Last post

ပါးစပ္နဲ႔ လိင္ဆက္ဆံရင္ ဘယ္လိုေရာဂါေတြ ကူးစက္ႏိုင္သလဲ


ပါးစပ္နဲ႔ လိင္ဆက္ဆံရင္ ဘယ္လိုေရာဂါေတြ ကူးစက္ႏိုင္သလဲ

တစ္ခ်ိဳ႕လူေတြက ပါးစပ္နဲ႔ လိင္ဆက္ဆံတဲ့အခါမွာ STI  (sexually transmitted infections) လို႔ေခၚတဲ့ လိင္မွ တစ္ဆင့္ကူးစက္တဲ့ ေရာဂါေတြ မျဖစ္ႏိုင္ေတာ့ဘူး လို႔ထင္တတ္ၾကတယ္။ တကယ္ေတာ့ ပါးစပ္နဲ႔ လိင္ဆက္ဆံရာမွ တစ္ဆင့္ လိင္ကူးစက္တတ္တဲ့ေရာဂါေတြ (STI ) ေတြ ကူးစက္ႏိုင္ပါေသးတယ္။ STI ေရာဂါတစ္ခ်ိဳ႕ျဖစ္တဲ့ လိင္အဂၤါမွာ ျဖစ္ပြားတဲ့ ေရယုန္ေရာဂါနဲ႔ ဆီးပူေညာင္းက် ေရာဂါ (gonorrhea) တို႔ဟာ ပါးစပ္နဲ႔ လိင္ဆက္ဆံရာမွ ကူးစက္ႏိုင္ပါတယ္။ WHO အဖြဲ႕ရဲ႕ ထုတ္ျပန္ခ်က္အရ ကမာၻတစ္ဝွမ္းမွာ ေန႔စဥ္လိင္မွ တစ္ဆင့္ ျဖစ္ပြားတဲ့ ေရာဂါ အမ်ိဳးေပါင္း ၁ သန္းေလာက္ေတြ႕ရွိေနရၿပီး လိင္မႈကိစၥကို ပုံမွန္လုပ္ျဖစ္ေနတဲ့ သူေတြအေနနဲ႔ STI ေရာဂါ ကူးစက္မႈေတြ ေလ်ာ့က်ေစဖို႔ ဒီေရာဂါေတြ ဘယ္လို ကူးစက္တတ္လဲဆိုတာသိထားဖို႔လိုပါတယ္။ ပါးစပ္ျဖင့္လိင္ဆက္ဆံတဲ့အခါ ခႏၶာကိုယ္က ထြက္တဲ့အရည္ေတြနဲ႔ ထိေတြ႕ေနတဲ့အတြက္ STI ေတြ ကူးစက္ႏိုင္ပါတယ္။ STI ေရာဂါေတြဟာ ခႏၶာကိုယ္က ထြက္တဲ့အရည္ေတြနဲ႔ ကူးစက္ခံထားရတဲ့ အရည္ျပားေတြနဲ႔ ထိေတြ႕တဲ့အခါ ကူးစက္ႏိုင္ၿပီး STI ေရာဂါေတြက အမ်ိဳးမ်ိဳးရွိတာေၾကာင့္ ခႏၶာကိုယ္က ထြက္တဲ့ အရည္ေတြနဲ႔ ထိတဲ့အခါ ျမန္ျမန္ကူးစက္ႏိုင္တဲ့ ေရာဂါေတြရွိသလို ေႏွးေႏွး ကူးစက္တတ္တဲ့ေရာဂါေတြလည္းရွိပါတယ္။

ပါးစပ္မွ တစ္ဆင့္ လိင္ဆက္ဆံတဲ့အခါ အကူးစက္ခံရဆုံး STI ေရာဂါေတြကေတာ့-

လိင္အဂၤါမွာ ျဖစ္ပြားတတ္တဲ့ ေရယုန္ေရာဂါ

ဒီေရာဂါဟာ ေရယုန္ေရာဂါရွိတဲ့ လူတစ္ေယာက္နဲ႔ အဂၤါခ်င္းျဖစ္ေစ၊ ပါးစပ္ခ်င္းျဖစ္ေစ၊ စအိုသို႔ျဖစ္ေစ ထိေတြ႕မိတဲ့အခါမွာ ကူးစက္တတ္တဲ့ ေရာဂါျဖစ္ပါတယ္။ ဒီေရာဂါဟာ ကူးစက္လြယ္တဲ့ ေရာဂါျဖစ္ၿပီး စျဖစ္ျဖစ္ခ်င္း အခ်ိန္မွာ ပိုကူးစက္လြယ္ပါတယ္။
လိင္အဂၤါမွာ ျဖစ္ပြားတဲ့ ေရယုန္ေရာဂါရဲ႕ အဓိကလကၡဏာကေတာ့ မီးေလာင္ရည္ဖုနဲ႔တူတဲ့ အနာေလးေတြ လိင္အဂၤါ တစ္ဝိုက္ထြက္ေပၚလာျခင္းျဖစ္ၿပီး ဒီအနာေတြဟာ ေပါင္တံ၊ တင္ပါး နဲ႔ အနီးတစ္ဝိုက္ေနရာေတြကို ပ်ံ႕ႏွံ႔သြားႏိုင္ပါတယ္။ ေရယုန္အမ်ိဳးအစားအေပၚမူတည္ၿပီး ေရယုန္ေတြဟာ ပါးစပ္၊ လွ်ာနဲ႔ ႏႈတ္ခမ္းေတြမွာလည္း ေပါက္ႏိုင္ပါေသးတယ္။ ကြန္ဒုံးက မဖုံးေပးထားႏိုင္တဲ့ ခႏၶာကိုယ္အစိတ္အပိုင္းေတြမွာ အနာေပါက္ေနမယ္ဆိုရင္ ကြန္ဒုံးေတာင္ ဒီဗိုင္းရပ္စ္ကို မကာကြယ္ႏိုင္ပါဘူး။ ႏႈတ္ခမ္းတစ္ဝိုက္မွာ ေရယုန္ေပါက္ေနတဲ့လူေတြဟာ ႏႈတ္ခမ္းနဲ႔ လိင္ဆက္ဆံမယ္ဆိုရင္ သူ႔ရဲ႕ အေဖာ္ျဖစ္သူကို လိင္အဂၤါမွာေပါက္တဲ့ ေရယုန္ ကူးစက္ေစႏိုင္ပါတယ္။ လူတစ္ေယာက္မွာ ေရယုန္ အနာေတြမရွိဘဲနဲ႔ ေရယုန္ေရာဂါရွိေနႏိုင္သလို တစ္သက္မွာ ေရယုန္တစ္ခါေပါက္ၿပီး ေရာဂါ လကၡဏာ မျပေတာ့ေပမဲ့ ေရယုန္ျဖစ္ေနတဲ့ အခ်ိန္ေတြလည္းရွိႏိုင္ပါတယ္။ ေရယုန္ေရာဂါ လကၡဏာေတြကို ထိန္းသိမ္းလို႔ရေပမဲ့ ကုသလို႔ေတာ့မရပါဘူး။

ဆီးပူေညာင္းက်ေရာဂါ (Gonorrhea)

ဆီးပူေညာင္းက်ေရာဂါ ဆိုတာကလည္း ေရာဂါရွိေနတဲ့ လူရဲ႕ ပါးစပ္၊ စအို၊ အမ်ိဳးသားလိင္အဂၤါ၊ အမ်ိဳးသမီး လိင္အဂၤါေတြမွ ပ်ံ႕ႏွံ႔တတ္တဲ့ ကူးစက္ႏႈန္းျမင့္ေသာ ဗိုင္းရပ္စ္ေရာဂါ ပိုးတစ္မ်ိဳး ျဖစ္ပါတယ္။ ဆီးပူေညာင္းက်ေရာဂါရွိေနလူတစ္ေယာက္ဟာ ပုံမွန္အားျဖင့္ ေရာဂါ လကၡဏာေတြ မျပတတ္ပါဘူး။ ေရာဂါ လကၡဏာ ျပတဲ့ အခ်ိန္ေတြဆိုရင္
  • လိင္အဂၤါက အရည္မ်ားက်ျခင္း၊
  • က်င္ႀကီးစြန္႕တဲ့အခါ နာက်င္ျခင္း၊
  •  ဆီးသြားခ်ိန္ ပူေလာင္ယားယံျခင္း၊
  • အမ်ိဳးသားလိင္အဂၤါမွ အျဖဴေရာင္၊ အစိမ္းေရာင္၊ အဝါေရာင္ အရည္မ်ားက်ျခင္း၊
  •  ဓမၼတာၾကားကာလ ေသြးက်ျခင္းတို႔ ျဖစ္ပြားႏိုင္ပါတယ္။
ဆီးပူေညာင္းက်ေရာဂါ ဟာ ကုသလို႔ရေပမဲ့ မကုသဘဲ ဒီအတိုင္းထားရင္ ျပင္းထန္တဲ့ ေရာဂါသစ္ေတြ ထြက္ေပၚလာႏိုင္ပါတယ္။ အမ်ိဳးသမီးေတြမွာဆိုရင္ ဆီးပူေညာင္းက်ေရာဂါ ကို မကုသဘဲ ထားတဲ့အခါ တင္ပါးဆုံ အ႐ိုးမ်ား ေရာင္ရမ္းတဲ့ ေရာဂါကို ျဖစ္ေစႏိုင္ၿပီး ေနာက္ဆုံး သေႏၶမရေတာ့သည္အထိ ျဖစ္ေစႏိုင္ပါတယ္။ အမ်ိဳးသမီးေတြေလာက္ အျဖစ္မမ်ားေပမဲ့ ဆီးပူေညာင္းက်ေရာဂါ ဟာ အမ်ိဳးသားေတြမွာလည္း သေႏၶမရႏိုင္ေတာ့သည္ အထိျဖစ္ေစႏိုင္ပါတယ္။

ဆစ္ဖလစ္ကာလသားေရာဂါ (Syphilis)

ဆစ္ဖလစ္ကာလသားေရာဂါလည္း ေရာဂါရွိေနတဲ့ အမ်ိဳးသမီး အဂၤါ၊ အမ်ိဳးသားအဂၤါ၊ ပါးစပ္၊ စအို တို႔နဲ႔ ဆစ္ဖလစ္ အနာရွိေနတဲ့ အရည္ျပားနဲ႔ ထိေတြ႕မိတဲ့ အခါ ကူးစက္ႏိုင္တဲ့ ေရာဂါပါ။ ဆစ္ဖလစ္ အနာေတြဟာ သတိမထားမိႏိုင္ေလာက္ေအာင္ ေသးငယ္တဲ့အတြက္ လူတစ္ေယာက္အေနနဲ႔ ဆစ္ဖလစ္ေရာဂါရွိလား၊ မရွိလားသိခ်င္ရင္ ေဆးစစ္ၾကည့္မွပဲ သိႏိုင္မွာ ျဖစ္ပါတယ္။ ဆစ္ဖလစ္ကာလသားေရာဂါကို ကုသႏိုင္ပါတယ္။ ဒါေပမဲ့ မကုသဘဲ ထားမယ္ဆိုရင္ လိင္အဂၤါပ်က္ဆီးျခင္း၊ ဦးေႏွာက္ထိခိုက္မႈေၾကာင့္ျဖစ္တဲ့ စိတ္ေဖာက္ျပန္မႈ နဲ႔ ျပင္းထန္တဲ့ ေရာဂါေတြကို ျဖစ္ေစႏိုင္ပါတယ္။ ေရာဂါ ျဖစ္ျဖစ္ျခင္း ကာလေတြမွာ အရည္ၾကည္ဖုလို အဖုေသးေတြ အမ်ားႀကီးထြက္ႏိုင္ပါတယ္။ ဒီလို အရည္ၾကည္ဖုလို အနာေတြဟာ ဆစ္ဖလစ္ကာလသားေရာဂါ ကူးစက္ခံရတဲ့အခ်ိန္မွာ စတင္ျဖစ္ေပၚတာ ျဖစ္ၿပီး ပါးစပ္နဲ႔ လိင္ဆက္ဆံရာမွ ဆစ္ဖလစ္ကာလသားေရာဂါ ကူးစက္ခံခဲ့ရသူေတြဟာ သူတို႔ရဲ႕ လိင္အဂၤါနဲ႔ ပါးစပ္ေတြတစ္ဝိုက္မွာ အနာဖုေသးေတြရွိေနႏိုင္ပါတယ္။ ဆစ္ဖလစ္ကာလသားေရာဂါ ၾကာလာတာနဲ႔အမွ် အရည္ျပားေပၚမွာ အနီကြက္ေတြ ေပၚလာႏိုင္ၿပီး ခြၽဲက်ိတဲ့ အေျမႇးပါးေတြကို ပ်က္ဆီးေစပါတယ္။ ေရာဂါ ျပင္းလာတာနဲ႔အမွ် ဆစ္ဖလစ္ေၾကာင့္ ႏွလုံးနဲ႔ ဦးေႏွာက္အပါအဝင္ ခႏၶာကိုယ္အဂၤါ ေတြ ပ်က္ဆီးေစပါတယ္။
တစ္ျခား STI ေရာဂါေတြကေတာ့ ပါးစပ္နဲ႔ လိင္ဆက္ဆံရာမွ ကူးစက္ဖို႔ ခဲယဥ္းပါတယ္။ ဒါေပမဲ့ ကူးစက္ႏိုင္ေျခေတာ့ ရွိေနပါေသးတယ္။ အဲ့ဒီ STI ေရာဂါေတြကေတာ့-
HIV (human immunodeficiency virus)
HIV (human immunodeficiency virus) ဗိုင္းရပ္စ္ဟာ ေရာဂါရွိတဲ့ လူတစ္ေယာက္ရဲ႕ ခႏၶာကိုယ္အရည္ေတြဟာ တစ္ျခားလူတစ္ေယာက္ရဲ႕ ေသြးလမ္းေၾကာင္းနဲ႔ တိုက္႐ိုက္ထိေတြ႕မိရင္ ကူးစက္တဲ့ ဗိုင္းရပ္စ္ျဖစ္ပါတယ္။ အေစာပိုင္းကာလေတြမွာေတာ့ HIV ဟာ ဘာေရာဂါ လကၡဏာမွ မျပေသးေပမဲ့ အခ်ိန္ၾကာလာတာနဲ႔ အမွ် ကိုယ္ခံအားစနစ္ကို အားနည္းေစၿပီး acquired immunodeficiency syndrome (AIDS) လို႔ေခၚတဲ့ ေရာဂါ လကၡဏာကို ျဖစ္ေစႏိုင္ပါတယ္။

Chlamydia

Chlamydia ေရာဂါလည္း ေရာဂါရွိေနတဲ့ အမ်ိဳးသမီး အဂၤါ၊ အမ်ိဳးသားအဂၤါ၊ ပါးစပ္၊ စအို တို႔နဲ႔ ထိေတြ႕မိတဲ့ အခါ ကူးစက္ႏိုင္တဲ့ ေရာဂါ ျဖစ္ပါတယ္။ လူအမ်ားစုမွာ Chlamydia ေရာဂါ လကၡဏာေတြ မျပေပမဲ့ အခ်ိန္ၾကာလာတဲ့အခါ လိင္အဂၤါေတြ ယားယံျခင္း၊ ပူေလာင္ျခင္းနဲ႔ ဆီးသြားတဲ့အခါ နာက်င္ျခင္းတို႔ ျဖစ္ေစႏိုင္ပါတယ္။

ဆီးခုံသန္းမ်ား

ဆီးခုံ သန္းမ်ားဟာ လူအေသြးကို အာဟာရျပဳၿပီး ဆီးခုံေမႊးေတြမွာ ေနထိုင္တဲ့ အင္းဆက္ငယ္ေလးေတြ ျဖစ္ပါတယ္။ ဒီအင္းဆက္ေတြဟာ တစ္ျခား ခႏၶာကိုယ္ အေမႊးေတြမွာလည္း ေနထိုင္ႏိုင္ေပမဲ့ ဦးေရျပားမွာေတာ့ မေနထိုင္ၾကပါဘူး။ ဆီးခုံသန္းမ်ားဟာ လူတစ္ေယာက္နဲ႔ တစ္ေယာက္ ခႏၶာကိုယ္ထိၿပီဆိုတာနဲ႔ ခုန္ကာကူးစက္ႏိုင္ပါတယ္။

အသည္းေရာင္ေရာဂါ B၊ C (Hepatitis B and C)

အသည္းေရာင္ေရာဂါပိုး B နဲ႔ C တို႔ဟာ အသည္းကို တိုက္ခိုက္ၾကတဲ့ ဗိုင္းရပ္စ္ပိုးေတြ ျဖစ္ပါတယ္။ ဒီဗိုင္းရပ္စ္ပိုးေတြဟာလည္း ေရာဂါရွိသူနဲ႔ ခႏၶာကိုယ္ထြက္ အရည္ေတြနဲ႔ ထိေတြ႕မိရင္ ကူးစက္ႏိုင္ပါတယ္။ စစခ်င္းေရာဂါလကၡေတြကေတာ့ တုပ္ေကြး အဖ်ားေရာဂါေတြ ျဖစ္တတ္ၿပီး လူတစ္ခ်ိဳ႕မွာေတာ့ ဒီဗိုင္းရပ္စ္ေတြဟာ ျပင္းထန္တဲ့ အသည္းေရာဂါေတြနဲ႔ နာတည္ရွည္ေရာဂါေတြကို ျဖစ္ေစႏိုင္ပါတယ္။

လိင္အဂၤါ အသားပိုေတြ(Genital warts) 

လိင္အဂၤါအသားပိုေတြဟာ လိင္အဂၤါနားတစ္ဝိုက္မွာ human papillomavirus (HPV) ဗိုင္းရပ္စ္ေတြေၾကာင့္ အသားပိုေတြ ျဖစ္တဲ့ ေရာဂါျဖစ္ပါတယ္။ ဒီေရာဂါဟာ လိင္အဂၤါ အသားပို ရွိေနတဲ့ လူနဲ႔ အသားခ်င္းထိတဲ့အခါမွာ ကူးစက္ႏိုင္ပါတယ္။ လိင္အဂၤါ အသားပိုေရာဂါ အမ်ားစုဟာ ဘာေရာဂါ လကၡဏာမွ မရွိတတ္ၾကေပမဲ့ တစ္ခ်ိဳ႕လူေတြကေတာ့ လိင္အဂၤါနားတစ္ဝိုက္ ယားယံျခင္းကို ခံစားၾကရပါတယ္။

HIV နဲ႔ AIDS

HIV ဗိုင္းရပ္စ္ပိုးေတြဟာ အမ်ိဳးသမီး လိင္အဂၤါ၊ အမ်ိဳးသား လိင္အဂၤါနဲ႔ အက်ိအခြၽဲ အေျမႇးပါးေတြမွ ကူးစက္တဲ့ ဗိုင္းရပ္စ္ျဖစ္ၿပီး ဒီဗိုင္းရပ္စ္ေတြဟာ ေသြး၊ မိန္းမႏို႔ရည္၊ အမ်ိဳးသမီး အဂၤါ အရည္၊ စအိုအရည္၊ သုတ္ရည္ နဲ႔ သုတ္ရည္အရင္ထြက္တဲ့ အရည္မ်ားနဲ႔ တစ္ျခားလူတစ္ေယာက္ရဲ႕ ပင္မေသြးစီးေၾကာင္းနဲ႔ထိေတြ႕ရင္ ကူးစက္ႏိုင္ပါတယ္။
HIV ဗိုင္းရပ္စ္ ကူးစက္ဖို႔အတြက္ နည္းလမ္း ၃ လမ္းရွိပါတယ္။
  •  ပြင့္ေနတဲ့ ဒဏ္ရာနဲ႔ ကိုယ့္ခႏၶာကိုယ္ဒဏ္ရာနဲ႔ ထိေတြ႕ျခင္း ( ဒဏ္ရာ ေသးေသးပင္ျဖစ္ပါေစ ကူးစက္ႏိုင္ပါတယ္။)
  • အမ်ိဳးသမီး အဂၤါလိုအက်ိအခြၽဲ အေျမႇးပါးနဲ႔ ခႏၶာကိုယ္ေသြးစီးေၾကာင္း တိုက္႐ိုက္ထိေတြ႕ျခင္း၊
  • ေသြးစီးေၾကာင္း အခ်င္းခ်င္း တိုက္႐ိုက္ထိေတြ႕ျခင္း ( ေဆးထိုးအပ္ အတူတကြ သုံးစြဲတဲ့အခါမ်ိဳး)    
ပါးစပ္ျဖင့္ လိင္ဆက္ဆံတဲ့အခါ ေသြးစီးေၾကာင္းခ်င္းေတာ့ တိုက္႐ိုက္မထိေတြ႕ၾကပါဘူး။ ဒါေပမဲ့ HIV ဗိုင္းရပ္စ္ရွိတဲ့ လူတစ္ေယာက္ဆီက ခႏၶာကိုယ္ထြက္အရည္ေတြဟာ တစ္ျခားတစ္ေယာက္ရဲ႕ ပါးစပ္က ေပါက္ၿပဲေနတဲ့ ဒဏ္ရာေတြ၊ ေပါက္ၿပဲေနတဲ့ အက်ိအခြၽဲ အေျမႇးပါးေတြနဲ႔ တိုက္႐ိုက္ထိေတြ႕မယ္ဆိုရင္ေတာ့ ကူးစက္ႏိုင္ပါတယ္။ HIV ဗိုင္းရပ္စ္ပိုး ကူးစက္ခ်ိန္ၾကာျမင့္လာတဲ့အခ်ိန္မွာ ခႏၶာကိုယ္ ကိုယ္ခံအားစနစ္က ခ်ိဳ႕ယြင္းသြားပါေတာ့တယ္။ ဒီအခ်ိန္ကို acquired immunodeficiency syndrome (AIDS) လို႔ေခၚတဲ့ ေရာဂါ လကၡဏာလို႔ အမည္ေပးထားပါတယ္။ AIDS ေရာဂါ လကၡဏာဟာ ပုံမွန္မဟုတ္တဲ့ ကူးစက္ျခင္းမ်ားနဲ႔ ဖ်ားနားျခင္း အမ်ိဳးမ်ိဳး ကို ျဖစ္ပြားေစႏိုင္ၿပီး HIV ဗိုင္းရပ္စ္ပိုး ကူးစပ္ၿပီးမွ AIDS ေရာဂါ လကၡဏာ ျဖစ္လာတာ ျဖစ္ပါတယ္။ AIDS ေရာဂါ လကၡဏာႀကီးတိုက္႐ိုက္ကူးတယ္ဆိုတာ မရွိပါဘူး။ HIV ဗိုင္းရပ္စ္ပိုး ဘယ္ေလာက္ပ်ံ႕ႏွံ႔ ကူးစက္ႏိုင္လဲဆိုတာ အခ်ိန္နဲ႔ေရာ၊ ကုသမႈနဲ႔ေရာ သက္ဆိုင္ပါေသးတယ္။ ေသြးထဲမွာ ဗိုင္းရပ္စ္ပိုး ပိုမ်ားေနေလ ပိုကူးစက္လြယ္ေလပါပဲ။

တားဆီးႏိုင္ရန္

လိင္ဆက္ဆံရာမွ တစ္ဆင့္ ကူးစက္ႏိုင္တဲ့ STI ေရာဂါ ကူးစက္ႏိုင္ေျခကို အၿပီးသတ္တားဆီးဖို႔ကေတာ့ ပါးစပ္နဲ႔ပဲျဖစ္ျဖစ္၊ စအိုပိုင္းဆိုင္ရာပဲျဖစ္ျဖစ္၊ အမ်ိဳးသမီး အဂၤါနဲ႔ပဲ ျဖစ္ျဖစ္ လိင္ဆက္ဆံတာကို ေရွာင္ဖို႔ပါပဲ။ မေရွာင္ႏိုင္ဘူးဆိုတဲ့ လိင္မႈ ကိစၥ ပုံမွန္ရွိေနတဲ့ လူေတြအေနနဲ႔ကလည္း
  • STI ေရာဂါ စစ္ေဆးခ်က္ေတြကို ကိုယ္တိုင္ေရာ၊ မိမိရဲ႕ အေဖာ္ျဖစ္သူကိုေရာ စစ္ေဆးခိုင္းတာမ်ိဳး၊
  • Monogamous လို႔ေခၚတဲ့ တစ္လင္တစ္မယားစနစ္က်င့္သုံးတာမ်ိဳး။
  • အတားအဆီးနည္းလမ္းေတြ ျဖစ္တဲ့ ကြန္ဒုံး ၊ dental dam လို႔ေခၚတဲ့ ပါးစပ္နဲ႔ လိင္ဆက္ဆံခ်ိန္မွာ ဝတ္ဆင္ရတဲ့ မေဖာက္ထြင္းႏိုင္တဲ့ ပစၥည္းမ်ိဳးသုံးတာမ်ိဳး
  • မ်က္စိနဲ႔ ျမင္ရတဲ့ ေရယုန္၊ လိင္အဂၤါ အသားပို၊ ဆီးခုံသန္း နဲ႔ ဆစ္ဖလစ္ေရာဂါရွိေနတဲ့ လူေတြနဲ႔ လိင္ဆက္ဆံျခင္းကို ေရွာင္ၾကဥ္တာမ်ိဳး။
  • STI ေရာဂါေတြရွိလားဆိုတာ အလ်င္အျမန္ စမ္းသပ္ျခင္းက ဒီကူးစက္ေရာဂါေတြ ပ်ံ႕ပြားျခင္းကို ကာကြယ္ ေပးပါတယ္။

ၿခဳံငုံသုံးသပ္ရလွ်င္

လိင္မႈကိစၥ ပုံမွန္ျပဳလုပ္ေနတဲ့ လူေတြဟာ STI ေရာဂါရွိေနတဲ့ လူနဲ႔ ပါးစပ္မွ လိင္ဆက္ဆံရင္ ကူးစက္ႏိုင္ေျခ အေၾကာင္းသိဖို႔ ဆရာဝန္ေတြနဲ႔ သြားေရာက္ေဆြးေႏြးသင့္ပါတယ္။ တစ္ခ်ိဳ႕ကိစၥေတြမွာ STI ကူးစက္ႏိုင္ျခင္းကို ကာကြယ္ဖို႔အတြက္ ႀကိဳတင္တားဆီးမႈေတြ လုပ္သင့္ပါတယ္။ က်န္ ကိစၥေတြကိုေတာ့ မိမိရဲ႕ အေဖာ္ျဖစ္သူနဲ႔ က်န္းမာေရး သတင္းအခ်က္အလက္ေတြကို အၿမဲတမ္းေဝမွ်ေနသင့္ပါတယ္။ က်န္းမာေရးအတြက္ အေရးႀကီးတဲ့ သတင္းအခ်က္အလက္ေတြကို Hello ဆရာ၀န္မွာ ယုံၾကည္စိတ္ခ်စြာ ရယူႏိုင္ပါတယ္။

Credit : Arkar Hein

#Unicode

ပါးစပ်နဲ့ လိင်ဆက်ဆံရင် ဘယ်လိုရောဂါတွေ ကူးစက်နိုင်သလဲ
......................................
တစ်ချို့လူတွေက ပါးစပ်နဲ့ လိင်ဆက်ဆံတဲ့အခါမှာ STI  (sexually transmitted infections) လို့ခေါ်တဲ့ လိင်မှ တစ်ဆင့်ကူးစက်တဲ့ ရောဂါတွေ မဖြစ်နိုင်တော့ဘူး လို့ထင်တတ်ကြတယ်။ တကယ်တော့ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ တစ်ဆင့် လိင်ကူးစက်တတ်တဲ့ရောဂါတွေ (STI ) တွေ ကူးစက်နိုင်ပါသေးတယ်။ STI ရောဂါတစ်ချို့ဖြစ်တဲ့ လိင်အင်္ဂါမှာ ဖြစ်ပွားတဲ့ ရေယုန်ရောဂါနဲ့ ဆီးပူညောင်းကျ ရောဂါ (gonorrhea) တို့ဟာ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ ကူးစက်နိုင်ပါတယ်။ WHO အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းမှာ နေ့စဉ်လိင်မှ တစ်ဆင့် ဖြစ်ပွားတဲ့ ရောဂါ အမျိုးပေါင်း ၁ သန်းလောက်တွေ့ရှိနေရပြီး လိင်မှုကိစ္စကို ပုံမှန်လုပ်ဖြစ်နေတဲ့ သူတွေအနေနဲ့ STI ရောဂါ ကူးစက်မှုတွေ လျော့ကျစေဖို့ ဒီရောဂါတွေ ဘယ်လို ကူးစက်တတ်လဲဆိုတာသိထားဖို့လိုပါတယ်။ ပါးစပ်ဖြင့်လိင်ဆက်ဆံတဲ့အခါ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေနဲ့ ထိတွေ့နေတဲ့အတွက် STI တွေ ကူးစက်နိုင်ပါတယ်။ STI ရောဂါတွေဟာ ခန္ဓာကိုယ်က ထွက်တဲ့အရည်တွေနဲ့ ကူးစက်ခံထားရတဲ့ အရည်ပြားတွေနဲ့ ထိတွေ့တဲ့အခါ ကူးစက်နိုင်ပြီး STI ရောဂါတွေက အမျိုးမျိုးရှိတာကြောင့် ခန္ဓာကိုယ်က ထွက်တဲ့ အရည်တွေနဲ့ ထိတဲ့အခါ မြန်မြန်ကူးစက်နိုင်တဲ့ ရောဂါတွေရှိသလို နှေးနှေး ကူးစက်တတ်တဲ့ရောဂါတွေလည်းရှိပါတယ်။

ပါးစပ်မှ တစ်ဆင့် လိင်ဆက်ဆံတဲ့အခါ အကူးစက်ခံရဆုံး STI ရောဂါတွေကတော့-

လိင်အင်္ဂါမှာ ဖြစ်ပွားတတ်တဲ့ ရေယုန်ရောဂါ

ဒီရောဂါဟာ ရေယုန်ရောဂါရှိတဲ့ လူတစ်ယောက်နဲ့ အင်္ဂါချင်းဖြစ်စေ၊ ပါးစပ်ချင်းဖြစ်စေ၊ စအိုသို့ဖြစ်စေ ထိတွေ့မိတဲ့အခါမှာ ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါဟာ ကူးစက်လွယ်တဲ့ ရောဂါဖြစ်ပြီး စဖြစ်ဖြစ်ချင်း အချိန်မှာ ပိုကူးစက်လွယ်ပါတယ်။

လိင်အင်္ဂါမှာ ဖြစ်ပွားတဲ့ ရေယုန်ရောဂါရဲ့ အဓိကလက္ခဏာကတော့ မီးလောင်ရည်ဖုနဲ့တူတဲ့ အနာလေးတွေ လိင်အင်္ဂါ တစ်ဝိုက်ထွက်ပေါ်လာခြင်းဖြစ်ပြီး ဒီအနာတွေဟာ ပေါင်တံ၊ တင်ပါး နဲ့ အနီးတစ်ဝိုက်နေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။ ရေယုန်အမျိုးအစားအပေါ်မူတည်ပြီး ရေယုန်တွေဟာ ပါးစပ်၊ လျှာနဲ့ နှုတ်ခမ်းတွေမှာလည်း ပေါက်နိုင်ပါသေးတယ်။ ကွန်ဒုံးက မဖုံးပေးထားနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အနာပေါက်နေမယ်ဆိုရင် ကွန်ဒုံးတောင် ဒီဗိုင်းရပ်စ်ကို မကာကွယ်နိုင်ပါဘူး။ နှုတ်ခမ်းတစ်ဝိုက်မှာ ရေယုန်ပေါက်နေတဲ့လူတွေဟာ နှုတ်ခမ်းနဲ့ လိင်ဆက်ဆံမယ်ဆိုရင် သူ့ရဲ့ အဖော်ဖြစ်သူကို လိင်အင်္ဂါမှာပေါက်တဲ့ ရေယုန် ကူးစက်စေနိုင်ပါတယ်။ လူတစ်ယောက်မှာ ရေယုန် အနာတွေမရှိဘဲနဲ့ ရေယုန်ရောဂါရှိနေနိုင်သလို တစ်သက်မှာ ရေယုန်တစ်ခါပေါက်ပြီး ရောဂါ လက္ခဏာ မပြတော့ပေမဲ့ ရေယုန်ဖြစ်နေတဲ့ အချိန်တွေလည်းရှိနိုင်ပါတယ်။ ရေယုန်ရောဂါ လက္ခဏာတွေကို ထိန်းသိမ်းလို့ရပေမဲ့ ကုသလို့တော့မရပါဘူး။

ဆီးပူညောင်းကျရောဂါ (Gonorrhea)

ဆီးပူညောင်းကျရောဂါ ဆိုတာကလည်း ရောဂါရှိနေတဲ့ လူရဲ့ ပါးစပ်၊ စအို၊ အမျိုးသားလိင်အင်္ဂါ၊ အမျိုးသမီး လိင်အင်္ဂါတွေမှ ပျံ့နှံ့တတ်တဲ့ ကူးစက်နှုန်းမြင့်သော ဗိုင်းရပ်စ်ရောဂါ ပိုးတစ်မျိုး ဖြစ်ပါတယ်။ ဆီးပူညောင်းကျရောဂါရှိနေလူတစ်ယောက်ဟာ ပုံမှန်အားဖြင့် ရောဂါ လက္ခဏာတွေ မပြတတ်ပါဘူး။ ရောဂါ လက္ခဏာ ပြတဲ့ အချိန်တွေဆိုရင်

-လိင်အင်္ဂါက အရည်များကျခြင်း၊
-ကျင်ကြီးစွန့်တဲ့အခါ နာကျင်ခြင်း၊
- ဆီးသွားချိန် ပူလောင်ယားယံခြင်း၊
-အမျိုးသားလိင်အင်္ဂါမှ အဖြူရောင်၊ အစိမ်းရောင်၊ အဝါရောင် အရည်များကျခြင်း၊
- ဓမ္မတာကြားကာလ သွေးကျခြင်းတို့ ဖြစ်ပွားနိုင်ပါတယ်။

ဆီးပူညောင်းကျရောဂါ ဟာ ကုသလို့ရပေမဲ့ မကုသဘဲ ဒီအတိုင်းထားရင် ပြင်းထန်တဲ့ ရောဂါသစ်တွေ ထွက်ပေါ်လာနိုင်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ဆီးပူညောင်းကျရောဂါ ကို မကုသဘဲ ထားတဲ့အခါ တင်ပါးဆုံ အရိုးများ ရောင်ရမ်းတဲ့ ရောဂါကို ဖြစ်စေနိုင်ပြီး နောက်ဆုံး သန္ဓေမရတော့သည်အထိ ဖြစ်စေနိုင်ပါတယ်။ အမျိုးသမီးတွေလောက် အဖြစ်မများပေမဲ့ ဆီးပူညောင်းကျရောဂါ ဟာ အမျိုးသားတွေမှာလည်း သန္ဓေမရနိုင်တော့သည် အထိဖြစ်စေနိုင်ပါတယ်။

ဆစ်ဖလစ်ကာလသားရောဂါ (Syphilis)

ဆစ်ဖလစ်ကာလသားရောဂါလည်း ရောဂါရှိနေတဲ့ အမျိုးသမီး အင်္ဂါ၊ အမျိုးသားအင်္ဂါ၊ ပါးစပ်၊ စအို တို့နဲ့ ဆစ်ဖလစ် အနာရှိနေတဲ့ အရည်ပြားနဲ့ ထိတွေ့မိတဲ့ အခါ ကူးစက်နိုင်တဲ့ ရောဂါပါ။ ဆစ်ဖလစ် အနာတွေဟာ သတိမထားမိနိုင်လောက်အောင် သေးငယ်တဲ့အတွက် လူတစ်ယောက်အနေနဲ့ ဆစ်ဖလစ်ရောဂါရှိလား၊ မရှိလားသိချင်ရင် ဆေးစစ်ကြည့်မှပဲ သိနိုင်မှာ ဖြစ်ပါတယ်။ ဆစ်ဖလစ်ကာလသားရောဂါကို ကုသနိုင်ပါတယ်။ ဒါပေမဲ့ မကုသဘဲ ထားမယ်ဆိုရင် လိင်အင်္ဂါပျက်ဆီးခြင်း၊ ဦးနှောက်ထိခိုက်မှုကြောင့်ဖြစ်တဲ့ စိတ်ဖောက်ပြန်မှု နဲ့ ပြင်းထန်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ ရောဂါ ဖြစ်ဖြစ်ခြင်း ကာလတွေမှာ အရည်ကြည်ဖုလို အဖုသေးတွေ အများကြီးထွက်နိုင်ပါတယ်။ ဒီလို အရည်ကြည်ဖုလို အနာတွေဟာ ဆစ်ဖလစ်ကာလသားရောဂါ ကူးစက်ခံရတဲ့အချိန်မှာ စတင်ဖြစ်ပေါ်တာ ဖြစ်ပြီး ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ ဆစ်ဖလစ်ကာလသားရောဂါ ကူးစက်ခံခဲ့ရသူတွေဟာ သူတို့ရဲ့ လိင်အင်္ဂါနဲ့ ပါးစပ်တွေတစ်ဝိုက်မှာ အနာဖုသေးတွေရှိနေနိုင်ပါတယ်။ ဆစ်ဖလစ်ကာလသားရောဂါ ကြာလာတာနဲ့အမျှ အရည်ပြားပေါ်မှာ အနီကွက်တွေ ပေါ်လာနိုင်ပြီး ချွဲကျိတဲ့ အမြှေးပါးတွေကို ပျက်ဆီးစေပါတယ်။ ရောဂါ ပြင်းလာတာနဲ့အမျှ ဆစ်ဖလစ်ကြောင့် နှလုံးနဲ့ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်အင်္ဂါ တွေ ပျက်ဆီးစေပါတယ်။

တစ်ခြား STI ရောဂါတွေကတော့ ပါးစပ်နဲ့ လိင်ဆက်ဆံရာမှ ကူးစက်ဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ ကူးစက်နိုင်ခြေတော့ ရှိနေပါသေးတယ်။ အဲ့ဒီ STI ရောဂါတွေကတော့-

HIV (human immunodeficiency virus)

HIV (human immunodeficiency virus) ဗိုင်းရပ်စ်ဟာ ရောဂါရှိတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အရည်တွေဟာ တစ်ခြားလူတစ်ယောက်ရဲ့ သွေးလမ်းကြောင်းနဲ့ တိုက်ရိုက်ထိတွေ့မိရင် ကူးစက်တဲ့ ဗိုင်းရပ်စ်ဖြစ်ပါတယ်။ အစောပိုင်းကာလတွေမှာတော့ HIV ဟာ ဘာရောဂါ လက္ခဏာမှ မပြသေးပေမဲ့ အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ခံအားစနစ်ကို အားနည်းစေပြီး acquired immunodeficiency syndrome (AIDS) လို့ခေါ်တဲ့ ရောဂါ လက္ခဏာကို ဖြစ်စေနိုင်ပါတယ်။

Chlamydia

Chlamydia ရောဂါလည်း ရောဂါရှိနေတဲ့ အမျိုးသမီး အင်္ဂါ၊ အမျိုးသားအင်္ဂါ၊ ပါးစပ်၊ စအို တို့နဲ့ ထိတွေ့မိတဲ့ အခါ ကူးစက်နိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။ လူအများစုမှာ Chlamydia ရောဂါ လက္ခဏာတွေ မပြပေမဲ့ အချိန်ကြာလာတဲ့အခါ လိင်အင်္ဂါတွေ ယားယံခြင်း၊ ပူလောင်ခြင်းနဲ့ ဆီးသွားတဲ့အခါ နာကျင်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
ဆီးခုံသန်းများ

ဆီးခုံ သန်းများဟာ လူအသွေးကို အာဟာရပြုပြီး ဆီးခုံမွှေးတွေမှာ နေထိုင်တဲ့ အင်းဆက်ငယ်လေးတွေ ဖြစ်ပါတယ်။ ဒီအင်းဆက်တွေဟာ တစ်ခြား ခန္ဓာကိုယ် အမွှေးတွေမှာလည်း နေထိုင်နိုင်ပေမဲ့ ဦးရေပြားမှာတော့ မနေထိုင်ကြပါဘူး။ ဆီးခုံသန်းများဟာ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ထိပြီဆိုတာနဲ့ ခုန်ကာကူးစက်နိုင်ပါတယ်။

အသည်းရောင်ရောဂါ B၊ C (Hepatitis B and C)

အသည်းရောင်ရောဂါပိုး B နဲ့ C တို့ဟာ အသည်းကို တိုက်ခိုက်ကြတဲ့ ဗိုင်းရပ်စ်ပိုးတွေ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးတွေဟာလည်း ရောဂါရှိသူနဲ့ ခန္ဓာကိုယ်ထွက် အရည်တွေနဲ့ ထိတွေ့မိရင် ကူးစက်နိုင်ပါတယ်။ စစချင်းရောဂါလက္ခတွေကတော့ တုပ်ကွေး အဖျားရောဂါတွေ ဖြစ်တတ်ပြီး လူတစ်ချို့မှာတော့ ဒီဗိုင်းရပ်စ်တွေဟာ ပြင်းထန်တဲ့ အသည်းရောဂါတွေနဲ့ နာတည်ရှည်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

လိင်အင်္ဂါ အသားပိုတွေ(Genital warts)

လိင်အင်္ဂါအသားပိုတွေဟာ လိင်အင်္ဂါနားတစ်ဝိုက်မှာ human papillomavirus (HPV) ဗိုင်းရပ်စ်တွေကြောင့် အသားပိုတွေ ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဒီရောဂါဟာ လိင်အင်္ဂါ အသားပို ရှိနေတဲ့ လူနဲ့ အသားချင်းထိတဲ့အခါမှာ ကူးစက်နိုင်ပါတယ်။ လိင်အင်္ဂါ အသားပိုရောဂါ အများစုဟာ ဘာရောဂါ လက္ခဏာမှ မရှိတတ်ကြပေမဲ့ တစ်ချို့လူတွေကတော့ လိင်အင်္ဂါနားတစ်ဝိုက် ယားယံခြင်းကို ခံစားကြရပါတယ်။

HIV နဲ့ AIDS

HIV ဗိုင်းရပ်စ်ပိုးတွေဟာ အမျိုးသမီး လိင်အင်္ဂါ၊ အမျိုးသား လိင်အင်္ဂါနဲ့ အကျိအချွဲ အမြှေးပါးတွေမှ ကူးစက်တဲ့ ဗိုင်းရပ်စ်ဖြစ်ပြီး ဒီဗိုင်းရပ်စ်တွေဟာ သွေး၊ မိန်းမနို့ရည်၊ အမျိုးသမီး အင်္ဂါ အရည်၊ စအိုအရည်၊ သုတ်ရည် နဲ့ သုတ်ရည်အရင်ထွက်တဲ့ အရည်များနဲ့ တစ်ခြားလူတစ်ယောက်ရဲ့ ပင်မသွေးစီးကြောင်းနဲ့ထိတွေ့ရင် ကူးစက်နိုင်ပါတယ်။

HIV ဗိုင်းရပ်စ် ကူးစက်ဖို့အတွက် နည်းလမ်း ၃ လမ်းရှိပါတယ်။

-ပွင့်နေတဲ့ ဒဏ်ရာနဲ့ ကိုယ့်ခန္ဓာကိုယ်ဒဏ်ရာနဲ့ ထိတွေ့ခြင်း ( ဒဏ်ရာ သေးသေးပင်ဖြစ်ပါစေ ကူးစက်နိုင်ပါတယ်။)
-အမျိုးသမီး အင်္ဂါလိုအကျိအချွဲ အမြှေးပါးနဲ့ ခန္ဓာကိုယ်သွေးစီးကြောင်း တိုက်ရိုက်ထိတွေ့ခြင်း၊
- သွေးစီးကြောင်း အချင်းချင်း တိုက်ရိုက်ထိတွေ့ခြင်း ( ဆေးထိုးအပ် အတူတကွ သုံးစွဲတဲ့အခါမျိုး)   

ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါ သွေးစီးကြောင်းချင်းတော့ တိုက်ရိုက်မထိတွေ့ကြပါဘူး။ ဒါပေမဲ့ HIV ဗိုင်းရပ်စ်ရှိတဲ့ လူတစ်ယောက်ဆီက ခန္ဓာကိုယ်ထွက်အရည်တွေဟာ တစ်ခြားတစ်ယောက်ရဲ့ ပါးစပ်က ပေါက်ပြဲနေတဲ့ ဒဏ်ရာတွေ၊ ပေါက်ပြဲနေတဲ့ အကျိအချွဲ အမြှေးပါးတွေနဲ့ တိုက်ရိုက်ထိတွေ့မယ်ဆိုရင်တော့ ကူးစက်နိုင်ပါတယ်။ HIV ဗိုင်းရပ်စ်ပိုး ကူးစက်ချိန်ကြာမြင့်လာတဲ့အချိန်မှာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်က ချို့ယွင်းသွားပါတော့တယ်။ ဒီအချိန်ကို acquired immunodeficiency syndrome (AIDS) လို့ခေါ်တဲ့ ရောဂါ လက္ခဏာလို့ အမည်ပေးထားပါတယ်။ AIDS ရောဂါ လက္ခဏာဟာ ပုံမှန်မဟုတ်တဲ့ ကူးစက်ခြင်းများနဲ့ ဖျားနားခြင်း အမျိုးမျိုး ကို ဖြစ်ပွားစေနိုင်ပြီး HIV ဗိုင်းရပ်စ်ပိုး ကူးစပ်ပြီးမှ AIDS ရောဂါ လက္ခဏာ ဖြစ်လာတာ ဖြစ်ပါတယ်။ AIDS ရောဂါ လက္ခဏာကြီးတိုက်ရိုက်ကူးတယ်ဆိုတာ မရှိပါဘူး။ HIV ဗိုင်းရပ်စ်ပိုး ဘယ်လောက်ပျံ့နှံ့ ကူးစက်နိုင်လဲဆိုတာ အချိန်နဲ့ရော၊ ကုသမှုနဲ့ရော သက်ဆိုင်ပါသေးတယ်။ သွေးထဲမှာ ဗိုင်းရပ်စ်ပိုး ပိုများနေလေ ပိုကူးစက်လွယ်လေပါပဲ။

တားဆီးနိုင်ရန်

လိင်ဆက်ဆံရာမှ တစ်ဆင့် ကူးစက်နိုင်တဲ့ STI ရောဂါ ကူးစက်နိုင်ခြေကို အပြီးသတ်တားဆီးဖို့ကတော့ ပါးစပ်နဲ့ပဲဖြစ်ဖြစ်၊ စအိုပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ အမျိုးသမီး အင်္ဂါနဲ့ပဲ ဖြစ်ဖြစ် လိင်ဆက်ဆံတာကို ရှောင်ဖို့ပါပဲ။ မရှောင်နိုင်ဘူးဆိုတဲ့ လိင်မှု ကိစ္စ ပုံမှန်ရှိနေတဲ့ လူတွေအနေနဲ့ကလည်း

-STI ရောဂါ စစ်ဆေးချက်တွေကို ကိုယ်တိုင်ရော၊ မိမိရဲ့ အဖော်ဖြစ်သူကိုရော စစ်ဆေးခိုင်းတာမျိုး၊
-Monogamous လို့ခေါ်တဲ့ တစ်လင်တစ်မယားစနစ်ကျင့်သုံးတာမျိုး။
-အတားအဆီးနည်းလမ်းတွေ ဖြစ်တဲ့ ကွန်ဒုံး ၊ dental dam လို့ခေါ်တဲ့ ပါးစပ်နဲ့ လိင်ဆက်ဆံချိန်မှာ ဝတ်ဆင်ရတဲ့ မဖောက်ထွင်းနိုင်တဲ့ ပစ္စည်းမျိုးသုံးတာမျိုး
-မျက်စိနဲ့ မြင်ရတဲ့ ရေယုန်၊ လိင်အင်္ဂါ အသားပို၊ ဆီးခုံသန်း နဲ့ ဆစ်ဖလစ်ရောဂါရှိနေတဲ့ လူတွေနဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်တာမျိုး။
- STI ရောဂါတွေရှိလားဆိုတာ အလျင်အမြန် စမ်းသပ်ခြင်းက ဒီကူးစက်ရောဂါတွေ ပျံ့ပွားခြင်းကို ကာကွယ် ပေးပါတယ်။

ခြုံငုံသုံးသပ်ရလျှင်

လိင်မှုကိစ္စ ပုံမှန်ပြုလုပ်နေတဲ့ လူတွေဟာ STI ရောဂါရှိနေတဲ့ လူနဲ့ ပါးစပ်မှ လိင်ဆက်ဆံရင် ကူးစက်နိုင်ခြေ အကြောင်းသိဖို့ ဆရာဝန်တွေနဲ့ သွားရောက်ဆွေးနွေးသင့်ပါတယ်။ တစ်ချို့ကိစ္စတွေမှာ STI ကူးစက်နိုင်ခြင်းကို ကာကွယ်ဖို့အတွက် ကြိုတင်တားဆီးမှုတွေ လုပ်သင့်ပါတယ်။ ကျန် ကိစ္စတွေကိုတော့ မိမိရဲ့ အဖော်ဖြစ်သူနဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေကို အမြဲတမ်းဝေမျှနေသင့်ပါတယ်။ ကျန်းမာရေးအတွက် အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို Hello ဆရာဝန်မှာ ယုံကြည်စိတ်ချစွာ ရယူနိုင်ပါတယ်။

Credit : Arkar Hein  

0 Comments