သေႏၶတားေဆး ေသာက္ေနတုန္း ရာသီမေပၚရင္
ကိုယ္ဝန္ရွိၿပီလား?
...............
သေႏၶတားေဆး ေသာက္ေနတုန္းမွာ ရာသီမလာေတာ့ေပမယ့္
ကိုယ္ဝန္ရွိေနၿပီလို႔ ယူဆလို႔မရပါဘူး။ ေဆးေသာက္ဖို႔ မေမ့ဘဲ ပံုမွန္ေသာက္ေနရင္းေတာင္မွ
ရာသီေပ်ာက္တာမ်ိဳး ရွိတတ္ပါတယ္။
>> သေႏၶတားေဆး ေသာက္ေနရင္း ရာသီမလာပါက
ဘယ္လိုလုပ္ရမလဲ?
ဒီအေျခအေနအတြက္ အေျခအေန အမ်ိဳးမ်ိဳး
ရွိႏိုင္ပါတယ္။ ေဆးေသာက္ေနတုန္း ရာသီ လံုးဝမလာတာ၊ နည္းနည္းပဲလာတာေတြ ျဖစ္တတ္ပါတယ္။
• ေဆးေသာက္မပ်က္ဘဲနဲ႔ တစ္လပဲ ရာသီမလာတာဆိုရင္
ကိုယ္ဝန္ရွိတာ မဟုတ္ႏိုင္ပါဘူး။ ကိုယ္ဝန္ေဆာင္ လကၡဏာေတြျဖစ္တဲ့ ပ်ိဳ႕အန္ျခင္း၊ ရင္သားမ်ား
နာက်င္ျခင္း၊ ဆီးသြားမ်ားျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း စတာေတြ ျဖစ္လာရင္ေတာ့ ဆရာဝန္နဲ႔
ျပၾကည့္ပါ။
• ေဆးေသာက္ပ်က္ပ်က္၊ မပ်က္ပ်က္ ရာသီ
2 လဆက္တိုက္ မလာဘူးဆိုရင္ ကိုယ္ဝန္ ရွိ၊ မရွိ ဆီးစစ္ၾကည့္ပါ။ ေဆးေသာက္ဖို႔ ေမ့ေနတယ္ဆိုရင္
ဆရာဝန္ မၫႊန္ၾကားဘဲနဲ႔ ေဆးေသာက္ မရပ္လိုက္ပါနဲ႔။
• ေဆးေသာက္ဖို႔ တစ္ႀကိမ္ (သို႔) တစ္ႀကိမ္ထက္ပိုၿပီး
ပ်က္ကြက္ကာ ရာသီလည္း မလာဘူးဆိုရင္ ကိုယ္ဝန္ ရွိ၊ မရွိ ဆီးစစ္သင့္ပါတယ္။ ကိုယ္ဝန္ရွိတယ္လို႔ျပရင္
သေႏၶတားေဆး ေသာက္တာကို ခ်က္ခ်င္းရပ္လိုက္ပါ။ ကိုယ္ဝန္မရွိဘူး ဆိုရင္ေတာ့ ဆရာဝန္နဲ႔
တိုင္ပင္ၿပီး အျခားသေႏၶတားနည္း တစ္ခုခု ေျပာင္းပါ။
Dr. Mya Myo Myo Swe
DrMyanmar
Unicode
သန္ဓေတားဆေး သောက်နေတုန်း ရာသီမပေါ်ရင် ကိုယ်ဝန်ရှိပြီလား?
...............
သန္ဓေတားဆေး သောက်နေတုန်းမှာ ရာသီမလာတော့ပေမယ့် ကိုယ်ဝန်ရှိနေပြီလို့ ယူဆလို့မရပါဘူး။ ဆေးသောက်ဖို့ မမေ့ဘဲ ပုံမှန်သောက်နေရင်းတောင်မှ ရာသီပျောက်တာမျိုး ရှိတတ်ပါတယ်။
>> သန္ဓေတားဆေး သောက်နေရင်း ရာသီမလာပါက ဘယ်လိုလုပ်ရမလဲ?
ဒီအခြေအနေအတွက် အခြေအနေ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဆေးသောက်နေတုန်း ရာသီ လုံးဝမလာတာ၊ နည်းနည်းပဲလာတာတွေ ဖြစ်တတ်ပါတယ်။
• ဆေးသောက်မပျက်ဘဲနဲ့ တစ်လပဲ ရာသီမလာတာဆိုရင် ကိုယ်ဝန်ရှိတာ မဟုတ်နိုင်ပါဘူး။ ကိုယ်ဝန်ဆောင် လက္ခဏာတွေဖြစ်တဲ့ ပျို့အန်ခြင်း၊ ရင်သားများ နာကျင်ခြင်း၊ ဆီးသွားများခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြကြည့်ပါ။
• ဆေးသောက်ပျက်ပျက်၊ မပျက်ပျက် ရာသီ 2 လဆက်တိုက် မလာဘူးဆိုရင် ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်ကြည့်ပါ။ ဆေးသောက်ဖို့ မေ့နေတယ်ဆိုရင် ဆရာဝန် မညွှန်ကြားဘဲနဲ့ ဆေးသောက် မရပ်လိုက်ပါနဲ့။
• ဆေးသောက်ဖို့ တစ်ကြိမ် (သို့) တစ်ကြိမ်ထက်ပိုပြီး ပျက်ကွက်ကာ ရာသီလည်း မလာဘူးဆိုရင် ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်သင့်ပါတယ်။ ကိုယ်ဝန်ရှိတယ်လို့ပြရင် သန္ဓေတားဆေး သောက်တာကို ချက်ချင်းရပ်လိုက်ပါ။ ကိုယ်ဝန်မရှိဘူး ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အခြားသန္ဓေတားနည်း တစ်ခုခု ပြောင်းပါ။
Dr. Mya Myo Myo Swe
DrMyanmar

0 Comments