ကိုယ္ဝန္ေဆာင္ေမေမတို့ အန္တာသက္သာေစဖို႔
ကိုယ္ဝန္ေဆာင္ ေရွ႕ပိုင္းကာလေတြမွာ ပ်ိဳ႕ခ်င္အန္ခ်င္ ျဖစ္တတ္ၾကပါတယ္။ ဒီလို ေဝဒနာေတြ သက္သာေစဖို႔…
အစာမစားခင္ ေရေသာက္ပါ။
ဗိုကိျပည့္တင္းေနျခင္းဟာ ပ်ိဳ႕အန္ခ်င္စိတ္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ အစာမစားခင္ မိနစ္၃၀ခန္႔ႀကိဳၿပီး ေရေသာက္သင့္ပါတယ္။ ဒါေပမယ့္ ဗိုက္ျပည့္ေအာင္ မေသာက္မိဖို႔ကိုလည္း သတိျပဳသင့္ပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေရဓာတ္ျပည့္ဝဖို႔ကလည္း အေရးႀကီးတဲ့အတြက္ တစ္ေန႔တာ ေရကို လံုေလာက္စြာ ေသာက္သံုးသင့္ပါတယ္။
နည္းနည္းစီ မၾကာခဏစားေပးပါ။
ဗိုက္ေဟာင္းေလာင္းေနျခင္းက ပ်ိဳ႕အန္ျခင္းကို ပိုဆိုးေစပါတယ္။ ဒါေၾကာင့္ တစ္ေနကုန္ နည္းနည္းစီ စားေပးျခင္းက ဗိုက္ျပည့္ေစၿပီး ေသြးတြင္းအခ်ိဳဓာတ္ကို ၿငိမ္ေစနိုင္ပါတယ္။ အရသာသိပ္မပါတဲ့ ကရက္ကာလိုမ်ိဳးကို ပံုမွန္စားေပးပါ။
အစာကို ေအးေအးစားပါ။
ဟင္းနံ႔ေတြက ပ်ိဳ႕အန္ခ်င္စိတ္ကို ျဖစ္ေပၚေစတတ္ပါတယ္။ ဒါေၾကာင့္ မနက္ခင္းပ်ိဳ႕အန္တာေတြ သက္သာတဲ့အခ်ိန္အထိ ထမင္းဟင္းကို မေႏႊးပဲ ေအးေအးသာစားေပးပါ။ အသားဓာတ္ ပရိုတင္းနဲ႔ ဗီတာမင္ B6 တို႔ ေသာက္ေပးနိုင္ပါတယ္။
အသားဓာတ္ျပည့္ဝၿပီး ဗီတာမင္ B6 ပါဝင္တဲ့ အေစ့အႏံွေတြစားေပးပါ။ ပ်ိဳ႕ေစနိုင္တဲ့ အဆီမ်ားၿပီး ျပစ္တဲ့အစားအေသာက္ေတြ၊ ခ်ဥ္ခ်ဥ္စပ္စပ္ေတြကို ေရွာင္သင့္ပါတယ္။
ဂ်င္းစားပါ။
ဂ်င္းနည္းနည္းစီစားေပးျခင္းက အစာအိမ္ကို သက္သာေစပါတယ္။ ဂ်င္းတက္အနည္းငယ္ကို ႀကိတ္ၿပီး ေရေႏြးထဲထည့္ေသာက္နိုင္ပါတယ္။ သို႔မဟုတ္ ဂ်င္းႏွပ္တို႔ ဂ်င္းဇီးျပားတို႔ လုပ္စားနိုင္ပါတယ္။ ဂ်င္းေဆးေတာင့္အားေဆးေတြလည္း ရိွပါေသးတယ္။ ဒါေပမယ့္ က်န္းမာေရးဝန္ထမ္းမ်ားကို ေမးျမန္းၿပီးမွ ေသာက္သင့္ပါတယ္။
အိပ္ရာမထခင္ မနက္စာစားပါ။
အိပ္ရာထဲကေန အစာမစားပဲ ထပါက မနက္ခင္းပ်ိဳ႕အန္ခ်င္စိတ္ကို ျဖစ္ေပၚေစနိုင္ပါတယ္။ ဒါေၾကာင့္ ေပါင္မုန္႔ျဖစ္ျဖစ္ ကရက္ကာမုန္႔ျဖစ္ျဖစ္ တစ္ခုခုေဆာင္ထားၿပီး မထခင္စားေပးသင့္ပါတယ္။
ဘယ္အခ်ိန္မွာ ပ်ိဳ႕အန္တတ္တယ္ဆိုတာ မွတ္သားထားပါ။
ဒီလို မွတ္သားထားျခင္းျဖင္႔ ဘယ္အခ်ိန္မွာ အန္တတ္ၿပီး ဘယ္အခ်ိန္မွာ အစာစားသင့္တယ္ဆိုတာကို ခန္႔မွန္းနိုင္ပါတယ္။
ဗီတာမင္အားေဆးမ်ားေသာက္ပါ။
ညဘက္မအိပ္ခင္ ကုိယ္ဝန္ေဆာင္အားေဆးမ်ားကို အစာေလးနဲ႔တြဲစားေပးျခင္းက မနက္ဘက္မွာ ပ်ိဳ႕အန္ျခင္းကို သက္သာေစနိုင္ပါတယ္။
နားနားေနေန ေနပါ။
စိတ္ဖိစီးမႈနဲ႔ ပင္ပန္းႏြမ္းနယ္မႈတို႔က ပ်ိဳ႕အန္ျခင္းကို ပိုဆိုးေစနိုင္ပါတယ္။ ဒါေၾကာင့္ ေကာင္းမြန္စြာ အိပ္စက္အနားယူပါ။
အျခားနည္းလမ္းမ်ား ေျပာင္းလဲကုသၾကည့္ပါ။
အပ္စိုက္ကုသျခငး္၊ အပူထုတ္ကုသျခင္း၊ အေၾကာေျပေလ်ာ့ကုသျခင္းနဲ႔ အနံ႔ကုသျခင္းတို႔က ပ်ိဳ႕အန္ျခင္းကို သက္သာေစနိုင္ပါတယ္။ အေတြ႕အႀကံဳမ်ားၿပီး ကြၽမ္းက်င္သူမ်ားနဲ ့ေတြ႕ဆံုကုသသင့္ပါတယ္။
မိတ္ေဆြသူငယ္ခ်င္းနဲ႔ စကားေျပာပါ။
မနက္ခင္းတိုင္း ပ်ိဳ႕အန္ၿပီး မစားခ်င္မေသာက္ခ်င္ ျဖစ္ေနတာဟာ စိတ္ညစ္ညဴးစရာ ေကာင္းလွပါတယ္။ မိသားစု၊ မိတ္ေဆြသူငယ္ခ်င္းမ်ားနဲ႔ စကားေျပာျခင္းျဖင့္ စိတ္သက္သာမႈကို ရရွိနိုင္ပါတယ္။
လိေမၼာ္ရနံ႔ကို နမ္းရႈနိုင္ပါတယ္။
လိေမၼာ္သီးရနံ႔က အန္ခ်င္စိတ္ကို ေပ်ာက္ေစနိုင္ပါတယ္။ လိေမၼာ္သီးစိတ္ေတြကို စပါကလင္အခ်ိဳရည္ ေအးေအးေလးထဲထည့္ေသာက္ျခင္းကလည္း အေထာက္အကူ ျပဳပါတယ္။
Credit: Dr. Emerald (drmyanmar)
# Unicode Version
ကိုယ်ဝန်ဆောင် ရှေ့ပိုင်းကာလတွေမှာ ပျို့ချင်အန်ချင် ဖြစ်တတ်ကြပါတယ်။ ဒီလို ဝေဒနာတွေ သက်သာစေဖို့…
အစာမစားခင် ရေသောက်ပါ။
ဗိုကိပြည့်တင်းနေခြင်းဟာ ပျို့အန်ချင်စိတ်ဖြစ်စေပါတယ်။ ဒါကြောင့် အစာမစားခင် မိနစ်၃၀ခန့်ကြိုပြီး ရေသောက်သင့်ပါတယ်။ ဒါပေမယ့် ဗိုက်ပြည့်အောင် မသောက်မိဖို့ကိုလည်း သတိပြုသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ရေဓာတ်ပြည့်ဝဖို့ကလည်း အရေးကြီးတဲ့အတွက် တစ်နေ့တာ ရေကို လုံလောက်စွာ သောက်သုံးသင့်ပါတယ်။
နည်းနည်းစီ မကြာခဏစားပေးပါ။
ဗိုက်ဟောင်းလောင်းနေခြင်းက ပျို့အန်ခြင်းကို ပိုဆိုးစေပါတယ်။ ဒါကြောင့် တစ်နေကုန် နည်းနည်းစီ စားပေးခြင်းက ဗိုက်ပြည့်စေပြီး သွေးတွင်းအချိုဓာတ်ကို ငြိမ်စေနိုင်ပါတယ်။ အရသာသိပ်မပါတဲ့ ကရက်ကာလိုမျိုးကို ပုံမှန်စားပေးပါ။
အစာကို အေးအေးစားပါ။
ဟင်းနံ့တွေက ပျို့အန်ချင်စိတ်ကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါကြောင့် မနက်ခင်းပျို့အန်တာတွေ သက်သာတဲ့အချိန်အထိ ထမင်းဟင်းကို မနွှေးပဲ အေးအေးသာစားပေးပါ။ အသားဓာတ် ပရိုတင်းနဲ့ ဗီတာမင် B6 တို့ သောက်ပေးနိုင်ပါတယ်။
အသားဓာတ်ပြည့်ဝပြီး ဗီတာမင် B6 ပါဝင်တဲ့ အစေ့အနံှတွေစားပေးပါ။ ပျို့စေနိုင်တဲ့ အဆီများပြီး ပြစ်တဲ့အစားအသောက်တွေ၊ ချဉ်ချဉ်စပ်စပ်တွေကို ရှောင်သင့်ပါတယ်။
ဂျင်းစားပါ။
ဂျင်းနည်းနည်းစီစားပေးခြင်းက အစာအိမ်ကို သက်သာစေပါတယ်။ ဂျင်းတက်အနည်းငယ်ကို ကြိတ်ပြီး ရေနွေးထဲထည့်သောက်နိုင်ပါတယ်။ သို့မဟုတ် ဂျင်းနှပ်တို့ ဂျင်းဇီးပြားတို့ လုပ်စားနိုင်ပါတယ်။ ဂျင်းဆေးတောင့်အားဆေးတွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် ကျန်းမာရေးဝန်ထမ်းများကို မေးမြန်းပြီးမှ သောက်သင့်ပါတယ်။
အိပ်ရာမထခင် မနက်စာစားပါ။
အိပ်ရာထဲကနေ အစာမစားပဲ ထပါက မနက်ခင်းပျို့အန်ချင်စိတ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ပေါင်မုန့်ဖြစ်ဖြစ် ကရက်ကာမုန့်ဖြစ်ဖြစ် တစ်ခုခုဆောင်ထားပြီး မထခင်စားပေးသင့်ပါတယ်။
ဘယ်အချိန်မှာ ပျို့အန်တတ်တယ်ဆိုတာ မှတ်သားထားပါ။
ဒီလို မှတ်သားထားခြင်းဖြင့် ဘယ်အချိန်မှာ အန်တတ်ပြီး ဘယ်အချိန်မှာ အစာစားသင့်တယ်ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။
ဗီတာမင်အားဆေးများသောက်ပါ။
ညဘက်မအိပ်ခင် ကိုယ်ဝန်ဆောင်အားဆေးများကို အစာလေးနဲ့တွဲစားပေးခြင်းက မနက်ဘက်မှာ ပျို့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။
နားနားနေနေ နေပါ။
စိတ်ဖိစီးမှုနဲ့ ပင်ပန်းနွမ်းနယ်မှုတို့က ပျို့အန်ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန်စွာ အိပ်စက်အနားယူပါ။
အခြားနည်းလမ်းများ ပြောင်းလဲကုသကြည့်ပါ။
အပ်စိုက်ကုသခြင်း၊ အပူထုတ်ကုသခြင်း၊ အကြောပြေလျော့ကုသခြင်းနဲ့ အနံ့ကုသခြင်းတို့က ပျို့အန်ခြင်းကို သက်သာစေနိုင်ပါတယ်။ အတွေ့အကြုံများပြီး ကျွမ်းကျင်သူများနဲ့တွေ့ဆုံကုသသင့်ပါတယ်။
မိတ်ဆွေသူငယ်ချင်းနဲ့ စကားပြောပါ။
မနက်ခင်းတိုင်း ပျို့အန်ပြီး မစားချင်မသောက်ချင် ဖြစ်နေတာဟာ စိတ်ညစ်ညူးစရာ ကောင်းလှပါတယ်။ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနဲ့ စကားပြောခြင်းဖြင့် စိတ်သက်သာမှုကို ရရှိနိုင်ပါတယ်။
လိမ္မော်ရနံ့ကို နမ်းရှုနိုင်ပါတယ်။
လိမ္မော်သီးရနံ့က အန်ချင်စိတ်ကို ပျောက်စေနိုင်ပါတယ်။ လိမ္မော်သီးစိတ်တွေကို စပါကလင်အချိုရည် အေးအေးလေးထဲထည့်သောက်ခြင်းကလည်း အထောက်အကူ ပြုပါတယ်။
Credit: Dr. Emerald (drmyanmar)
0 Comments