Last post

အမ်ိဳးသားမ်ား နဲ႔ ၾကီး ၾကာ ရွည္


အမ်ိဳးသားမ်ား နဲ႔ ၾကီး ၾကာ ရွည္
အခုေခတ္ဟာ အင္တာနက္ေတြ ေဖ့ဘြတ္ေတြ စတဲ့နည္းပညာေတြ ထြန္းကားလာတဲ့အေလွ်ာက္ လိင္ကိစၥေတြမွာလည္း အရင္ေခတ္ကလို အရွက္အေၾကာက္ တအားႀကီးေနတာမ်ိဳး မဟုတ္ဘဲ ပိုမိုပြင့္လင္းလာၾကပါတယ္။
အထူးသျဖင့္ အရာရာစူးစမ္းလိုစိတ္ရွိတဲ့ လူငယ္လူလတ္ပိုင္းေတြဟာ အင္တာနက္ကေန အျပာဝက္ဆိုဒ္ေတြမွာ တင္ထားတဲ့ ဇာတ္ကားေတြ၊ စာအုပ္ေတြကို ဖတ္ၿပီး လိင္အေၾကာင္းကို ေလ့လာေလ့ရွိၾကပါတယ္။
သုေတသနတခုကဆိုရင္ ကမာၻတလႊားမွာရွိတဲ့ လူငယ္ လူလတ္ပိုင္းေတြရဲ႕ ၉၀ရာခိုင္ႏႈန္းေက်ာ္သည္ အျပာဝက္ဆိုဒ္ေတြကို တလလွ်င္ ငါးႀကိမ္နဲ႔အထက္ ဝင္ေရာက္ေလ့ရွိတယ္လို႔ေတာင္ ေျပာထားပါတယ္။ အဲ့လိုဝက္ဆိုဒ္ေတြကို ၾကည့္တဲ့လူအမ်ားစုဟာ ၾကာလာရင္ ဇာတ္ကားထဲက ျပတာေတြကိုအဟုတ္ထင္လာၿပီး မိမိအဂၤါနဲ႔ ဇာတ္ေဆာင္အဂၤါနဲ႔ ယွဥ္ၾကည့္ကာ အားငယ္လာတတ္ၾကပါတယ္။
ဗဟုသုတနည္းတဲ့ လူငယ္ေတြဆိုရင္ ငါ့ဟာက လူစဥ္မွ မွီရဲ႕လား။ အိမ္ေထာင္ျပဳလို႔မွရပါ့မလား စတဲ့ ဆိုက္ကိုဝင္ၿပီး မိမိကိုယ္မိမိ ယုံၾကည္မႈေတြ ေပ်ာက္ဆုံးလာသည္ အထိပါ ျဖစ္လာပါတယ္။ေနာက္ဆက္တြဲအေနနဲ႔ ဘာေတြထပ္ျဖစ္လာလဲဆိုေတာ့ သူငယ္ခ်င္းေတြရဲ႕ ေျမႇာက္ေပးမႈေနာက္ လိုက္ၿပီး ႀကီးေဆး(စီလီကြန္) ေတြ ထိုးတာ၊ ၾကားဖူးနားဝေဆးေတြ ေသာက္တာ၊ လိမ္းေဆးေတြ လိမ္းတာေတြ ျဖစ္လာပါတယ္။
တကယ္ေတာ့ ဒီေဆးေတြဟာ တရားမဝင္ပါဘူး။ ျမန္မာႏိုင္ငံမွာဆိုရင္ အစားေသာက္နဲ႔ က်န္းမာေရးဝန္ႀကီးဌာနကလည္း တရားဝင္ ခြင့္ျပဳခ်က္ မေပးထားပါဘူး။ သို႔ေသာ္ ေဖ့ဘြတ္ကေန ေၾကညာအားေတာ္ေတာ္ေကာင္းတဲ့အတြက္ တခ်ိဳ႕လူငယ္လူလတ္ပိုင္းေတြဟာ ယုံမိၿပီး သုံးမိတတ္ၾကပါတယ္။
ဒီအခါမွာ ႀကီးေဆးထိုးမိရင္ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔ ေဆးခဲၿပီး ဆီးသြားရခက္လာတာ၊ ေနာက္ဆုံးဆီးမသြားႏိုင္ေတာ့တာ၊ လိင္အဂၤါေရာင္ရမ္းတာေတြျဖစ္ၿပီး ေဆး႐ုံေရာက္ကာ ခြဲစိပ္ရတာ မ်ားပါတယ္။
ကြၽန္ေတာ္တို႔လို ဖြံ႕ၿဖိဳးဆဲႏိုင္ငံမွာက် စီလီကြန္ထိုးတာမဟုတ္ဘဲ ရမ္းကုလိုမ်ိဳး ေဆးကုသခြင့္ လိုင္စင္မရွိတဲ့သူက ေပါက္တတ္ကရ အဆီေတြ (ဥပမာ အုန္းဆီ) ထိုးေပးတာမ်ိဳးေတြ ျဖစ္တဲ့အတြက္ ေဘးထြက္ဆိုးက်ိဳးေတြ ပိုျဖစ္ပါတယ္။ အခုေနာက္ပိုင္းဆိုရင္ အဲ့လိုေပါက္တတ္ကရေတြ ေလွ်ာက္ထိုးလို႔ Penis Cancer (လိင္တံကင္ဆာ) ျဖစ္သည္အထိျဖစ္တဲ့ လူငယ္ေတြကို ေဆး႐ုံမွာ မၾကာမၾကာ ေတြ႕လာရပါတယ္။
စားေဆး၊ လိမ္းေဆးေတြက အႏၲရာယ္မရွိပါဘူးလို႔ တခ်ိဳ႕အြန္လိုင္းေပ့ေတြက ေရာင္းေကာင္းေအာင္ေၾကညာေသာ္လည္း ကိုယ္နဲ႔မတည့္ပါက ေဆးေသာက္ေဆးလိမ္းၿပီး အနီကြက္ေတြထတာ၊ ေအာ့အန္တာ၊ ေခါင္းမူးတာ၊ ယားတာ၊ လိင္တံမွာ အနာေပါက္တာ စသျဖင့္ ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္လာႏိုင္ပါတယ္။
ကြၽန္ေတာ္တို႔ ႏိုင္ငံမွာရွိတဲ့ လူငယ္လူလတ္ပိုင္းေတြကို ေျပာခ်င္တာကေတာ့ အဂၤါအ႐ြယ္အစားဆိုတာ လူမ်ိဳးနဲ႔လည္း ဆိုင္ပါတယ္။ သုေတသနေတြအရ လိင္အဂၤါေထာင္မတ္ခ်ိန္မွာ အေနာက္ဥေရာပတိုက္သားေတြဆိုရင္ ငါးလက္မေက်ာ္ရွိေပမယ့္ ကြၽန္ေတာ္တို႔အာရွသားေတြကေတာ့ ေလးလက္မေလာက္ပဲ ရွိတာမ်ားပါတယ္လို႔ စာတမ္းေတြမွာ ေရးထားပါတယ္။ ဒါက လိင္အဂၤါအရွည္အတိုင္းအတာပါ။ လုံးပတ္ဆိုရင္လည္း အေနာက္ဥေရာပတိုက္သားေတြဟာ တလက္မခြဲကေန ႏွစ္လက္မနီးပါးရွိၾကေပမယ့္ အာရွတိုက္သားေတြကေတာ့ အမ်ားအားျဖင့္ တလက္မေလာက္သာ ရွိၾကပါတယ္။ ဒါဟာပုံမွန္ပါပဲ။
ကြၽန္ေတာ္တို႔ ႏိုင္ငံက လူငယ္ေတြအေနနဲ႔ ႏိုင္ငံျခားကားေတြ ၾကည့္ၿပီးေတာ့ သူတို႔နဲ႔ယွဥ္ၿပီး ပိုတိုပိုေသးတာေၾကာင့္ အားငယ္ေနစရာမလိုပါဘူး။ ၾကားဖူးနားဝေဆးေတြ၊ နည္းေတြလည္း သုံးစရာမလိုပါဘူး။ ေလွ်ာက္သုံးမယ္ဆိုရင္ေတာ့ အေပၚမွာေျပာခဲ့သလို ဆိုးက်ိဳးေတြ ခံစားရႏိုင္ေျခမ်ားပါတယ္။
ၾကာတယ္ဆိုတာလည္း ဒီလိုပါပဲ။ အမ်ိဳးသားအမ်ားစုက ပုံမွန္ဆို ၂မိနစ္ေလာက္နဲ႔ သုက္လႊတ္ၾကတာမ်ားပါတယ္။ ပင္ပန္းေနရင္၊ လိင္ဆက္ဆံရတာ လြတ္လပ္မႈမရွိရင္ သို႔မဟုတ္ အေတြ႕အႀကဳံမရွိဘဲပထမဆုံးဆက္ဆံတာဆိုရင္ ပိုၿပီးေတာ့ေတာင္ ျမန္ျမန္သုက္လႊတ္တာ ျဖစ္ႏိုင္ပါတယ္။
ဇာတ္ကားေတြထဲမွာ နာရီဝက္ တနာရီေလာက္ ၾကာတယ္ဆိုတာက ဖလင္ဆက္ထားတာေတြ ျဖစ္ဖို႔မ်ားပါတယ္။ စကၠန႔္ပိုင္းေလာက္နဲ႔ သုက္လႊတ္မွသာ တကယ္သုက္လႊတ္ျမန္တယ္လို႔ ယူဆလို႔ရမွာပါ။
လူငယ္၊လူ႐ြယ္ေတြအပါအဝင္ အမ်ိဳးသားေတြကို စစ္တမ္းေကာက္ၾကည့္တဲ့အခါမွာ ပတ္ဝန္းက်င္ရဲ႕တဆင့္ စကားတဆင့္ၾကားတာေတြ၊ ဗဟုသုတ အားနည္းတာေတြ၊ အျပာဝက္ဆိုဒ္ေတြ အၾကည့္မ်ားတာေတြေၾကာင့္ အမ်ိဳးသားအမ်ားစုဟာ ႀကီးေလၾကာေလရွည္ေလ အမ်ိဳးသမီးေတြ သေဘာက်ေလ လို႔ လြဲမွားစြာ ထင္ျမင္ယုံၾကည္ေနၾကပါတယ္။
တကယ္တမ္း အမ်ိဳးသမီးေတြကို စစ္တမ္းေကာက္တဲ့အခါမွာက် အိမ္ေထာင္ေရး သာယာဖို႔က လိင္ဆက္ဆံေရးထက္ ခ်စ္ခင္ၾကင္နာမႈ၊ တဦးနဲ႔တဦး ေဖးမကူညီမႈ၊ အျပန္အလွန္ ေလးစားမႈ၊ ဂ႐ုစိုက္မႈ၊နားလည္မႈေတြက ပိုအေရးႀကီးပါတယ္လို႔ အမ်ိဳးသမီးေတြက ျပန္ေျဖထားပါတယ္လို႔ သုေတသနစစ္တမ္းတခုက ေဖာ္ျပထားပါတယ္။
ဒါေၾကာင့္ အဆုံးသတ္အေနနဲ႔ အႀကံေပးခ်င္တာကေတာ့ အျပာ႐ုပ္ရွင္ေတြထဲမွာ မဟုတ္မဟတ္ေတြ လုပ္ႀကံ႐ိုက္ျပတာေတြၾကည့္ကာ ႀကီးၾကာရွည္ေလ အမ်ိဳးသမီးေတြ သေဘာက်ေလ ဆိုၿပီး ဝင္ေနတဲ့အေတြးမွားေတြကို ေခါင္းထဲကေန ထုတ္ပစ္လိုက္ပါလို႔ အႀကံေပးရင္း ေဆာင္းပါးေလးကို အဆုံးသတ္လိုက္ရပါတယ္။
Author : Dr. 528

အမျိုးသားများ နဲ့ ကြီး ကြာ ရှည်
အခုခေတ်ဟာ အင်တာနက်တွေ ဖေ့ဘွတ်တွေ စတဲ့နည်းပညာတွေ ထွန်းကားလာတဲ့အလျှောက် လိင်ကိစ္စတွေမှာလည်း အရင်ခေတ်ကလို အရှက်အကြောက် တအားကြီးနေတာမျိုး မဟုတ်ဘဲ ပိုမိုပွင့်လင်းလာကြပါတယ်။
အထူးသဖြင့် အရာရာစူးစမ်းလိုစိတ်ရှိတဲ့ လူငယ်လူလတ်ပိုင်းတွေဟာ အင်တာနက်ကနေ အပြာဝက်ဆိုဒ်တွေမှာ တင်ထားတဲ့ ဇာတ်ကားတွေ၊ စာအုပ်တွေကို ဖတ်ပြီး လိင်အကြောင်းကို လေ့လာလေ့ရှိကြပါတယ်။
သုတေသနတခုကဆိုရင် ကမ္ဘာတလွှားမှာရှိတဲ့ လူငယ် လူလတ်ပိုင်းတွေရဲ့ ၉၀ရာခိုင်နှုန်းကျော်သည် အပြာဝက်ဆိုဒ်တွေကို တလလျှင် ငါးကြိမ်နဲ့အထက် ဝင်ရောက်လေ့ရှိတယ်လို့တောင် ပြောထားပါတယ်။ အဲ့လိုဝက်ဆိုဒ်တွေကို ကြည့်တဲ့လူအများစုဟာ ကြာလာရင် ဇာတ်ကားထဲက ပြတာတွေကိုအဟုတ်ထင်လာပြီး မိမိအင်္ဂါနဲ့ ဇာတ်ဆောင်အင်္ဂါနဲ့ ယှဉ်ကြည့်ကာ အားငယ်လာတတ်ကြပါတယ်။
ဗဟုသုတနည်းတဲ့ လူငယ်တွေဆိုရင် ငါ့ဟာက လူစဉ်မှ မှီရဲ့လား။ အိမ်ထောင်ပြုလို့မှရပါ့မလား စတဲ့ ဆိုက်ကိုဝင်ပြီး မိမိကိုယ်မိမိ ယုံကြည်မှုတွေ ပျောက်ဆုံးလာသည် အထိပါ ဖြစ်လာပါတယ်။နောက်ဆက်တွဲအနေနဲ့ ဘာတွေထပ်ဖြစ်လာလဲဆိုတော့ သူငယ်ချင်းတွေရဲ့ မြှောက်ပေးမှုနောက် လိုက်ပြီး ကြီးဆေး(စီလီကွန်) တွေ ထိုးတာ၊ ကြားဖူးနားဝဆေးတွေ သောက်တာ၊ လိမ်းဆေးတွေ လိမ်းတာတွေ ဖြစ်လာပါတယ်။
တကယ်တော့ ဒီဆေးတွေဟာ တရားမဝင်ပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် အစားသောက်နဲ့ ကျန်းမာရေးဝန်ကြီးဌာနကလည်း တရားဝင် ခွင့်ပြုချက် မပေးထားပါဘူး။ သို့သော် ဖေ့ဘွတ်ကနေ ကြေညာအားတော်တော်ကောင်းတဲ့အတွက် တချို့လူငယ်လူလတ်ပိုင်းတွေဟာ ယုံမိပြီး သုံးမိတတ်ကြပါတယ်။
ဒီအခါမှာ ကြီးဆေးထိုးမိရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ ဆေးခဲပြီး ဆီးသွားရခက်လာတာ၊ နောက်ဆုံးဆီးမသွားနိုင်တော့တာ၊ လိင်အင်္ဂါရောင်ရမ်းတာတွေဖြစ်ပြီး ဆေးရုံရောက်ကာ ခွဲစိပ်ရတာ များပါတယ်။
ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံမှာကျ စီလီကွန်ထိုးတာမဟုတ်ဘဲ ရမ်းကုလိုမျိုး ဆေးကုသခွင့် လိုင်စင်မရှိတဲ့သူက ပေါက်တတ်ကရ အဆီတွေ (ဥပမာ အုန်းဆီ) ထိုးပေးတာမျိုးတွေ ဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးတွေ ပိုဖြစ်ပါတယ်။ အခုနောက်ပိုင်းဆိုရင် အဲ့လိုပေါက်တတ်ကရတွေ လျှောက်ထိုးလို့ Penis Cancer (လိင်တံကင်ဆာ) ဖြစ်သည်အထိဖြစ်တဲ့ လူငယ်တွေကို ဆေးရုံမှာ မကြာမကြာ တွေ့လာရပါတယ်။
စားဆေး၊ လိမ်းဆေးတွေက အန္တရာယ်မရှိပါဘူးလို့ တချို့အွန်လိုင်းပေ့တွေက ရောင်းကောင်းအောင်ကြေညာသော်လည်း ကိုယ်နဲ့မတည့်ပါက ဆေးသောက်ဆေးလိမ်းပြီး အနီကွက်တွေထတာ၊ အော့အန်တာ၊ ခေါင်းမူးတာ၊ ယားတာ၊ လိင်တံမှာ အနာပေါက်တာ စသဖြင့် ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ လူငယ်လူလတ်ပိုင်းတွေကို ပြောချင်တာကတော့ အင်္ဂါအရွယ်အစားဆိုတာ လူမျိုးနဲ့လည်း ဆိုင်ပါတယ်။ သုတေသနတွေအရ လိင်အင်္ဂါထောင်မတ်ချိန်မှာ အနောက်ဥရောပတိုက်သားတွေဆိုရင် ငါးလက်မကျော်ရှိပေမယ့် ကျွန်တော်တို့အာရှသားတွေကတော့ လေးလက်မလောက်ပဲ ရှိတာများပါတယ်လို့ စာတမ်းတွေမှာ ရေးထားပါတယ်။ ဒါက လိင်အင်္ဂါအရှည်အတိုင်းအတာပါ။ လုံးပတ်ဆိုရင်လည်း အနောက်ဥရောပတိုက်သားတွေဟာ တလက်မခွဲကနေ နှစ်လက်မနီးပါးရှိကြပေမယ့် အာရှတိုက်သားတွေကတော့ အများအားဖြင့် တလက်မလောက်သာ ရှိကြပါတယ်။ ဒါဟာပုံမှန်ပါပဲ။
ကျွန်တော်တို့ နိုင်ငံက လူငယ်တွေအနေနဲ့ နိုင်ငံခြားကားတွေ ကြည့်ပြီးတော့ သူတို့နဲ့ယှဉ်ပြီး ပိုတိုပိုသေးတာကြောင့် အားငယ်နေစရာမလိုပါဘူး။ ကြားဖူးနားဝဆေးတွေ၊ နည်းတွေလည်း သုံးစရာမလိုပါဘူး။ လျှောက်သုံးမယ်ဆိုရင်တော့ အပေါ်မှာပြောခဲ့သလို ဆိုးကျိုးတွေ ခံစားရနိုင်ခြေများပါတယ်။
ကြာတယ်ဆိုတာလည်း ဒီလိုပါပဲ။ အမျိုးသားအများစုက ပုံမှန်ဆို ၂မိနစ်လောက်နဲ့ သုက်လွှတ်ကြတာများပါတယ်။ ပင်ပန်းနေရင်၊ လိင်ဆက်ဆံရတာ လွတ်လပ်မှုမရှိရင် သို့မဟုတ် အတွေ့အကြုံမရှိဘဲပထမဆုံးဆက်ဆံတာဆိုရင် ပိုပြီးတော့တောင် မြန်မြန်သုက်လွှတ်တာ ဖြစ်နိုင်ပါတယ်။
ဇာတ်ကားတွေထဲမှာ နာရီဝက် တနာရီလောက် ကြာတယ်ဆိုတာက ဖလင်ဆက်ထားတာတွေ ဖြစ်ဖို့များပါတယ်။ စက္ကန့်ပိုင်းလောက်နဲ့ သုက်လွှတ်မှသာ တကယ်သုက်လွှတ်မြန်တယ်လို့ ယူဆလို့ရမှာပါ။
လူငယ်၊လူရွယ်တွေအပါအဝင် အမျိုးသားတွေကို စစ်တမ်းကောက်ကြည့်တဲ့အခါမှာ ပတ်ဝန်းကျင်ရဲ့တဆင့် စကားတဆင့်ကြားတာတွေ၊ ဗဟုသုတ အားနည်းတာတွေ၊ အပြာဝက်ဆိုဒ်တွေ အကြည့်များတာတွေကြောင့် အမျိုးသားအများစုဟာ ကြီးလေကြာလေရှည်လေ အမျိုးသမီးတွေ သဘောကျလေ လို့ လွဲမှားစွာ ထင်မြင်ယုံကြည်နေကြပါတယ်။
တကယ်တမ်း အမျိုးသမီးတွေကို စစ်တမ်းကောက်တဲ့အခါမှာကျ အိမ်ထောင်ရေး သာယာဖို့က လိင်ဆက်ဆံရေးထက် ချစ်ခင်ကြင်နာမှု၊ တဦးနဲ့တဦး ဖေးမကူညီမှု၊ အပြန်အလှန် လေးစားမှု၊ ဂရုစိုက်မှု၊နားလည်မှုတွေက ပိုအရေးကြီးပါတယ်လို့ အမျိုးသမီးတွေက ပြန်ဖြေထားပါတယ်လို့ သုတေသနစစ်တမ်းတခုက ဖော်ပြထားပါတယ်။
ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ အပြာရုပ်ရှင်တွေထဲမှာ မဟုတ်မဟတ်တွေ လုပ်ကြံရိုက်ပြတာတွေကြည့်ကာ ကြီးကြာရှည်လေ အမျိုးသမီးတွေ သဘောကျလေ ဆိုပြီး ဝင်နေတဲ့အတွေးမှားတွေကို ခေါင်းထဲကနေ ထုတ်ပစ်လိုက်ပါလို့ အကြံပေးရင်း ဆောင်းပါးလေးကို အဆုံးသတ်လိုက်ရပါတယ်။
Author : Dr. 528

0 Comments