Last post

ခ်စ္တင္းႏွီးေႏွာၿပီးေနာက္ ရလာမယ့္ က်န္းမာေရး အက်ိဳးေက်းဇူးေတြ


ခ်စ္တင္းႏွီးေႏွာၿပီးေနာက္ ရလာမယ့္ က်န္းမာေရး အက်ိဳးေက်းဇူးေတြ
........................................
ခ်စ္ၾကတဲ့ ကိစၥဟာ စိုးရိမ္စရာ မဟုတ္တဲ့အျပင္ ခ်စ္ၿပီးေနာက္မွာလည္း က်န္းမာေရးအက်ိဳးေက်းဇူးေတြ အမ်ားႀကီး ရႏိုင္ပါေသးတယ္ သတို႔သမီးေလးတို႔ေရ

မဂၤလာေဆာင္ဖို႔ အားတတ္သေရာ ျပင္ဆင္ႀကိဳးပမ္းေနၾကတဲ့ သတို႔သားေလာင္း၊ သတို႔သမီးေလာင္းေလးတို႔ရဲ႕ အေတြးထဲ မဂၤလာဦးည အေတြးေတြလည္း ပါေနမွာပဲေနာ္။ မဂၤလာဦးညကို ဘယ္လို ျဖတ္သန္းၾကမလဲ၊ အဆင္ေရာေျပပါ့မလားဆိုၿပီး စိုးရြံ႕စိတ္ ေၾကာက္စိတ္ေတြလည္း အနည္းနဲ႔ အမ်ားရွိၾကမွာပါ။

ခ်စ္ၾကတဲ့ ကိစၥဟာ စိုးရိမ္စရာ မဟုတ္တဲ့အျပင္ ခ်စ္ၿပီးေနာက္မွာလည္း က်န္းမာေရးအက်ိဳးေက်းဇူးေတြ အမ်ားႀကီး ရႏိုင္ပါေသးတယ္ သတို႔သမီးေလးတို႔ေရ။ ဘယ္ေလာက္ေတာင္ေကာင္းတဲ့အက်ိဳးေက်းဇူးေတြလဲဆိုတာ Marry ကေျပာျပေပးမယ္ေနာ္။

ကိုယ့္ကိုယ္ကို ပိုခ်စ္လာတယ္

မိမိကိုယ္မိမိခ်စ္ခင္မႈ၊ ေလးစားမႈေတြ ပိုလာပါတယ္။ အဲ့ဒါက ကိုယ္တိုင္အတြက္ေရာ ပတ္ဝန္းက်င္အတြက္ပါ ေကာင္းတဲ့ ကိစၥပါ။ ကိုယ့္ကိုယ္ကို ေလးစားခ်စ္ခင္လာေတာ့ အေကာင္းျမင္စိတ္ေတြလည္း ပိုလာတာေပါ့။

စိတ္ဖိစီးမႈေတြ ေလ်ာ့က်ေစတယ္

စိတ္ဖိစီးမႈေတြက ကိုယ့္ရဲ႕ က်န္းမာေရး၊ ေအာင္ျမင္ေရးနဲ႔ အလွအပေတြကို အဖက္ဖက္က ေလ်ာ့က်ေစတဲ့ အရာပါ။ ခ်စ္တင္းႏွီးေႏွာၿပီးေနာက္မွာေတာ့ သဘာဝအတိုင္းကိုပဲ စိတ္ဖိစီးမႈေတြ ေလ်ာ့နည္းသြားပါတယ္တဲ့။

ကယ္လိုရီေတြ ေလာင္ကၽြမ္းတယ္

ကယ္လိုရီေတြမ်ားေနတာက က်န္းမာေရးကို ျပႆနာရွိေစပါတယ္။ ခ်စ္တင္းႏွီးေႏွာျခင္းကေတာ့ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းေတြနည္းတူ ကယ္လိုရီေတြကို ေလာင္ကၽြမ္းေစႏိုင္စြမ္း ရွိပါတယ္။

တြဲလက္ေတြ ပိုခိုင္ၿမဲတယ္

အိမ္ေထာင္ေရးသုခ ျပည့္ဝၿပီး ေပ်ာ္ရႊင္ၾကတဲ့ စံုတြဲေတြမွာ က်န္းမာေရး၊ လူမႈေရးျပႆနာေတြ နည္းပါတယ္။ ကင္ဆာနဲ႔ ႏွလံုးေရာဂါလို ေရာဂါေတြလည္း ျဖစ္ႏိုင္ေျခနည္းတာေၾကာင့္မို႔ ဒီလင္ဒီမယား အိုေအာင္မင္းေအာင္ ေပါင္းရပါေစ ဆိုတဲ့ ဆုေလးနဲ႔ျပည့္ႏိုင္တဲ့ စံုတြဲေတြပါ။
ႏွလံုးက်န္းမာေရးကို ေကာင္းေစတယ္

နွလံုးသားထဲကေန ခ်စ္စိတ္ေတြ စီးဆင္းလာတယ္လို႔ ကဗ်ာေတြ စာေတြမွာ ဖတ္ဖူးတယ္မဟုတ္လား။ လင္မယားႏွစ္ေယာက္ အိပ္ယာထဲမွာ ခ်စ္ၾကတာကေတာ့ ႏွလံုးက်န္းမာေရးကို ပိုမိုေကာင္းမြန္ေစပါသတဲ့။

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစပါတယ္

ခ်စ္တင္းႏွီးေႏွာၿပီးေနာက္ လက္ငင္းခံစားရတဲ့ အက်ိဳးေက်းဇူးကေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္တာပါပဲ။ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ျခင္းက ကိုယ္ေရာ စိတ္ကိုပါ က်န္းမာေစတဲ့ ေသာ့ခ်က္တစ္ခုပါ။

Marry ရဲ႕ စံုတြဲေလးေတြလည္း ခ်စ္ျခင္းရဲ႔ ေနာက္ဆက္တြဲအက်ိဳးေက်းဇူးေတြကို ခံစားရလို႔ က်န္းမာေပ်ာ္ရႊင္တဲ့ ႏွစ္ကိုယ္တူဘဝလမ္းေလးကို ေလွ်ာက္လွမ္းႏိုင္ေစဖို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

From Marry with <3

Unicode

ချစ်တင်းနှီးနှောပြီးနောက် ရလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေ
........................................
ချစ်ကြတဲ့ ကိစ္စဟာ စိုးရိမ်စရာ မဟုတ်တဲ့အပြင် ချစ်ပြီးနောက်မှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရနိုင်ပါသေးတယ် သတို့သမီးလေးတို့ရေ

မင်္ဂလာဆောင်ဖို့ အားတတ်သရော ပြင်ဆင်ကြိုးပမ်းနေကြတဲ့ သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ရဲ့ အတွေးထဲ မင်္ဂလာဦးည အတွေးတွေလည်း ပါနေမှာပဲနော်။ မင်္ဂလာဦးညကို ဘယ်လို ဖြတ်သန်းကြမလဲ၊ အဆင်ရောပြေပါ့မလားဆိုပြီး စိုးရွံ့စိတ် ကြောက်စိတ်တွေလည်း အနည်းနဲ့ အများရှိကြမှာပါ။

ချစ်ကြတဲ့ ကိစ္စဟာ စိုးရိမ်စရာ မဟုတ်တဲ့အပြင် ချစ်ပြီးနောက်မှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီး ရနိုင်ပါသေးတယ် သတို့သမီးလေးတို့ရေ။ ဘယ်လောက်တောင်ကောင်းတဲ့အကျိုးကျေးဇူးတွေလဲဆိုတာ Marry ကပြောပြပေးမယ်နော်။

ကိုယ့်ကိုယ်ကို ပိုချစ်လာတယ်

မိမိကိုယ်မိမိချစ်ခင်မှု၊ လေးစားမှုတွေ ပိုလာပါတယ်။ အဲ့ဒါက ကိုယ်တိုင်အတွက်ရော ပတ်ဝန်းကျင်အတွက်ပါ ကောင်းတဲ့ ကိစ္စပါ။ ကိုယ့်ကိုယ်ကို လေးစားချစ်ခင်လာတော့ အကောင်းမြင်စိတ်တွေလည်း ပိုလာတာပေါ့။

စိတ်ဖိစီးမှုတွေ လျော့ကျစေတယ်

စိတ်ဖိစီးမှုတွေက ကိုယ့်ရဲ့ ကျန်းမာရေး၊ အောင်မြင်ရေးနဲ့ အလှအပတွေကို အဖက်ဖက်က လျော့ကျစေတဲ့ အရာပါ။ ချစ်တင်းနှီးနှောပြီးနောက်မှာတော့ သဘာဝအတိုင်းကိုပဲ စိတ်ဖိစီးမှုတွေ လျော့နည်းသွားပါတယ်တဲ့။

ကယ်လိုရီတွေ လောင်ကျွမ်းတယ်

ကယ်လိုရီတွေများနေတာက ကျန်းမာရေးကို ပြဿနာရှိစေပါတယ်။ ချစ်တင်းနှီးနှောခြင်းကတော့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေနည်းတူ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်စွမ်း ရှိပါတယ်။

တွဲလက်တွေ ပိုခိုင်မြဲတယ်

အိမ်ထောင်ရေးသုခ ပြည့်ဝပြီး ပျော်ရွှင်ကြတဲ့ စုံတွဲတွေမှာ ကျန်းမာရေး၊ လူမှုရေးပြဿနာတွေ နည်းပါတယ်။ ကင်ဆာနဲ့ နှလုံးရောဂါလို ရောဂါတွေလည်း ဖြစ်နိုင်ခြေနည်းတာကြောင့်မို့ ဒီလင်ဒီမယား အိုအောင်မင်းအောင် ပေါင်းရပါစေ ဆိုတဲ့ ဆုလေးနဲ့ပြည့်နိုင်တဲ့ စုံတွဲတွေပါ။
နှလုံးကျန်းမာရေးကို ကောင်းစေတယ်

နှလုံးသားထဲကနေ ချစ်စိတ်တွေ စီးဆင်းလာတယ်လို့ ကဗျာတွေ စာတွေမှာ ဖတ်ဖူးတယ်မဟုတ်လား။ လင်မယားနှစ်ယောက် အိပ်ယာထဲမှာ ချစ်ကြတာကတော့ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါသတဲ့။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်

ချစ်တင်းနှီးနှောပြီးနောက် လက်ငင်းခံစားရတဲ့ အကျိုးကျေးဇူးကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာပါပဲ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခြင်းက ကိုယ်ရော စိတ်ကိုပါ ကျန်းမာစေတဲ့ သော့ချက်တစ်ခုပါ။

Marry ရဲ့ စုံတွဲလေးတွေလည်း ချစ်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးကျေးဇူးတွေကို ခံစားရလို့ ကျန်းမာပျော်ရွှင်တဲ့ နှစ်ကိုယ်တူဘဝလမ်းလေးကို လျှောက်လှမ်းနိုင်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

From Marry with <3

0 Comments