Last post

အမ်ိဳးသားေတြမွာ ဆီးက်ိတ္ကင္ဆာ ျဖစ္ႏိုင္ေခ်နည္းေစဖို႔…


အမ်ိဳးသားေတြမွာ ဆီးက်ိတ္ကင္ဆာ ျဖစ္ႏိုင္ေခ်နည္းေစဖို႔…
..............................
ဒီေရာဂါဟာ အမ်ိဳးသမီးေတြမွာထက္ အမ်ိဳးသားေတြမွာ ပိုျဖစ္ပါတယ္။ ဒီလို ဆီးက်ိတ္ကင္ဆာ မျဖစ္ရေအာင္ ဘယ္လို ေနထိုင္ပါမလဲ။

အမ်ိဳးသားေတြရဲ့ လိင္စိတ္ေျဖေဖ်ာက္မွုနဲ႔ ပတ္သတ္ၿပီး တကယ္ေတာ့ သုတ္လႊတ္မွုအပိုင္းမွာ ကိုယ္ကိုယ္တိုင္ စိတ္ေျဖသိမ့္မွုနဲ႔ အတူ လက္ကို အသုံးျပဳၿပီး သုတ္လႊတ္ေစမွုလည္း ျဖစ္ေစနိုင္သလို အျခား လိင္ဆက္ဆံမွု အေနအထားမွာလည္း သုတ္လႊတ္မွု ရွိေစနိုင္ပါတယ္။

အခု ေနာက္ဆုံး ဟားဗက္ တကၠသိုလ္ရဲ့ ေလ့လာခ်က္ေတြ အရ အမ်ိဳးသား တစ္ေယာက္အေနနဲ႔ ဆီးက်ိတ္ကင္ဆာ ျဖစ္နိုင္ေခ်ကို အေကာင္းဆုံး ကာကြယ္ တားဆီးနိုင္ဖို႔ အတြက္ တစ္လကို အနည္းဆုံး သုတ္လႊတ္မွု ၂၁ႀကိမ္ အနည္းဆုံး လိုအပ္တယ္လို႔ ေတြ႕လာရတာပဲ ျဖစ္ပါတယ္။

ေလ့လာခ်က္ေတြ အရေတာ့ မၾကာခဏ သုတ္လႊတ္တတ္သူေတြဟာ ဆီးက်ိတ္ကင္ဆာ ျဖစ္နိုင္ေခ်ကို ရာခိုင္ႏွုန္း သုံးခ်ိဳး တစ္ခ်ိဳးေလာက္ထိေအာင္ ေလ်ာ့နည္းေစတာလည္း ျဖစ္ပါတယ္။ အခု ေလ့လာခ်က္မွာ အမ်ိဳးသားေပါင္း ၃၁၉၂၅ေယာက္ကို ေလ့လာခဲ့တာ ျဖစ္ၿပီး အနည္းဆုံး အသက္ ၁၈ႏွစ္နဲ႔ အထက္ ရွိသူေတြကိုပဲ ေလ့လာခဲ့တာ ျဖစ္ၿပီး အထူးသျဖင့္ေတာ့ အသက္ ၂၀ကေန ၂၉ႏွစ္အတြင္း အုပ္စုနဲ႔ အသက္ ၄၀ကေန ၄၉ႏွစ္ အတြင္း ေရာဂါျဖစ္နိုင္ေခ်မ်ားလာတဲ့ အသက္အရြယ္ရွိ အုပ္စုေတြကို အေလးထား ေလ့လာခ်က္ ျပဳလုပ္ထားတာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္ သဘာဝအတိုင္း ေနထိုင္မွုနဲ႔ စိတ္ေက်နပ္မွု ရွိျခင္းဟာ ကင္ဆာ ျဖစ္နိုင္ေခ်ကို အေကာင္းဆုံး ေလ်ာ့က် ထိန္းခ်ဳပ္နိုင္လာေစတာ ေတြ႕ရၿပီး အခ်ိဳ႕ေတြမွာ သဘာဝလြန္ လိင္ဆႏၵနဲ႔ သုတ္လႊတ္မွု နည္းပါးတဲ့ သူေတြ အတြက္ကေတာ့ ကင္ဆာ ျဖစ္နိုင္ေခ် ပိုမ်ားနိုင္တယ္ဆိုတာ သိရွိလာရတာလည္း ျဖစ္ပါတယ္။

အေမရိကန္နိုင္ငံ၊ ကင္ဆာ အဖြဲ႕အစည္းရဲ အဆိုအရေတာ့ အေမရိကန္မွာ အမ်ိဳးသား ၇ေယာက္မွာ ၁ေယာက္ဟာ ဆီးက်ိတ္ကင္ဆာ ျဖစ္နိုင္ေခ် ရွိေနတာ ျဖစ္ၿပီး ၿပီးခဲ့တဲ့ ႏွစ္အတြင္းက ဆီးက်ိတ္ကင္ဆာ ေရာဂါျဖစ္ပြားေနသူ ၁၆၁၃၆၀ထဲကေန ၂၇၀၀၀ခန႔္ ေသဆုံးခဲ့တယ္လို႔လည္း စာရင္းေတြ အရ သိရပါတယ္။ ဒီထဲကမွ ဆီးက်ိတ္ကင္ဆာ ျဖစ္ပြားသူ အားလုံးရဲ့ ၈၅ရာခိုင္ႏွုန္းဟာ အသက္ ၆၅ႏွစ္နဲ႔ အထက္မွာမွ စတင္ ျဖစ္ပြားခဲ့ၾကတာ ျဖစ္ၿပီး အဆိုပါ ေရာဂါခံစားေနရသူေတြ အေနနဲ႔လည္း ငယ္စဥ္ အခ်ိန္မွာ သုတ္လႊတ္မွု နည္းပါးတယ္လို႔ သိရပါတယ္။ ေနာက္ဆက္တြဲ ေတြ႕ရွိခ်က္ အရေတာ့ အသက္ အရြယ္ႀကီးလာေလေလ ဆီးက်ိတ္ကင္ဆာ ျဖစ္နိုင္ေခ်လည္း ပိုမ်ားေလေလ ျဖစ္လာတာ ေတြ႕ရပါတယ္။

ေလ့လာသူေတြကေတာ့ ကင္ဆာ ေရာဂါနဲ႔ ပတ္သတ္ၿပီး အခုခ်ိန္ထိေအာင္ ကုသေပးနိုင္မွု မရွိေသးတာေၾကာင့္ အေကာင္းဆုံး အေနနဲ႔ ကာကြယ္မွု လုပ္ေဆာင္ဖို႔သာ အေကာင္းဆုံး ျဖစ္တယ္လို႔ ဆိုသလို အခုလို သဘာ၀ အတိုင္း သုတ္လႊတ္မွုကို တစ္လ ၂၁ႀကိမ္ထက္ မနည္းေအာင္ ေနထိုင္ရင္း ဆီးက်ိတ္ကင္ဆာ ျဖစ္နိုင္ေခ်ကိုလည္း ေလ်ာ့ခ် ကာကြယ္ထားသင့္တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ စားေသာက္ေနထိုင္မွု၊ ေလ့က်င့္ခန္း လုပ္ေဆာင္မွုနဲ႔ ပုံမွန္ က်န္းမာေရး စစ္ေဆးခ်က္ေတြ လုပ္ေဆာင္ၿပီး ႀကိဳတင္ကာကြယ္မွုေတြ လုပ္ေဆာင္နိုင္မွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

By – KKS / MUNA

Ref:primiciadiario.com

Unicode

အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေနည်းစေဖို့…
..............................
ဒီရောဂါဟာ အမျိုးသမီးတွေမှာထက် အမျိုးသားတွေမှာ ပိုဖြစ်ပါတယ်။ ဒီလို ဆီးကျိတ်ကင်ဆာ မဖြစ်ရအောင် ဘယ်လို နေထိုင်ပါမလဲ။

အမျိုးသားတွေရဲ့ လိင်စိတ်ဖြေဖျောက်မှုနဲ့ ပတ်သတ်ပြီး တကယ်တော့ သုတ်လွှတ်မှုအပိုင်းမှာ ကိုယ်ကိုယ်တိုင် စိတ်ဖြေသိမ့်မှုနဲ့ အတူ လက်ကို အသုံးပြုပြီး သုတ်လွှတ်စေမှုလည်း ဖြစ်စေနိုင်သလို အခြား လိင်ဆက်ဆံမှု အနေအထားမှာလည်း သုတ်လွှတ်မှု ရှိစေနိုင်ပါတယ်။

အခု နောက်ဆုံး ဟားဗက် တက္ကသိုလ်ရဲ့ လေ့လာချက်တွေ အရ အမျိုးသား တစ်ယောက်အနေနဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေကို အကောင်းဆုံး ကာကွယ် တားဆီးနိုင်ဖို့ အတွက် တစ်လကို အနည်းဆုံး သုတ်လွှတ်မှု ၂၁ကြိမ် အနည်းဆုံး လိုအပ်တယ်လို့ တွေ့လာရတာပဲ ဖြစ်ပါတယ်။

လေ့လာချက်တွေ အရတော့ မကြာခဏ သုတ်လွှတ်တတ်သူတွေဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေကို ရာခိုင်နှုန်း သုံးချိုး တစ်ချိုးလောက်ထိအောင် လျော့နည်းစေတာလည်း ဖြစ်ပါတယ်။ အခု လေ့လာချက်မှာ အမျိုးသားပေါင်း ၃၁၉၂၅ယောက်ကို လေ့လာခဲ့တာ ဖြစ်ပြီး အနည်းဆုံး အသက် ၁၈နှစ်နဲ့ အထက် ရှိသူတွေကိုပဲ လေ့လာခဲ့တာ ဖြစ်ပြီး အထူးသဖြင့်တော့ အသက် ၂၀ကနေ ၂၉နှစ်အတွင်း အုပ်စုနဲ့ အသက် ၄၀ကနေ ၄၉နှစ် အတွင်း ရောဂါဖြစ်နိုင်ချေများလာတဲ့ အသက်အရွယ်ရှိ အုပ်စုတွေကို အလေးထား လေ့လာချက် ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။

ဒါကြောင့် သဘာဝအတိုင်း နေထိုင်မှုနဲ့ စိတ်ကျေနပ်မှု ရှိခြင်းဟာ ကင်ဆာ ဖြစ်နိုင်ချေကို အကောင်းဆုံး လျော့ကျ ထိန်းချုပ်နိုင်လာစေတာ တွေ့ရပြီး အချို့တွေမှာ သဘာဝလွန် လိင်ဆန္ဒနဲ့ သုတ်လွှတ်မှု နည်းပါးတဲ့ သူတွေ အတွက်ကတော့ ကင်ဆာ ဖြစ်နိုင်ချေ ပိုများနိုင်တယ်ဆိုတာ သိရှိလာရတာလည်း ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံ၊ ကင်ဆာ အဖွဲ့အစည်းရဲ အဆိုအရတော့ အမေရိကန်မှာ အမျိုးသား ၇ယောက်မှာ ၁ယောက်ဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေ ရှိနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်အတွင်းက ဆီးကျိတ်ကင်ဆာ ရောဂါဖြစ်ပွားနေသူ ၁၆၁၃၆၀ထဲကနေ ၂၇၀၀၀ခန့် သေဆုံးခဲ့တယ်လို့လည်း စာရင်းတွေ အရ သိရပါတယ်။ ဒီထဲကမှ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားသူ အားလုံးရဲ့ ၈၅ရာခိုင်နှုန်းဟာ အသက် ၆၅နှစ်နဲ့ အထက်မှာမှ စတင် ဖြစ်ပွားခဲ့ကြတာ ဖြစ်ပြီး အဆိုပါ ရောဂါခံစားနေရသူတွေ အနေနဲ့လည်း ငယ်စဉ် အချိန်မှာ သုတ်လွှတ်မှု နည်းပါးတယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ တွေ့ရှိချက် အရတော့ အသက် အရွယ်ကြီးလာလေလေ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေလည်း ပိုများလေလေ ဖြစ်လာတာ တွေ့ရပါတယ်။

လေ့လာသူတွေကတော့ ကင်ဆာ ရောဂါနဲ့ ပတ်သတ်ပြီး အခုချိန်ထိအောင် ကုသပေးနိုင်မှု မရှိသေးတာကြောင့် အကောင်းဆုံး အနေနဲ့ ကာကွယ်မှု လုပ်ဆောင်ဖို့သာ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုသလို အခုလို သဘာ၀ အတိုင်း သုတ်လွှတ်မှုကို တစ်လ ၂၁ကြိမ်ထက် မနည်းအောင် နေထိုင်ရင်း ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေကိုလည်း လျော့ချ ကာကွယ်ထားသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်နေထိုင်မှု၊ လေ့ကျင့်ခန်း လုပ်ဆောင်မှုနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးချက်တွေ လုပ်ဆောင်ပြီး ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

By – KKS / MUNA

Ref:primiciadiario.com

0 Comments