Last post

လိင္တံ မာေက်ာလာေစတဲ့ နည္းလမ္းအမ်ိဳးမ်ိဳး


လိင္တံ မာေက်ာလာေစတဲ့ နည္းလမ္းအမ်ိဳးမ်ိဳး
.......................
လိင္တံ ေထာင္မတ္ျခင္းဆိုတာလိင္တံသည္ေသြးျဖင့္ ျပည့္တဲ့အခါ မာေၾကာၿပီးေထာင္မတ္လာျခင္းကိုဆိုလိုပါတယ္။ အေျခခံအားျဖင့္ မာေက်ာျခင္းနဲ႔ လိင္တံေထာင္မတ္တဲ့ ၾကာခ်ိန္ဟာေယာက္်ားတစ္ေယာက္ရဲ႕ ေယာက်္ားပီသတယ္လို႔ ကိုယ့္ကိုကိုယ္ ခံစားရမႈနဲ႔ သူ႔ရဲ႕ လိင္မႈဘဝမွာကိုယ့္ကိုကိုယ္ယံုၾကည္မႈတို႔နဲ႔ ဆက္သြယ္ေနပါတယ္။

လိင္ဆက္ဆံစဥ္ လိင္တံေထာင္မတ္မႈရဲ႕ အရည္အေသြးကိုတိုးတက္ဖို႔ ေအာက္ေဖၚျပပါ ရိုးစင္းတဲ့ နည္းလမ္းေတြကိုဖတ္ရႈႏိုင္ပါတယ္။

ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ျခင္း

လိင္တံေထာင္မတ္ျခင္းဟာသင့္ရဲ႕ က်န္းမာတဲ့ ေသြးလွည့္ပတ္မႈစနစ္နဲ႔ ဆက္စပ္ေနပါတယ္။ ကိုယ္လက္္လႈပ္ရွားမႈ ျပဳလုပ္ျခင္းအားျဖင့္ ႏွလံုးအစရွိတဲ့ သင့္ရဲ႕ ေယဘုယ်က်န္းမာေရးကိုတိုးတက္ေစပါတယ္။ ေလ့က်င့္ခန္းလုပ္ျခင္းဟာသင့္ႏွလံုးကိုပိုခုန္ေစၿပီးေတာ့ လိင္တံအပါအဝင္ ခႏၶာကိုယ္ထဲမွာရွိတဲ့ ဆဲလ္တိုိင္းကိုေသြးေရာက္မႈျမင့္တက္ေစပါတယ္။

လိင္တံဆိုင္ရာေလ့က်င့္ခန္း ျပဳလုပ္ျခင္း

ခႏၶာကိုယ္တစ္ခုလံုးက်န္းမာေရးအတြက္ ေလ့က်င့္ခန္းေတြသာမကလိင္တံဆိုင္ရာေလ့က်င့္ခန္း ျပဳလုပ္ျခင္းဟာလိင္တံေထာင္မတ္ဖို႔ အေရးႀကီးတဲ့ အခ်က္တစ္ခ်က္ျဖစ္ပါတယ္။ ဥပမာ –

တင္ပဆံုေလ့က်င့္ခန္း – တင္ပဆံုေလ့က်င့္ခန္းေတြဟာသင့္ဆီးက်ိတ္က်န္းမာေရးနဲ႔အတူတင္ပဆံုၾကြက္သားေတြကိုပိုမိုသန္စြမ္းေစပါတယ္။ အားအင္ျပည့္ဝတဲ့ အရိုးၾကြက္သားေတြေၾကာင့္ သင္ဟာအေကာင္းမြန္ဆံုးနဲ႔ အမာေၾကာဆံုးလိင္တံေထာင္မတ္မႈကိုရရွိေစႏိုင္ပါတယ္။
တဘက္အသံုးျပဳ၍ေလ့က်င့္ျခင္း – အလယ္အလတ္အရြယ္အစားရွိတဘက္ကိုကိရိယာအျဖစ္အသံုးျပဳၿပီးသင့္ရဲ႕ လိင္တံကိုမာေက်ာေအာင္ လုပ္ႏိုင္ပါတယ္။ ဒီေလ့က်င့္ခန္းဟာသင့္ရဲ႕ အရြတ္ေတြကိုက်န္းမာသန္စြမ္းေစရန္ ရည္ရြယ္ပါတယ္။
လိင္တံေလ့က်င့္ခန္း – တဘက္နဲ႔ လုပ္တဲ့ ေလ့က်င့္ခန္းနဲ႔ ယွဥ္ရင္ လိင္တံကိုညွစ္ေပးရေသာဒီေလ့က်င့္ခန္း (milking motion)ဟာအျခားကိရိယာေတြ မလိုတဲ့အတြက္ ပိုမိုရိုးရွင္းပါတယ္။ သို႔ေသာ္လည္းဒီေလ့က်င့္ခန္းဟာသင့္လိင္တံကိုသြားတဲ့ အာဟာရၾကြယ္ဝတဲ့ေသြးစီးဆင္းမႈကိုပိုမိုေကာင္းမြန္ေစပါတယ္။
မွန္ကန္တဲ့အစားအေသာက္မ်ားစားသံုးျခင္း

သင့္လိင္တံမာေက်ာဖို႔အတြက္ ေအာက္ေဖၚျပပါ အစားအေသာက္နဲ႔ အရည္ေတြကိုေသာက္သံုးသင့္ပါတယ္။

ငွက္ေပ်ာသီး – ငွက္ေပ်ာသီးမွာ ႏွလံုးက်န္းမာေရးကိုေကာင္းမြန္ေစတဲ့ ပိုတက္စီရမ္ အမ်ားအျပားပါဝင္ပါတယ္။ က်န္းမာတဲ့ႏွလံုးဟာက်န္းမာတဲ့ ေသြးလည္ပတ္မႈကိုျဖစ္ေပၚေစၿပီးလိင္တံေထာင္မတ္မႈကိုအေထာက္အကူျပဳပါတယ္။
စပ္ေသာငရုတ္ေကာင္း – ငရုတ္ေကာင္းမွာပါတဲ့ capsaicin ဟာအပူကိုသယ္ေဆာင္ႏိုင္ၿပီးေသြးေၾကာေတြအတြက္ ေကာင္းက်ိဳးရွိကာလိင္တံကိုသြားတဲ့ ေသြးလည္ပတ္မႈကိုအားေပးပါတယ္။ ဒါ့ေၾကာင့္ လိင္ဆက္ဆံစဥ္မွာလိင္တံေထာင္မတ္ဖို႔ အက်ိဳးရွိပါလိမ့္မယ္။
ေကြကာအုပ္အမႈန္ ့-ေကြကာအုပ္အမႈန္ ႔တင္မကပဲအျခားအမွ်င္ဓါတ္ ၾကြယ္ဝတဲ့ အစားအေသာက္ေတြဟာ ခႏၶာကိုယ္မွာရွိတဲ့ ေသြးတြင္းအဆီပမာဏကိုက်ဆင္းေစၿပီးလိင္တံကိုေသြးေရာက္ျခင္းကိုတိုးျမွင့္ေပးပါတယ္။
ကမာေကာင္ – ကမာေကာင္ေတြမွာဇင့္ဓါတ္နဲ႔ ဗီတာမင္ ဘီ၆ ပါဝင္ၿပီးေယာက်္ားေဟာ္မုန္းကိုအျမင့္ဆံုးပမာဏထိထြက္ေစဖို႔ အားေပးပါတယ္။ ဒါေၾကာင့္ ကမာေကာင္ေတြဟာစိတ္ေက်နပ္ဖြယ္ေကာင္းတဲ့ လိင္မႈဘဝနဲ႔ လိင္တံေထာင္မတ္မႈျဖစ္ေစဖို႔အတြက္ အသံုးဝင္ပါတယ္။
ဆာမြန္ငါး – အိုမီဂါ ၃ ပါဝင္တာေၾကာင့္ ဆာမြန္ငါးေတြဟာသင္ေသြးခဲစနစ္ကိုထိန္းသိမ္းခ်င္တယ္ဆိုရင္နဲ႔ သင့္လိင္တံအားျဖည့္ခ်င္တယ္ဆိုရင္ အေကာင္းဆံုးအစားအစာတစ္ခုျဖစ္ပါတယ္။
ဝုိင္အနီ – ဝိုင္အနီကိုသင့္တင့္ရံုေသာက္သံုးျခင္းဟာသင့္ေသြးေၾကာေတြကိုအနားေပးၿပီး၊ ေသြးလည္ပတ္မႈကိုေခ်ာေမြ႔ေစပါတယ္။
ေကာ္ဖီ – လိင္တံေထာင္မတ္မႈအေၾကာင္းေျပာမယ္ဆိုရင္ေတာ့ ေကာ္ဖီကိုမေမ့သင့္ပါဘူး။ ေကာ္ဖီမွာပါဝင္တဲ့ ကဖင္းဓါတ္ဟာသင့္ေသြးလွည့္ပတ္မႈ စနစ္အတြက္ အလြန္အက်ိဳးရွိပါတယ္။
ေဆးလိပ္ႏွင့္ အရက္ျဖတ္ျခင္း – မာေက်ာတဲ့ လိင္တံကိုလိုခ်င္တယ္ဆိုရင္ ေဆးလိပ္နဲ႔ အရက္ကိုအခုပဲရပ္လိုက္ပါ။ ဒီအက်င့္ေတြဟာသင့္ကိုေပ်ာ့တဲ့ လိင္ကိုသာေပးပါလိမ့္မယ္။
အျခားတစ္ဖက္က ၾကည့္ရင္လည္းစိတ္ဖိစီးမႈနဲ႔ ဖိအားေတြဟာဘယ္ေတာ့မွ မိတ္ေဆြေကာင္းေတြ မျဖစ္ႏိုင္ပါဘူး။ ဒါ့ေၾကာင့္သင္ဟာအနားယူၿပီးစိတ္ဖိစီးမႈကိုတတ္ႏိုင္သမွ် ေလွ်ာ့ခ်သင့္ပါတယ္။ ၎က သင့္ရဲ႕ လိင္စိတ္ကိုေလ်ာ့က်ေစပါလိမ့္မယ္။ သင္ပိုမိုအနားရေလေလသင့္ရဲ႕ လိင္တံကပိုမိုေထာင္မတ္ၿပီးအားျပည့္ေလဆုိတာမေမ့သင့္ပါဘူး။
လိင္မႈဘဝဆိုတာပံုမွန္ျဖစ္ၿပီးသဘာဝက်တဲ့ အရာတစ္ခုျဖစ္ပါတယ္။ ဒီအခ်က္ေတြကသင့္ကိုမကူညီႏိုင္ဘူးဆိုရင္ သင့္ရဲ႕ လိင္တံေထာင္မတ္မႈ အားနည္းျခင္းအတြက္ သင့္ဆရာဝင္နဲ႔ ျပသသင့္ပါတယ္။ သင့္ဆရာဝန္ကစမ္းသပ္စစ္ေဆးၿပီးသင့္အတြက္ အက်ိဳးရွိတဲ့ ေဆးဝါးေတြကိုေပးပါလိမ့္မယ္။

Credit:HelloSyarWon

Unicode

လိင်တံ မာကျောလာစေတဲ့ နည်းလမ်းအမျိုးမျိုး
.......................
လိင်တံ ထောင်မတ်ခြင်းဆိုတာလိင်တံသည်သွေးဖြင့် ပြည့်တဲ့အခါ မာကြောပြီးထောင်မတ်လာခြင်းကိုဆိုလိုပါတယ်။ အခြေခံအားဖြင့် မာကျောခြင်းနဲ့ လိင်တံထောင်မတ်တဲ့ ကြာချိန်ဟာယောက်ျားတစ်ယောက်ရဲ့ ယောကျ်ားပီသတယ်လို့ ကိုယ့်ကိုကိုယ် ခံစားရမှုနဲ့ သူ့ရဲ့ လိင်မှုဘဝမှာကိုယ့်ကိုကိုယ်ယုံကြည်မှုတို့နဲ့ ဆက်သွယ်နေပါတယ်။

လိင်ဆက်ဆံစဉ် လိင်တံထောင်မတ်မှုရဲ့ အရည်အသွေးကိုတိုးတက်ဖို့ အောက်ဖေါ်ပြပါ ရိုးစင်းတဲ့ နည်းလမ်းတွေကိုဖတ်ရှုနိုင်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း

လိင်တံထောင်မတ်ခြင်းဟာသင့်ရဲ့ ကျန်းမာတဲ့ သွေးလှည့်ပတ်မှုစနစ်နဲ့ ဆက်စပ်နေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းအားဖြင့် နှလုံးအစရှိတဲ့ သင့်ရဲ့ ယေဘုယျကျန်းမာရေးကိုတိုးတက်စေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာသင့်နှလုံးကိုပိုခုန်စေပြီးတော့ လိင်တံအပါအဝင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တိုင်းကိုသွေးရောက်မှုမြင့်တက်စေပါတယ်။

လိင်တံဆိုင်ရာလေ့ကျင့်ခန်း ပြုလုပ်ခြင်း

ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေသာမကလိင်တံဆိုင်ရာလေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာလိင်တံထောင်မတ်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ ဥပမာ –

တင်ပဆုံလေ့ကျင့်ခန်း – တင်ပဆုံလေ့ကျင့်ခန်းတွေဟာသင့်ဆီးကျိတ်ကျန်းမာရေးနဲ့အတူတင်ပဆုံကြွက်သားတွေကိုပိုမိုသန်စွမ်းစေပါတယ်။ အားအင်ပြည့်ဝတဲ့ အရိုးကြွက်သားတွေကြောင့် သင်ဟာအကောင်းမွန်ဆုံးနဲ့ အမာကြောဆုံးလိင်တံထောင်မတ်မှုကိုရရှိစေနိုင်ပါတယ်။
တဘက်အသုံးပြု၍လေ့ကျင့်ခြင်း – အလယ်အလတ်အရွယ်အစားရှိတဘက်ကိုကိရိယာအဖြစ်အသုံးပြုပြီးသင့်ရဲ့ လိင်တံကိုမာကျောအောင် လုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာသင့်ရဲ့ အရွတ်တွေကိုကျန်းမာသန်စွမ်းစေရန် ရည်ရွယ်ပါတယ်။
လိင်တံလေ့ကျင့်ခန်း – တဘက်နဲ့ လုပ်တဲ့ လေ့ကျင့်ခန်းနဲ့ ယှဉ်ရင် လိင်တံကိုညှစ်ပေးရသောဒီလေ့ကျင့်ခန်း (milking motion)ဟာအခြားကိရိယာတွေ မလိုတဲ့အတွက် ပိုမိုရိုးရှင်းပါတယ်။ သို့သော်လည်းဒီလေ့ကျင့်ခန်းဟာသင့်လိင်တံကိုသွားတဲ့ အာဟာရကြွယ်ဝတဲ့သွေးစီးဆင်းမှုကိုပိုမိုကောင်းမွန်စေပါတယ်။
မှန်ကန်တဲ့အစားအသောက်များစားသုံးခြင်း

သင့်လိင်တံမာကျောဖို့အတွက် အောက်ဖေါ်ပြပါ အစားအသောက်နဲ့ အရည်တွေကိုသောက်သုံးသင့်ပါတယ်။

ငှက်ပျောသီး – ငှက်ပျောသီးမှာ နှလုံးကျန်းမာရေးကိုကောင်းမွန်စေတဲ့ ပိုတက်စီရမ် အများအပြားပါဝင်ပါတယ်။ ကျန်းမာတဲ့နှလုံးဟာကျန်းမာတဲ့ သွေးလည်ပတ်မှုကိုဖြစ်ပေါ်စေပြီးလိင်တံထောင်မတ်မှုကိုအထောက်အကူပြုပါတယ်။
စပ်သောငရုတ်ကောင်း – ငရုတ်ကောင်းမှာပါတဲ့ capsaicin ဟာအပူကိုသယ်ဆောင်နိုင်ပြီးသွေးကြောတွေအတွက် ကောင်းကျိုးရှိကာလိင်တံကိုသွားတဲ့ သွေးလည်ပတ်မှုကိုအားပေးပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံစဉ်မှာလိင်တံထောင်မတ်ဖို့ အကျိုးရှိပါလိမ့်မယ်။
ကွေကာအုပ်အမှုန့်-ကွေကာအုပ်အမှုန့်တင်မကပဲအခြားအမျှင်ဓါတ် ကြွယ်ဝတဲ့ အစားအသောက်တွေဟာ ခန္ဓာကိုယ်မှာရှိတဲ့ သွေးတွင်းအဆီပမာဏကိုကျဆင်းစေပြီးလိင်တံကိုသွေးရောက်ခြင်းကိုတိုးမြှင့်ပေးပါတယ်။
ကမာကောင် – ကမာကောင်တွေမှာဇင့်ဓါတ်နဲ့ ဗီတာမင် ဘီ၆ ပါဝင်ပြီးယောကျ်ားဟော်မုန်းကိုအမြင့်ဆုံးပမာဏထိထွက်စေဖို့ အားပေးပါတယ်။ ဒါကြောင့် ကမာကောင်တွေဟာစိတ်ကျေနပ်ဖွယ်ကောင်းတဲ့ လိင်မှုဘဝနဲ့ လိင်တံထောင်မတ်မှုဖြစ်စေဖို့အတွက် အသုံးဝင်ပါတယ်။
ဆာမွန်ငါး – အိုမီဂါ ၃ ပါဝင်တာကြောင့် ဆာမွန်ငါးတွေဟာသင်သွေးခဲစနစ်ကိုထိန်းသိမ်းချင်တယ်ဆိုရင်နဲ့ သင့်လိင်တံအားဖြည့်ချင်တယ်ဆိုရင် အကောင်းဆုံးအစားအစာတစ်ခုဖြစ်ပါတယ်။
ဝိုင်အနီ – ဝိုင်အနီကိုသင့်တင့်ရုံသောက်သုံးခြင်းဟာသင့်သွေးကြောတွေကိုအနားပေးပြီး၊ သွေးလည်ပတ်မှုကိုချောမွေ့စေပါတယ်။
ကော်ဖီ – လိင်တံထောင်မတ်မှုအကြောင်းပြောမယ်ဆိုရင်တော့ ကော်ဖီကိုမမေ့သင့်ပါဘူး။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓါတ်ဟာသင့်သွေးလှည့်ပတ်မှု စနစ်အတွက် အလွန်အကျိုးရှိပါတယ်။
ဆေးလိပ်နှင့် အရက်ဖြတ်ခြင်း – မာကျောတဲ့ လိင်တံကိုလိုချင်တယ်ဆိုရင် ဆေးလိပ်နဲ့ အရက်ကိုအခုပဲရပ်လိုက်ပါ။ ဒီအကျင့်တွေဟာသင့်ကိုပျော့တဲ့ လိင်ကိုသာပေးပါလိမ့်မယ်။
အခြားတစ်ဖက်က ကြည့်ရင်လည်းစိတ်ဖိစီးမှုနဲ့ ဖိအားတွေဟာဘယ်တော့မှ မိတ်ဆွေကောင်းတွေ မဖြစ်နိုင်ပါဘူး။ ဒါ့ကြောင့်သင်ဟာအနားယူပြီးစိတ်ဖိစီးမှုကိုတတ်နိုင်သမျှ လျှော့ချသင့်ပါတယ်။ ၎င်းက သင့်ရဲ့ လိင်စိတ်ကိုလျော့ကျစေပါလိမ့်မယ်။ သင်ပိုမိုအနားရလေလေသင့်ရဲ့ လိင်တံကပိုမိုထောင်မတ်ပြီးအားပြည့်လေဆိုတာမမေ့သင့်ပါဘူး။
လိင်မှုဘဝဆိုတာပုံမှန်ဖြစ်ပြီးသဘာဝကျတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဒီအချက်တွေကသင့်ကိုမကူညီနိုင်ဘူးဆိုရင် သင့်ရဲ့ လိင်တံထောင်မတ်မှု အားနည်းခြင်းအတွက် သင့်ဆရာဝင်နဲ့ ပြသသင့်ပါတယ်။ သင့်ဆရာဝန်ကစမ်းသပ်စစ်ဆေးပြီးသင့်အတွက် အကျိုးရှိတဲ့ ဆေးဝါးတွေကိုပေးပါလိမ့်မယ်။

Credit:HelloSyarWon

0 Comments