Last post

သေႏၶတားေဆး မ်ားေၾကာင့္ ရင္သား ကင္ဆာ ျဖစ္ႏိုင္သည့္ အႏၲရာယ္ျမင့္မားဟုဆို


သေႏၶတားေဆး မ်ားေၾကာင့္ ရင္သား ကင္ဆာ ျဖစ္ႏိုင္သည့္ အႏၲရာယ္ျမင့္မားဟုဆို
............................
၁၉၉၀ ျပည့္ႏွစ္မ်ားက အသံုးျပဳမႈရပ္တန္႔ခဲ့ေသာ သေႏၶတားေဆးမ်ားအစား လက္ရွိအသံုးျပဳေနေသာ တားေဆးအသစ္မ်ားသည္ ရင္သားကင္ဆာျဖစ္ႏုိင္သည့္ အႏၲရာယ္ရွိေၾကာင္း ေလ့လာမႈတစ္ရပ္က ေဖာ္ျပသည္။

ေဟာ္မုန္းပါဝင္ေသာ သေႏၶတားေဆးမသံုးသည့္ အမ်ိဳးသမီး မ်ားထက္ ယင္းေဆးဝါးမ်ားသံုးသည့္ အမ်ိဳးသမီးမ်ားသည္ ရင္သား ကင္ဆာျဖစ္ႏုိင္သည့္ အႏၲရာယ္ ၂၀ ရာခိုင္ႏႈန္းပိုမိုေၾကာင္း ဒိန္းမတ္ႏုိင္ငံသူ ႏွစ္သန္းပါဝင္သည့္ ေလ့လာမႈက ေဖာ္ျပသည္။

ယင္းေဆးဝါးမ်ား အသံုးျပဳေနသည့္ ကာလအတြင္း ရင္သား ကင္ဆာျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ျမင့္မားၿပီး ေနာက္ထပ္ငါးႏွစ္အထိ ယင္းအႏၲရာယ္ဆက္ရွိေနေၾကာင္း ဒိန္းမတ္ႏိုင္ငံ ကိုပင္ေဟဂင္တကၠသိုလ္ သုေတသီမ်ားကေျပာသည္။

သို႔ေသာ္ သေႏၶတားေဆးမ်ားကို ငါးႏွစ္ႏွင့္အထက္သံုးေသာ အမ်ိဳးသမီးမ်ားသာ ရင္သားကင္ဆာျဖစ္ႏုိင္သည့္ အႏၲရာယ္ျမင့္မား ေၾကာင္း သုေတသီမ်ားက ရွင္းျပသည္။

ဖိုေဟာ္မုန္း ပမာဏျမင့္မားစြာပါဝင္ေသာ သေႏၶတားေဆးမ်ားကို အေမရိကန္တြင္ ၁၉၉၀ ျပည့္ႏွစ္မ်ား ေစာေစာပိုင္းက ေစ်း ကြက္တြင္းမွ ဖယ္ရွားခဲ့ေၾကာင္း သိရသည္။

သေႏၶတားေဆး ေသာက္ေဆးမ်ားကို ေျပာင္းလဲမႈအခ်ိဳ႕ ျပဳလုပ္ခဲ့ၿပီး ရင္သားကင္ဆာေရာဂါျဖစ္ႏုိင္သည့္ အႏၲရာယ္ေလ်ာ့နည္းၿပီဟု ထင္မွတ္ခဲ့ေသာ္လည္း ယခုေလ့လာမႈအရ ရင္သားကင္ဆာျဖစ္ႏုိင္သည့္ အႏၲရာယ္ရွိေနဆဲပင္ျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္ ငယ္ရြယ္ေသာ အမ်ိဳးသမီးမ်ားအေနျဖင့္ သေႏၶတား ေဆးသံုးလွ်င္ပင္ ရင္သားကင္ဆာျဖစ္ပြားႏုိင္သည့္ အႏၲရာယ္နည္း ပါးေၾကာင္း သုေတသီမ်ားကေျပာသည္။

ယခင္က အသံုးျပဳခဲ့သည့္ သေႏၶတားေဆးမ်ားတြင္ ဖိုေဟာ္မုန္း ပမာဏျမင့္မားစြာ ပါဝင္ၿပီး လက္ရွိအသံုးျပဳေနေသာ တားေဆးမ်ားတြင္ ဖိုေဟာ္မုန္းပမာဏနည္းပါးၿပီး လစဥ္ဓမၼတာလာခ်ိန္ ကို အေႏွာင့္အယွက္ျဖစ္ေစျခင္း မရွိေၾကာင္း သိရသည္။

အမ်ိဳးသမီးမ်ားအေနျဖင့္ သေႏၶတားရန္ သင့္ေတာ္ေသာနည္း လမ္းအတြက္ ဆရာဝန္ႏွင့္တိုင္ပင္ၿပီးမွ ေရြးခ်ယ္သင့္သည္။

—Ref: MNT

Credit: 7daydaily

Unicode

သန္ဓေတားဆေး များကြောင့် ရင်သား ကင်ဆာ ဖြစ်နိုင်သည့် အန္တရာယ်မြင့်မားဟုဆို
............................
၁၉၉၀ ပြည့်နှစ်များက အသုံးပြုမှုရပ်တန့်ခဲ့သော သန္ဓေတားဆေးများအစား လက်ရှိအသုံးပြုနေသော တားဆေးအသစ်များသည် ရင်သားကင်ဆာဖြစ်နိုင်သည့် အန္တရာယ်ရှိကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ဟော်မုန်းပါဝင်သော သန္ဓေတားဆေးမသုံးသည့် အမျိုးသမီး များထက် ယင်းဆေးဝါးများသုံးသည့် အမျိုးသမီးများသည် ရင်သား ကင်ဆာဖြစ်နိုင်သည့် အန္တရာယ် ၂၀ ရာခိုင်နှုန်းပိုမိုကြောင်း ဒိန်းမတ်နိုင်ငံသူ နှစ်သန်းပါဝင်သည့် လေ့လာမှုက ဖော်ပြသည်။

ယင်းဆေးဝါးများ အသုံးပြုနေသည့် ကာလအတွင်း ရင်သား ကင်ဆာဖြစ်ပွားနိုင်သည့် အန္တရာယ်မြင့်မားပြီး နောက်ထပ်ငါးနှစ်အထိ ယင်းအန္တရာယ်ဆက်ရှိနေကြောင်း ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်တက္ကသိုလ် သုတေသီများကပြောသည်။

သို့သော် သန္ဓေတားဆေးများကို ငါးနှစ်နှင့်အထက်သုံးသော အမျိုးသမီးများသာ ရင်သားကင်ဆာဖြစ်နိုင်သည့် အန္တရာယ်မြင့်မား ကြောင်း သုတေသီများက ရှင်းပြသည်။

ဖိုဟော်မုန်း ပမာဏမြင့်မားစွာပါဝင်သော သန္ဓေတားဆေးများကို အမေရိကန်တွင် ၁၉၉၀ ပြည့်နှစ်များ စောစောပိုင်းက ဈေး ကွက်တွင်းမှ ဖယ်ရှားခဲ့ကြောင်း သိရသည်။

သန္ဓေတားဆေး သောက်ဆေးများကို ပြောင်းလဲမှုအချို့ ပြုလုပ်ခဲ့ပြီး ရင်သားကင်ဆာရောဂါဖြစ်နိုင်သည့် အန္တရာယ်လျော့နည်းပြီဟု ထင်မှတ်ခဲ့သော်လည်း ယခုလေ့လာမှုအရ ရင်သားကင်ဆာဖြစ်နိုင်သည့် အန္တရာယ်ရှိနေဆဲပင်ဖြစ်ကြောင်း သိရသည်။

သို့သော် ငယ်ရွယ်သော အမျိုးသမီးများအနေဖြင့် သန္ဓေတား ဆေးသုံးလျှင်ပင် ရင်သားကင်ဆာဖြစ်ပွားနိုင်သည့် အန္တရာယ်နည်း ပါးကြောင်း သုတေသီများကပြောသည်။

ယခင်က အသုံးပြုခဲ့သည့် သန္ဓေတားဆေးများတွင် ဖိုဟော်မုန်း ပမာဏမြင့်မားစွာ ပါဝင်ပြီး လက်ရှိအသုံးပြုနေသော တားဆေးများတွင် ဖိုဟော်မုန်းပမာဏနည်းပါးပြီး လစဉ်ဓမ္မတာလာချိန် ကို အနှောင့်အယှက်ဖြစ်စေခြင်း မရှိကြောင်း သိရသည်။

အမျိုးသမီးများအနေဖြင့် သန္ဓေတားရန် သင့်တော်သောနည်း လမ်းအတွက် ဆရာဝန်နှင့်တိုင်ပင်ပြီးမှ ရွေးချယ်သင့်သည်။

—Ref: MNT

Credit: 7daydaily

0 Comments