Last post

အမ်ိဳးသားေတြ သုက္လႊတ္ေစာျခင္းကို ဘာေၾကာင့္ခံစားရတာလဲ


ဘယ္လိုအေၾကာင္းေၾကာင့္ပဲျဖစ္ပါေစ၊ အခ်ိ္န္မတန္ခင္ သုက္လႊတ္ျခင္းဟာ စိ္တ္ရႈပ္စရာေကာင္းပါတယ္။ စိတ္လႈပ္ရွားေနျခင္းဟာ ဒီျပႆနာရဲ႕ အဓိကအေၾကာင္းရင္း ျဖစ္တတ္ပါတယ္။
အခ်ိ္န္မတန္ခင္ သုက္လႊတ္ျခင္းဟာ အမ်ိဳးသားေတြမွာ လိင္ဆက္ဆံမႈရဲ႕အစမွာ လိင္ပိုင္းဆိုင္ရာ လံႈ႔ေဆာ္မႈ အနည္းငယ္ ရရွိရံုနဲ႔ သုက္လႊတ္ျခင္းကို ဆိုလိုပါတယ္။အခ်ိ္န္မတန္ခင္ သုက္လႊတ္ျခင္းဟာ လိင္ပိုင္းဆိုင္ရာ မစြမ္းေဆာင္ႏိုင္ျခင္း တစ္မ်ိဳးျဖစ္ပါတယ္။ ဆရာဝန္ေတြက အမ်ဳိးသားေတြရဲ႕ ၂၀-၃၀% ေလာက္ဟာ အခ်ိ္န္မတန္ခင္ သုက္လႊတ္ျခင္းကို တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္မွာေတာ့ ၾကံဳေတြ႔ရတတ္တယ္လို႔ ဆိုပါတယ္။
အခ်ိ္န္မတန္ခင္ သုက္လႊတ္ျခင္းရွိတဲ့ အမ်ိဳးသားေတြဟာ ခံစားမႈပိုင္းဆို္င္ရာ ျပႆနာမ်ားစြာကို ရင္ဆိုင္ေနရပါတယ္။ စိတ္ဖိစီးျခင္း၊ ကိုးရိုးကားရားျဖစ္ျခင္း၊ စိတ္မထိန္းခ်ဳပ္ႏိုင္ျခင္းေတြကို ခံစားရႏိုင္ပါတယ္။

အခ်ိ္န္မတန္ခင္ သုက္လႊတ္ျခင္း အေၾကာင္းရင္းမ်ား

ခႏၶာကိုယ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာ အေၾကာင္းရင္းမ်ားစြာ ရွိပါတယ္။ စိတ္ပိုင္းဆိုင္ရာ အေၾကာင္းရင္းေတြကေတာ့
  • စိတ္လႈပ္ရွားမႈ၊ စိ္တ္ပူပန္မႈနဲ႔ ပတ္သက္ေနတဲ့ လိင္ဆက္ဆံမႈေတြမွာ အျဖစ္မ်ားၿပီး လူျမင္မွာ စိုးတာေၾကာင့္ အျမန္ၿပီးဖို႔ လိုအပ္တဲ့ အေျခအေနမ်ိဳးမွာျဖစ္တတ္ပါတယ္။ ဒီအမ်ိဳးသားေတြဟာ ခံစားမႈလြန္ကဲၿပီး ျဖည္းညင္းစြာ မလုပ္ေဆာင္ႏိုင္ပဲ လိင္ပိုင္းဆိုင္ရာသာယာမႈရရွိရန္ ခဲယဥ္းပါတယ္။
  • လိင္ပိုင္းဆိုင္ရာ ေဆာင္ရြက္မႈ (သို႔) အျခားဘဝ ျပႆနာေတြအတြက္ စိတ္လႈပ္ရွားျခင္း။ ဒါဟာ လံႈ႔ေဆာ္မႈပိုျဖစ္ေစၿပီး အခ်ိ္န္မတန္ခင္ သုက္လႊတ္ျခင္းကို ျဖစ္ေစႏိုင္ပါတယ္။
  • လိင္ပိုင္းဆိုင္ရာ မစြမ္းေဆာင္ႏိုင္မွာကို စိုးရိမ္ျခင္း။ အမ်ိဳးသားေတြဟာ လိင္တံေထာင္မတ္မႈကို ၾကာရွည္ထိန္းထားျခင္းဟာ သုက္ပိုးအျမန္ထြက္ေစမယ္ဆိုတာကို စိုးရိမ္လြန္ၿပီး ဒါကိုအက်င့္ပါသြားၾကတာျဖစ္ႏိုင္ပါတယ္။

ကိုယ္ခႏၶာပိုင္းဆိုင္ရာ နဲ႔ အျခားအေၾကာင္းရင္းေတြကေတာ့

  • ပံုမွန္မဟုတ္တဲ့ ေဟာ္မုန္းပမာဏ
  • အာရံုေၾကာစနစ္ကို ထိခိုက္ဒဏ္ရာရရွိမႈ (သို႔) ခြဲစိတ္ျခင္းေတြေၾကာင့္ ထိခိုက္မိျခင္း
  • ေဆးသံုးစြဲျခင္း
  • Serotonin ပမာဏ နည္းျခင္း
  • သုက္လႊတ္စနစ္ကို ထိခို္က္ႏိုင္တဲ့ အေျခအေနမ်ား
  • Thyroid ျပႆနာမ်ား
  • လိင္အဂၤါေရာင္ရမ္းျခင္း (သို႔) ေရာဂါပိုးဝင္ျခင္း (အထူးသျဖင့္ ဆီးက်ိတ္၊ ဆီးျပြန္)
  • ဆီးခ်ိဳ (သို႔) ႏွလံုးေသြးေၾကာ ေရာဂါမ်ား

အခ်ိ္န္မတန္ခင္ သုက္လႊတ္ျခင္း – ကုသမႈနဲ႔ ကိုင္တြယ္ေျဖရွင္းျခင္း

စိတ္ပိုင္းဆိုင္ရာ ျပႆနာေတြေၾကာင့္ အခ်ိ္န္မတန္ခင္ သုက္လႊတ္ျခင္းျဖစ္သူေတြဟာ အျပဳအမူပိုင္းဆိုင္ရာ ကုသမႈ ယူသင့္ပါတယ္။ လိင္ဆက္ဆံမႈ မျပဳခင္ တစ္နာရီ (သို႔) ႏွစ္နာရီေလာက္ႀကိဳၿပီး လိင္စိတ္ေျဖေဖ်ာက္ျခင္းဟာ သုက္ပိုးလႊတ္ျခင္းကို အခ်ိန္ေရႊ႔ႏိုင္ၿပီး သင့္လိင္ဆက္ဆံဖက္ကို လိင္မဆက္ဆံခင္ လိင္စိတ္ ႏိႈးဆြထားျခင္းဟာ တစ္ၿပိဳင္တည္းမွာ လိင္စိတ္အထြပ္အထိပ္ ေရာက္မႈကို ျဖစ္ပြားႏိုင္ပါတယ္။
အမ်ိဳးသားဟာ လိင္ဆက္ဆံမႈကို အနည္းငယ္ ေရွာင္ရွားႏိုင္ၿပီး အျခားလိင္ပိုင္းဆိုင္ရာ လႈပ္ရွားမႈေတြ ျပဳလုပ္ကာ သူ႔စြမ္းေဆာင္ႏိုင္စြမ္းကို ထိခိုက္ေစတဲ့ စိတ္ဖိစီးမႈနဲ႔ တုန္လႈပ္မႈတို႔ကို ေက်ာ္လႊားႏိုင္ဖုိ႔ အခြင့္အေရး ေပးႏိုင္ပါတယ္။

အခ်ိ္န္မတန္ခင္ သုက္လႊတ္ျခင္းကို ကုုသဖို႔ နည္းလမ္းေတြကေတာ့

  • ရပ္လိုက္၊စလိုက္ နည္းလမ္း – အမ်ိဳးသားေတြဟာ လိင္စိတ္ အထြတ္အထိပ္ေရာက္ေတာ့မယ္လို႔ ခံစားရရင္ လံႈ႔ေဆာ္မႈကို ေလွ်ာ့ခ်သင့္ပါတယ္။ ဒါဟာ လိင္တံကိုသာ ေထာင္မတ္လာေစမွာ ျဖစ္ပါတယ္။ ဒီအေျခအေနကို ေက်ာ္လြန္သြားရင္ေတာ့ လိင္ဆက္ဆံႏိုင္ၿပီ ျဖစ္ပါတယ္။
  • ညွစ္ျခင္း – အမ်ိဳးသား လိင္စိတ္အထြတ္အထိပ္ေရာက္ခါနီးရင္ အမ်ိဳးသမီးက လိင္တံကိုညွစ္ႏိုင္ပါတယ္။ သူမဟာ စကၠန္႔အေတာ္ၾကာေအာင္ သုက္လႊတ္ခ်င္တဲ့ ဆႏၵ မေပ်ာက္မခ်င္း ညွစ္ထားသင့္ပါတယ္။ မိနစ္ဝက္ေလာက္ၾကာရင္ေတာ့ လိင္ဆက္ဆံမႈကို ဆက္လက္ျပဳလုပ္ႏိုင္ၿပီ ျဖစ္ပါတယ္။ ဒီအတုိင္း ျပန္လည္လုပ္ေဆာင္ျခင္းဟာ အခ်ိ္န္မတန္ခင္ သုက္လႊတ္ျခင္းကေန ကိုယ္ခႏၶာကို ေလ့က်င့္ေပးၿပီး ျဖစ္သြားပါလိ္မ့္မယ္
  • ကြန္ဒံုးအသံုးျပဳျခင္း – ကြန္ဒံုးေတြဟာ အမ်ိဳးသားရရွိေနတဲ့ လံႈ႕ေဆာ္မႈေတြကို ျဖတ္ေတာက္ႏိုင္ၿပီး အခ်ိန္္ပိုမို ၾကာျမင့္ေစပါတယ္။
  • ခံစားမႈ ေလ်ာ့က်ေစတဲ့ ေခ်ာဆီမ်ား – သူတုိ႔ဟာ လိင္တံအေရျပားကို ခဏတာထံုေစတဲ့ အစြမ္း ရွိပါတယ္။
ေဆး – စိတ္က်ေဆးေတြဟာ အမ်ိဳးသားေတြ လိင္စိတ္ အထြတ္အထိပ္ေရာက္ျခင္းကို အခ်ိန္ေရႊ႔ျခင္းအတြက္ ကူညီေပးႏိုင္ပါတယ္။
ေနာက္ဆံုးအေနနဲ႔ လိင္စိတ္အထြတ္အထိပ္ေရာက္ေတာ့မယ္ ဆိုရင္ ေဘ့စ္ေဘာအေၾကာင္း စဥ္းစားလိုက္ပါဆိုတဲ့ဟာသ ေတာင္ရွိပါတယ္။ လိင္ကိစၥနဲ႔ မဆိုင္တဲ့ အရာေတြကို ေတြးေတာျခင္းဟာ လိင္တံေထာင္မတ္မႈကို ၾကာရွည္ခံေစပါတယ္။

Credit Dr . Phyu Mon Latt

#unicode

အမျိုးသားတွေ သုက်လွှတ်စောခြင်းကို ဘာကြောင့်ခံစားရတာလဲ
...............
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ပါစေ၊ အချိန်မတန်ခင် သုက်လွှတ်ခြင်းဟာ စိတ်ရှုပ်စရာကောင်းပါတယ်။ စိတ်လှုပ်ရှားနေခြင်းဟာ ဒီပြဿနာရဲ့ အဓိကအကြောင်းရင်း ဖြစ်တတ်ပါတယ်။

အချိန်မတန်ခင် သုက်လွှတ်ခြင်းဟာ အမျိုးသားတွေမှာ လိင်ဆက်ဆံမှုရဲ့အစမှာ လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု အနည်းငယ် ရရှိရုံနဲ့ သုက်လွှတ်ခြင်းကို ဆိုလိုပါတယ်။အချိန်မတန်ခင် သုက်လွှတ်ခြင်းဟာ လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်ခြင်း တစ်မျိုးဖြစ်ပါတယ်။ ဆရာဝန်တွေက အမျိုးသားတွေရဲ့ ၂၀-၃၀% လောက်ဟာ အချိန်မတန်ခင် သုက်လွှတ်ခြင်းကို တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ကြုံတွေ့ရတတ်တယ်လို့ ဆိုပါတယ်။

အချိန်မတန်ခင် သုက်လွှတ်ခြင်းရှိတဲ့ အမျိုးသားတွေဟာ ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများစွာကို ရင်ဆိုင်နေရပါတယ်။ စိတ်ဖိစီးခြင်း၊ ကိုးရိုးကားရားဖြစ်ခြင်း၊ စိတ်မထိန်းချုပ်နိုင်ခြင်းတွေကို ခံစားရနိုင်ပါတယ်။
အချိန်မတန်ခင် သုက်လွှတ်ခြင်း အကြောင်းရင်းများ

ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းများစွာ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ အကြောင်းရင်းတွေကတော့

    စိတ်လှုပ်ရှားမှု၊ စိတ်ပူပန်မှုနဲ့ ပတ်သက်နေတဲ့ လိင်ဆက်ဆံမှုတွေမှာ အဖြစ်များပြီး လူမြင်မှာ စိုးတာကြောင့် အမြန်ပြီးဖို့ လိုအပ်တဲ့ အခြေအနေမျိုးမှာဖြစ်တတ်ပါတယ်။ ဒီအမျိုးသားတွေဟာ ခံစားမှုလွန်ကဲပြီး ဖြည်းညင်းစွာ မလုပ်ဆောင်နိုင်ပဲ လိင်ပိုင်းဆိုင်ရာသာယာမှုရရှိရန် ခဲယဉ်းပါတယ်။
    လိင်ပိုင်းဆိုင်ရာ ဆောင်ရွက်မှု (သို့) အခြားဘဝ ပြဿနာတွေအတွက် စိတ်လှုပ်ရှားခြင်း။ ဒါဟာ လှုံ့ဆော်မှုပိုဖြစ်စေပြီး အချိန်မတန်ခင် သုက်လွှတ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
    လိင်ပိုင်းဆိုင်ရာ မစွမ်းဆောင်နိုင်မှာကို စိုးရိမ်ခြင်း။ အမျိုးသားတွေဟာ လိင်တံထောင်မတ်မှုကို ကြာရှည်ထိန်းထားခြင်းဟာ သုက်ပိုးအမြန်ထွက်စေမယ်ဆိုတာကို စိုးရိမ်လွန်ပြီး ဒါကိုအကျင့်ပါသွားကြတာဖြစ်နိုင်ပါတယ်။

ကိုယ်ခန္ဓာပိုင်းဆိုင်ရာ နဲ့ အခြားအကြောင်းရင်းတွေကတော့

    ပုံမှန်မဟုတ်တဲ့ ဟော်မုန်းပမာဏ
    အာရုံကြောစနစ်ကို ထိခိုက်ဒဏ်ရာရရှိမှု (သို့) ခွဲစိတ်ခြင်းတွေကြောင့် ထိခိုက်မိခြင်း
    ဆေးသုံးစွဲခြင်း
    Serotonin ပမာဏ နည်းခြင်း
    သုက်လွှတ်စနစ်ကို ထိခိုက်နိုင်တဲ့ အခြေအနေများ
    Thyroid ပြဿနာများ
    လိင်အင်္ဂါရောင်ရမ်းခြင်း (သို့) ရောဂါပိုးဝင်ခြင်း (အထူးသဖြင့် ဆီးကျိတ်၊ ဆီးပြွန်)
    ဆီးချို (သို့) နှလုံးသွေးကြော ရောဂါများ

အချိန်မတန်ခင် သုက်လွှတ်ခြင်း – ကုသမှုနဲ့ ကိုင်တွယ်ဖြေရှင်းခြင်း

စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် အချိန်မတန်ခင် သုက်လွှတ်ခြင်းဖြစ်သူတွေဟာ အပြုအမူပိုင်းဆိုင်ရာ ကုသမှု ယူသင့်ပါတယ်။ လိင်ဆက်ဆံမှု မပြုခင် တစ်နာရီ (သို့) နှစ်နာရီလောက်ကြိုပြီး လိင်စိတ်ဖြေဖျောက်ခြင်းဟာ သုက်ပိုးလွှတ်ခြင်းကို အချိန်ရွှေ့နိုင်ပြီး သင့်လိင်ဆက်ဆံဖက်ကို လိင်မဆက်ဆံခင် လိင်စိတ် နှိုးဆွထားခြင်းဟာ တစ်ပြိုင်တည်းမှာ လိင်စိတ်အထွပ်အထိပ် ရောက်မှုကို ဖြစ်ပွားနိုင်ပါတယ်။

အမျိုးသားဟာ လိင်ဆက်ဆံမှုကို အနည်းငယ် ရှောင်ရှားနိုင်ပြီး အခြားလိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ ပြုလုပ်ကာ သူ့စွမ်းဆောင်နိုင်စွမ်းကို ထိခိုက်စေတဲ့ စိတ်ဖိစီးမှုနဲ့ တုန်လှုပ်မှုတို့ကို ကျော်လွှားနိုင်ဖို့ အခွင့်အရေး ပေးနိုင်ပါတယ်။
အချိန်မတန်ခင် သုက်လွှတ်ခြင်းကို ကုုသဖို့ နည်းလမ်းတွေကတော့

    ရပ်လိုက်၊စလိုက် နည်းလမ်း – အမျိုးသားတွေဟာ လိင်စိတ် အထွတ်အထိပ်ရောက်တော့မယ်လို့ ခံစားရရင် လှုံ့ဆော်မှုကို လျှော့ချသင့်ပါတယ်။ ဒါဟာ လိင်တံကိုသာ ထောင်မတ်လာစေမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ကျော်လွန်သွားရင်တော့ လိင်ဆက်ဆံနိုင်ပြီ ဖြစ်ပါတယ်။
    ညှစ်ခြင်း – အမျိုးသား လိင်စိတ်အထွတ်အထိပ်ရောက်ခါနီးရင် အမျိုးသမီးက လိင်တံကိုညှစ်နိုင်ပါတယ်။ သူမဟာ စက္ကန့်အတော်ကြာအောင် သုက်လွှတ်ချင်တဲ့ ဆန္ဒ မပျောက်မချင်း ညှစ်ထားသင့်ပါတယ်။ မိနစ်ဝက်လောက်ကြာရင်တော့ လိင်ဆက်ဆံမှုကို ဆက်လက်ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ ဒီအတိုင်း ပြန်လည်လုပ်ဆောင်ခြင်းဟာ အချိန်မတန်ခင် သုက်လွှတ်ခြင်းကနေ ကိုယ်ခန္ဓာကို လေ့ကျင့်ပေးပြီး ဖြစ်သွားပါလိမ့်မယ်
    ကွန်ဒုံးအသုံးပြုခြင်း – ကွန်ဒုံးတွေဟာ အမျိုးသားရရှိနေတဲ့ လှုံ့ဆော်မှုတွေကို ဖြတ်တောက်နိုင်ပြီး အချိန်ပိုမို ကြာမြင့်စေပါတယ်။
    ခံစားမှု လျော့ကျစေတဲ့ ချောဆီများ – သူတို့ဟာ လိင်တံအရေပြားကို ခဏတာထုံစေတဲ့ အစွမ်း ရှိပါတယ်။

ဆေး – စိတ်ကျဆေးတွေဟာ အမျိုးသားတွေ လိင်စိတ် အထွတ်အထိပ်ရောက်ခြင်းကို အချိန်ရွှေ့ခြင်းအတွက် ကူညီပေးနိုင်ပါတယ်။

နောက်ဆုံးအနေနဲ့ လိင်စိတ်အထွတ်အထိပ်ရောက်တော့မယ် ဆိုရင် ဘေ့စ်ဘောအကြောင်း စဉ်းစားလိုက်ပါဆိုတဲ့ဟာသ တောင်ရှိပါတယ်။ လိင်ကိစ္စနဲ့ မဆိုင်တဲ့ အရာတွေကို တွေးတောခြင်းဟာ လိင်တံထောင်မတ်မှုကို ကြာရှည်ခံစေပါတယ်။

Credit Dr . Phyu Mon Latt

0 Comments