Last post

လိင္တံေပ်ာ့ျခင္းေရာဂါကုိ ေျဖရွင္းေပးႏိုင္တဲ့ အစားအစာမ်ား


အစားအစာေတြက သင့္ရဲ႕ လိင္တံအေပၚ သက္ေရာက္မႈရွိပါသလား။

ေဆးေတြ၊ လိင္တံႁပြန္ေတြ၊ ခြဲစိတ္မႈေတြက အမ်ိဳးသားလိင္တံေပ်ာ့ျခင္းကို ကုသေပးႏိုင္တယ္ဆိုတာ စာဖတ္သူတို႔ သိၾကမွာပါ။ ဒါျဖင့္ရင္ အစားအစာေတြကေရာ အမ်ိဳးသားလိင္တံေပ်ာ့ျခင္း အေပၚ သက္ေရာက္မႈရွိသလား။ အေျဖကိုေျပာရမယ္ဆိုရင္ေတာ့ အစားအစာေတြကလည္း လိင္တံေပ်ာ့ျခင္းဆိုင္ရာ ျပႆနာ Erectile dysfunction (ED) ကို ကုသေပးႏိုင္ပါတယ္။ အခုဒီေဆာင္းပါးမွာေတာ့ Hello ဆရာ၀န္ ပရိတ္သတ္ႀကီးအတြက္ လိင္တံေပ်ာ့ျခင္း ေရာဂါကို ကုသေပးႏိုင္တဲ့ အစားအစာေတြကို ေဖာ္ျပလိုက္ပါတယ္။
၁။ ဖရဲသီး

လိင္တံေပ်ာ့ျခင္းကို ကုသေပးေနတဲ့ ေဆးေတြမွာပါဝင္တဲ့ ဓာတ္ေပါင္းဟာ ေဈးေတြမွာ အလြယ္တကူဝယ္ယူႏိုင္တဲ့ ဖရဲသီးေတြမွာလည္း ပါဝင္ပါတယ္။ ဒါ့အျပင္ဖရဲသီးဟာ အမ်ိဳးသားေတြရဲ႕ လိင္စိတ္ဆႏၵျပင္းျပျခင္းကို အရွိန္ျမႇင့္တင္ေပးႏိုင္တယ္လို႔ ေလ့လာခ်က္ေတြက ဆိုပါတယ္။ ဖရဲသီးမွာ ေရဓာတ္အမ်ားဆုံးပါဝင္ေပမဲ့ lycopene လို႔ေခၚတဲ့ အနီေရာင္ျခယ္ ပစၥည္းဟာ ႏွလုံး၊ ပေရာ့စတိတ္ (သုတ္ရည္ဂလင္း) နဲ႔ အေရျပားတို႔အတြက္ ေကာင္းက်ိဳးျဖစ္ေစပါတယ္။

၂။ ကမာေကာင္

အခြံမာ ေရေနသတၱဝါတစ္မ်ိဳးျဖစ္တဲ့ ကမာေကာင္ေတြဟာ သင့္ရဲ႕ တက္စတိုစတီ႐ုန္း (testosterone) ေဟာ္မုန္းပမာဏကို ျမႇင့္တက္ေစႏိုင္ၿပီး လိင္စိတ္ဆႏၵကို တိုးျမႇင့္ေစပါတယ္။ ဒါ့အျပင္ ကမာေကာင္ေတြမွာ ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ Zinc ဓာတ္လည္း ပါဝင္ပါေသးတယ္။ ဒါေပမဲ့ ကမာေကာင္ကို စားမယ္ဆိုရင္ ဘယ္ေဒသက ကမာေကာင္လဲ၊ ေသခ်ာ ခ်က္ျပဳတ္ထားရဲ႕လားဆိုတာ စစ္ေဆးၿပီးမွ စားသုံးသင့္ပါတယ္။

၃။ ေကာ္ဖီ

မနက္ခင္းမွာ ေကာ္ဖီတစ္ခြက္ေသာက္သုံးလိုက္ျခင္းဟာ စိတ္ေက်နပ္ဖြယ္ေကာင္း႐ုံသာမကဘဲ သင့္ရဲ႕ လိင္ပိုင္းဆိုင္ရာ လုပ္ေဆာင္ခ်က္ေတြကိုလည္း အရွိန္ျမႇင့္တင္ေစႏိုင္ပါတယ္။ တစ္ေန႔ကို ေကာ္ဖီ ၂ ခြက္ကေန ၃ ခြက္ ၾကားေသာက္သုံးတဲ့ အမ်ိဳးသားေတြဟာ လိင္တံေပ်ာ့ျခင္းျပႆနာ (Erectile dysfunction (ED)) ျဖစ္ျခင္း နည္းပါးတယ္လို႔ ေလ့လာခ်က္တစ္ခုက ဆိုပါတယ္။ ဒါဟာ ဘာေၾကာင့္လဲဆိုေတာ့ ကဖင္းဓာတ္က ေသြးလည္ပတ္မႈႏႈန္းကို အားေကာင္းေစတဲ့ အတြက္ျဖစ္ပါတယ္။ တကယ္လို႔ သင္က ေကာ္ဖီဓာတ္ကို မႀကိဳက္ဘူးဆိုရင္လည္း ကဖင္းဓာတ္ပါတဲ့ လက္ဖက္ရည္နဲ႔ အေအးေတြကို ေသာက္သုံးေပးႏိုင္ပါတယ္။

၄။ ေခ်ာကလတ္ အနက္

တစ္ပတ္ကို ေခ်ာကလက္ ေအာင္စ အနည္းငယ္စားသုံးေပးျခင္းက သင့္ရဲ႕ ႏွလုံးနဲ႔ တစ္ျခားခႏၶာကိုယ္ အစိတ္အပိုင္းေတြရဲ႕ က်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။ ေခ်ာကလက္မွာပါဝင္တဲ့ ဖေလဗန္ေနာလ္ (Flavanol) ဆိုတဲ့ သဘာဝ ဓာတ္ေပါင္းတစ္မ်ိဳးဟာ ေသြးေၾကာ က်န္းမာေရးကို ေကာင္းမြန္ေစၿပီး ေသြးဖိအားကိုလည္း ေလ်ာ့က်ေစပါတယ္။ ဒါအျပင္ ဒီ ဖေလဗန္ေနာလ္ (Flavanol)ဟာ လိင္တံေထာင္မတ္ျခင္းကို ျဖစ္ေစႏိုင္တဲ့ ႏိုက္ထရစ္ေအာက္ဆိုဒ္ ဓာတ္ေပါင္း ထြက္ရွိဖို႔လည္း ကူညီေပးႏိုင္ပါတယ္။

၅။ အခြံမာသီး

အခြံမာသီးဆိုတာ စားလို႔မရတဲ့အခြံမာနဲ႔ စားလို႔ရတဲ့ အေစ့ ပါဝင္တဲ့ အသီးအမ်ိဳးအစားေတြကိုေခၚတာပါ။ အခြံမာသီး အမ်ိဳးအစားေတြထဲမွာ ေဟဇဲလ္သီး၊ သစ္ၾကားသီး၊ ေျမပဲနဲ႔ ဝက္သစ္ခ်သီးတို႔ပါဝင္ပါတယ္။

အခြံမာသီးေတြမွာ arginine လို႔ေခၚတဲ့ ႏိုက္ထရစ္ ေအာက္ဆိုဒ္ထြက္ရွိေစဖို႔ ကူညီေပးႏိုင္တဲ့ အမိုင္ႏို အက္ဆစ္ေတြပါဝင္ပါတယ္။ ဒါ့အျပင္ အခြံမာသီးေတြမွာ ဗီတာမင္ E၊ ဗီတာမင္ B အုပ္စုဝင္ ေဖာလစ္ အက္ဆစ္နဲ႔ အမွ်င္ဓာတ္တို႔ ႂကြယ္ဝစြာပါဝင္ပါတယ္။ ဒါေပမဲ့ အခြံမာသီးေတြမွာ ကယ္လိုရီ ဓာတ္ေတြ ႂကြယ္ဝစြာပါဝင္တဲ့အတြက္ တရားလြန္ မစားသုံးသင့္ပါဘူး။

၆။ စပ်စ္သီးေဖ်ာ္ရည္မ်ား

သင္ဟာ စပ်စ္ဝိုင္ ကို နဂိုကတည္းက ႀကိဳက္ႏွစ္သက္သူတစ္ေယာက္ျဖစ္ရင္ေတာ့ ဒါက သတင္းေကာင္းတစ္ခုပါ။ စပ်စ္ဝိုင္မွာ ပါဝင္တဲ့ အာဟာရဓာတ္ေတြဟာ သင့္ခႏၶာကိုယ္တြင္း ႏိုက္ထရစ္ေအာက္ဆိုဒ္ ပမာဏ ကိုတိုးျမႇင့္ေပးႏိုင္ပါတယ္။ စပ်စ္ေဖ်ာ္ရည္ကို မႀကိဳက္ႏွစ္သက္ဘူးဆိုရင္လည္း စပ်စ္သီးနဲ႔ ပါဝင္ပစၥည္းေတြ တူညီတဲ့ တလည္းသီးေဖ်ာ္ရည္ကို ေသာက္သုံးႏိုင္ပါတယ္။

၇။ ၾကက္သြန္ျဖဴ

အနံ႔ျပင္းလြန္းတဲ့ ၾကက္သြန္ျဖဴေတြဟာ သင့္ရဲ႕ ေသြးေၾကာအတြက္ အဓိက အေထာက္အပံ့ျဖစ္ေစတဲ့ အရာတစ္ခုပါ။ ေသြးလႊတ္ေၾကာေတြမွာ ခ်ိဳးမ်ားျဖစ္ေပၚတဲ့အခါ ေသြးစီးဆင္းမႈကို ပိတ္ဆို႔ေစႏိုင္ပါတယ္။ ဒီလို ေသြးေၾကာ ေကာင္းေကာင္းမစီးဆင္းတဲ့အခါ သင့္ရဲ႕ လိင္မႈကိစၥ ကိုလည္း ထိခိုက္ႏိုင္ပါတယ္။ ဒါေပမဲ့ ၾကက္သြန္ျဖဴကို စားသုံးေပးမယ္ဆိုရင္ သင့္ရဲ႕ ေသြးလႊတ္ေၾကာေတြရဲ႕ က်န္းမာေရးကို ေကာင္းမြန္ေစၿပီး ေသြးစီးဆင္းမႈ အားေကာင္းေစပါတယ္။
၈။ ငါး

ဆယ္လမြန္နဲ႔ တစ္ျခားေသာ အဆီႂကြယ္ဝတဲ့ ငါးေတြဟာ အိုမီဂါ ၃ အက္ဆစ္ေတြ အမ်ားအျပားဝင္တဲ့ ငါးေတြပါ။ အိုမီဂါ ၃ အက္ဆစ္ဟာ သင့္ခႏၶာကိုယ္တြင္း ႏိုက္ထရစ္ ေအာက္ဆိုဒ္ ဓာတ္ထုတ္လုပ္မႈကို တိုးျမႇင့္ေပးႏိုင္ပါတယ္။ ဒါ့အျပင္ ဒီအက္ဆစ္ေတြဟာ ေသြးဖိအားကို ေလ်ာ့က်ေစၿပီး ႏွလုံးေဖာက္ျပန္မႈနဲ႔ ေသြးေၾကာခဲျခင္းမ်ားကိုလည္း ကာကြယ္ေပးပါတယ္။ က်န္းမာလိုသူတစ္ေယာက္အေနနဲ႔ တစ္ပတ္ကို ဆယ္လမြန္ငါး ၈ ေအာင္စခန႔္စားသုံးေပးသင့္ၿပီး ဆယ္လမြန္ငါး စားသုံးဖို႔ မလြယ္ကူဘူးဆိုရင္လည္း ငါးေသတၱာငါး၊ တူနာငါး နဲ႔ မက္ကရယ္ငါးတို႔ဟာ အိုမီဂါ ၃ အက္ဆစ္ ႂကြယ္ဝတဲ့အတြက္ စားသုံးေပးႏိုင္ပါတယ္။

၉။ သစ္သီး သစ္႐ြက္မ်ား

ကိုက္လန္လို အ႐ြက္မ်ိဳးဟာ ႏိုက္ထရစ္ ေအာက္ဆိုဒ္ပမာဏကို မ်ားျပားေစႏိုင္ပါတယ္။ ကိုယ့္ရဲ႕ လိင္မႈ က်န္းမာေရး ေကာင္းမြန္႐ုံသာ မကဘဲ သစ္သီးသစ္႐ြက္ေတြဟာ ခႏၶာကိုယ္အတြက္ အေရးပါ အာဟာရဓာတ္ေတြ ျဖစ္တဲ့ ဗီတာမင္ေတြ၊ သတၱဳဓာတ္ေတြနဲ႔ အိုမီဂါ ၃ အက္ဆစ္တို႔ပါဝင္ပါတယ္။

၁၀။ င႐ုတ္သီးမ်ား

င႐ုတ္သီးေတာင့္မ်ားဟာ သင့္ရဲ႕ လိင္မႈကိစၥပိုင္းဆိုင္ရာ စြမ္းအားကို ျမႇင့္တင္ေပးႏိုင္ပါတယ္။ င႐ုတ္သီးအမ်ိဳးအစားအမ်ိဳးမ်ိဳးမွာ ပါဝင္တဲ့ အပူဓာတ္ဟာ ေသြးလမ္းေၾကာင္းေတြကို ေကာင္းမြန္စြာစီးဆင္းေစၿပီး ႏွလုံးနဲ႔ တစ္ျခား အဂၤါေတြျဖစ္တဲ့ လိင္အဂၤါတို႔ ထံသို႔ ေသြးေၾကာမ်ား လြယ္ကူစြာ စီးဆင္းေစပါတယ္။ ဒါ့အျပင္ င႐ုတ္သီးေတြဟာ ေသြးဖိအားနဲ႔ ကိုလက္စထေရာ ပမာဏကို က်ဆင္းေစၿပီး ေသြးခဲျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။

၁၁။ သံလြင္ဆီ

သံလြင္ဆီေတြဟာ သင့္ရဲ႕ ခႏၶာကိုယ္ကို တက္စတို စတီ႐ုန္း (testosterone) ေဟာ္မုန္းေတြ ပိုထြက္ေစပါတယ္။ ဒါ့အျပင္ သံလြင္ဆီနဲ႔ အခြံမာသီးေတြမွာပါဝင္တဲ့ monounsaturated အဆီဟာ မေကာင္းတဲ့ ကိုလက္စထေရာ ေတြကို သင့္ခႏၶာကိုယ္တြင္းမွ ရွင္းလင္းေပးႏိုင္ပါတယ္။ သံလြင္ဆီကို သုံးစြဲတဲ့ အခါက်ရင္လည္း ဓာတုပစၥည္းေတြနဲ႔ မထုတ္လုပ္ထားတဲ့ သံလြင္ဆီေတြမွာမွ က်န္းမာေရးအတြက္ေကာင္းမြန္တဲ့ အန္တီေအာက္ဆီဒန႔္ (antioxidants) ဓာတ္ေတြ အျပည့္အဝ ပါဝင္တာ ျဖစ္ပါတယ္။

Credit :  Arkar Hein

Unicode

လိင်တံပျော့ခြင်းရောဂါကို ဖြေရှင်းပေးနိုင်တဲ့ အစားအစာများ
..................................
အစားအစာတွေက သင့်ရဲ့ လိင်တံအပေါ် သက်ရောက်မှုရှိပါသလား။

ဆေးတွေ၊ လိင်တံပြွန်တွေ၊ ခွဲစိတ်မှုတွေက အမျိုးသားလိင်တံပျော့ခြင်းကို ကုသပေးနိုင်တယ်ဆိုတာ စာဖတ်သူတို့ သိကြမှာပါ။ ဒါဖြင့်ရင် အစားအစာတွေကရော အမျိုးသားလိင်တံပျော့ခြင်း အပေါ် သက်ရောက်မှုရှိသလား။ အဖြေကိုပြောရမယ်ဆိုရင်တော့ အစားအစာတွေကလည်း လိင်တံပျော့ခြင်းဆိုင်ရာ ပြဿနာ Erectile dysfunction (ED) ကို ကုသပေးနိုင်ပါတယ်။ အခုဒီဆောင်းပါးမှာတော့ Hello ဆရာဝန် ပရိတ်သတ်ကြီးအတွက် လိင်တံပျော့ခြင်း ရောဂါကို ကုသပေးနိုင်တဲ့ အစားအစာတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ဖရဲသီး

လိင်တံပျော့ခြင်းကို ကုသပေးနေတဲ့ ဆေးတွေမှာပါဝင်တဲ့ ဓာတ်ပေါင်းဟာ ဈေးတွေမှာ အလွယ်တကူဝယ်ယူနိုင်တဲ့ ဖရဲသီးတွေမှာလည်း ပါဝင်ပါတယ်။ ဒါ့အပြင်ဖရဲသီးဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒပြင်းပြခြင်းကို အရှိန်မြှင့်တင်ပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ဖရဲသီးမှာ ရေဓာတ်အများဆုံးပါဝင်ပေမဲ့ lycopene လို့ခေါ်တဲ့ အနီရောင်ခြယ် ပစ္စည်းဟာ နှလုံး၊ ပရော့စတိတ် (သုတ်ရည်ဂလင်း) နဲ့ အရေပြားတို့အတွက် ကောင်းကျိုးဖြစ်စေပါတယ်။

၂။ ကမာကောင်

အခွံမာ ရေနေသတ္တဝါတစ်မျိုးဖြစ်တဲ့ ကမာကောင်တွေဟာ သင့်ရဲ့ တက်စတိုစတီရုန်း (testosterone) ဟော်မုန်းပမာဏကို မြှင့်တက်စေနိုင်ပြီး လိင်စိတ်ဆန္ဒကို တိုးမြှင့်စေပါတယ်။ ဒါ့အပြင် ကမာကောင်တွေမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Zinc ဓာတ်လည်း ပါဝင်ပါသေးတယ်။ ဒါပေမဲ့ ကမာကောင်ကို စားမယ်ဆိုရင် ဘယ်ဒေသက ကမာကောင်လဲ၊ သေချာ ချက်ပြုတ်ထားရဲ့လားဆိုတာ စစ်ဆေးပြီးမှ စားသုံးသင့်ပါတယ်။

၃။ ကော်ဖီ

မနက်ခင်းမှာ ကော်ဖီတစ်ခွက်သောက်သုံးလိုက်ခြင်းဟာ စိတ်ကျေနပ်ဖွယ်ကောင်းရုံသာမကဘဲ သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကိုလည်း အရှိန်မြှင့်တင်စေနိုင်ပါတယ်။ တစ်နေ့ကို ကော်ဖီ ၂ ခွက်ကနေ ၃ ခွက် ကြားသောက်သုံးတဲ့ အမျိုးသားတွေဟာ လိင်တံပျော့ခြင်းပြဿနာ (Erectile dysfunction (ED)) ဖြစ်ခြင်း နည်းပါးတယ်လို့ လေ့လာချက်တစ်ခုက ဆိုပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ကဖင်းဓာတ်က သွေးလည်ပတ်မှုနှုန်းကို အားကောင်းစေတဲ့ အတွက်ဖြစ်ပါတယ်။ တကယ်လို့ သင်က ကော်ဖီဓာတ်ကို မကြိုက်ဘူးဆိုရင်လည်း ကဖင်းဓာတ်ပါတဲ့ လက်ဖက်ရည်နဲ့ အအေးတွေကို သောက်သုံးပေးနိုင်ပါတယ်။

၄။ ချောကလတ် အနက်

တစ်ပတ်ကို ချောကလက် အောင်စ အနည်းငယ်စားသုံးပေးခြင်းက သင့်ရဲ့ နှလုံးနဲ့ တစ်ခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ချောကလက်မှာပါဝင်တဲ့ ဖလေဗန်နောလ် (Flavanol) ဆိုတဲ့ သဘာဝ ဓာတ်ပေါင်းတစ်မျိုးဟာ သွေးကြော ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးဖိအားကိုလည်း လျော့ကျစေပါတယ်။ ဒါအပြင် ဒီ ဖလေဗန်နောလ် (Flavanol)ဟာ လိင်တံထောင်မတ်ခြင်းကို ဖြစ်စေနိုင်တဲ့ နိုက်ထရစ်အောက်ဆိုဒ် ဓာတ်ပေါင်း ထွက်ရှိဖို့လည်း ကူညီပေးနိုင်ပါတယ်။

၅။ အခွံမာသီး

အခွံမာသီးဆိုတာ စားလို့မရတဲ့အခွံမာနဲ့ စားလို့ရတဲ့ အစေ့ ပါဝင်တဲ့ အသီးအမျိုးအစားတွေကိုခေါ်တာပါ။ အခွံမာသီး အမျိုးအစားတွေထဲမှာ ဟေဇဲလ်သီး၊ သစ်ကြားသီး၊ မြေပဲနဲ့ ဝက်သစ်ချသီးတို့ပါဝင်ပါတယ်။

အခွံမာသီးတွေမှာ arginine လို့ခေါ်တဲ့ နိုက်ထရစ် အောက်ဆိုဒ်ထွက်ရှိစေဖို့ ကူညီပေးနိုင်တဲ့ အမိုင်နို အက်ဆစ်တွေပါဝင်ပါတယ်။ ဒါ့အပြင် အခွံမာသီးတွေမှာ ဗီတာမင် E၊ ဗီတာမင် B အုပ်စုဝင် ဖောလစ် အက်ဆစ်နဲ့ အမျှင်ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါပေမဲ့ အခွံမာသီးတွေမှာ ကယ်လိုရီ ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် တရားလွန် မစားသုံးသင့်ပါဘူး။

၆။ စပျစ်သီးဖျော်ရည်များ

သင်ဟာ စပျစ်ဝိုင် ကို နဂိုကတည်းက ကြိုက်နှစ်သက်သူတစ်ယောက်ဖြစ်ရင်တော့ ဒါက သတင်းကောင်းတစ်ခုပါ။ စပျစ်ဝိုင်မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေဟာ သင့်ခန္ဓာကိုယ်တွင်း နိုက်ထရစ်အောက်ဆိုဒ် ပမာဏ ကိုတိုးမြှင့်ပေးနိုင်ပါတယ်။ စပျစ်ဖျော်ရည်ကို မကြိုက်နှစ်သက်ဘူးဆိုရင်လည်း စပျစ်သီးနဲ့ ပါဝင်ပစ္စည်းတွေ တူညီတဲ့ တလည်းသီးဖျော်ရည်ကို သောက်သုံးနိုင်ပါတယ်။

၇။ ကြက်သွန်ဖြူ

အနံ့ပြင်းလွန်းတဲ့ ကြက်သွန်ဖြူတွေဟာ သင့်ရဲ့ သွေးကြောအတွက် အဓိက အထောက်အပံ့ဖြစ်စေတဲ့ အရာတစ်ခုပါ။ သွေးလွှတ်ကြောတွေမှာ ချိုးများဖြစ်ပေါ်တဲ့အခါ သွေးစီးဆင်းမှုကို ပိတ်ဆို့စေနိုင်ပါတယ်။ ဒီလို သွေးကြော ကောင်းကောင်းမစီးဆင်းတဲ့အခါ သင့်ရဲ့ လိင်မှုကိစ္စ ကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူကို စားသုံးပေးမယ်ဆိုရင် သင့်ရဲ့ သွေးလွှတ်ကြောတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးစီးဆင်းမှု အားကောင်းစေပါတယ်။
၈။ ငါး

ဆယ်လမွန်နဲ့ တစ်ခြားသော အဆီကြွယ်ဝတဲ့ ငါးတွေဟာ အိုမီဂါ ၃ အက်ဆစ်တွေ အများအပြားဝင်တဲ့ ငါးတွေပါ။ အိုမီဂါ ၃ အက်ဆစ်ဟာ သင့်ခန္ဓာကိုယ်တွင်း နိုက်ထရစ် အောက်ဆိုဒ် ဓာတ်ထုတ်လုပ်မှုကို တိုးမြှင့်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဒီအက်ဆစ်တွေဟာ သွေးဖိအားကို လျော့ကျစေပြီး နှလုံးဖောက်ပြန်မှုနဲ့ သွေးကြောခဲခြင်းများကိုလည်း ကာကွယ်ပေးပါတယ်။ ကျန်းမာလိုသူတစ်ယောက်အနေနဲ့ တစ်ပတ်ကို ဆယ်လမွန်ငါး ၈ အောင်စခန့်စားသုံးပေးသင့်ပြီး ဆယ်လမွန်ငါး စားသုံးဖို့ မလွယ်ကူဘူးဆိုရင်လည်း ငါးသေတ္တာငါး၊ တူနာငါး နဲ့ မက်ကရယ်ငါးတို့ဟာ အိုမီဂါ ၃ အက်ဆစ် ကြွယ်ဝတဲ့အတွက် စားသုံးပေးနိုင်ပါတယ်။

၉။ သစ်သီး သစ်ရွက်များ

ကိုက်လန်လို အရွက်မျိုးဟာ နိုက်ထရစ် အောက်ဆိုဒ်ပမာဏကို များပြားစေနိုင်ပါတယ်။ ကိုယ့်ရဲ့ လိင်မှု ကျန်းမာရေး ကောင်းမွန်ရုံသာ မကဘဲ သစ်သီးသစ်ရွက်တွေဟာ ခန္ဓာကိုယ်အတွက် အရေးပါ အာဟာရဓာတ်တွေ ဖြစ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေနဲ့ အိုမီဂါ ၃ အက်ဆစ်တို့ပါဝင်ပါတယ်။

၁၀။ ငရုတ်သီးများ

ငရုတ်သီးတောင့်များဟာ သင့်ရဲ့ လိင်မှုကိစ္စပိုင်းဆိုင်ရာ စွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။ ငရုတ်သီးအမျိုးအစားအမျိုးမျိုးမှာ ပါဝင်တဲ့ အပူဓာတ်ဟာ သွေးလမ်းကြောင်းတွေကို ကောင်းမွန်စွာစီးဆင်းစေပြီး နှလုံးနဲ့ တစ်ခြား အင်္ဂါတွေဖြစ်တဲ့ လိင်အင်္ဂါတို့ ထံသို့ သွေးကြောများ လွယ်ကူစွာ စီးဆင်းစေပါတယ်။ ဒါ့အပြင် ငရုတ်သီးတွေဟာ သွေးဖိအားနဲ့ ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး သွေးခဲခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

၁၁။ သံလွင်ဆီ

သံလွင်ဆီတွေဟာ သင့်ရဲ့ ခန္ဓာကိုယ်ကို တက်စတို စတီရုန်း (testosterone) ဟော်မုန်းတွေ ပိုထွက်စေပါတယ်။ ဒါ့အပြင် သံလွင်ဆီနဲ့ အခွံမာသီးတွေမှာပါဝင်တဲ့ monounsaturated အဆီဟာ မကောင်းတဲ့ ကိုလက်စထရော တွေကို သင့်ခန္ဓာကိုယ်တွင်းမှ ရှင်းလင်းပေးနိုင်ပါတယ်။ သံလွင်ဆီကို သုံးစွဲတဲ့ အခါကျရင်လည်း ဓာတုပစ္စည်းတွေနဲ့ မထုတ်လုပ်ထားတဲ့ သံလွင်ဆီတွေမှာမှ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အန်တီအောက်ဆီဒန့် (antioxidants) ဓာတ်တွေ အပြည့်အဝ ပါဝင်တာ ဖြစ်ပါတယ်။

Credit :  Arkar Hein

0 Comments