္။ သို႔ေသာ္ သူတို႔ဟာ ပို၍က်န္းမာၿပီး ေပ်ာ္႐ႊင္တဲ့ဘဝကို ပိုင္ဆိုင္ေနၾကတုန္းပဲ ျဖစ္ပါတယ္။ သို႔ေသာ္ သင္ဟာ လိင္စိတ္ေျဖေဖ်ာက္ျခင္းအေၾကာင္းကိုပဲ အၿမဲတမ္းေတြးေနမယ္ သို႔မဟုတ္ အၿမဲတမ္း လိင္ဆက္ဆံခ်င္ေနမယ္ ၊သူငယ္ခ်င္းေတြနဲ႔ပဲ ျဖစ္ျဖစ္ လက္တြဲေဖာ္နဲ႔ပဲ ျဖစ္ျဖစ္ အၿမဲတမ္း လိင္ဆက္ဆံလိုစိတ္ျဖစ္ေနၿပီး အရမ္းဆိုး႐ြားေနမယ္ ဆိုရင္ေတာ့ သင့္ ဘဝအစိတ္အပိုင္းေတြကိုပါ ထိခိုက္လာႏိုင္ပါတယ္။

တစ္ကိုယ္ေတာ္ လိင္စိတ္ေျဖေဖ်ာက္ျခင္းဟာ ပုံမွန္အရာတစ္ခုပဲ ျဖစ္ပါတယ္။ သို႔ေသာ္ သင့္ရဲ႕ လိင္စိတ္ေျဖေဖ်ာက္တဲ့ အေရအတြက္ကို သင္ကိုယ္တိုင္ပဲ ဆုံးျဖတ္ရမွာျဖစ္ပါတယ္။ အမ်ိဳးသားမ်ားဟာ တစ္ရက္လွ်င္ သုံးႀကိမ္နဲ႔ တစ္ပတ္လွ်င္ ငါးရက္ေလာက္ လိင္စိတ္ေျဖေဖ်ာက္ေလ့ရွိတယ္လို႔ သုေတသနမ်ားစြာက ေဖာ္ျပေနပါတယ္။ ဒါဟာအလြန္ မ်ားတဲ့ လိင္စိတ္ ေျဖေဖ်ာက္ျခင္း အေရအတြက္ပဲ ျဖစ္ပါတယ္။ ဒါ့အျပင္ အခ်ိန္ေတြအမ်ားႀကီး ကုန္သြားေစပါတယ္။

သို႔ေသာ္ လိင္စိတ္ေျဖေဖ်ာက္ျခင္းကို မလုပ္ဖို႔ရာ ဆိုလိုျခင္း မဟုတ္ပါဘူး။ ပုံမွန္ လိင္ဆက္ဆံျခင္း၊ မိမိခ်စ္သူႏွင့္ လိင္ဆက္ဆံျခင္း စတာေတြကေတာ့ သဘာဝအားျဖင့္ လိင္ဆက္ဆံမႈဆိုင္ရာ လႈပ္ရွားမႈေတြပဲ ျဖစ္ပါတယ္။ လိင္ဆက္ဆံလိုစိတ္ဟာ သဘာဝအတိုင္းျဖစ္လာေလေလ ပိုၿပီးစြမ္းအားျပင္းထန္ေလေလ ဆိုၿပီး လူအခ်ိဳ႕ကေျပာၾကပါတယ္ ။ ဒါေၾကာင့္ သင္ဟာတကယ္လို႔ တစ္ကိုယ္ေတာ္ လိင္ စိတ္ ေျဖေဖ်ာက္ျခင္းအတြက္ စြမ္းအင္ေတြ အမ်ားႀကီး မသုံးမိဘူးဆိုရင္ အျခားေနရာမွာ ဒီစြမ္းအင္ေတြကို သုံးဖို႔ရာ စဥ္းစားေပးသင့္ပါတယ္။

တစ္ကိုယ္ေတာ္ လိင္စိတ္ေျဖေဖ်ာက္သည့္ အႀကိမ္ေရႏႈန္း

လိင္ဆက္ဆံမႈ ပိုင္းဆိုင္ရာ လႈပ္ရွားတက္ႂကြမႈ ေတြနဲ႔ ပတ္သက္တဲ့ ေလ့လာေတြ႕ရွိမႈေတြ မ်ားစြာရွိတဲ့ အထဲကမွ တစ္ကိုယ္ေတာ္ လိင္စိတ္ ေျဖေဖ်ာက္ျခင္းဟာလည္း စိတ္ဝင္စားဖို႔ အေကာင္းဆုံး အေၾကာင္းအရာတစ္ခုထဲမွာ ပါဝင္ပါတယ္။ ၎ဟာ သင္ကိုယ္တိုင္ရဲ႕ အေလ့အက်င့္ေတြ အေလ့အထေတြေပၚမွာ မူတည္ပါတယ္။ ေဖာ္ျပမယ့္အခ်က္အလက္ေတြဟာ သင့္ကို အနည္းငယ္ ထိတ္လန႔္သြားေစမယ့္ အေၾကာင္းအရာေတြ ျဖစ္လာပါလိမ့္မယ္။ ပထမဦးစြာေျပာရလွ်င္ တစ္ကိုယ္ေတာ္ လိင္စိတ္ေျဖေဖ်ာက္မႈ အျမင့္ဆုံးႏႈန္းကေတာ့ တစ္ပတ္လွ်င္ ၄ ႀကိမ္ျဖစ္ၿပီး ၎ကို အသက္ ၂၅ ႏွစ္ ႏွင့္ ၂၉ ၾကားအမ်ိဳးသမီးမ်ားတြင္ ၅ ရာခိုင္ႏႈန္း ႏွင့္ အမ်ိဳးသားမ်ားတြင္ ၂၀.၁ ရာခိုင္ႏႈန္း အထိေတြ႕ရပါတယ္။ ေနာက္ထပ္ေျပာျပမွာကေတာ့ ၂၅ႏွစ္ ႏွင့္ ၂၉ ႏွစ္ၾကား အမ်ိဳးသား၂၅.၄ ရာခိုင္ႏႈန္းႏွင့္ အမ်ိဳးသမီး ၂၅.၁၁ ရာခိုင္ႏႈန္းဟာ တစ္လလွ်င္ အႀကိမ္ေပါင္း မ်ားစြာ လိင္စိတ္ ေျဖေဖ်ာက္ေလ့ရွိၾကတယ္လို႔ ေတြ႕ရွိရပါတယ္။ အခ်ဳပ္အားျဖင့္ ေျပာရမယ္ဆိုရင္ သင္ဟာ အသက္ပိုႀကီးလာေလေလ အမ်ိဳးသားမ်ားတြင္သာမက အမ်ိဳးသမီးမ်ားတြင္ပါ လိင္စိတ္ေျဖေဖ်ာက္ျခင္းႏွင့္ ပတ္သက္ၿပီး စိတ္ဝင္စားမႈ နည္းပါးသြားၾကပါတယ္။

လိင္စိတ္ ေျဖေဖ်ာက္ျခင္းဟာ လူသားေတြကို ေပ်ာ္႐ႊင္ျခင္း၊ သက္ေသာင့္ သက္သာျဖစ္ေစျခင္း ႏွင့္ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစျခင္း စတာေတြကို ျပဳလုပ္ကူညီေပးပါတယ္။ သို႔ေသာ္ အဓိက အေၾကာင္းအရင္းကေတာ့ အရမ္းကို ရယ္စရာေကာင္းပါတယ္။ တစ္ကိုယ္ေတာ္ လိင္စိတ္ေျဖေဖ်ာက္ျခင္းရဲ႕ အက်ိဳးေက်းဇူး အခ်ိဳ႕ကေတာ့ အမ်ိဳးသားမ်ားတြင္ သုက္ပိုးအေဟာင္းမ်ားကို ဖယ္ရွားေပးလိုက္သကဲ့သို႔ ျဖစ္ၿပီး အမ်ိဳးသမီးမ်ားတြင္လည္း လိင္ဆက္ဆံတဲ့အခါ ထြက္လာသည့္ အရည္ေတြ စုပုံျခင္း မျဖစ္ေအာင္ ျပဳလုပ္ေပးသကဲ့သို႔ ျဖစ္ေနပါတယ္။ သင္ဟာ လက္ထပ္ထားသည္ျဖစ္ေစ၊ လက္မထပ္ထားသည္ျဖစ္ေစ၊ ငယ္႐ြယ္သည္ျဖစ္ေစ၊ အသက္ႀကီးသည္ျဖစ္ေစ၊ အမ်ိဳးသားျဖစ္ေစ၊ အမ်ိဳးသမီးျဖစ္ေစ တစ္ကိုယ္ေတာ္ လိင္စိတ္ေျဖေဖ်ာက္ျခင္းဆိုတာကေတာ့ သင္တို႔ကို အၿမဲတမ္းေပးေနမယ့္ ဆုလဒ္တစ္ခုပဲ ျဖစ္ပါတယ္။

ေရးသားသူ Dr. Khin Yin Kyay
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. K Zin Thwe.

Unicode

တစ်ပတ် ဘယ်နှစ်ကြိမ်လောက် တစ်ကိုယ်တော် လိင် စိတ်ဆန္ဒဖြေဖျောက်ခြင်း ပြုလုပ်သင့်သလဲ
.............................
အမျိုးမျိုးသော လေ့လာတွေ့ရှိချက်များအရ တစ်ကိုယ်တော် လိင် စိတ်ဖြေဖျောက်ခြင်းဟာ အတူနေချစ်သူ မရှိသူများအဖို့တော့ အခြေခံလိုအပ်ချက် အများကြီးထဲမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒါဟာလည်းပဲ တစ်ကမ္ဘာလုံးမှာ ကျင့်သုံးနေကြတဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူ တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးများရော အမျိုးသားများရော နှစ်ဦးစလုံးပါ တစ်ကိုယ်တော် လိင်စိတ် ဖြေဖျောက်လေ့ရှိကြပါတယ်။ သို့သော် လူအချို့ကတော့ ဒါကို ဝန်ခံလေ့ရှိပြီး အများစုကတော့ ဝန်ခံလေ့ မရှိပါဘူး။ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဟာဆိုရင် လိင်ပိုင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှုတွေထဲမှာမှ လူသိအများဆုံး တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းနဲ့ ပတ်သက်ပြီး မှားယွင်းစွာ ယုံကြည်နေကြတဲ့ အချက်တွေလည်း ပတ်ဝန်းကျင်မှာ အများကြီး ရှိပါတယ်။တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်တဲ့ အခါမှာ အသုံးပြုတဲ့ ပစ္စည်းတွေပေါ် အခြေခံပြီး လိင်စိတ်ဖြေဖျောက်ခြင်း အမျိုးအစား ပေါင်းများစွာ ရှိပါတယ်။ သို့သော် လိင်စိတ်ဖြေဖျောက်ခြင်းကို ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ လုပ်သင့်တယ်ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာတွေ များစွာ ရှိနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ၎င်းဟာ သင့်ရဲ့ ကျန်းမာရေး စိတ်အခြေအနေနဲ့ အလေ့အထတွေအပေါ် ဆက်စပ်မှုရှိနေတာကြောင့် ဖြစ်ပါတယ်။

ကျွနု်ပ်ဟာ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းကို ဘယ်နှစ်ကြိမ်လောက် ပြုလုပ်သင့်သလဲ။

တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းကို နေ့ရက်တွေ၊ ရက်သတ္တပတ်တွေ၊ လတွေ စသဖြင့် အချိန်အတိအကျနှင့် ဘယ်နှစ်ကြိမ်ပြုလုပ်ရမယ်ဆိုပြီး မရှိပါဘူး။ ဒါကြောင့် များသောအားဖြင့် လိင်စိတ်ဖြေဖျောက်ခြင်း မလုပ်တာထက်စာရင် လုပ်လိုက်တဲ့ အချိန်မှာ သင့်ကိုအလွန်အမင်း ပင်ပန်းခြင်း၊ အားအင် နည်းစေခြင်း သို့မဟုတ် စိတ်ဖိစီးမှု များစေခြင်း စတာတွေ မဖြစ်ရင်တော့ သင့်ရဲ့ လိင်စိတ်ဖြေဖျောက်ခြင်းနှင့် ပတ်သက်ပြီး စိတ်ပူစရာအကြောင်း မရှိပါဘူး။ လူတော်တော်များများဟာ တစ်ရက်ကို အကြိမ်ပေါင်းများစွာ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ကြပါတယ်။ သို့သော် သူတို့ဟာ ပို၍ကျန်းမာပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နေကြတုန်းပဲ ဖြစ်ပါတယ်။ သို့သော် သင်ဟာ လိင်စိတ်ဖြေဖျောက်ခြင်းအကြောင်းကိုပဲ အမြဲတမ်းတွေးနေမယ် သို့မဟုတ် အမြဲတမ်း လိင်ဆက်ဆံချင်နေမယ် ၊သူငယ်ချင်းတွေနဲ့ပဲ ဖြစ်ဖြစ် လက်တွဲဖော်နဲ့ပဲ ဖြစ်ဖြစ် အမြဲတမ်း လိင်ဆက်ဆံလိုစိတ်ဖြစ်နေပြီး အရမ်းဆိုးရွားနေမယ် ဆိုရင်တော့ သင့် ဘဝအစိတ်အပိုင်းတွေကိုပါ ထိခိုက်လာနိုင်ပါတယ်။

တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဟာ ပုံမှန်အရာတစ်ခုပဲ ဖြစ်ပါတယ်။ သို့သော် သင့်ရဲ့ လိင်စိတ်ဖြေဖျောက်တဲ့ အရေအတွက်ကို သင်ကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ အမျိုးသားများဟာ တစ်ရက်လျှင် သုံးကြိမ်နဲ့ တစ်ပတ်လျှင် ငါးရက်လောက် လိင်စိတ်ဖြေဖျောက်လေ့ရှိတယ်လို့ သုတေသနများစွာက ဖော်ပြနေပါတယ်။ ဒါဟာအလွန် များတဲ့ လိင်စိတ် ဖြေဖျောက်ခြင်း အရေအတွက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အချိန်တွေအများကြီး ကုန်သွားစေပါတယ်။

သို့သော် လိင်စိတ်ဖြေဖျောက်ခြင်းကို မလုပ်ဖို့ရာ ဆိုလိုခြင်း မဟုတ်ပါဘူး။ ပုံမှန် လိင်ဆက်ဆံခြင်း၊ မိမိချစ်သူနှင့် လိင်ဆက်ဆံခြင်း စတာတွေကတော့ သဘာဝအားဖြင့် လိင်ဆက်ဆံမှုဆိုင်ရာ လှုပ်ရှားမှုတွေပဲ ဖြစ်ပါတယ်။ လိင်ဆက်ဆံလိုစိတ်ဟာ သဘာဝအတိုင်းဖြစ်လာလေလေ ပိုပြီးစွမ်းအားပြင်းထန်လေလေ ဆိုပြီး လူအချို့ကပြောကြပါတယ် ။ ဒါကြောင့် သင်ဟာတကယ်လို့ တစ်ကိုယ်တော် လိင် စိတ် ဖြေဖျောက်ခြင်းအတွက် စွမ်းအင်တွေ အများကြီး မသုံးမိဘူးဆိုရင် အခြားနေရာမှာ ဒီစွမ်းအင်တွေကို သုံးဖို့ရာ စဉ်းစားပေးသင့်ပါတယ်။

တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်သည့် အကြိမ်ရေနှုန်း

လိင်ဆက်ဆံမှု ပိုင်းဆိုင်ရာ လှုပ်ရှားတက်ကြွမှု တွေနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိမှုတွေ များစွာရှိတဲ့ အထဲကမှ တစ်ကိုယ်တော် လိင်စိတ် ဖြေဖျောက်ခြင်းဟာလည်း စိတ်ဝင်စားဖို့ အကောင်းဆုံး အကြောင်းအရာတစ်ခုထဲမှာ ပါဝင်ပါတယ်။ ၎င်းဟာ သင်ကိုယ်တိုင်ရဲ့ အလေ့အကျင့်တွေ အလေ့အထတွေပေါ်မှာ မူတည်ပါတယ်။ ဖော်ပြမယ့်အချက်အလက်တွေဟာ သင့်ကို အနည်းငယ် ထိတ်လန့်သွားစေမယ့် အကြောင်းအရာတွေ ဖြစ်လာပါလိမ့်မယ်။ ပထမဦးစွာပြောရလျှင် တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်မှု အမြင့်ဆုံးနှုန်းကတော့ တစ်ပတ်လျှင် ၄ ကြိမ်ဖြစ်ပြီး ၎င်းကို အသက် ၂၅ နှစ် နှင့် ၂၉ ကြားအမျိုးသမီးများတွင် ၅ ရာခိုင်နှုန်း နှင့် အမျိုးသားများတွင် ၂၀.၁ ရာခိုင်နှုန်း အထိတွေ့ရပါတယ်။ နောက်ထပ်ပြောပြမှာကတော့ ၂၅နှစ် နှင့် ၂၉ နှစ်ကြား အမျိုးသား၂၅.၄ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၂၅.၁၁ ရာခိုင်နှုန်းဟာ တစ်လလျှင် အကြိမ်ပေါင်း များစွာ လိင်စိတ် ဖြေဖျောက်လေ့ရှိကြတယ်လို့ တွေ့ရှိရပါတယ်။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် သင်ဟာ အသက်ပိုကြီးလာလေလေ အမျိုးသားများတွင်သာမက အမျိုးသမီးများတွင်ပါ လိင်စိတ်ဖြေဖျောက်ခြင်းနှင့် ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းပါးသွားကြပါတယ်။

လိင်စိတ် ဖြေဖျောက်ခြင်းဟာ လူသားတွေကို ပျော်ရွှင်ခြင်း၊ သက်သောင့် သက်သာဖြစ်စေခြင်း နှင့် စိတ်ဖိစီးမှုကို လျော့ကျစေခြင်း စတာတွေကို ပြုလုပ်ကူညီပေးပါတယ်။ သို့သော် အဓိက အကြောင်းအရင်းကတော့ အရမ်းကို ရယ်စရာကောင်းပါတယ်။ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းရဲ့ အကျိုးကျေးဇူး အချို့ကတော့ အမျိုးသားများတွင် သုက်ပိုးအဟောင်းများကို ဖယ်ရှားပေးလိုက်သကဲ့သို့ ဖြစ်ပြီး အမျိုးသမီးများတွင်လည်း လိင်ဆက်ဆံတဲ့အခါ ထွက်လာသည့် အရည်တွေ စုပုံခြင်း မဖြစ်အောင် ပြုလုပ်ပေးသကဲ့သို့ ဖြစ်နေပါတယ်။ သင်ဟာ လက်ထပ်ထားသည်ဖြစ်စေ၊ လက်မထပ်ထားသည်ဖြစ်စေ၊ ငယ်ရွယ်သည်ဖြစ်စေ၊ အသက်ကြီးသည်ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်းဆိုတာကတော့ သင်တို့ကို အမြဲတမ်းပေးနေမယ့် ဆုလဒ်တစ်ခုပဲ ဖြစ်ပါတယ်။

ရေးသားသူ Dr. Khin Yin Kyay
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

0 Comments