ခုခံအားက်ဆင္းမႈေရာဂါ ဘယ္လိုကူးစက္လဲ
.......................
HIV ေရာဂါပုိးသည္ ခႏၶာကုိယ္ရွိ အရည္မ်ားမွတစ္ဆင့္
ကူးစက္ႏုိင္ပါသည္။ ဥပမာ – ေသြး၊ သုတ္ရည္၊ သုတ္မလႊတ္ခင္ ထြက္ေသာ အရည္၊ စအုိမွ အရည္၊
ေယာနိမွ အရည္ႏွင့္ ႏုိ႔ရည္တို႔ ျဖစ္ပါသည္။ အကာအကြယ္မပါဘဲ လိင္ဆက္ဆံျခင္း၊ ေဆးထုိးအပ္ကုိ
အတူတကြ သုံးစြဲျခင္း တုိ႔သည္ ေရာဂါပုိး ကူးစက္ႏုိင္ေသာ အေျခအေနမ်ား ျဖစ္ပါသည္။
ေအာက္ေဖာ္ျပပါ အခ်က္မ်ားရွိလွ်င္ ေရာဂါပုိး
ကူးစက္ႏုိင္ေျခမ်ားပါသည္။
အကာအကြယ္မပါဘဲ လိင္ဆက္ဆံျခင္း၊ (ပုံမွန္
အတုိင္းျဖစ္ေစ၊ ပါးစပ္ႏွင့္ လိင္ဆက္ဆံသည္ ျဖစ္ေစ) ကြန္ဒုံးမသုံးဘဲ လိင္ဆက္ဆံပါက ေရာဂါပုိး
ကူးစက္ႏိုင္ပါသည္။ ထုိ႔အျပင္ လိင္ဆက္ဆံေဖာ္ တစ္ေယာက္ထက္ ပုိပါက သုိ႔မဟုတ္ မိမိဆက္ဆံေသာ
အမိ်ဳးသားက တျခားေသာ အမ်ိဳးသား တစ္ေယာက္ႏွင့္ ထပ္၍ လိင္ဆက္ဆံပါက ေရာဂါပုိး ပုိ၍ ကူးစက္ႏိုင္ပါသည္။
HIV ေရာဂါသည္ လိင္ဆက္ဆံျခင္းမွ အဓိက
ကူးပါသလား။ ကူးပါသည္။ အဘယ္ေၾကာင့္ဆုိေသာ္ ေရာဂါပုိးမႊားမ်ားရွိေသာ အရည္သည္ ေယာနိ၊ ပါးစပ္တြင္
အနာရွိလွ်င္ ကာလသား ေရာဂါရွိလွ်င္ ကူးႏုိင္ပါသည္။ မိန္းကေလးမ်ားသည္ ပုိ၍ ကူးစက္ႏိုင္ပါသည္။
အဘယ္ေၾကာင့္ဆိုေသာ္ မိန္းမအဂၤါမ်ားသည္ ပုိ၍ပါးေသာေၾကာင့္ ျဖစ္ပါသည္။
ပါးစပ္ႏွင့္ လိင္ဆက္ဆံျခင္းသည္ ကူးစက္ႏို္င္ေျခ
နည္းပါးပါသည္။ သုိ႔ေသာ္ ပါးစပ္ထဲသုိ႔ ေရာဂါရွိသူ၏ ေသြး၊ သုတ္ရည္ႏွင့္ တျခား အရည္မ်ား
ဝင္လွ်င္ ေရာဂါျဖစ္ႏုိင္ပါသည္။ လိင္ဆက္ဆံေရး လမ္းေၾကာင္းတြင္ အနာမ်ားရွိလွ်င္ ကူးစက္ႏုိင္ပါသည္။
ပါးစပ္တြင္ အနာရွိျခင္း၊ သြားဖုံး ေသြးယုိျခင္း၊
လိင္အဂၤါ အနာျဖစ္ျခင္း ကာလသားေရာဂါ ရွိျခင္းသည္ ပါးစပ္ႏွင့္ လိင္ဆက္ဆံေသာ္လည္း ကူးစက္ႏုိင္ပါသည္။
ေဆးအလြဲသုံးစားလုပ္ျခင္း၊ ေဆးသုံးျခင္းသည္
တုိက္႐ုိက္ မသက္ဆုိင္ေသာ္လည္း ေဆးထုိးျခင္း၊ အရက္ေသာက္ျခင္း၊ ေဆးလိပ္ေသာက္ျခင္း၊ ေဆးစားျခင္း၊
ေဆးရွဴျခင္းမ်ားသည္လည္း ေရာဂါျဖစ္ပြားမႈႏႈန္းကုိ ျမင့္တက္ႏုိင္ပါသည္။ ထုိ အျခင္းအရာမ်ားသည္
လိင္ဆက္ဆံျခင္းကုိ အားေပးျခင္းျဖင့္ ေရာဂါျဖစ္ပြားမႈႏႈန္း မ်ားျပားႏုိင္ပါသည္။ ေဆးထုိးအပ္ကုိ
မွ်၍သုံးျခင္း တျခားေသာ ထုိးေဆးမ်ားကုိ သုံးျခင္းသည္ HIV ေရာဂါ ျဖစ္ပြားမႈ ပုိ၍ မ်ားျပားေစပါသည္။
ထုိ႔အျပင္ လူတစ္ဦး၏ က်န္းမာေရးကုိလည္း
ထိခုိက္ႏုိင္ပါသည္။ ခုခံအား က်ဆင္းျခင္းေၾကာင့္ ေရာဂါပုိး ျပန္႔ပြားမႈကုိ ပုိ၍ ျမန္ဆန္ေစပါသည္။
ေဆးတုိးမႈႏႈန္းကုိ ေလ်ာ့က်ေစပါသည္။
တက္တူးထုိးျခင္း၊ အေပါက္ေဖာက္ျခင္းသည္လည္း
မသန္႔ရွင္းေသာ အပ္ကုိ အသုံးျပဳပါက ေရာဂါပုိး ကူးစက္ႏုိင္ပါသည္။
ေသြး၊ သုတ္ရည္၊ မိန္မကုိယ္အဂၤါ အရည္၊
အနာမ်ားမွလည္း ကူးႏုိင္ပါသည္။
မိခင္မွလည္း ကူးစက္ႏိုင္ပါသည္။ေရာဂါပုိးရွိေသာ
မိခင္မွ ေမြးေသာ ကေလးမ်ားသည္လည္း ေရာဂါပုိး ကူးစက္ႏုိင္ပါသည္။
အသက္ ၁၃ ႏွစ္ေအာက္ ကေလးမ်ားသည္ မိခင္မ်ားမွ
ေရာဂါပုိးကူးျခင္း ျဖစ္ပါသည္။
ခုခံအားက်ဆင္းျခင္းေရာဂါ AIDS သည္
HIV ေရာဂါပုိးမွ ကူးစက္တတ္ပါသည္။ ေဆးသုံးလွ်င္၊ အကာအကြယ္ မပါဘဲ ကာမ ဆက္ဆံလွ်င္၊ ပုိးရွိေသာ
မိခင္မွတစ္ဆင့္ ကေလးကုိ ကူးႏုိင္ပါသည္။
ေရးသားသူ Dr. Zin Thu Thu Win
Unicode
ခုခံအားကျဆင်းမှုရောဂါ ဘယ်လိုကူးစက်လဲ
.......................
HIV ရောဂါပိုးသည် ခန္ဓာကိုယ်ရှိ အရည်များမှတစ်ဆင့် ကူးစက်နိုင်ပါသည်။ ဥပမာ – သွေး၊ သုတ်ရည်၊ သုတ်မလွှတ်ခင် ထွက်သော အရည်၊ စအိုမှ အရည်၊ ယောနိမှ အရည်နှင့် နို့ရည်တို့ ဖြစ်ပါသည်။ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ ဆေးထိုးအပ်ကို အတူတကွ သုံးစွဲခြင်း တို့သည် ရောဂါပိုး ကူးစက်နိုင်သော အခြေအနေများ ဖြစ်ပါသည်။
အောက်ဖော်ပြပါ အချက်များရှိလျှင် ရောဂါပိုး ကူးစက်နိုင်ခြေများပါသည်။
အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း၊ (ပုံမှန် အတိုင်းဖြစ်စေ၊ ပါးစပ်နှင့် လိင်ဆက်ဆံသည် ဖြစ်စေ) ကွန်ဒုံးမသုံးဘဲ လိင်ဆက်ဆံပါက ရောဂါပိုး ကူးစက်နိုင်ပါသည်။ ထို့အပြင် လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုပါက သို့မဟုတ် မိမိဆက်ဆံသော အမျိုးသားက တခြားသော အမျိုးသား တစ်ယောက်နှင့် ထပ်၍ လိင်ဆက်ဆံပါက ရောဂါပိုး ပို၍ ကူးစက်နိုင်ပါသည်။
HIV ရောဂါသည် လိင်ဆက်ဆံခြင်းမှ အဓိက ကူးပါသလား။ ကူးပါသည်။ အဘယ်ကြောင့်ဆိုသော် ရောဂါပိုးမွှားများရှိသော အရည်သည် ယောနိ၊ ပါးစပ်တွင် အနာရှိလျှင် ကာလသား ရောဂါရှိလျှင် ကူးနိုင်ပါသည်။ မိန်းကလေးများသည် ပို၍ ကူးစက်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိန်းမအင်္ဂါများသည် ပို၍ပါးသောကြောင့် ဖြစ်ပါသည်။
ပါးစပ်နှင့် လိင်ဆက်ဆံခြင်းသည် ကူးစက်နိုင်ခြေ နည်းပါးပါသည်။ သို့သော် ပါးစပ်ထဲသို့ ရောဂါရှိသူ၏ သွေး၊ သုတ်ရည်နှင့် တခြား အရည်များ ဝင်လျှင် ရောဂါဖြစ်နိုင်ပါသည်။ လိင်ဆက်ဆံရေး လမ်းကြောင်းတွင် အနာများရှိလျှင် ကူးစက်နိုင်ပါသည်။
ပါးစပ်တွင် အနာရှိခြင်း၊ သွားဖုံး သွေးယိုခြင်း၊ လိင်အင်္ဂါ အနာဖြစ်ခြင်း ကာလသားရောဂါ ရှိခြင်းသည် ပါးစပ်နှင့် လိင်ဆက်ဆံသော်လည်း ကူးစက်နိုင်ပါသည်။
ဆေးအလွဲသုံးစားလုပ်ခြင်း၊ ဆေးသုံးခြင်းသည် တိုက်ရိုက် မသက်ဆိုင်သော်လည်း ဆေးထိုးခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးစားခြင်း၊ ဆေးရှူခြင်းများသည်လည်း ရောဂါဖြစ်ပွားမှုနှုန်းကို မြင့်တက်နိုင်ပါသည်။ ထို အခြင်းအရာများသည် လိင်ဆက်ဆံခြင်းကို အားပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုနှုန်း များပြားနိုင်ပါသည်။ ဆေးထိုးအပ်ကို မျှ၍သုံးခြင်း တခြားသော ထိုးဆေးများကို သုံးခြင်းသည် HIV ရောဂါ ဖြစ်ပွားမှု ပို၍ များပြားစေပါသည်။
ထို့အပြင် လူတစ်ဦး၏ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါသည်။ ခုခံအား ကျဆင်းခြင်းကြောင့် ရောဂါပိုး ပြန့်ပွားမှုကို ပို၍ မြန်ဆန်စေပါသည်။ ဆေးတိုးမှုနှုန်းကို လျော့ကျစေပါသည်။
တက်တူးထိုးခြင်း၊ အပေါက်ဖောက်ခြင်းသည်လည်း မသန့်ရှင်းသော အပ်ကို အသုံးပြုပါက ရောဂါပိုး ကူးစက်နိုင်ပါသည်။
သွေး၊ သုတ်ရည်၊ မိန်မကိုယ်အင်္ဂါ အရည်၊ အနာများမှလည်း ကူးနိုင်ပါသည်။
မိခင်မှလည်း ကူးစက်နိုင်ပါသည်။ရောဂါပိုးရှိသော မိခင်မှ မွေးသော ကလေးများသည်လည်း ရောဂါပိုး ကူးစက်နိုင်ပါသည်။
အသက် ၁၃ နှစ်အောက် ကလေးများသည် မိခင်များမှ ရောဂါပိုးကူးခြင်း ဖြစ်ပါသည်။
ခုခံအားကျဆင်းခြင်းရောဂါ AIDS သည် HIV ရောဂါပိုးမှ ကူးစက်တတ်ပါသည်။ ဆေးသုံးလျှင်၊ အကာအကွယ် မပါဘဲ ကာမ ဆက်ဆံလျှင်၊ ပိုးရှိသော မိခင်မှတစ်ဆင့် ကလေးကို ကူးနိုင်ပါသည်။
ရေးသားသူ Dr. Zin Thu Thu Win
0 Comments