Last post

အကာအကြယ္မဲ့ ဆက္ဆံၿပီး လုပ္ရမည့္အရာ ၃ခု






အကာအကြယ္မဲ့ ဆက္ဆံၿပီး လုပ္ရမည့္အရာ ၃ခု
…………..
တကယ္လို႔ သားဆက္ျခားနည္းတခုခု ေသာက္ဖို႔ ေမ့ရေလာက္ေအာင္ စိတ္ဆႏၵေတြ ျပင္းထန္သြားသလား၊ ဒါမွမဟုတ္ နည္းတခုခုကို မွားယြင္းစြာ အသုံးျပဳမိလိုက္သလား။

စိတ္မပူပါနဲ႔။ ဒီအဆင့္(၃)ခုကို လုပ္ေဆာင္လိုက္လို႔ ရပါတယ္။

အကာအကြယ္မဲ့ ဆက္ဆံမႈျပဳမိလိုက္ၿပီဆိုရင္ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြ ရသြားမွာ၊ မေမွ်ာ္လင့္ဘဲ ကိုယ္ဝန္ရသြားမွာကေတာ့ စိတ္အပူၾကဆုံးပါပဲ။ လိင္ဆက္ဆံေတာ့မယ္ဆိုရင္ အကာအကြယ္ယူထားသင့္တာေတာ့ မွန္ေပမယ့္ ကြန္ဒုံးေပါက္ၿပဲသြားတာ၊ ေန႔စဥ္ေသာက္ေဆးကဒ္ကို ေသာက္ဖို႔ ေမ့သြားတာ၊ ႀကိဳတင္မျပင္ဆင္ထားဘဲ အတူေနမိလိုက္တာ၊ လုံးဝကို ေမ့ေလ်ာ့သြားတာ စတဲ့ အေၾကာင္းရင္းေတြေၾကာင့္ အကာအကြယ္မဲ့ ဆက္ဆံမိတာမ်ိဳးေတြ ရွိႏိုင္ပါတယ္။

အဲဒါေတြေၾကာင့္ပဲ ေရာဂါေတြ ကူးစက္ခံရတာ၊ မလိုခ်င္ဘဲ ကိုယ္ဝန္ရတာေတြ ရွိလာပါတယ္။ အဲဒီလိုမျဖစ္ေအာင္ ဒါေတြ လုပ္လို႔ ရပါတယ္။

(၁) ပုံမမွန္တာေတြကို သတိထားၾကည့္ပါ
လိင္မွတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြ ရသြားမယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ ေရာဂါရွိမွန္းမသိခင္ကတည္းက လကၡဏာေတြ ရွိေနတတ္ပါတယ္။ တကယ္လို႔ ခုေျပာမယ့္ လကၡဏာေတြ ေတြ႕လာရတယ္ဆိုရင္ ကိုယ္ဟာ လိင္ဆက္ဆံမႈမွာ တခုခုေတာ့ မွားယြင္းခဲ့ၿပီလို႔ ယူဆႏိုင္ပါတယ္။

အေၾကာင္းရင္းမရွိဘဲ ေသြးဆင္းျခင္း

ဒီလကၡဏာဟာ အမ်ိဳးသားထက္ အမ်ိဳးသမီးနဲ႔ ပိုသက္ဆိုင္ေပမယ့္ အမ်ိဳးသားေတြမွာ အကာအကြယ္မဲ့ လိင္ဆက္ဆံမိၿပီး ေနာက္ပိုင္း လိင္တံကေန ေသြးထြက္တာမ်ိဳးေတြ ရွိတတ္ပါတယ္။ ဒါဆိုရင္ေတာ့ ကိုယ့္ရဲ႕ ဆီးလမ္းေၾကာင္းမွာ ပိုးဝင္ေနတယ္လို႔ သတ္မွတ္ႏိုင္ၿပီး ခ်က္ခ်င္းကုသမႈ ခံယူဖို႔ လိုပါတယ္။

ဆီးသြားတဲ့အခါ နာက်င္ျခင္း

ဒါဟာလည္း ဆီးလမ္းေၾကာင္းပိုးဝင္ျခင္းရဲ႕ လကၡဏာျဖစ္ပါတယ္။ တစ္ခါတစ္ေလမွာ လိင္ကတစ္ဆင့္ ေရာဂါပိုးကူးစက္ျခင္းေၾကာင့္လည္း ဒီလကၡဏာမ်ိဳး ခံစားရႏိုင္ပါတယ္။

လိင္ဆက္ဆံစဥ္ နာက်င္ျခင္း

အကာအကြယ္မဲ့ လိင္ဆက္ဆံၿပီး ေနာက္ပိုင္းမွာ အမ်ိဳးသမီးေတြမွာဆို ထိုးသြင္းခံရတဲ့အခါ၊ အမ်ိဳးသားေတြမွာဆို သုက္ရည္ထြက္တဲ့အခါ နာက်င္တယ္ဆိုရင္ ဒါဟာလည္း ပိုးဝင္သြားတဲ့လကၡဏာတစ္ခု ျဖစ္ႏိုင္ပါတယ္။

အနီကြက္မ်ား ထြက္ျခင္း

လိင္အဂၤါတစ္ဝိုက္မွာ အနီကြက္ေတြ ရွိလာတယ္ဆိုရင္ အဲဒါဟာ ပုံမွန္မဟုတ္ဘူးလို႔ သံသယရွိသင့္ပါတယ္။ မယားယံဘူး၊ မနာဘူး၊ မပူဘူးဆိုရင္ေတာင္ ေဆးခန္းေတာ့ အျမန္ဆုံးျပၾကည့္သင့္ပါတယ္။

(၂) အေရးေပၚကိုယ္ဝန္တားေဆးကို ေသာက္ပါ
တကယ္လို႔ ခုေျပာခဲ့တဲ့ လကၡဏာေတြ မရွိဘူးဆိုရင္ေတာင္ ကိုယ္ဝန္ရသြားႏိုင္ေခ်ေတာ့ ရွိပါေသးတယ္။ ဒါေၾကာင့္ အေရးေပၚကိုယ္ဝန္တားေဆးကို အကာအကြယ္မဲ့ အတူေနၿပီး နာရီ (၁၂၀)အတြင္း ေသာက္ဖို႔ လိုပါတယ္။ နာရီ (၁၂၀)ဆိုေပမယ့္ တတ္ႏိုင္သေလာက္ ျမန္ျမန္ေသာက္ဖို႔ အေရးႀကီးပါတယ္။


ေဆးဆိုင္ေတြမွာ လြယ္ကူစြာ ဝယ္လို႔ရၿပီး ႏွစ္လုံးပါတဲ့ ေဆးေတြ ရွိသလို၊ တစ္လုံးတည္းပါတဲ့ ေဆးေတြလည္း ရွိပါတယ္။

(၃) ကိုယ္ဝန္ရွိမရွိ ဆီးစစ္ၾကည့္ပါ။
ရာသီစက္ဝန္းရဲ႕ ဘယ္ေန႔မွာ အတူေနလိုက္သည္ျဖစ္ေစ၊ ကိုယ္ဝန္ရသြားႏိုင္ေခ်ေတာ့ ရွိပါေသးတယ္။ ဒီအတြက္ ကိုယ့္ရဲ႕ ရာသီစက္ဝန္း ေနာက္က်ေနၿပီဆိုရင္ ဆီးစစ္ၾကည့္သင့္ပါတယ္။


တစ္ခုသတိထားရမွာကေတာ့ အေရးေပၚေဆးကဒ္ေသာက္ခဲ့မယ္ဆိုရင္ အဲဒီေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ ရာသီလာတာ ေရွ႕တိုးေနာက္ဆုတ္ ျဖစ္သြားႏိုင္တယ္ ဆိုတာပါပဲ။

ေရးသားသူ Dr. Phio Thia

Unicode

အကာအကွယ်မဲ့ ဆက်ဆံပြီး လုပ်ရမည့်အရာ ၃ခု
…………..
တကယ်လို့ သားဆက်ခြားနည်းတခုခု သောက်ဖို့ မေ့ရလောက်အောင် စိတ်ဆန္ဒတွေ ပြင်းထန်သွားသလား၊ ဒါမှမဟုတ် နည်းတခုခုကို မှားယွင်းစွာ အသုံးပြုမိလိုက်သလား။

စိတ်မပူပါနဲ့။ ဒီအဆင့်(၃)ခုကို လုပ်ဆောင်လိုက်လို့ ရပါတယ်။

အကာအကွယ်မဲ့ ဆက်ဆံမှုပြုမိလိုက်ပြီဆိုရင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရသွားမှာ၊ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားမှာကတော့ စိတ်အပူကြဆုံးပါပဲ။ လိင်ဆက်ဆံတော့မယ်ဆိုရင် အကာအကွယ်ယူထားသင့်တာတော့ မှန်ပေမယ့် ကွန်ဒုံးပေါက်ပြဲသွားတာ၊ နေ့စဉ်သောက်ဆေးကဒ်ကို သောက်ဖို့ မေ့သွားတာ၊ ကြိုတင်မပြင်ဆင်ထားဘဲ အတူနေမိလိုက်တာ၊ လုံးဝကို မေ့လျော့သွားတာ စတဲ့ အကြောင်းရင်းတွေကြောင့် အကာအကွယ်မဲ့ ဆက်ဆံမိတာမျိုးတွေ ရှိနိုင်ပါတယ်။

အဲဒါတွေကြောင့်ပဲ ရောဂါတွေ ကူးစက်ခံရတာ၊ မလိုချင်ဘဲ ကိုယ်ဝန်ရတာတွေ ရှိလာပါတယ်။ အဲဒီလိုမဖြစ်အောင် ဒါတွေ လုပ်လို့ ရပါတယ်။

(၁) ပုံမမှန်တာတွေကို သတိထားကြည့်ပါ
လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရသွားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ရောဂါရှိမှန်းမသိခင်ကတည်းက လက္ခဏာတွေ ရှိနေတတ်ပါတယ်။ တကယ်လို့ ခုပြောမယ့် လက္ခဏာတွေ တွေ့လာရတယ်ဆိုရင် ကိုယ်ဟာ လိင်ဆက်ဆံမှုမှာ တခုခုတော့ မှားယွင်းခဲ့ပြီလို့ ယူဆနိုင်ပါတယ်။

အကြောင်းရင်းမရှိဘဲ သွေးဆင်းခြင်း

ဒီလက္ခဏာဟာ အမျိုးသားထက် အမျိုးသမီးနဲ့ ပိုသက်ဆိုင်ပေမယ့် အမျိုးသားတွေမှာ အကာအကွယ်မဲ့ လိင်ဆက်ဆံမိပြီး နောက်ပိုင်း လိင်တံကနေ သွေးထွက်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ ဆီးလမ်းကြောင်းမှာ ပိုးဝင်နေတယ်လို့ သတ်မှတ်နိုင်ပြီး ချက်ချင်းကုသမှု ခံယူဖို့ လိုပါတယ်။

ဆီးသွားတဲ့အခါ နာကျင်ခြင်း

ဒါဟာလည်း ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ လိင်ကတစ်ဆင့် ရောဂါပိုးကူးစက်ခြင်းကြောင့်လည်း ဒီလက္ခဏာမျိုး ခံစားရနိုင်ပါတယ်။

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး နောက်ပိုင်းမှာ အမျိုးသမီးတွေမှာဆို ထိုးသွင်းခံရတဲ့အခါ၊ အမျိုးသားတွေမှာဆို သုက်ရည်ထွက်တဲ့အခါ နာကျင်တယ်ဆိုရင် ဒါဟာလည်း ပိုးဝင်သွားတဲ့လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

အနီကွက်များ ထွက်ခြင်း

လိင်အင်္ဂါတစ်ဝိုက်မှာ အနီကွက်တွေ ရှိလာတယ်ဆိုရင် အဲဒါဟာ ပုံမှန်မဟုတ်ဘူးလို့ သံသယရှိသင့်ပါတယ်။ မယားယံဘူး၊ မနာဘူး၊ မပူဘူးဆိုရင်တောင် ဆေးခန်းတော့ အမြန်ဆုံးပြကြည့်သင့်ပါတယ်။

(၂) အရေးပေါ်ကိုယ်ဝန်တားဆေးကို သောက်ပါ
တကယ်လို့ ခုပြောခဲ့တဲ့ လက္ခဏာတွေ မရှိဘူးဆိုရင်တောင် ကိုယ်ဝန်ရသွားနိုင်ချေတော့ ရှိပါသေးတယ်။ ဒါကြောင့် အရေးပေါ်ကိုယ်ဝန်တားဆေးကို အကာအကွယ်မဲ့ အတူနေပြီး နာရီ (၁၂၀)အတွင်း သောက်ဖို့ လိုပါတယ်။ နာရီ (၁၂၀)ဆိုပေမယ့် တတ်နိုင်သလောက် မြန်မြန်သောက်ဖို့ အရေးကြီးပါတယ်။

ဆေးဆိုင်တွေမှာ လွယ်ကူစွာ ဝယ်လို့ရပြီး နှစ်လုံးပါတဲ့ ဆေးတွေ ရှိသလို၊ တစ်လုံးတည်းပါတဲ့ ဆေးတွေလည်း ရှိပါတယ်။

(၃) ကိုယ်ဝန်ရှိမရှိ ဆီးစစ်ကြည့်ပါ။
ရာသီစက်ဝန်းရဲ့ ဘယ်နေ့မှာ အတူနေလိုက်သည်ဖြစ်စေ၊ ကိုယ်ဝန်ရသွားနိုင်ချေတော့ ရှိပါသေးတယ်။ ဒီအတွက် ကိုယ့်ရဲ့ ရာသီစက်ဝန်း နောက်ကျနေပြီဆိုရင် ဆီးစစ်ကြည့်သင့်ပါတယ်။

တစ်ခုသတိထားရမှာကတော့ အရေးပေါ်ဆေးကဒ်သောက်ခဲ့မယ်ဆိုရင် အဲဒီဆေးရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ရာသီလာတာ ရှေ့တိုးနောက်ဆုတ် ဖြစ်သွားနိုင်တယ် ဆိုတာပါပဲ။

ရေးသားသူ Dr. Phio Thia
 

0 Comments