Last post

ကိုယ္ဝန္ေဆာင္ခ်ိန္ ေသြးအနည္းငယ္ဆင္းတာ စိုးရိမ္ရသလား


ကိုယ္ဝန္ေဆာင္စဥ္ကာလအတြင္း အခ်ိဳ႕ေသာအခ်ိန္ေတြမွာ အမ်ိဳးသမီး ၂၀%ေလာက္ဟာ ေသြးအနည္းငယ္ဆင္းတတ္ပါတယ္။ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြမွာ ေသြးအနည္းငယ္ဆင္းတာဟာ အျဖစ္မ်ားတဲ့ ျပႆနာပါပဲ။ ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္း အတြင္းခံေဘာင္းဘီထဲ ေသြးစက္ေတြေတြ႕တဲ့အခ်ိန္မွာ အလြယ္တကူ စိတ္ေတြပူသြားတတ္ၾကပါတယ္။ ဒါေပမဲ့ ဒီလိုလကၡဏာမ်ိဳးခံစားေနရတာ သင္တစ္ေယာက္တည္းမဟုတ္ပါဘူး။ အမ်ိဳးသမီးအမ်ားစုလည္း ဒီလို ၾကံဳဖူးၾကသလို က်န္းမာတဲ့ကိုယ္ဝန္ကိုေဆာင္ထားႏုိင္ၾကတာပါပဲ။ ကိုယ္ဝန္ရင့္လာတဲ့အခ်ိန္မွာ ေသြးအနည္းငယ္ဆင္းရျခင္းရဲ႕ ျဖစ္ႏုိင္စရာအေၾကာင္းရင္းေတါကို သိထားတာကလည္း အႏၱရာယ္ကင္းကင္းကိုယ္ဝန္ေဆာင္ႏုိင္မယ့္ လမ္းစဥ္ပါပဲ။

ကိုယ္ဝန္ေဆာင္ေနစဥ္ ေသြးဆင္းတယ္ဆိုတာဘာလဲ။

Spotting လို႔ေခၚတဲ့ ေသြးဆင္းျခင္းဟာ အညိဳေရာင္ သို႔မဟုတ္ ပန္းေရာင္ရွိတဲ့ ေသြးဆင္းတာကိုေခၚတာပါ။ ဒါဟာ ပံုမွန္ရာသီစက္ဝန္းရဲ႕ အစ သို႔မဟုတ္ အဆံုးနားမွာျဖစ္ေလ့ရွိတဲ့ ေသြးဆင္းျခင္းနဲ႔ အတူတူပါပဲ။ ဒီလိုေသြးဆင္းျခင္းဟာလည္း ေသြးစက္အနည္းငယ္ေလာက္သာ ပါတတ္ပါတယ္။
ကိုယ္ဝန္ေဆာင္ေနစဥ္အတြင္း ေသြးဆင္းရျခင္းရဲ႕ အေၾကာင္းရင္းေတြကဘာေတြလဲ။
ကိုယ္ဝန္ေဆာင္စဥ္မွာ ကေလးေမြးဖြားဖို႔မဟုတ္ဘဲ ေသြးဆင္းလာတဲ့ အေၾကာင္းရင္းကို ဆံုးျဖတ္ဖို႔ဆိုတာ အျမဲတမ္းလုိလိုေတာ့ မျဖစ္ႏုိင္ပါဘူး။ ဒါေပမဲ့ ဒီမွာေတာ့ အျဖစ္မ်ားတဲ့ အေၾကာင္းရင္းအခ်ိဳ႕ကို ေဖာ္ျပေပးထားပါတယ္။

လိင္မႈကိစၥ

ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြ လိင္ဆက္ဆံၿပီးတဲ့အခ်ိန္ သားအိမ္ေခါင္းမွာ မသက္မသာရွိတဲ့အခါမ်ိဳးေတြမွာ ေသြးဆင္းတတ္ၾကပါတယ္။ တကယ္လို႔မ်ား ေသြးဆင္းတာကိုသတိမထားမိဘဲ လိင္ဆက္ဆံမိတယ္ဆိုရင္ ဆရာဝန္နဲ႔ တုိင္ပင္ပါ။

သားအိမ္ေခါင္း ပိုးဝင္ျခင္း

ေသြးဆင္းျခင္းဟာ သင့္ကိုယ္ဝန္နဲ႔ မသက္ဆုိင္တဲ့ အေျခအေနအခ်ိဳ႕ေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။ (မိန္းမကိုယ္ပိုးဝင္ျခင္း၊ လိင္မွတစ္ဆင့္ ကူးစက္ပိုးဝင္ျခင္း စသျဖင့္) ဒီအေျခအေနေတြဟာ သားအိမ္ေခါင္းကိုထိခိုက္ေစၿပီး ေသြးဆင္းျခင္းကို ျဖစ္ေပၚေစႏုိင္ပါတယ္။
ကိုယ္ဝန္ပ်က္က်ျခင္း သို႔မဟုတ္ Ectopic pregnancy (ေနရာမွားယြင္း သေႏၶတည္ျခင္း) (ဆိုလိုတာကေတာ့ ကေလးဟာ မိခင္ရဲ႕ ဝမ္းဗိုက္ျပင္ပမွာ ဖြံ႕ျဖိဳးလာတာပါ။ )
ေသြးဆင္းျခင္းရဲ႕ေနာက္မွာ ဗိုက္နာလာတာမ်ိဳး၊ ေအာင့္လာတာမ်ိဳးက ကပ္လိုက္လာမယ္ဆိုရင္ ဒါဟာ ကိုယ္ဝန္ပ်က္က်ခ်င္တဲ့ လကၡဏာ ဒါမွမဟုတ္ Ectopic pregnancy ရဲ႕ လကၡဏာပါပဲ။ Ectopic pregnancy ဟာ အသက္အႏၱရာယ္ကို ထိခိုက္ေစႏုိင္တဲ့ အေျခအေနပါ။

ဘယ္အခ်ိန္မွာ စိတ္ပူရမွာလဲ။

ကိုယ္ဝန္ေဆာင္ေနစဥ္ ေသြးအနည္းငယ္ဆင္းျခင္းကေတာ့ ျဖစ္ေနက်ျပႆနာပါ။ ဒါေပမဲ့ ေသြးအမ်ားႀကီးဆင္းတာမ်ိဳးေတာ့ ျဖစ္ေလ့မရွိပါဘူး။ တကယ္လို႔မ်ား ဒီလိုလကၡဏာေတြေတြ႕ရလာၿပီဆိုရင္ေတာ့ ဂရုစိုက္သင့္ပါၿပီ။
  •  ေသြးက အနီေရာင္ေတာက္ေတာက္ျဖစ္ေနခဲ့ရင္
  •  ေသြးဆင္းတဲ့အခါ နာရင္။ ဒါဟာ အခ်င္းကြာတာရဲ႕ လကၡဏာလည္းျဖစ္ႏုိင္ပါတယ္။

ဒါကိုဘယ္လိုရင္ဆိုင္ရမလဲ။

ကိုယ္ဝန္ေဆာင္စဥ္ ေသြးဆင္းျခင္းဟာ ျပင္းထန္တဲ့ ျပႆနာေတြရဲ႕ လကၡဏာေတြလည္း ျဖစ္ႏုိင္တာေၾကာင့္ ေသြးဘယ္ေလာက္ဆင္းတယ္ဆိုတာနဲ႔ ေသြးဘာအေရာင္ရွိတယ္ဆိုတာကို မွတ္ထားၿပီး သင့္ရဲ႕ ကၽြမ္းက်င္ပညာရွင္ဆီကို အျမဲမျပတ္သတင္းပို႔ပါ။
ေသြးဆင္းးရတဲ့အေၾကာင္းရင္းကို သိႏုိင္ဖို႔ Ultrasound ရိုက္ရတာမ်ိဳးလည္း ျဖစ္ႏုိင္ပါတယ္။ တကယ္လို႔မ်ား ဒီလိုျပင္းထန္တဲ့ လကၡဏာေတြေပၚလာခဲ့ရင္ အေရးေပၚကားကို ခ်က္ခ်င္းေခၚသင့္ပါၿပီ။
  • ဝမ္းဗိုက္ေအာက္ပိုင္းမွာ ျပင္းျပင္းထန္ထန္နာတာ၊ ေအာင့္တာမ်ိဳးျဖစ္ခဲ့ရင္။
  • မူးေဝျခင္း ဒါမွမဟုတ္ သတိလစ္ျခင္းေတြျဖစ္ခဲ့ရင္။
  •  မိန္းမကိုယ္က တစ္သွ်ဴးေတြပါဝင္တဲ့ အရိအရြဲေတြ ဆင္းလာခဲ့ရင္
  •  ခ်မ္းတုန္ေနရင္။
ေသြးဆင္းတာရပ္သြားရင္ေတာင္မွ သင့္ရဲ႕က်န္းမာေရးကၽြမ္းက်င္ပညာရွင္နဲ႔စစ္ေဆးတာကို မရပ္လိုက္ပါနဲ႔။ ဒါဟာ သာမန္မျပင္းထန္တဲ့ ျပႆနာေသးေသးေလးလည္းျဖစ္ႏုိင္သလို ျပင္းထန္တဲ့ ေရာဂါတစ္ခုခုရဲ႕ လကၡဏာတစ္ခုလည္းျဖစ္ႏုိင္ပါတယ္။ သင္နဲ႔သင့္ကေလးရဲ႕အေျခအေနဟာ စိုးရိမ္စရာမရွိဘဲ လံုလံုျခံဳျခံဳနဲ႔ အႏၱရာယ္ကင္းကင္းရွိေနတယ္ဆိုတာနဲ႔ ဘယ္လို ေနာက္ဆက္တြဲျပႆနာမ်ိဳးမွ မရွိဘူးဆိုတာ ေသခ်ာေနပါေစ။

credit Wathun Myat Chal

Unicode

ကိုယ်ဝန်ဆောင်ချိန် သွေးအနည်းငယ်ဆင်းတာ စိုးရိမ်ရသလား
...................................
ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း အချို့သောအချိန်တွေမှာ အမျိုးသမီး ၂၀%လောက်ဟာ သွေးအနည်းငယ်ဆင်းတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သွေးအနည်းငယ်ဆင်းတာဟာ အဖြစ်များတဲ့ ပြဿနာပါပဲ။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အတွင်းခံဘောင်းဘီထဲ သွေးစက်တွေတွေ့တဲ့အချိန်မှာ အလွယ်တကူ စိတ်တွေပူသွားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုလက္ခဏာမျိုးခံစားနေရတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ အမျိုးသမီးအများစုလည်း ဒီလို ကြုံဖူးကြသလို ကျန်းမာတဲ့ကိုယ်ဝန်ကိုဆောင်ထားနိုင်ကြတာပါပဲ။ ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာ သွေးအနည်းငယ်ဆင်းရခြင်းရဲ့ ဖြစ်နိုင်စရာအကြောင်းရင်းတေါကို သိထားတာကလည်း အန္တရာယ်ကင်းကင်းကိုယ်ဝန်ဆောင်နိုင်မယ့် လမ်းစဉ်ပါပဲ။
ကိုယ်ဝန်ဆောင်နေစဉ် သွေးဆင်းတယ်ဆိုတာဘာလဲ။

Spotting လို့ခေါ်တဲ့ သွေးဆင်းခြင်းဟာ အညိုရောင် သို့မဟုတ် ပန်းရောင်ရှိတဲ့ သွေးဆင်းတာကိုခေါ်တာပါ။ ဒါဟာ ပုံမှန်ရာသီစက်ဝန်းရဲ့ အစ သို့မဟုတ် အဆုံးနားမှာဖြစ်လေ့ရှိတဲ့ သွေးဆင်းခြင်းနဲ့ အတူတူပါပဲ။ ဒီလိုသွေးဆင်းခြင်းဟာလည်း သွေးစက်အနည်းငယ်လောက်သာ ပါတတ်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သွေးဆင်းရခြင်းရဲ့ အကြောင်းရင်းတွေကဘာတွေလဲ။

ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးမွေးဖွားဖို့မဟုတ်ဘဲ သွေးဆင်းလာတဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ဆိုတာ အမြဲတမ်းလိုလိုတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီမှာတော့ အဖြစ်များတဲ့ အကြောင်းရင်းအချို့ကို ဖော်ပြပေးထားပါတယ်။
လိင်မှုကိစ္စ

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ လိင်ဆက်ဆံပြီးတဲ့အချိန် သားအိမ်ခေါင်းမှာ မသက်မသာရှိတဲ့အခါမျိုးတွေမှာ သွေးဆင်းတတ်ကြပါတယ်။ တကယ်လို့များ သွေးဆင်းတာကိုသတိမထားမိဘဲ လိင်ဆက်ဆံမိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
သားအိမ်ခေါင်း ပိုးဝင်ခြင်း

သွေးဆင်းခြင်းဟာ သင့်ကိုယ်ဝန်နဲ့ မသက်ဆိုင်တဲ့ အခြေအနေအချို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ (မိန်းမကိုယ်ပိုးဝင်ခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ပိုးဝင်ခြင်း စသဖြင့်) ဒီအခြေအနေတွေဟာ သားအိမ်ခေါင်းကိုထိခိုက်စေပြီး သွေးဆင်းခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် Ectopic pregnancy (နေရာမှားယွင်း သန္ဓေတည်ခြင်း) (ဆိုလိုတာကတော့ ကလေးဟာ မိခင်ရဲ့ ဝမ်းဗိုက်ပြင်ပမှာ ဖွံ့ဖြိုးလာတာပါ။ )

သွေးဆင်းခြင်းရဲ့နောက်မှာ ဗိုက်နာလာတာမျိုး၊ အောင့်လာတာမျိုးက ကပ်လိုက်လာမယ်ဆိုရင် ဒါဟာ ကိုယ်ဝန်ပျက်ကျချင်တဲ့ လက္ခဏာ ဒါမှမဟုတ် Ectopic pregnancy ရဲ့ လက္ခဏာပါပဲ။ Ectopic pregnancy ဟာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေပါ။
ဘယ်အချိန်မှာ စိတ်ပူရမှာလဲ။

ကိုယ်ဝန်ဆောင်နေစဉ် သွေးအနည်းငယ်ဆင်းခြင်းကတော့ ဖြစ်နေကျပြဿနာပါ။ ဒါပေမဲ့ သွေးအများကြီးဆင်းတာမျိုးတော့ ဖြစ်လေ့မရှိပါဘူး။ တကယ်လို့များ ဒီလိုလက္ခဏာတွေတွေ့ရလာပြီဆိုရင်တော့ ဂရုစိုက်သင့်ပါပြီ။

     သွေးက အနီရောင်တောက်တောက်ဖြစ်နေခဲ့ရင်
     သွေးဆင်းတဲ့အခါ နာရင်။ ဒါဟာ အချင်းကွာတာရဲ့ လက္ခဏာလည်းဖြစ်နိုင်ပါတယ်။

ဒါကိုဘယ်လိုရင်ဆိုင်ရမလဲ။

ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းခြင်းဟာ ပြင်းထန်တဲ့ ပြဿနာတွေရဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်တာကြောင့် သွေးဘယ်လောက်ဆင်းတယ်ဆိုတာနဲ့ သွေးဘာအရောင်ရှိတယ်ဆိုတာကို မှတ်ထားပြီး သင့်ရဲ့ ကျွမ်းကျင်ပညာရှင်ဆီကို အမြဲမပြတ်သတင်းပို့ပါ။

သွေးဆင်းးရတဲ့အကြောင်းရင်းကို သိနိုင်ဖို့ Ultrasound ရိုက်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့များ ဒီလိုပြင်းထန်တဲ့ လက္ခဏာတွေပေါ်လာခဲ့ရင် အရေးပေါ်ကားကို ချက်ချင်းခေါ်သင့်ပါပြီ။

    ဝမ်းဗိုက်အောက်ပိုင်းမှာ ပြင်းပြင်းထန်ထန်နာတာ၊ အောင့်တာမျိုးဖြစ်ခဲ့ရင်။
    မူးဝေခြင်း ဒါမှမဟုတ် သတိလစ်ခြင်းတွေဖြစ်ခဲ့ရင်။
     မိန်းမကိုယ်က တစ်သျှူးတွေပါဝင်တဲ့ အရိအရွဲတွေ ဆင်းလာခဲ့ရင်
     ချမ်းတုန်နေရင်။

သွေးဆင်းတာရပ်သွားရင်တောင်မှ သင့်ရဲ့ကျန်းမာရေးကျွမ်းကျင်ပညာရှင်နဲ့စစ်ဆေးတာကို မရပ်လိုက်ပါနဲ့။ ဒါဟာ သာမန်မပြင်းထန်တဲ့ ပြဿနာသေးသေးလေးလည်းဖြစ်နိုင်သလို ပြင်းထန်တဲ့ ရောဂါတစ်ခုခုရဲ့ လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။ သင်နဲ့သင့်ကလေးရဲ့အခြေအနေဟာ စိုးရိမ်စရာမရှိဘဲ လုံလုံခြုံခြုံနဲ့ အန္တရာယ်ကင်းကင်းရှိနေတယ်ဆိုတာနဲ့ ဘယ်လို နောက်ဆက်တွဲပြဿနာမျိုးမှ မရှိဘူးဆိုတာ သေချာနေပါစေ။

credit Wathun Myat Chal

0 Comments