ကလေး မွေးပြီး လိင်ဆက်ဆံတဲ့အခါ စိတ်ကျေနပ်မှုရစေဖို့ မိန်းမကိုယ် ပြင်ဆင်နည်း
-----------------
ကလေးမွေးပြီးသွားတဲ့အခါ လိင်ပိုင်းဆိုင်ရာမှာ စိတ်ကျေနပ်မှုတွေ အပြည့်အဝ ရရှိဖို့ဆိုတာ အချိန်နည်းနည်းတော့ ပေးပြီး ပြန်လည် ပြင်ဆင်ဖို့ လိုပါတယ်။

သန့်ရှင်းအောင်ထားပါ
ဖေဖေ မေမေတို့ရေ အိမ်ထောင်ရေးလေး သာယာဖို့ဆိုတာ နားလည်ခြင်း၊ ကြင်နာခြင်းတွေအပြင် ချစ်တင်းနှောတာလေးတွေလည်း ပါသေးတယ်နော်။ ကလေးမွေးပြီးသွားတဲ့အခါ လိင်ပိုင်းဆိုင်ရာမှာ စိတ်ကျေနပ်မှုတွေ အပြည့်အဝ ရရှိဖို့ဆိုတာ အချိန်နည်းနည်းတော့ ပေးပြီး ပြန်လည် ပြင်ဆင်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ မေမေတို့ရဲ့ မိန်းမကိုယ်က ကလေးမွေးတုန်းက ဒဏ် အနည်းငယ် ဖြစ်ထားတာကြောင့်ပါ။ ကိုယ့်ရဲ့ အိမ်ထောင်ဖက် စိတ်ကျေနပ်စေဖို့ မေမေတို့ရဲ့ မိန်းမကိုယ်ကို ပြန်လည် ဂရုစိုက်လို့ ရမယ့် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်နော်။

ကလေးမွေးပြီးတဲ့နောက်မှာ မိန်းမကိုယ်ကို ပြန်လည် ဂရုစိုက်ဖို့အတွက် အစားအစာတွေက ကူညီပေးနိုင်တယ်ဆိုရင် မေမေအံ့သြလေမလားနော်။ တကယ်တော့ အစားအစာတွေက ကူညီပေးနိုင်ပါတယ်။ ဘယ်လိုအစားအစာတွေလဲဆိုတော့ ဒိန်ချဉ်နဲ့ probiotic ပါဝင်တဲ့ အစားအစာတွေပါပဲ။ ကလေးမွေးပြီးတဲ့အခါမှာ အစားရှောင်တာတွေ ရှိပေမယ့် ကလေးနည်းနည်းလေး ကြီးလာရင်တော့ ဒိန်ချဉ်စားလို့ ရမှာပါနော်။ ဒိန်ချဉ်က အကျိုးပြု ဘက်တီးရီးယားတွေကို ပေးစွမ်းနိုင်ပြီး PH ပမာဏကို ထိန်းသိမ်းပေးတာကြောင့် မိန်းမကိုယ်အတွက် အတော်ကို ကောင်းပါတယ်။ မိန်းမကိုယ်မှာ ပိုးဝင်တာတွေမရှိစေဖို့ ကာကွယ်ပေးတယ်နော်။
လိင်မဆက်ဆံခင် ဆီးသွားပါ
မေမေတို့ရေ သန့်ရှင်းရေးဆိုတာ သိပ်ကို အရေးကြီးတယ်နော်။ မေမေတို့ ခေါင်းအစ ခြေအဆုံး သန့်ရှင်းရေး လုပ်ကြတယ်ဆိုရင် မိန်းမကိုယ်လေးကိုလည်း မေ့ထားလို့ မရဘူးနော်။ မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်တဲ့အခါမှာ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးဖို့ လိုပါတယ်။ ဆပ်ပြာကိုလည်း အရမ်းပြင်းတာတွေ မသုံးသင့်ပါဘူး။ မဟုတ်ရင် မိန်းမကိုယ်ခြောက်သွေ့တာတွေ ဖြစ်လာနိုင်လို့ပါ။

ကိုယ့်ရဲ့ အိမ်ထောင်ဖက်နဲ့ အတူတူ ချစ်တင်းမနှောမီနဲ့ နှောပြီးအချိန်တွေမှာ ဆီးသွားပေးပါ။ ဒါဆိုရင် ဆီးသွားလိုက်ခြင်းကြောင့် မိန်းမကိုယ်ကနေ ပိုးဝင်တာတွေ လျော့စေပြီး ကိုယ့်ရဲ့လက်တွဲဖော်ကိုလည်း စိတ်ကျေနပ်မှု အပြည့်အဝ ရနေစေမှာပါ။ မိန်းမကိုယ် ခြောက်သွေ့၊ ယားယံလာမယ်ဆိုရင် အရောင်မွဲညစ်ပြီး ဆွဲဆောင်မှုအားလျော့နည်းနိုင်ပါသေးတယ်။ ဒါကြောင့် ခန္ဓာကိုယ် တကိုယ်လုံး စိုပြည်နေအောင် ထိန်းသိမ်းထားသလိုမျိုး မိန်းမကိုယ်ကိုလည်း ကျန်းမာလှပပြီး အရောင်လေး လှအောင်ပါ ဂရုစိုက်သင့်ပါတယ်နော်။ ဒါမှ ကိုယ့်ရဲ့ခင်ပွန်းက ကလေးမွေးပြီးတာတောင် အိပ်ရာထက်က ကိစ္စတွေမှာ စိတ်ပျော်နေမှာပါနော်။
Credit: saturday

0 Comments