အမ်ိဳးသား အမ်ားစု ခံယူထားၾကတာက သူတို႔ေတြဟာ လိင္ကိစၥနဲ႔ ပတ္သတ္လာရင္
ျမင္း႐ိုင္းတစ္ေကာင္လို စြမ္းေဆာင္ႏိုင္တယ္ထင္ၾကေပမဲ့ အမ်ိဳးသားအမ်ားစုဟာ
အိပ္ယာထဲမွာလည္း အမွားေတြကို လုပ္မိႏိုင္ပါတယ္။ ဒါ့ေၾကာင့္ တစ္ခါတစ္ရံမွာ
ကိုယ္နည္းစနစ္ေတြကို မသိလို႔ သူမက မေက်မနပ္ျဖစ္ေနတာမဟုတ္ဘဲ အိပ္ယာထဲမွာ
အမွားေတြလုပ္မိတာေၾကာင့္ အေဖာ္ျဖစ္သူ အမ်ိဳးသမီး စိတ္မေက်မနပ္ ျဖစ္တဲ့
အခ်ိန္ေတြရွိတတ္ပါတယ္။ အမ်ိဳးသမီးေတြဟာ ဒီကိစၥနဲ႔ ပတ္သတ္ရင္
ထုတ္ေျပာတတ္သူေတြ မဟုတ္ၾကတဲ့ အတြက္ ေယာက္်ားေလးေတြဟာ သူတို႔ရဲ႕ အေဖာ္
ဘာေၾကာင့္ လိုအင္ဆႏၵ မျပည့္ဝတာလဲဆိုၿပီး ေခါင္းရႈပ္တတ္ၾကပါတယ္။ ဒါ့ေၾကာင့္
လိင္ကိစၥပိုင္းဆိုင္ရာမွာ တိုးတက္ခ်င္တယ္ဆိုရင္ ကိုယ့္ရဲ႕အမွားေတြနဲ႔
တစ္ျခားသူေတြရဲ႕ အမွားေတြကေန သင္ခန္းစာယူတာက အေကာင္းဆုံး ျဖစ္ပါတယ္။
၁။ အမ်ိဳးသမီးျဖစ္သူရဲ႕ စိတ္ဆႏၵနည္းပါးေနျခင္းဟာ သူဆြဲေဆာင္မႈမရွိလို႔ ဆိုၿပီးထင္တတ္ၾကတယ္။
အမ်ိဳးသမီး
ေခ်ာေခ်ာေလးတစ္ေယာက္ေလာက္ကို ေတြ႕ရလိုက္တဲ့ အခ်ိန္မွာ ေယာက္က်ားေလးေတြရဲ႕
ခႏၶာကိုယ္က အနည္းငယ္အခ်က္ျပပါတယ္။ ကိုယ့္ရဲ႕ အေဖာ္အမ်ိဳးသမီးနဲ႔ လူရွင္းတဲ့
အခ်ိန္မွာေတြ႕မယ္ဆိုရင္ အမ်ိဳးသားလိင္အဂၤါက အနည္းငယ္ေထာင္မတ္လာႏိုင္ပါတယ္။
ဒါေပမဲ့ အမ်ိဳးသမီးေတြကေတာ့ ဒီလိုမဟုတ္ပါဘူး။ အမ်ိဳးသမီးတစ္ေယာက္ဟာ
ဆြဲေဆာင္မႈရွိတဲ့ သူ႔ရဲ႕ အေဖာ္အမ်ိဳးသားပဲျဖစ္ျဖစ္၊
တစ္ျခားေယာက္က်ားေလးပဲျဖစ္ျဖစ္ ေတြ႕လိုက္မယ္ဆိုရင္ သူ႔တို႔ လိင္အဂၤါေတြက
ခ်က္ျခင္း အခ်က္ျပတာမ်ိဳး မရွိၾကပါဘူး။ ဒီလိုျဖစ္ျခင္းထက္ “ဒီတစ္ေယာက္ကေတာ့
ၾကည့္လို႔ေကာင္းတယ္ ” ဆိုတာေလာက္ပဲေျပာၾကမွာ ျဖစ္ၿပီး သူမရဲ႕
လိင္အဂၤါေတြကေတာ့ အခ်က္ျပမွာ မဟုတ္ပါဘူး။ ေယာက္်ားေလးေတြရဲ႕
လိင္ဆက္ဆံလိုစိတ္ဆႏၵဟာ ခႏၶာကိုယ္က အရင္းတည္ၿပီး အမ်ိဳးသမီးေတြကေတာ့ သူမရဲ႕
မွတ္ဉာဏ္၊ စိတ္ကူးနဲ႔ အထိအေတြ႕တို႔မွ အေျခခံေပါက္ဖြားတာ ျဖစ္ပါတယ္။
ဒါ့ေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္ကို ခ်က္ျခင္း ဝုန္းဒိုင္းႀကဲလို႔မရပါဘူး။
၂။ အမ်ိဳးသမီးေတြ လိင္စိတ္ထႂကြဖို႔ ခက္ခဲတာကို စိတ္မရွည္ၾကဘူး။
အမ်ိဳးသားနဲ႔
အမ်ိဳးသမီး လိင္စိတ္ထႂကြတဲ့ ပုံစံဟာ ဂတ္စ္မီးဖိုနဲ႔ မီးေသြးမီးဖိုလိုပါပဲ။
ဂတ္စ္မီးဖိုက ခလုတ္တစ္ခ်က္ႏွိပ္လိုက္တာနဲ႔ မီးေတာက္လာေပမဲ့
မီးေသြးမီးဖိုကေတာ့ ခ်က္ျခင္းမီးမေတာက္လာပါဘူး။ အမ်ိဳးသမီးတစ္ေယာက္ရဲ႕
ဆႏၵကိုက ခ်က္ျခင္း မီးေတာက္ခ်င္တယ္ဆိုရင္ေတာင္ သူတို႔ရဲ႕
ဇီဝကမၼေဗဒဖြဲ႕စည္းပုံက ခ်က္ျခင္းစိတ္ဆႏၵ ျပင္းျပလာခ်င္စိတ္ကို
ခြင့္မျပဳေပးပါဘူး။ အဲ့ဒီအခ်ိန္မွာ အေဖာ္ျဖစ္သူ အမ်ိဳးသားက စိတ္ပ်က္ေနတာကို
အမ်ိဳးသမီးေတြ သတိထားမယ္ဆိုရင္ သူမရဲ႕ စိတ္ဆႏၵျပင္းျပစိတ္က
ပိုေႏွးေကြးႏိုင္ပါတယ္။ ဒါကို ကုစားႏိုင္မယ့္ အခ်က္ကေတာ့ အခ်ိန္ယူပါ၊
တစ္ျဖည္းျဖည္း စိတ္ဆႏၵျပင္းျပျခင္းလာတာကို စိတ္ရွည္ပါ။ မခ်င့္မရဲ
ျဖစ္တဲ့စိတ္ကို ႏိုင္ေအာင္ထိန္းပါ။
၃။ ၿပီးျပည္စုံတဲ့ လိင္ဆက္ဆံမႈဟာ အမ်ိဳးသားရဲ႕ စြမ္းေဆာင္ရည္ေပၚမွာ မူတည္တယ္လို႔ ထင္ေနျခင္း။
အမ်ိဳးသားတစ္ေယာက္ဟာ
သူတို႔ အဂၤါေထာင္မတ္ျခင္းနဲ႔ ၾကာခ်ိန္အေပၚ အလြန္အၾကဴး စိုးရိမ္ေနမယ္ဆိုရင္
အေဖာ္ျဖစ္သူနဲ႔ လိင္ဆက္ဆံမႈဆိုင္ရာ ရင္းႏွီးမႈကို ပ်က္ဆီးေစႏိုင္ပါတယ္။
အမ်ိဳးသားတစ္ေယာက္ဟာ သူတို႔ရဲ႕ ေထာင္မတ္ျခင္းနဲ႔ ပတ္သတ္ၿပီး
အလြန္အကြၽံစိုးရိမ္ေနမယ္ဆိုရင္ လိင္ဆက္ဆံတဲ့အခါ အထြတ္အထိပ္သို႔ ေရာက္ဖို႔
ခက္ခဲပါတယ္။ ဒါ့ေၾကာင့္ လိင္ဆက္ဆံတဲ့ အခါမွာ အေဖာ္ျဖစ္သူနဲ႔
စိတ္ခ်င္းနီးကပ္ေနဖို႔လိုၿပီး စကားမ်ားလည္းေျပာေပးဖို႔လိုပါတယ္။
လိင္တံေထာင္မတ္တဲ့ ျပႆနာရွိေနမယ္ဆိုရင္ေတာင္ ဒီၾကားကာလအခ်ိန္ေလးဟာ ၂ ဦး
ပိုနီးကပ္ေစမယ့္ အခ်ိန္လည္း ျဖစ္ပါတယ္။
၄။ လိင္အဂၤါကို အရင္ဆုံးသြားထိေတြ႕ျခင္း။
အမ်ိဳးသားအမ်ားစုက
အေဖာ္အမ်ိဳးသမီး ရဲ႕ လိင္ဆက္ဆံခ်င္စိတ္ကို ႏႈိးဆြဖို႔ဆုံးျဖတ္လိုက္တာနဲ႔
အမ်ိဳးသမီး အဂၤါကို သြားထိေတြ႕ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အမ်ိဳးသားေတြ
ကိုယ္တိုင္ကလည္း သူတို႔ရဲ႕ လိင္အဂၤါကို တိုက္႐ိုက္လႈံ႕ေဆာ္တာကို
ႀကိဳက္ႏွစ္သက္ၾကတဲ့အတြက္ သူတို႔ရဲ႕ အေဖာ္အမ်ိဳးသမီးေတြလည္း လိင္အဂၤါကို
တိုက္႐ိုက္ထိေတြ႕တာကို ႀကိဳက္ႏွစ္သက္မယ္လို႔ ထင္တာေၾကာင့္ပါ။ ဒါေပမဲ့
အေဖာ္အမ်ိဳးသမီးကို စိတ္ပိုင္းဆိုင္ရာအရ ျပင္ဆင္ခြင့္မေပးေသးဘဲ လိင္အဂၤါကို
အရင္သြားထိေတြ႕ျခင္းဟာ အတင္းအက်ပ္က်ဴးလြန္ခံရတဲ့ စိတ္ခံစားခ်က္ကို
ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ လိင္ဆက္ဆံဖို႔ ျပင္ဆင္မယ္ဆိုရင္ အရင္ဆုံး
ေျမစမ္းခရမ္းပ်ိဳးအဆင့္ကေန စိတ္ရွည္ရွည္နဲ႔ စတင္သင့္ပါတယ္။
၅။ အမ်ိဳးသမီးအဂၤါအေစ့ကို လႈံေဆာ္ရမဲ့ အစားေမြလမ္းေၾကာင္းကို လႈံေဆာ္ေနတတ္ျခင္း။
အမ်ိဳးသမီးေမြးလမ္းေၾကာင္းမွာ
ျဖစ္ေပၚတဲ့ ခံစားခ်က္ဟာ အမ်ိဳးသားလိင္အဂၤါမွာ ျဖစ္ေပၚတဲ့
ခံစားခ်က္နဲ႕လုံးဝကြာျခားတာေတာ့ မဟုတ္ပါဘူး။ သို႔ေပမဲ့
အမ်ိဳးသားလိင္အဂၤါမွာ ျဖစ္ေပၚတဲ့ ခံစားခ်က္ဟာ အထိအေတြ႕အေပၚမွာ အေျခခံေပမဲ့
အမ်ိဳးသမီး လိင္အဂၤါၾကေတာ့ က်ဳံ႔ျခင္းနဲ႔ ဖိအားတို႔ေၾကာင့္
ခံစားခ်က္ျဖစ္ေပၚတာပါ။ အမ်ိဳးသမီးေတြမွာ အမ်ိဳးသားလိင္အဂၤါနဲ႔
ခံစားပုံျခင္း ဆင္တဲ့ အရာကေတာ့ အမ်ိဳးသမီး အဂၤါေစ့ (clitoris) ျဖစ္ပါတယ္။
ကြာျခားတာကေတာ့ အမ်ိဳးသမီးေတြရဲ႕ ခႏၶာေဗဒ ဖြဲ႕စည္းပုံက ပိုႏူးညံၿပီး
တုံ႔ျပန္မႈအားေကာင္းတာပါပဲ။ လိင္ဆက္ဆံတဲ့အခ်ိန္မွာ
ခံစားခ်က္ကိုေပးစြမ္းႏိုင္တာက လိင္အဂၤါအေစ့သာ ျဖစ္ၿပီး ေမြးလမ္းေၾကာင္း
မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ အမ်ိဳးသမီး လိင္အဂၤါေတြကို
ကိုယ့္လိင္အဂၤါေတြလိုပဲလို႔ မေတြးမိဖို႔လိုပါတယ္။ အမ်ိဳးသမီးတစ္ေယာက္အတြက္
ဘယ္လို အထိအေတြ႕မ်ိဳးက ပိုၿပီး ခံစားမႈေကာင္းႏိုင္ေစလဲဆိုတာေလ့လာၿပီး
အတင္းအၾကပ္ မျဖစ္ေစရန္ အခ်ိန္ယူဖို႔လိုပါတယ္။ အမ်ိဳးသမီးအမ်ားစုကေတာ့
လိင္ဆက္ဆံခင္ အမ်ိဳးသမီး လိင္အဂၤါေစ့ကိုလႈံေဆာ္ၿပီး အထြတ္အထိပ္ေရာက္တာကို
ႀကိက္ႏွစ္သက္ၾကပါတယ္။
၆။ လိင္ဆက္ဆံခ်ိန္ ကိုယ္ကသာဦးေဆာင္ေနျခင္း။
အမ်ိဳးသားအမ်ားစုကေတာ့
လိင္ဆက္ဆံခ်ိန္မွာ ဦးေဆာင္တတ္ၾကပါတယ္။ ဒါေပမဲ့ တစ္ခါတစ္ရံ
အမ်ိဳးသမီးေတြကလည္း ဦးေဆာင္တတ္ၾကပါတယ္။ တစ္ေယာက္နဲ႔ တစ္ေယာက္က မတူပါဘူး။
အမ်ိဳးသမီးအမ်ားစုဟာ အေဖာ္အမ်ိဳးသားကပဲ ဦးေဆာင္ေနၾကတာကို မႀကိဳက္ၾကပါဘူး။
သူတို႔မွာလည္း ဘယ္လို လိင္ဆက္ဆံတဲ့အခါ လုပ္ေဆာင္ခ်င္တဲ့
ေ႐ြးခ်ယ္မႈေတြရွိၾကပါတယ္။ ဒါေၾကာင့္ ကိုယ့္ရဲ႕ အေဖာ္ျဖစ္သူ
စိတ္ေက်နပ္ေစဖို႔ ဂ႐ုစိုက္ဖို႔လိုအပ္ၿပီး တစ္ခါတစ္ရံ သူမကိုလည္း
ဦးေဆာင္ခြင့္ျပဳသင့္ပါတယ္။
Credit: hellosayarwon
#Unicode Version
အမျိုးသား အများစု ခံယူထားကြတာက သူတို့တွေဟာ လိင်ကိစ္စနဲ့ ပတ်သတ်လာရင်
မြင်းရိုင်းတစ်ကောင်လို စွမ်းဆောင်နိုင်တယ်ထင်ကြပေမဲ့ အမျိုးသားအများစုဟာ
အိပ်ယာထဲမှာလည်း အမှားတွေကို လုပ်မိနိုင်ပါတယ်။ ဒါ့ကြောင့် တစ်ခါတစ်ရံမှာ
ကိုယ်နည်းစနစ်တွေကို မသိလို့ သူမက မကျေမနပ်ဖြစ်နေတာမဟုတ်ဘဲ အိပ်ယာထဲမှာ
အမှားတွေလုပ်မိတာကြောင့် အဖော်ဖြစ်သူ အမျိုးသမီး စိတ်မကျေမနပ် ဖြစ်တဲ့
အချိန်တွေရှိတတ်ပါတယ်။ အမျိုးသမီးတွေဟာ ဒီကိစ္စနဲ့ ပတ်သတ်ရင်
ထုတ်ပြောတတ်သူတွေ မဟုတ်ကြတဲ့ အတွက် ယောက်ျားလေးတွေဟာ သူတို့ရဲ့ အဖော်
ဘာကြောင့် လိုအင်ဆန္ဒ မပြည့်ဝတာလဲဆိုပြီး ခေါင်းရှုပ်တတ်ကြပါတယ်။
ဒါ့ကြောင့် လိင်ကိစ္စပိုင်းဆိုင်ရာမှာ တိုးတက်ချင်တယ်ဆိုရင်
ကိုယ့်ရဲ့အမှားတွေနဲ့ တစ်ခြားသူတွေရဲ့ အမှားတွေကနေ သင်ခန်းစာယူတာက
အကောင်းဆုံး ဖြစ်ပါတယ်။
၁။ အမျိုးသမီးဖြစ်သူရဲ့ စိတ်ဆန္ဒနည်းပါးနေခြင်းဟာ သူဆွဲဆောင်မှုမရှိလို့ ဆိုပြီးထင်တတ်ကြတယ်။
အမျိုးသမီး
ချောချောလေးတစ်ယောက်လောက်ကို တွေ့ရလိုက်တဲ့ အချိန်မှာ ယောက်ကျားလေးတွေရဲ့
ခန္ဓာကိုယ်က အနည်းငယ်အချက်ပြပါတယ်။ ကိုယ့်ရဲ့ အဖော်အမျိုးသမီးနဲ့
လူရှင်းတဲ့ အချိန်မှာတွေ့မယ်ဆိုရင် အမျိုးသားလိင်အင်္ဂါက
အနည်းငယ်ထောင်မတ်လာနိုင်ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေကတော့
ဒီလိုမဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ဟာ ဆွဲဆောင်မှုရှိတဲ့ သူ့ရဲ့
အဖော်အမျိုးသားပဲဖြစ်ဖြစ်၊ တစ်ခြားယောက်ကျားလေးပဲဖြစ်ဖြစ်
တွေ့လိုက်မယ်ဆိုရင် သူ့တို့ လိင်အင်္ဂါတွေက ချက်ခြင်း အချက်ပြတာမျိုး
မရှိကြပါဘူး။ ဒီလိုဖြစ်ခြင်းထက် “ဒီတစ်ယောက်ကတော့ ကြည့်လို့ကောင်းတယ် ”
ဆိုတာလောက်ပဲပြောကြမှာ ဖြစ်ပြီး သူမရဲ့ လိင်အင်္ဂါတွေကတော့ အချက်ပြမှာ
မဟုတ်ပါဘူး။ ယောက်ျားလေးတွေရဲ့ လိင်ဆက်ဆံလိုစိတ်ဆန္ဒဟာ ခန္ဓာကိုယ်က
အရင်းတည်ပြီး အမျိုးသမီးတွေကတော့ သူမရဲ့ မှတ်ဉာဏ်၊ စိတ်ကူးနဲ့
အထိအတွေ့တို့မှ အခြေခံပေါက်ဖွားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်
အမျိုးသမီးတစ်ယောက်ကို ချက်ခြင်း ဝုန်းဒိုင်းကြဲလို့မရပါဘူး။
၂။ အမျိုးသမီးတွေ လိင်စိတ်ထကြွဖို့ ခက်ခဲတာကို စိတ်မရှည်ကြဘူး။
အမျိုးသားနဲ့
အမျိုးသမီး လိင်စိတ်ထကြွတဲ့ ပုံစံဟာ ဂတ်စ်မီးဖိုနဲ့ မီးသွေးမီးဖိုလိုပါပဲ။
ဂတ်စ်မီးဖိုက ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ မီးတောက်လာပေမဲ့
မီးသွေးမီးဖိုကတော့ ချက်ခြင်းမီးမတောက်လာပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့
ဆန္ဒကိုက ချက်ခြင်း မီးတောက်ချင်တယ်ဆိုရင်တောင် သူတို့ရဲ့
ဇီဝကမ္မဗေဒဖွဲ့စည်းပုံက ချက်ခြင်းစိတ်ဆန္ဒ ပြင်းပြလာချင်စိတ်ကို
ခွင့်မပြုပေးပါဘူး။ အဲ့ဒီအချိန်မှာ အဖော်ဖြစ်သူ အမျိုးသားက စိတ်ပျက်နေတာကို
အမျိုးသမီးတွေ သတိထားမယ်ဆိုရင် သူမရဲ့ စိတ်ဆန္ဒပြင်းပြစိတ်က
ပိုနှေးကွေးနိုင်ပါတယ်။ ဒါကို ကုစားနိုင်မယ့် အချက်ကတော့ အချိန်ယူပါ၊
တစ်ဖြည်းဖြည်း စိတ်ဆန္ဒပြင်းပြခြင်းလာတာကို စိတ်ရှည်ပါ။ မချင့်မရဲ
ဖြစ်တဲ့စိတ်ကို နိုင်အောင်ထိန်းပါ။
၃။ ပြီးပြည်စုံတဲ့ လိင်ဆက်ဆံမှုဟာ အမျိုးသားရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူတည်တယ်လို့ ထင်နေခြင်း။
အမျိုးသားတစ်ယောက်ဟာ
သူတို့ အင်္ဂါထောင်မတ်ခြင်းနဲ့ ကြာချိန်အပေါ် အလွန်အကြူး
စိုးရိမ်နေမယ်ဆိုရင် အဖော်ဖြစ်သူနဲ့ လိင်ဆက်ဆံမှုဆိုင်ရာ ရင်းနှီးမှုကို
ပျက်ဆီးစေနိုင်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ သူတို့ရဲ့ ထောင်မတ်ခြင်းနဲ့
ပတ်သတ်ပြီး အလွန်အကျွံစိုးရိမ်နေမယ်ဆိုရင် လိင်ဆက်ဆံတဲ့အခါ အထွတ်အထိပ်သို့
ရောက်ဖို့ ခက်ခဲပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံတဲ့ အခါမှာ အဖော်ဖြစ်သူနဲ့
စိတ်ချင်းနီးကပ်နေဖို့လိုပြီး စကားများလည်းပြောပေးဖို့လိုပါတယ်။
လိင်တံထောင်မတ်တဲ့ ပြဿနာရှိနေမယ်ဆိုရင်တောင် ဒီကြားကာလအချိန်လေးဟာ ၂ ဦး
ပိုနီးကပ်စေမယ့် အချိန်လည်း ဖြစ်ပါတယ်။
၄။ လိင်အင်္ဂါကို အရင်ဆုံးသွားထိတွေ့ခြင်း။
အမျိုးသားအများစုက
အဖော်အမျိုးသမီး ရဲ့ လိင်ဆက်ဆံချင်စိတ်ကို နှိုးဆွဖို့ဆုံးဖြတ်လိုက်တာနဲ့
အမျိုးသမီး အင်္ဂါကို သွားထိတွေ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားတွေ
ကိုယ်တိုင်ကလည်း သူတို့ရဲ့ လိင်အင်္ဂါကို တိုက်ရိုက်လှုံ့ဆော်တာကို
ကြိုက်နှစ်သက်ကြတဲ့အတွက် သူတို့ရဲ့ အဖော်အမျိုးသမီးတွေလည်း လိင်အင်္ဂါကို
တိုက်ရိုက်ထိတွေ့တာကို ကြိုက်နှစ်သက်မယ်လို့ ထင်တာကြောင့်ပါ။ ဒါပေမဲ့
အဖော်အမျိုးသမီးကို စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ခွင့်မပေးသေးဘဲ
လိင်အင်္ဂါကို အရင်သွားထိတွေ့ခြင်းဟာ အတင်းအကျပ်ကျူးလွန်ခံရတဲ့
စိတ်ခံစားချက်ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လိင်ဆက်ဆံဖို့
ပြင်ဆင်မယ်ဆိုရင် အရင်ဆုံး မြေစမ်းခရမ်းပျိုးအဆင့်ကနေ စိတ်ရှည်ရှည်နဲ့
စတင်သင့်ပါတယ်။
၅။ အမျိုးသမီးအင်္ဂါအစေ့ကို လှုံဆော်ရမဲ့ အစားမွေလမ်းကြောင်းကို လှုံဆော်နေတတ်ခြင်း။
အမျိုးသမီးမွေးလမ်းကြောင်းမှာ
ဖြစ်ပေါ်တဲ့ ခံစားချက်ဟာ အမျိုးသားလိင်အင်္ဂါမှာ ဖြစ်ပေါ်တဲ့
ခံစားချက်နဲ့လုံးဝကွာခြားတာတော့ မဟုတ်ပါဘူး။ သို့ပေမဲ့
အမျိုးသားလိင်အင်္ဂါမှာ ဖြစ်ပေါ်တဲ့ ခံစားချက်ဟာ အထိအတွေ့အပေါ်မှာ
အခြေခံပေမဲ့ အမျိုးသမီး လိင်အင်္ဂါကြတော့ ကျုံ့ခြင်းနဲ့ ဖိအားတို့ကြောင့်
ခံစားချက်ဖြစ်ပေါ်တာပါ။ အမျိုးသမီးတွေမှာ အမျိုးသားလိင်အင်္ဂါနဲ့
ခံစားပုံခြင်း ဆင်တဲ့ အရာကတော့ အမျိုးသမီး အင်္ဂါစေ့ (clitoris) ဖြစ်ပါတယ်။
ကွာခြားတာကတော့ အမျိုးသမီးတွေရဲ့ ခန္ဓာဗေဒ ဖွဲ့စည်းပုံက ပိုနူးညံပြီး
တုံ့ပြန်မှုအားကောင်းတာပါပဲ။ လိင်ဆက်ဆံတဲ့အချိန်မှာ
ခံစားချက်ကိုပေးစွမ်းနိုင်တာက လိင်အင်္ဂါအစေ့သာ ဖြစ်ပြီး မွေးလမ်းကြောင်း
မဟုတ်ပါဘူး။ ဒါ့ကြောင့် အမျိုးသမီး လိင်အင်္ဂါတွေကို
ကိုယ့်လိင်အင်္ဂါတွေလိုပဲလို့ မတွေးမိဖို့လိုပါတယ်။
အမျိုးသမီးတစ်ယောက်အတွက် ဘယ်လို အထိအတွေ့မျိုးက ပိုပြီး
ခံစားမှုကောင်းနိုင်စေလဲဆိုတာလေ့လာပြီး အတင်းအကြပ် မဖြစ်စေရန်
အချိန်ယူဖို့လိုပါတယ်။ အမျိုးသမီးအများစုကတော့ လိင်ဆက်ဆံခင် အမျိုးသမီး
လိင်အင်္ဂါစေ့ကိုလှုံဆော်ပြီး အထွတ်အထိပ်ရောက်တာကို ကြိက်နှစ်သက်ကြပါတယ်။
၆။ လိင်ဆက်ဆံချိန် ကိုယ်ကသာဦးဆောင်နေခြင်း။
အမျိုးသားအများစုကတော့
လိင်ဆက်ဆံချိန်မှာ ဦးဆောင်တတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံ
အမျိုးသမီးတွေကလည်း ဦးဆောင်တတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်က မတူပါဘူး။
အမျိုးသမီးအများစုဟာ အဖော်အမျိုးသားကပဲ ဦးဆောင်နေကြတာကို မကြိုက်ကြပါဘူး။
သူတို့မှာလည်း ဘယ်လို လိင်ဆက်ဆံတဲ့အခါ လုပ်ဆောင်ချင်တဲ့
ရွေးချယ်မှုတွေရှိကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အဖော်ဖြစ်သူ
စိတ်ကျေနပ်စေဖို့ ဂရုစိုက်ဖို့လိုအပ်ပြီး တစ်ခါတစ်ရံ သူမကိုလည်း
ဦးဆောင်ခွင့်ပြုသင့်ပါတယ်။
Credit: hellosayarwon

0 Comments