Last post

စအိုအားလိင္ဆက္ဆံရင္ကြယ္ ဆိုးက်ိဳးေလးေတြရွိပါတယ္…

စအိုအားလိင္ဆက္ဆံရင္ကြယ္ ဆိုးက်ိဳးေလးေတြရွိပါတယ္…
စအိုအားလိင္ဆက္ဆံျခင္းကို လိင္တူခ်စ္သူ အမ်ိဳးသားအမ်ားစု ႏွင့္ အခ်ိဳ႕ေသာ လိင္မတူစုံတြဲ မ်ား ျပဳလုပ္တတ္ၾကပါတယ္။ စအိုလိင္ဆက္ဆံျခင္းမွာ မူမမွန္သည့္ လိင္ဆက္ဆံျခင္းျဖစ္သည့္အျပင္ က်န္းမာေရးအတြက္သင့္ေလွ်ာ္ေသာ လိင္ဆက္ဆံနည္းမဟုတ္ေပ။
စအိုလိင္ဆက္ဆံျခင္းကစိတ္ခ်ရပါသလား?
-တကယ္ေတာ့ စအိုဟာ လိင္ဆက္ဆံရမယ့္ အဂၤါမဟုတ္ပါဘူး။ ဒါေၾကာင့္ စအိုလိင္ဆက္ဆံျခင္းဟာ က်န္းမာေရးအတြက္ အႏၲရာယ္အမ်ားဆုံး လိင္ဆက္ဆံနည္းတစ္မ်ိဳး ျဖစ္ပါတယ္။
ဘာလို႔အႏၲရာယ္မ်ားတာလဲ?ဆိုးက်ိဳးေတြကဘာေတြလဲ?
စအိုဟာ မိန္းမကိုယ္ကဲ့သို႔ သဘာဝ ေခ်ာဆီ မထြက္ေပ။ ဒါေၾကာင့္ လိင္ဆက္ဆံျခင္းျပဳတဲ့အခါ ပြန္းပဲ့ မႈမ်ားျဖစ္ၿပီး ေရာဂါပိုးမ်ား ေသြးထဲသို႔ တိုက္႐ိုက္ဝင္ေရာက္ႏိုင္ပါတယ္။ အက်ိဳးဆက္ အေနနဲ႔ HIV အစရွိတဲ့ လိင္မွတဆင့္ ကူးစက္ႏိုင္ေသာ ေရာဂါ ျပန႔္ပြားႏႈန္း ပိုမ်ားတတ္ပါတယ္။ စစ္တမ္းမ်ားအရ စအိုလိင္ဆက္ဆံျခင္းေၾကာင့္ HIV ကူးႏႈန္းဟာ ပုံမွန္လိင္ဆက္ဆံျခင္းထက္ အဆ ၃၀ မ်ား ေၾကာင္း ေတြ႕ရွိရပါတယ္။ ထို႔အျပင္ စအိုႂကြက္ႏို႔ေပါက္ျခင္း၊ စအိုကင္ဆာ အစရွိေသာေရာဂါမ်ားလည္း ျဖစ္တတ္ပါတယ္။ အျခားေသာ စအိုလိင္ဆက္ဆံျခင္းေၾကာင့္ ကူးစက္တတ္ေသာ ေရာဂါေတြကေတာ့
•ကလာမိုင္းဒီးယားေရာဂါ (chlamydia)
•လိင္အဂၤါတဝိုက္ ေရယုန္ေပါက္ျခင္း
•ဆီးပူေညာင္းက်ေရာဂါ
•ကာလသားေရာဂါ  အစရွိတဲ့ လိင္မွ တဆင့္ကူးစက္တတ္ေသာေရာဂါမ်ား ျဖစ္ပါတယ္။
စအိုလိင္ဆက္ဆံမႈမ်ားတဲ့အခါ စအိုရွိ ရႈံ႕ႂကြက္သားမ်ား အားနည္းကာ ဝမ္းမထိန္းႏိုင္ျခင္းကို ျဖစ္ေစတတ္ပါတယ္။ ထို႔အျပင္ ဆက္ဆံေနခ်ိန္တြင္ လဲ အဆမတန္နာက်င္ျခင္း ကိုျဖစ္ေစႏိုင္ပါတယ္။
ၿပီးေတာ့ စအိုဆိုတာ ဘက္တီးရီးယားေတြျပည့္ ေနတဲ့ အဂၤါအစိတ္အပိုင္းပါ။ တကယ္လို႔ ဆက္ဆံေဖၚ ၂ ဦးလုံးမွာ လိင္ကတဆင့္ ကူးစက္တတ္တဲ့ ေရာဂါေတြ ကင္းစင္ေနေတာင္မွ စအိုမွာ ရွိတဲ့ ဘက္တီးရီးယားပိုးေတြေၾကာင့္ ဆီးလမ္းေၾကာင္း ပိုးဝင္ျခင္း၊ စအိုအားဆက္ဆံၿပီး မိန္းမကိုယ္အား ဆက္ဆံ လွ်င္ မိန္းမကိုယ္ပိုးဝင္ျခင္း ေရာဂါမ်ားျဖစ္တတ္ပါတယ္။
စအိုဆက္ဆံျခင္းေၾကာင့္ ပြန္းျခင္း၊ ပဲ့ျခင္းတို႔ အျပင္ အလြန္ဆိုး႐ြားျပင္းထန္ေသာ အေျခအေနအျဖစ္ အူေပါက္ၿပဲ ျခင္းအထိျဖစ္ႏိုင္ေသာေၾကာင့္ သတိထားသင့္ပါတယ္။
ဘယ္လိုကာကြယ္မလဲ?
စအို ဆက္ဆံျခင္းမွာ သဘာဝ အတိုင္းမဟုတ္တဲ့အတြက္ ေရွာင္ရွားႏိုင္ရင္ေတာ့ အေကာင္းဆုံးျဖစ္ပါတယ္။ မေရွာင္ရွားႏိုင္ပါက ေရာဂါပိုး ကူးစက္ျခင္းမွကာကြယ္ရန္အတြက္ ကြန္ဒုံးကို မေမ့မေလွ်ာ့ အသုံးျပဳသင့္ပါတယ္။
ထို႔အျပင္ ပြန္းပဲ့၊ ေပါက္ၿပဲ မႈကို ကာကြယ္ဖုိ႔အတြက္လည္း ေခ်ာဆီမ်ားမ်ား သုံးသင့္ပါတယ္။ (ကြန္ဒုံး၏ အာနိသင္မပ်က္ေစရန္ ေရအေျခခံေသာ ကြန္ဒုံးကိုသာ သုံးသင့္ပါတယ္) ဆက္ဆံစဥ္ အလြန္အမင္း နာက်င္လာပါက ခ်က္ခ်င္းရပ္ သင့္ပါတယ္။ စအိုဆက္ဆံၿပီး ေသြးက်ၿပီးနာလွ်င္၊ အဖုအႀကိတ္ထြက္လွ်င္ ဆရာဝန္ အား မရွက္မေၾကာက္သြား ေရာက္ျပသကာ ေဆးကုသမႈ အျမန္ဆုံးခံယူသင့္ပါတယ္။
Author : Dr. Z


စအိုအားလိင်ဆက်ဆံရင်ကွယ် ဆိုးကျိုးလေးတွေရှိပါတယ်…
စအိုအားလိင်ဆက်ဆံခြင်းကို လိင်တူချစ်သူ အမျိုးသားအများစု နှင့် အချို့သော လိင်မတူစုံတွဲ များ ပြုလုပ်တတ်ကြပါတယ်။ စအိုလိင်ဆက်ဆံခြင်းမှာ မူမမှန်သည့် လိင်ဆက်ဆံခြင်းဖြစ်သည့်အပြင် ကျန်းမာရေးအတွက်သင့်လျှော်သော လိင်ဆက်ဆံနည်းမဟုတ်ပေ။
စအိုလိင်ဆက်ဆံခြင်းကစိတ်ချရပါသလား?
-တကယ်တော့ စအိုဟာ လိင်ဆက်ဆံရမယ့် အင်္ဂါမဟုတ်ပါဘူး။ ဒါကြောင့် စအိုလိင်ဆက်ဆံခြင်းဟာ ကျန်းမာရေးအတွက် အန္တရာယ်အများဆုံး လိင်ဆက်ဆံနည်းတစ်မျိုး ဖြစ်ပါတယ်။
ဘာလို့အန္တရာယ်များတာလဲ?ဆိုးကျိုးတွေကဘာတွေလဲ?
စအိုဟာ မိန်းမကိုယ်ကဲ့သို့ သဘာဝ ချောဆီ မထွက်ပေ။ ဒါကြောင့် လိင်ဆက်ဆံခြင်းပြုတဲ့အခါ ပွန်းပဲ့ မှုများဖြစ်ပြီး ရောဂါပိုးများ သွေးထဲသို့ တိုက်ရိုက်ဝင်ရောက်နိုင်ပါတယ်။ အကျိုးဆက် အနေနဲ့ HIV အစရှိတဲ့ လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါ ပြန့်ပွားနှုန်း ပိုများတတ်ပါတယ်။ စစ်တမ်းများအရ စအိုလိင်ဆက်ဆံခြင်းကြောင့် HIV ကူးနှုန်းဟာ ပုံမှန်လိင်ဆက်ဆံခြင်းထက် အဆ ၃၀ များ ကြောင်း တွေ့ရှိရပါတယ်။ ထို့အပြင် စအိုကြွက်နို့ပေါက်ခြင်း၊ စအိုကင်ဆာ အစရှိသောရောဂါများလည်း ဖြစ်တတ်ပါတယ်။ အခြားသော စအိုလိင်ဆက်ဆံခြင်းကြောင့် ကူးစက်တတ်သော ရောဂါတွေကတော့
•ကလာမိုင်းဒီးယားရောဂါ (chlamydia)
•လိင်အင်္ဂါတဝိုက် ရေယုန်ပေါက်ခြင်း
•ဆီးပူညောင်းကျရောဂါ
•ကာလသားရောဂါ  အစရှိတဲ့ လိင်မှ တဆင့်ကူးစက်တတ်သောရောဂါများ ဖြစ်ပါတယ်။
စအိုလိင်ဆက်ဆံမှုများတဲ့အခါ စအိုရှိ ရှုံ့ကြွက်သားများ အားနည်းကာ ဝမ်းမထိန်းနိုင်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ထို့အပြင် ဆက်ဆံနေချိန်တွင် လဲ အဆမတန်နာကျင်ခြင်း ကိုဖြစ်စေနိုင်ပါတယ်။
ပြီးတော့ စအိုဆိုတာ ဘက်တီးရီးယားတွေပြည့် နေတဲ့ အင်္ဂါအစိတ်အပိုင်းပါ။ တကယ်လို့ ဆက်ဆံဖေါ် ၂ ဦးလုံးမှာ လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ကင်းစင်နေတောင်မှ စအိုမှာ ရှိတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ စအိုအားဆက်ဆံပြီး မိန်းမကိုယ်အား ဆက်ဆံ လျှင် မိန်းမကိုယ်ပိုးဝင်ခြင်း ရောဂါများဖြစ်တတ်ပါတယ်။
စအိုဆက်ဆံခြင်းကြောင့် ပွန်းခြင်း၊ ပဲ့ခြင်းတို့ အပြင် အလွန်ဆိုးရွားပြင်းထန်သော အခြေအနေအဖြစ် အူပေါက်ပြဲ ခြင်းအထိဖြစ်နိုင်သောကြောင့် သတိထားသင့်ပါတယ်။
ဘယ်လိုကာကွယ်မလဲ?
စအို ဆက်ဆံခြင်းမှာ သဘာဝ အတိုင်းမဟုတ်တဲ့အတွက် ရှောင်ရှားနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ မရှောင်ရှားနိုင်ပါက ရောဂါပိုး ကူးစက်ခြင်းမှကာကွယ်ရန်အတွက် ကွန်ဒုံးကို မမေ့မလျှော့ အသုံးပြုသင့်ပါတယ်။
ထို့အပြင် ပွန်းပဲ့၊ ပေါက်ပြဲ မှုကို ကာကွယ်ဖို့အတွက်လည်း ချောဆီများများ သုံးသင့်ပါတယ်။ (ကွန်ဒုံး၏ အာနိသင်မပျက်စေရန် ရေအခြေခံသော ကွန်ဒုံးကိုသာ သုံးသင့်ပါတယ်) ဆက်ဆံစဉ် အလွန်အမင်း နာကျင်လာပါက ချက်ချင်းရပ် သင့်ပါတယ်။ စအိုဆက်ဆံပြီး သွေးကျပြီးနာလျှင်၊ အဖုအကြိတ်ထွက်လျှင် ဆရာဝန် အား မရှက်မကြောက်သွား ရောက်ပြသကာ ဆေးကုသမှု အမြန်ဆုံးခံယူသင့်ပါတယ်။
Author : Dr. Z


0 Comments