Last post

သုက္လႊတ္ေစာျခင္းကို ကုသနည္း


အမ်ိဳးသားအေတာ္မ်ားမ်ားဟာ သုက္လႊတ္ေစာျခင္းအေၾကာင္း ေျပာဆိုဖို႔ ရွက္ရြ႔ံတတ္ၾကပါတယ္။ ဒါေပမယ့္ ဒါဟာ အလြန္အျဖစ္မ်ားတဲ့ လိင္ပိုင္းဆိုင္ရာေရာဂါ တစ္ခုျဖစ္ၿပီး အမ်ိဳးသား သံုးေယာက္မွာ တစ္ေယာက္က သူတို႔တစ္သက္မွာ တစ္ခ်ိန္ခိ်န္ေတာ့ ခံစားရပါတယ္။ သင့္မွာ အခ်ိန္မတန္ဘဲ သုက္လႊတ္တဲ့ ျပႆနာျဖစ္ေနၿပီဆိုရင္ စိတ္ပူစရာမလိုပါဘူး။ ဘာလို႔လဲဆိုေတာ့ ဒီျပႆနာဟာ ကုသေပ်ာက္ကင္းႏိုင္ပါတယ္။ ဒီေဆာင္းပါးမွာေတာ့ သင့္ရဲ႕ ရွက္ရြံ႔ျခင္းေတြကို ဘယ္လို ေက်ာ္လႊားရမယ္ဆိုတာ ေဖာ္ျပထားပါတယ္။
အေျခအေန အေတာ္မ်ားမ်ားမွာေတာ့ အခ်ိန္မတိုင္ဘဲ သုက္လႊတ္ျခင္းဟာ သူ႔ဘာသာ ျပန္ေကာင္းႏိုင္တဲ့အတြက္ ကုသစရာ မလိုပါဘူး။ ဒါေပမယ့္ မေပ်ာက္ကင္းဘဲနဲ႔ သင့္ဘဝကို ထိခိုက္ေနၿပီ ဆိုရင္ေတာ့ ေအာက္ေဖာ္ျပပါ ကုသနည္းေတြကို တစ္ခုခ်င္း (သို႔) နည္းေတြကို ေပါင္းစပ္ကုသျခင္း ျပဳႏိုင္ပါတယ္။

ေဆး

ဆရာဝန္ေတြဟာ အခ်ိန္မတိုင္ဘဲ သုက္လႊတ္ျခင္း အတြက္ clomipramine နဲ႔ paroxetine အစရွိတဲ့ စိတ္က်ေရာဂါေပ်ာက္ေဆးေတြကို ညႊန္တတ္ၾကပါတယ္။ ဒီေဆးေတြဟာ သူတုိ႔ရဲ႕ ေဘးထြက္ဆိုးက်ိဳးတစ္ခုျဖစ္တဲ့ လိင္စိတ္အထြတ္အထိပ္ေရာက္ျခင္းကို တားေပးျခင္းအားျဖင့္ သုက္လႊတ္ျခင္းကို ေႏွာင့္ေႏွးေစပါတယ္။ ဒီေဆးေတြဟာ ေဆးပတ္လည္ဖို႔ ႏွစ္ပတ္ကေန သံုးပတ္အထိ ၾကာတတ္ပါတယ္။ ဒါ့ျပင္ အကိုက္အခဲ ေပ်ာက္ေဆးေတြျဖစ္တဲ့ Tramadol ဟာလည္း အခ်ိန္မတိုင္ပဲ သုက္လႊတ္ျခင္းကို ကုသဖို႔ အသံုးမ်ားတဲ့ ေဆးတစ္မ်ိဳးျဖစ္ပါတယ္။
ေသာက္ေဆးေတြအျပင္ အမ်ိဳးသားေတြဟာ ခရင္၊ ဂ်ယ္နဲ႔ ဖ်န္းေဆးတို႔ကိုလဲ အခ်ိန္မတိုင္ပဲ သုက္လႊတ္ျခင္းအတြက္ အသံုးျပဳႏိုင္ပါတယ္။ Lidocaine နဲ႔ lidocaine-prilocaine ဟာ ဒီေဆးေတြမွာ ပါဝင္တဲ့ အရာႏွစ္ခုျဖစ္ပါတယ္။ သူတို႔ကို လိင္ထုိးသြင္းဆက္ဆံျခင္း မျပဳလုပ္ခင္ လိင္တံေပၚမွာ သုက္လိမ္းေပးရပါတယ္။ ေဆး ရဲ ့ ေဘးထြက္ဆိုးက်ိဳးေတြကေတာ့ အာရံုခံစားမႈ ေပ်ာက္ဆံုးျခင္း၊ အမ်ိဳးသားနဲ႔ လိင္ဆက္ဆံဖက္မွာ လိင္မႈဆိုင္ရာ သာယာမႈ ေလ်ာ့က်ျခင္းတို႔ ျဖစ္ပါတယ္။

ေႏွာင့္ေႏွးေစေသာ နည္းလမ္းမ်ား

အခ်ိဳ႕နည္းလမ္းေတြဟာ လိင္စိတ္အထြတ္အထိပ္ေရာက္ျခင္းကို တားျမစ္ၿပီးေတာ့ အခ်ိန္မတိုင္ပဲ သုက္လႊတ္ျခင္းကို ေႏွာင့္ေႏွးေစပါတယ္။ အခ်ိန္မတိုင္ပဲ သုက္လႊတ္ျခင္း ရွိတဲ့ အမ်ိဳးသားေတြဟာ ေအာက္ေဖာ္ျပပါ နည္းေတြကို စမ္းသပ္ၾကည့္ႏိုင္ပါတယ္။
  • ခံစားမႈေတြကို ခြဲျခမ္းစိတ္ျဖာၾကည့္ၿပီး သုက္လႊတ္ျခင္းကို ထိန္းခ်ဳပ္ၾကည့္ျခင္း
  • လိင္ဆက္ဆံဖက္နဲ႔ တိုင္ပင္ၿပီး ႏႈိးေဆာ္မႈကို ေႏွးေကြးေစျခင္း (သို႔) ေလ်ာ့က်ေစျခင္း
  • လိင္တံရဲ႕ အာရံုခံစားမႈကို ေလ်ာ့က်ေစဖို႔ “climax control” ကြန္ဒံုးေတြကို အသံုးျပဳျခင္း
  • လိင္ဆက္ဆံတဲ့ ပံုစံ ေျပာင္းလဲၾကည့္ျခင္း
  • အရက္၊ ေဆးလိပ္၊ ေဆး ပမာဏ သတ္မွတ္ျခင္း (သုိ႔) ရပ္တန္႔ျခင္း
အျပဳအမူပိုင္းဆိုင္ရာ ေျပာင္းလဲျခင္းေတြဟာ စိတ္ဖိစီးမႈကို ေလ်ာ့က်ေစၿပီးေတာ့ သုက္လႊတ္ျခင္းကို ေႏွာင့္ေႏွးေစပါတယ္။ ဒီနည္းေတြမွာ လိင္မဆက္ဆံခင္ တစ္နာရီ၊ ႏွစ္နာရီေလာက္ ႀကိဳၿပီး ဆႏၵေျဖေဖ်ာက္ျခင္း၊ လိင္ဆက္ဆံမႈကို အခ်ိန္တစ္ခုထိ ေရွာင္ရွားျခင္း၊ အျခား လိင္ဆက္ဆက္မႈနဲ႔ ဆိုင္နဲ႔ ပံုစံေတြကို အာရံုစူးစိုက္ျခင္းေတြ ပါဝင္ပါတယ္။
ရပ္လိုက္၊ ညွစ္လိုက္ လုပ္တဲ့နည္းဟာလည္း အခ်ိန္မတိုင္ပဲ သုက္လႊတ္ျခင္းအတြက္ အျခားနည္းတစ္ခု ျဖစ္ပါတယ္။ ဒီနည္းမွာ လိင္ဆက္ဆံဖက္ဟာ အဓိကက်ၿပီးေတာ့ အမ်ိဳးသားဟာ သုက္လႊတ္ခါနီးၿပီဆိုရင္ လိင္တံရဲ႕အဆံုးကို ညွစ္ေပးထားရမွာပါ။ လိင္ဆက္ဆံဖက္ဟာ ဒါကို စကၠန္႔အနည္းငယ္ၾကာေအာင္ လုပ္ၿပီးေတာ့ သုက္လႊတ္ခ်င္တဲ့ ဆႏၵေပ်ာက္ကြယ္သြားေအာင္ ေစာင့္ရမွာပါ။ အမ်ိဳးသားဟာ ထိုးသြင္းလိင္ဆက္ဆံစဥ္မွာ သုက္လႊတ္ျခင္းကို မထိန္းခ်ဳပ္ႏိုင္မခ်င္း လိင္ဆက္ဆံဖက္ကို ဒီလို ျပန္လည္ျပဳလုပ္ဖို႔ ေျပာဆိုႏိုင္ပါတယ္။

တိုင္ပင္ေဆြးေႏြးျခင္း

အျခားစိတ္ေရာဂါ ျပႆနာေတြ ျဖစ္တဲ့ စိဖိစီးမႈ မ်ားျခင္း၊ စိတ္က်ျခင္း၊ စိတ္ပူျခင္းေတြဟာလည္း အခ်ိန္မတိုင္ပဲ သုက္လႊတ္ျခင္းရဲ႕ အေၾကာင္းရင္းေတြ ျဖစ္ႏုိင္ပါတယ္။ အခ်ိန္မတိုင္ပဲ သုက္လႊတ္တဲ့ အမ်ိဳးသားေတြဟာ သူတုိ႔ရဲ႕ လိင္ဆက္ဆံဘက္နဲ႔ ဆက္သြယ္မႈ ေပ်ာက္ဆံုးသလိုျဖစ္ၿပီး စိတ္တိုလာတာေတြ၊ ရွက္တာေတြ ျဖစ္တတ္ပါတယ္။ ဒါ့ေၾကာင့္ ေတြ႔ဆံုေဆြးေႏြးေပးတဲ့ ပညာရွင္နဲ႔ ဒီျပႆနာေတြအေၾကာင္းကို ေဆြးေႏြးပါ။ ေဆြးေႏြးၿပီးရင္ေတာ့ ျပႆနာေတြကို ကိုင္တြယ္ေျဖရွင္းႏိုင္လာပါ လိမ့္မယ္။
အခ်ိန္မတိုင္ပဲ သုက္လႊတ္ျခင္းကို နည္းတစ္မ်ိဳးတည္းနဲ႔ ျဖစ္ေစ၊ ေပါင္းစပ္ကုသဖို႔ ျဖစ္ေစ အခ်ိန္လိုတတ္ပါတယ္။ ကုသမႈသာ ခံယူရင္ အခ်ိန္နဲ႔ အမွ် ျပန္ေကာင္းလာႏိုင္တာေၾကာင့္ စိတ္ပူဖို႔ မလိုပါဘူး။ မ်ားေသာအားျဖင့္ အျပဳအမူပိုင္းဆိုင္ရာ နည္းလမ္းနဲ႔ ေဆးေတြကို ေပါင္းစပ္အသံုးျပဳျခင္းဟာ အေကာင္းဆံုးျဖစ္ပါတယ္။

Credit:Dr . Phyu Mon Latt

#Unicode

သုက်လွှတ်စောခြင်းကို ကုသနည်း
........................
အမျိုးသားအတော်များများဟာ သုက်လွှတ်စောခြင်းအကြောင်း ပြောဆိုဖို့ ရှက်ရွံ့တတ်ကြပါတယ်။ ဒါပေမယ့် ဒါဟာ အလွန်အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာရောဂါ တစ်ခုဖြစ်ပြီး အမျိုးသား သုံးယောက်မှာ တစ်ယောက်က သူတို့တစ်သက်မှာ တစ်ချိန်ချိန်တော့ ခံစားရပါတယ်။ သင့်မှာ အချိန်မတန်ဘဲ သုက်လွှတ်တဲ့ ပြဿနာဖြစ်နေပြီဆိုရင် စိတ်ပူစရာမလိုပါဘူး။ ဘာလို့လဲဆိုတော့ ဒီပြဿနာဟာ ကုသပျောက်ကင်းနိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ သင့်ရဲ့ ရှက်ရွံ့ခြင်းတွေကို ဘယ်လို ကျော်လွှားရမယ်ဆိုတာ ဖော်ပြထားပါတယ်။

အခြေအနေ အတော်များများမှာတော့ အချိန်မတိုင်ဘဲ သုက်လွှတ်ခြင်းဟာ သူ့ဘာသာ ပြန်ကောင်းနိုင်တဲ့အတွက် ကုသစရာ မလိုပါဘူး။ ဒါပေမယ့် မပျောက်ကင်းဘဲနဲ့ သင့်ဘဝကို ထိခိုက်နေပြီ ဆိုရင်တော့ အောက်ဖော်ပြပါ ကုသနည်းတွေကို တစ်ခုချင်း (သို့) နည်းတွေကို ပေါင်းစပ်ကုသခြင်း ပြုနိုင်ပါတယ်။

ဆေး

ဆရာဝန်တွေဟာ အချိန်မတိုင်ဘဲ သုက်လွှတ်ခြင်း အတွက် clomipramine နဲ့ paroxetine အစရှိတဲ့ စိတ်ကျရောဂါပျောက်ဆေးတွေကို ညွှန်တတ်ကြပါတယ်။ ဒီဆေးတွေဟာ သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်တဲ့ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကို တားပေးခြင်းအားဖြင့် သုက်လွှတ်ခြင်းကို နှောင့်နှေးစေပါတယ်။ ဒီဆေးတွေဟာ ဆေးပတ်လည်ဖို့ နှစ်ပတ်ကနေ သုံးပတ်အထိ ကြာတတ်ပါတယ်။ ဒါ့ပြင် အကိုက်အခဲ ပျောက်ဆေးတွေဖြစ်တဲ့ Tramadol ဟာလည်း အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းကို ကုသဖို့ အသုံးများတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။

သောက်ဆေးတွေအပြင် အမျိုးသားတွေဟာ ခရင်၊ ဂျယ်နဲ့ ဖျန်းဆေးတို့ကိုလဲ အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းအတွက် အသုံးပြုနိုင်ပါတယ်။ Lidocaine နဲ့ lidocaine-prilocaine ဟာ ဒီဆေးတွေမှာ ပါဝင်တဲ့ အရာနှစ်ခုဖြစ်ပါတယ်။ သူတို့ကို လိင်ထိုးသွင်းဆက်ဆံခြင်း မပြုလုပ်ခင် လိင်တံပေါ်မှာ သုက်လိမ်းပေးရပါတယ်။ ဆေး ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ အာရုံခံစားမှု ပျောက်ဆုံးခြင်း၊ အမျိုးသားနဲ့ လိင်ဆက်ဆံဖက်မှာ လိင်မှုဆိုင်ရာ သာယာမှု လျော့ကျခြင်းတို့ ဖြစ်ပါတယ်။

နှောင့်နှေးစေသော နည်းလမ်းများ

အချို့နည်းလမ်းတွေဟာ လိင်စိတ်အထွတ်အထိပ်ရောက်ခြင်းကို တားမြစ်ပြီးတော့ အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းကို နှောင့်နှေးစေပါတယ်။ အချိန်မတိုင်ပဲ သုက်လွှတ်ခြင်း ရှိတဲ့ အမျိုးသားတွေဟာ အောက်ဖော်ပြပါ နည်းတွေကို စမ်းသပ်ကြည့်နိုင်ပါတယ်။

-ခံစားမှုတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီး သုက်လွှတ်ခြင်းကို ထိန်းချုပ်ကြည့်ခြင်း
-လိင်ဆက်ဆံဖက်နဲ့ တိုင်ပင်ပြီး နှိုးဆော်မှုကို နှေးကွေးစေခြင်း (သို့) လျော့ကျစေခြင်း
-လိင်တံရဲ့ အာရုံခံစားမှုကို လျော့ကျစေဖို့ “climax control” ကွန်ဒုံးတွေကို အသုံးပြုခြင်း
-လိင်ဆက်ဆံတဲ့ ပုံစံ ပြောင်းလဲကြည့်ခြင်း
-အရက်၊ ဆေးလိပ်၊ ဆေး ပမာဏ သတ်မှတ်ခြင်း (သို့) ရပ်တန့်ခြင်း

အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီးတော့ သုက်လွှတ်ခြင်းကို နှောင့်နှေးစေပါတယ်။ ဒီနည်းတွေမှာ လိင်မဆက်ဆံခင် တစ်နာရီ၊ နှစ်နာရီလောက် ကြိုပြီး ဆန္ဒဖြေဖျောက်ခြင်း၊ လိင်ဆက်ဆံမှုကို အချိန်တစ်ခုထိ ရှောင်ရှားခြင်း၊ အခြား လိင်ဆက်ဆက်မှုနဲ့ ဆိုင်နဲ့ ပုံစံတွေကို အာရုံစူးစိုက်ခြင်းတွေ ပါဝင်ပါတယ်။

ရပ်လိုက်၊ ညှစ်လိုက် လုပ်တဲ့နည်းဟာလည်း အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းအတွက် အခြားနည်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းမှာ လိင်ဆက်ဆံဖက်ဟာ အဓိကကျပြီးတော့ အမျိုးသားဟာ သုက်လွှတ်ခါနီးပြီဆိုရင် လိင်တံရဲ့အဆုံးကို ညှစ်ပေးထားရမှာပါ။ လိင်ဆက်ဆံဖက်ဟာ ဒါကို စက္ကန့်အနည်းငယ်ကြာအောင် လုပ်ပြီးတော့ သုက်လွှတ်ချင်တဲ့ ဆန္ဒပျောက်ကွယ်သွားအောင် စောင့်ရမှာပါ။ အမျိုးသားဟာ ထိုးသွင်းလိင်ဆက်ဆံစဉ်မှာ သုက်လွှတ်ခြင်းကို မထိန်းချုပ်နိုင်မချင်း လိင်ဆက်ဆံဖက်ကို ဒီလို ပြန်လည်ပြုလုပ်ဖို့ ပြောဆိုနိုင်ပါတယ်။

တိုင်ပင်ဆွေးနွေးခြင်း

အခြားစိတ်ရောဂါ ပြဿနာတွေ ဖြစ်တဲ့ စိဖိစီးမှု များခြင်း၊ စိတ်ကျခြင်း၊ စိတ်ပူခြင်းတွေဟာလည်း အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းရဲ့ အကြောင်းရင်းတွေ ဖြစ်နိုင်ပါတယ်။ အချိန်မတိုင်ပဲ သုက်လွှတ်တဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ လိင်ဆက်ဆံဘက်နဲ့ ဆက်သွယ်မှု ပျောက်ဆုံးသလိုဖြစ်ပြီး စိတ်တိုလာတာတွေ၊ ရှက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် တွေ့ဆုံဆွေးနွေးပေးတဲ့ ပညာရှင်နဲ့ ဒီပြဿနာတွေအကြောင်းကို ဆွေးနွေးပါ။ ဆွေးနွေးပြီးရင်တော့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်လာပါ လိမ့်မယ်။

အချိန်မတိုင်ပဲ သုက်လွှတ်ခြင်းကို နည်းတစ်မျိုးတည်းနဲ့ ဖြစ်စေ၊ ပေါင်းစပ်ကုသဖို့ ဖြစ်စေ အချိန်လိုတတ်ပါတယ်။ ကုသမှုသာ ခံယူရင် အချိန်နဲ့ အမျှ ပြန်ကောင်းလာနိုင်တာကြောင့် စိတ်ပူဖို့ မလိုပါဘူး။ များသောအားဖြင့် အပြုအမူပိုင်းဆိုင်ရာ နည်းလမ်းနဲ့ ဆေးတွေကို ပေါင်းစပ်အသုံးပြုခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။

Credit:Dr . Phyu Mon Latt  

0 Comments