အမ်ဳိးသမီးေတြ ဓမၼတာ လာတဲ့အခါ (မိန္းကေလးမ်ားသာ ဖတ္ရန္)
အမ်ဳိးသမီးေတြ ဓမၼတာ လာတဲ့အခါ (မိန္းကေလးမ်ားသာ ဖတ္ရန္)
....................................
အမ်ဳိးသမီးေတြရဲ႕ ခႏၶာကုိယ္ဖြဲ႕စည္းပုံအရ တစ္လတစ္ႀကိမ္ ဓမၼတာ ဆင္းတဲ့အခ်ိန္ဟာ ေဟာ္မုန္းေတြအေျပာင္းအလဲျဖစ္တဲ့ အခ်ိန္လည္းျဖစ္ပါတယ္။
ဒီအခ်ိန္မွာ စိတ္ပင္ပန္းမႈျဖစ္ျခင္း၊ ေဒါသထြက္ျခင္းနဲ႔ ၀မ္းနည္းေၾကကြဲမႈေတြ အမ်ားဆုံး
ျဖစ္ေပၚတတ္တာေၾကာင့္ ျပင္ပပတ္၀န္းက်င္မွာေရာ၊ ကုိယ္ခႏၶာအတြင္း ပုိင္းမွာပါ အဆင္ေျပ
အသက္သာဆုံး အေနအထားျဖစ္သင့္ပါတယ္။
ကုိယ္အတြင္းနဲ႔ ျပင္ပ တုိက္႐ုိက္ဆက္သြယ္တာမုိ႔ က်န္းမာေရးအတြက္ တစ္ကုိယ္ေရသန္႔ရွင္းမႈက
အဲဒီကာလမွာ သတိအထားသင့္ဆုံး ျဖစ္သလုိ လစဥ္သုံးပစၥည္းေတြရဲ႕ အရည္အေသြးနဲ႔ အသုံးျပဳပုံ၊
ကိုယ္တြင္းဇီ၀ျဖစ္စဥ္ကုိ ပံ့ပုိးေပးႏုိင္မယ့္ အေနအထုိင္တခ်ဳိ႕ကုိ ေ၀မွ်ေပးလိုက္ပါတယ္။
(၁) အမ်ဳိးသမီးလစဥ္သုံးပစၥည္းအျဖစ္ တစ္ခါသုံး ဂြမ္းကပ္ (pad)၊ ခြက္အမ်ဳိးအစား (menstrual cup)နဲ႔
အေတာင့္အမ်ဳိးအစား (tampon) ေတြကုိ သုံးေလ့ရွိၾကၿပီး ျမန္မာႏိုင္ငံမွာေတာ့ ဂြမ္းကပ္ကုိ
အဓိကထားသုံးၾကပါတယ္။
ကုိယ္သုံးမယ့္ လစဥ္သုံးပစၥည္းကုိေရြးခ်ယ္ရာမွာ ေၾကာ္ျငာေၾကာင့္၊ သူမ်ား တုိက္တြန္းလုိ႔
အလြယ္၀ယ္လုိက္တာထက္ ကုိယ္နဲ႔တကယ္အဆင္ေျပမယ့္ အမ်ဳိးအစားကိုပဲ သုံးသင့္ပါတယ္။
ေသြးဆင္းမ်ားသူ၊ နည္းသူ၊ ပုံမွန္ဆိုၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ မတူၾကတာမို႔ ဂြမ္းကပ္ကိုလည္း
အမ်ဳိးအစားစံု အထူ၊ အပါးေလးေတြ ထုတ္လုပ္ထားၾကပါတယ္။
ကိုယ္နဲ႔က အထူ (သို႔) အပါး အဆင္ေျပသလားဆိုတာကို ကိုယ္တိုင္ပဲ ဆံုးျဖတ္ပါ။
ၾကံဳရာတံဆိပ္ေတြကုိ ခဏခဏေျပာင္းသုံး ေနတာလည္း မေကာင္းပါဘူး။
တကယ္လုိ႔ ျပႆနာတစ္ခုခု ျဖစ္လာရင္ေတာင္ တရားခံကုိ ရွာဖုိ႔ခက္ပါလိမ့္မယ္။
(၂) လစဥ္သုံးပစၥည္းဟာ ခႏၶာကုိယ္နဲ႔ တုိက္႐ုိက္ထိေတြ႕ေနတာေၾကာင့္ အနည္းအက်ဥ္းေလးပဲ
ေပစြန္းေနတယ္ဆုိရင္ေတာင္ စုိစြတ္မႈနဲ႔ သိပ္သည္းမႈေတြေၾကာင့္ ေရာဂါပုိးမႊားေတြ အလြယ္တကူ
ျဖစ္ေပၚခုိေအာင္းႏုိင္ပါတယ္။
ဒါေၾကာင့္ အမ်ဳိးသမီးတစ္ေယာက္ ပုံမွန္ရာသီလာခ်ိန္မွာ လစဥ္သုံးပစၥည္းတစ္ခုကုိ
အခ်ိန္ေျခာက္နာရီၾကာ အသုံးျပဳႏုိင္တယ္လုိ႔ ဆိုထားေပမဲ့ ေလးနာရီျခားတစ္ခါ
အသစ္တစ္ခုေျပာင္းသုံးေပးတာက အေကာင္းဆုံးပါပဲ။
ႏွေျမာၿပီး ဂြမ္းကပ္တစ္ခုလံုး ရႊဲနစ္ သြားတဲ့ အခ်ိန္အထိ မေစာင့္ဘဲ ပုံမွန္လဲေပးတာက
က်န္းမာေရး႐ႈေထာင့္အရ ေကာင္းသလို သက္ေသာင့္သက္သာ ရွိမႈအတြက္လည္း
ေထာက္ပံ့ေပးပါတယ္။
(၃) ရာသီလာစဥ္ကာလအတြင္းမွာ မအီမသာျဖစ္တတ္ၿပီး စိုစိုစြတ္စြတ္ႀကီးေနရတာကို
သိပ္သေဘာမက်တတ္ၾကေပမဲ့ ရာသီေသြး စီးဆင္းလာတဲ့ သားအိမ္ထဲက ေသြးမွ်င္ေတြ
မပိတ္ဆုိ႔ဖုိ႔အတြက္ေရာ၊ သန္႔ရွင္းေရးအတြက္ပါ ေရမၾကာခဏ ေဆးေပးသင့္ပါတယ္။
ေရေဆးတဲ့အခါမွာ အမ်ဳိးသမီးအဂၤါတစ္၀ိုက္ အေရွ႕ကေန အေနာက္ကို ေဆးေၾကာျခင္းက
က်န္းမာေရးအတြက္ေရာ၊ သန္႔ရွင္းေရးအတြက္ပါ အေကာင္းဆုံးနည္းလမ္းပဲျဖစ္ပါတယ္။
တကယ္လုိ႔ ေရမရႏုိင္တဲ့ အေျခအေနမ်ဳိးမွာေတာ့ တစ္႐ွဴးနဲ႔ ေသခ်ာသန္႔စင္ေပးၿပီးမွ
အသစ္လဲသင့္ပါတယ္။
(၄) ပုံမွန္ရာသီလာခ်ိန္မွာ ဘက္တီးရီး ယား အေကာင္းေရာ၊ အဆုိးပါ ရွိေနတတ္တဲ့အတြက္
အမ်ဳိးသမီးသန္႔စင္ေဆးရည္နဲ႔ ဆပ္ျပာေတြကုိ မသုံးသင့္ပါဘူး။
အဲဒီပစၥည္းေတြက ပုိးမႊားေတြကုိ ေသေစတဲ့အတြက္ မလုိလားအပ္တဲ့ ဘက္တီးရီးယားေတြအျပင္
ခႏၶာကုိယ္အတြက္ လုိအပ္တဲ့ ဘက္တီးရီးယားတခ်ဳိ႕ကုိပါ ေသေစႏုိင္တဲ့အတြက္ ေရာဂါ၀င္ေရာက္ဖုိ႔
လြယ္ကူေစပါတယ္။
ဒါေၾကာင့္ ေရသန္႔နဲ႔ ေဆးေၾကာတာ အေကာင္းဆုံးပါပဲ။
(၅) သုံးၿပီးသား လစဥ္သုံးပစၥည္းေတြက အနံ႔အသက္ဆုိးရြားတဲ့အျပင္ ဘက္တီးရီးယားေတြ
စိတ္ႀကိဳက္ခုိေအာင္းႏုိင္တဲ့ ေနရာျဖစ္တာေၾကာင့္ စြန္႔ပစ္ရာမွာ အလြန္အေရးႀကီးပါတယ္။
တစ္ခုခ်င္းစီကုိ ေသခ်ာလိပ္ကာ ပလတ္စတစ္နဲ႔ ထုပ္ပုိးၿပီး သီးသန္႔အိတ္ထဲေလလုံေအာင္ပိတ္ၿပီးမွ
စြန္႔ပစ္သင့္ပါတယ္။
(၆) လစဥ္သုံးပစၥည္းေတြရဲ႕၊ စုိစြတ္ေလးလံမႈက လႈပ္ရွားသြားလာသူအမ်ဳိးသမီးေတြကုိ သူနဲ႔
ထိေတြ႕ရာေနရာတစ္၀ုိက္မွာ နီရဲနာက်င္ေစပါတယ္။
အဲဒီလုိ နီရဲမႈေတြ ျဖစ္ေပၚလာရင္ေတာ့ ေျခာက္ေသြ႕ေအာင္ ထားဖုိ႔၊ စြန္းေပမႈမမ်ားခင္ လဲေပးဖုိ႔နဲ႔
ေရခ်ဳိးၿပီးခ်ိန္နဲ႔ အိပ္ရာ၀င္ခ်ိန္မွာ ေဆးေပါင္ဒါ၊ ဒါမွမဟုတ္ သနပ္ခါးရည္က်ဲ ခပ္ပါးပါးလိမ္းေပးဖို႔
လုိအပ္ပါတယ္။
တကယ္လုိ႔ နာက်င္မႈက ဆုိးရြားေနၿပီဆုိရင္ေတာ့ ပုိးမ၀င္ခင္ ဆရာ၀န္ဆီသာ ျမန္ျမန္သြားဖုိ႔
အၾကံျပဳခ်င္ပါတယ္။
(၇) ရာသီေသြးဆင္းမ်ားတဲ့အမ်ဳိးသမီးေတြက လုပ္ငန္းခြင္၀င္ခ်ိန္၊ ေက်ာင္းတက္ခ်ိန္နဲ႔ ျပင္ပမွာ
သြားလာလႈပ္ရွားတဲ့အခါ အျပင္ကုိစြန္းေပလာမွာ စုိးရိမ္တဲ့စိတ္နဲ႔ လစဥ္သုံး ပစၥည္းကုိ ႏွစ္ခုထပ္ၿပီး
သုံးတတ္ၾကပါတယ္။
တကယ္ေတာ့ အဲဒီလုိ ႏွစ္ခုထပ္သုံးတာဟာ ဘယ္လုိေကာင္းက်ဳိးမွမေပးဘဲ စြန္းေပမႈကုိလည္း
ကာကြယ္ေပးမွာ မဟုတ္ပါဘူး။
ပစၥည္း ႏွစ္ခုရဲ႕ အေလးခ်ိန္ေၾကာင့္ စိတ္ဖိစီးမႈျဖစ္ေစသလုိ၊ သြားလာရပုိခက္ေစပါတယ္။
ဒါေၾကာင့္ ႏွစ္ခုထပ္သုံးျခင္းထက္ မၾကာခဏလဲေပး ျခင္းကသာ ပုိသင့္ေတာ္ပါတယ္။
(၈) ျမန္မာအမ်ဳိးသမီးေတြရဲ႕ ယူဆခ်က္အရ ေအးရင္ ပုိကုိက္ခဲတတ္တယ္လုိ႔
သတ္မွတ္ထားတာေၾကာင့္ ရာသီလာတဲ့အခါ ေရခ်ဳိးဖုိ႔ ေရွာင္ၾကဥ္ေလ့ရွိပါတယ္။
ေဒသတခ်ဳိ႕မွာ ရွိေနတဲ့ ေရမခ်ဳိးရဘူးဆုိတဲ့ အယူအဆေတြကလည္း ဟုိးအရင္အခ်ိန္ေတြက
အမ်ဳိးသမီးေတြဟာ အကာအကြယ္မပါဘဲ ေရကန္တစ္ကန္ထဲမွာ အားလုံးအတူခ်ဳိးေလ့ ရွိတာမို႔
သန္႔ရွင္းေရးအတြက္ တားျမစ္တာသာျဖစ္ပါတယ္။
တကယ္ေတာ့ ေရပုံမွန္ ခ်ဳိးတာက ေသြးလည္ပတ္မႈ ပိုမုိေကာင္းမြန္ေစၿပီး ခါးနဲ႔ ခႏၶာကုိယ္ေအာက္ပိုင္း
ကုိက္ခဲမႈေတြ၊ ေလးလံမႈေတြကုိ ေလ်ာ့ပါးသက္သာေစပါတယ္။
(၉) ၀မ္းဗုိက္ေအာက္ပုိင္း ကုိက္ခဲမႈေတြအတြက္ အကုိက္အခဲေပ်ာက္ေဆး အမ်ဳိးမ်ဳိးကုိ ေသာက္ႏုိင္ေပမဲ့
တစ္ေန႔တစ္လုံးသာ ေသာက္ဖုိ႔ လမ္းၫႊန္ထားပါတယ္။
ေရေႏြး အိတ္ေႏြးေႏြးကပ္ေပးျခင္းနဲ႔ ေလ့က်င့္ခန္းေပါ့ေပါ့ပါးပါး လုပ္ေဆာင္ျခင္းကလည္း ကုိက္ခဲမႈ
သက္သာေစဖုိ႔ ကူညီေပးမွာျဖစ္ေပမဲ့ ကိုက္ခဲတဲ့ေနရာ၀န္းက်င္ကို ႏွိပ္နယ္ျခင္းကုိေတာ့
လုံး၀ ေရွာင္ၾကဥ္သင့္ပါတယ္။
(၁၀) ရာသီလာခ်ိန္မွာ လစဥ္သုံးပစၥည္းအပိုတစ္ခုကို ဘယ္ပဲသြားသြား ကုိယ္နဲ႔မကြာ
ေဆာင္ထားသင့္ၿပီး သန္႔ရွင္းစြာ ထားသိုထားဖုိ႔ကလည္း အေရးႀကီးပါတယ္။
Credit : myanmar.mmtimes
Unicode
အမျိုးသမီးတွေ ဓမ္မတာ လာတဲ့အခါ (မိန်းကလေးများသာ ဖတ်ရန်)
....................................
အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ တစ်လတစ်ကြိမ် ဓမ္မတာ ဆင်းတဲ့အချိန်ဟာ ဟော်မုန်းတွေအပြောင်းအလဲဖြစ်တဲ့ အချိန်လည်းဖြစ်ပါတယ်။
ဒီအချိန်မှာ စိတ်ပင်ပန်းမှုဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနဲ့ ဝမ်းနည်းကြေကွဲမှုတွေ အများဆုံး
ဖြစ်ပေါ်တတ်တာကြောင့် ပြင်ပပတ်ဝန်းကျင်မှာရော၊ ကိုယ်ခန္ဓာအတွင်း ပိုင်းမှာပါ အဆင်ပြေ
အသက်သာဆုံး အနေအထားဖြစ်သင့်ပါတယ်။
ကိုယ်အတွင်းနဲ့ ပြင်ပ တိုက်ရိုက်ဆက်သွယ်တာမို့ ကျန်းမာရေးအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုက
အဲဒီကာလမှာ သတိအထားသင့်ဆုံး ဖြစ်သလို လစဉ်သုံးပစ္စည်းတွေရဲ့ အရည်အသွေးနဲ့ အသုံးပြုပုံ၊
ကိုယ်တွင်းဇီဝဖြစ်စဉ်ကို ပံ့ပိုးပေးနိုင်မယ့် အနေအထိုင်တချို့ကို ဝေမျှပေးလိုက်ပါတယ်။
(၁) အမျိုးသမီးလစဉ်သုံးပစ္စည်းအဖြစ် တစ်ခါသုံး ဂွမ်းကပ် (pad)၊ ခွက်အမျိုးအစား (menstrual cup)နဲ့
အတောင့်အမျိုးအစား (tampon) တွေကို သုံးလေ့ရှိကြပြီး မြန်မာနိုင်ငံမှာတော့ ဂွမ်းကပ်ကို
အဓိကထားသုံးကြပါတယ်။
ကိုယ်သုံးမယ့် လစဉ်သုံးပစ္စည်းကိုရွေးချယ်ရာမှာ ကြော်ငြာကြောင့်၊ သူများ တိုက်တွန်းလို့
အလွယ်ဝယ်လိုက်တာထက် ကိုယ်နဲ့တကယ်အဆင်ပြေမယ့် အမျိုးအစားကိုပဲ သုံးသင့်ပါတယ်။
သွေးဆင်းများသူ၊ နည်းသူ၊ ပုံမှန်ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် မတူကြတာမို့ ဂွမ်းကပ်ကိုလည်း
အမျိုးအစားစုံ အထူ၊ အပါးလေးတွေ ထုတ်လုပ်ထားကြပါတယ်။
ကိုယ်နဲ့က အထူ (သို့) အပါး အဆင်ပြေသလားဆိုတာကို ကိုယ်တိုင်ပဲ ဆုံးဖြတ်ပါ။
ကြုံရာတံဆိပ်တွေကို ခဏခဏပြောင်းသုံး နေတာလည်း မကောင်းပါဘူး။
တကယ်လို့ ပြဿနာတစ်ခုခု ဖြစ်လာရင်တောင် တရားခံကို ရှာဖို့ခက်ပါလိမ့်မယ်။
(၂) လစဉ်သုံးပစ္စည်းဟာ ခန္ဓာကိုယ်နဲ့ တိုက်ရိုက်ထိတွေ့နေတာကြောင့် အနည်းအကျဉ်းလေးပဲ
ပေစွန်းနေတယ်ဆိုရင်တောင် စိုစွတ်မှုနဲ့ သိပ်သည်းမှုတွေကြောင့် ရောဂါပိုးမွှားတွေ အလွယ်တကူ
ဖြစ်ပေါ်ခိုအောင်းနိုင်ပါတယ်။
ဒါကြောင့် အမျိုးသမီးတစ်ယောက် ပုံမှန်ရာသီလာချိန်မှာ လစဉ်သုံးပစ္စည်းတစ်ခုကို
အချိန်ခြောက်နာရီကြာ အသုံးပြုနိုင်တယ်လို့ ဆိုထားပေမဲ့ လေးနာရီခြားတစ်ခါ
အသစ်တစ်ခုပြောင်းသုံးပေးတာက အကောင်းဆုံးပါပဲ။
နှမြောပြီး ဂွမ်းကပ်တစ်ခုလုံး ရွှဲနစ် သွားတဲ့ အချိန်အထိ မစောင့်ဘဲ ပုံမှန်လဲပေးတာက
ကျန်းမာရေးရှုထောင့်အရ ကောင်းသလို သက်သောင့်သက်သာ ရှိမှုအတွက်လည်း
ထောက်ပံ့ပေးပါတယ်။
(၃) ရာသီလာစဉ်ကာလအတွင်းမှာ မအီမသာဖြစ်တတ်ပြီး စိုစိုစွတ်စွတ်ကြီးနေရတာကို
သိပ်သဘောမကျတတ်ကြပေမဲ့ ရာသီသွေး စီးဆင်းလာတဲ့ သားအိမ်ထဲက သွေးမျှင်တွေ
မပိတ်ဆို့ဖို့အတွက်ရော၊ သန့်ရှင်းရေးအတွက်ပါ ရေမကြာခဏ ဆေးပေးသင့်ပါတယ်။
ရေဆေးတဲ့အခါမှာ အမျိုးသမီးအင်္ဂါတစ်ဝိုက် အရှေ့ကနေ အနောက်ကို ဆေးကြောခြင်းက
ကျန်းမာရေးအတွက်ရော၊ သန့်ရှင်းရေးအတွက်ပါ အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်။
တကယ်လို့ ရေမရနိုင်တဲ့ အခြေအနေမျိုးမှာတော့ တစ်ရှူးနဲ့ သေချာသန့်စင်ပေးပြီးမှ
အသစ်လဲသင့်ပါတယ်။
(၄) ပုံမှန်ရာသီလာချိန်မှာ ဘက်တီးရီး ယား အကောင်းရော၊ အဆိုးပါ ရှိနေတတ်တဲ့အတွက်
အမျိုးသမီးသန့်စင်ဆေးရည်နဲ့ ဆပ်ပြာတွေကို မသုံးသင့်ပါဘူး။
အဲဒီပစ္စည်းတွေက ပိုးမွှားတွေကို သေစေတဲ့အတွက် မလိုလားအပ်တဲ့ ဘက်တီးရီးယားတွေအပြင်
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဘက်တီးရီးယားတချို့ကိုပါ သေစေနိုင်တဲ့အတွက် ရောဂါဝင်ရောက်ဖို့
လွယ်ကူစေပါတယ်။
ဒါကြောင့် ရေသန့်နဲ့ ဆေးကြောတာ အကောင်းဆုံးပါပဲ။
(၅) သုံးပြီးသား လစဉ်သုံးပစ္စည်းတွေက အနံ့အသက်ဆိုးရွားတဲ့အပြင် ဘက်တီးရီးယားတွေ
စိတ်ကြိုက်ခိုအောင်းနိုင်တဲ့ နေရာဖြစ်တာကြောင့် စွန့်ပစ်ရာမှာ အလွန်အရေးကြီးပါတယ်။
တစ်ခုချင်းစီကို သေချာလိပ်ကာ ပလတ်စတစ်နဲ့ ထုပ်ပိုးပြီး သီးသန့်အိတ်ထဲလေလုံအောင်ပိတ်ပြီးမှ
စွန့်ပစ်သင့်ပါတယ်။
(၆) လစဉ်သုံးပစ္စည်းတွေရဲ့၊ စိုစွတ်လေးလံမှုက လှုပ်ရှားသွားလာသူအမျိုးသမီးတွေကို သူနဲ့
ထိတွေ့ရာနေရာတစ်ဝိုက်မှာ နီရဲနာကျင်စေပါတယ်။
အဲဒီလို နီရဲမှုတွေ ဖြစ်ပေါ်လာရင်တော့ ခြောက်သွေ့အောင် ထားဖို့၊ စွန်းပေမှုမများခင် လဲပေးဖို့နဲ့
ရေချိုးပြီးချိန်နဲ့ အိပ်ရာဝင်ချိန်မှာ ဆေးပေါင်ဒါ၊ ဒါမှမဟုတ် သနပ်ခါးရည်ကျဲ ခပ်ပါးပါးလိမ်းပေးဖို့
လိုအပ်ပါတယ်။
တကယ်လို့ နာကျင်မှုက ဆိုးရွားနေပြီဆိုရင်တော့ ပိုးမဝင်ခင် ဆရာဝန်ဆီသာ မြန်မြန်သွားဖို့
အကြံပြုချင်ပါတယ်။
(၇) ရာသီသွေးဆင်းများတဲ့အမျိုးသမီးတွေက လုပ်ငန်းခွင်ဝင်ချိန်၊ ကျောင်းတက်ချိန်နဲ့ ပြင်ပမှာ
သွားလာလှုပ်ရှားတဲ့အခါ အပြင်ကိုစွန်းပေလာမှာ စိုးရိမ်တဲ့စိတ်နဲ့ လစဉ်သုံး ပစ္စည်းကို နှစ်ခုထပ်ပြီး
သုံးတတ်ကြပါတယ်။
တကယ်တော့ အဲဒီလို နှစ်ခုထပ်သုံးတာဟာ ဘယ်လိုကောင်းကျိုးမှမပေးဘဲ စွန်းပေမှုကိုလည်း
ကာကွယ်ပေးမှာ မဟုတ်ပါဘူး။
ပစ္စည်း နှစ်ခုရဲ့ အလေးချိန်ကြောင့် စိတ်ဖိစီးမှုဖြစ်စေသလို၊ သွားလာရပိုခက်စေပါတယ်။
ဒါကြောင့် နှစ်ခုထပ်သုံးခြင်းထက် မကြာခဏလဲပေး ခြင်းကသာ ပိုသင့်တော်ပါတယ်။
(၈) မြန်မာအမျိုးသမီးတွေရဲ့ ယူဆချက်အရ အေးရင် ပိုကိုက်ခဲတတ်တယ်လို့
သတ်မှတ်ထားတာကြောင့် ရာသီလာတဲ့အခါ ရေချိုးဖို့ ရှောင်ကြဉ်လေ့ရှိပါတယ်။
ဒေသတချို့မှာ ရှိနေတဲ့ ရေမချိုးရဘူးဆိုတဲ့ အယူအဆတွေကလည်း ဟိုးအရင်အချိန်တွေက
အမျိုးသမီးတွေဟာ အကာအကွယ်မပါဘဲ ရေကန်တစ်ကန်ထဲမှာ အားလုံးအတူချိုးလေ့ ရှိတာမို့
သန့်ရှင်းရေးအတွက် တားမြစ်တာသာဖြစ်ပါတယ်။
တကယ်တော့ ရေပုံမှန် ချိုးတာက သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပြီး ခါးနဲ့ ခန္ဓာကိုယ်အောက်ပိုင်း
ကိုက်ခဲမှုတွေ၊ လေးလံမှုတွေကို လျော့ပါးသက်သာစေပါတယ်။
(၉) ဝမ်းဗိုက်အောက်ပိုင်း ကိုက်ခဲမှုတွေအတွက် အကိုက်အခဲပျောက်ဆေး အမျိုးမျိုးကို သောက်နိုင်ပေမဲ့
တစ်နေ့တစ်လုံးသာ သောက်ဖို့ လမ်းညွှန်ထားပါတယ်။
ရေနွေး အိတ်နွေးနွေးကပ်ပေးခြင်းနဲ့ လေ့ကျင့်ခန်းပေါ့ပေါ့ပါးပါး လုပ်ဆောင်ခြင်းကလည်း ကိုက်ခဲမှု
သက်သာစေဖို့ ကူညီပေးမှာဖြစ်ပေမဲ့ ကိုက်ခဲတဲ့နေရာဝန်းကျင်ကို နှိပ်နယ်ခြင်းကိုတော့
လုံး၀ ရှောင်ကြဉ်သင့်ပါတယ်။
(၁၀) ရာသီလာချိန်မှာ လစဉ်သုံးပစ္စည်းအပိုတစ်ခုကို ဘယ်ပဲသွားသွား ကိုယ်နဲ့မကွာ
ဆောင်ထားသင့်ပြီး သန့်ရှင်းစွာ ထားသိုထားဖို့ကလည်း အရေးကြီးပါတယ်။
Credit : myanmar.mmtimes

0 Comments