ကိုယ့္ဇနီးမယား လက္တြဲေဖာ္ဟာ ကိုယ္နဲ႔ ဆက္ဆံျပီးတဲ့အခါ တခါတေလ
အမွတ္ထင္ငုိတတ္ပါတယ္။သူတို႕ဟာ အေၾကာင္းျပခ်က္မရွိ တခါတေလ ငုိတတ္ျပီး ဘာလို႕
ငိုတာလဲေမးရင္ တိက်တဲ့အေျဖ သင္ျပန္ျပန္ရမွာမဟုတ္ဘူး။ဘာလို႕ ငုိတတ္လဲဆိုတာ
ေဖာ္ျပေပးလိုက္ပါတယ္။
သူတို႕ဟာ သင္နဲ႕ ဆက္ဆံအျပီးမွာ တခါတေလ ငုိတာဟာ
သူတို႕ဆႏၵျပီးေျမာက္သြားလို႕ ျဖစ္ပါတယ္။သင့္ ဇနီးမယားရဲ႕ စိတ္ခံစားမႈက
ရယ္ေနမွ သူတို႕အတြက္ ေကာင္းမြန္တာ မဟုတ္သလို ငုိသြားတိုင္းလဲ
ျငိဳျင္တာမဟုတ္ပါဘူး။သူတို႕ရဲ႕ ေက်နပ္မႈကို မသိစိတ္က
ေဖာ္ျပလိုက္ျခင္းသားျဖစ္ပါတယ္။
Postcoital dysphoria (PCD) ဆိုတဲ့
ခံစားမႈဟာ လူတိုင္းမွာ ရွိပါတယ္။အမ်ားစုကေတာ့ အမ်ိုးသမီးတိုင္းနီးပါးမွာ
ရွိပါတယ္။ဝမ္းသာလို႕က်တတ္တဲ့ မ်က္ရည္မ်ိဳးျဖစ္ျပီး တခါတေလမွာ
ငါးမိနစ္ေလာက္သာ ၾကာတတ္ေပမယ့္ တခ်ိဳ႕ဆို 2 နာရီအထိ ၾကာတတ္ပါတယ္။
အြန္လိုင္းက
စစ္တမ္းေကာက္တဲ့အခါ အမ်ိဳးသမီး အေယာက္ 230 မွာ 46% ေလာက္က ဒီလို
အျပဳအမႈမ်ိဳး ျဖစ္ခဲ့ဖူးတယ္လို႕ ဆိုပါတယ္။ဒီ PCD ဆိုတဲ့ ခံစားမႈဟာ တလမွာ
အနည္းဆံုး ငါးၾကိမ္ေလာက္ ျဖစ္တယ္လို႕ သိရပါတယ္။
Sexual Health
ဆိုတဲ့ ဂ်ာနယ္မွာ 2011 ခုႏွစ္က ပါခဲ့တဲ့ အေၾကာင္းအရာမွာဆို အမ်ိဳးသမီး
သံုးေယာက္မွာ တစ္ေယာက္ႏႈန္းနဲ႕ ဒီလို ျပည့္ဝတဲ့ ဆႏၵခံယူခ်င္ေနတာျဖစ္ျပီး
သူတို႕ရဲ႕ စိတ္ေက်နပ္မႈကို ပံုစံအမ်ိဳးမ်ိဳးနဲ႕ တံု႕ျပန္ရာမွာ ဒီနည္းဟာ
အျပင္းထန္ဆံုးျဖစ္တယ္လို႕ ေဖာ္ျပထားပါတယ္။
ငုိတယ္ဆိုတာ လင္မယားခ်င္း
သမားရုိးက် ဆက္ဆံရင္း ျဖစ္လာတဲ့ ခံစားမႈကိုသာ ဆိုလိုျခင္းျဖစ္ျပီး
ကိုယ့္ဇနီးမယားကို သာမာန္မဟုတ္တဲ့ နည္းလမ္းသံုးျပီး
ဆက္ဆံတာမ်ိဳးမဟုတ္ပါဘူး။အမ်ိဳးသမီးတစ္ဦး စိတ္ေက်နပ္မႈေၾကာင့္ ျဖစ္ေပၚလာတဲ့
မ်က္ရည္ကိုသိရင္ သူ ဘယ္လိုပံုစံ ဆက္ဆံရတာ ေက်နပ္အားရမႈအရွိဆံုးလဲ
သင္သိႏိုင္ျပီး ပိုခိုင္ျမဲတဲ့ အိမ္ေထာင္ေရးကို ဖန္တီးႏိုင္ေၾကာင္း ေဒါက္တာ
Herbenick က ဆိုပါတယ္။
အမ်ိဳးသမီးစုကို မဆိုလိုေပမယ့္ တခ်ိဳ႕က
သမားရုိးက်ပံုစံနဲ႕တင္ပင္ သူတို႕ရဲ႕ ၾကီးမားတဲ့ စိတ္ခံစားမႈကို
ျဖည့္စည္းေပးႏိုင္တယ္လို႕ BuzzFeed မွာ ေဒါက္တာ Herbenick က
ေျပာၾကားခဲ့ပါတယ္။
တခ်ိဳ႕အမ်ိဳးသမီးေတြဟာ ဆႏၵျပီးေျမာက္လို႕
ငုိတာမဟုတ္ပါဘူး။သူတို႕ရဲ႕ ငယ္စဥ္က လိင္းပိုင္းဆိုင္ရာ အႏိုင္က်င့္ခံရမႈ
ရွိခဲ့ရင္ ဒါကို တုန္လႈပ္ျပီးလည္း ငုိေၾကြးတတ္ပါတယ္။သူတို႕ရဲ႕
စိတ္ခံစားခ်က္မွာ အားငယ္မႈနဲ႕ ေၾကာက္လန္႕မႈ မသိမသာစိုးမိုးေနတာျဖစ္ပါတယ္။
တခ်ိဳ႕ကေတာ့ ဆႏၵျပီးေျမာက္တဲ့ ေဟာ္မုန္းပမာဏမ်ားစြာဆံုးရႈံးလိုက္ရျပီး သူတို႕ရဲ႕ အားနည္းသြားကာ တုန္ရီျပီး ငုိေၾကြးတတ္ၾကပါတယ္။
ဒီလို
ငုိေၾကြးမႈမ်ိဳးဟာ ဘာနဲ႔တူလဲဆိုေတာ့ ၾကီးမားတဲ့ ေမ်ွာ္လင့္ခ်က္ၾကီးကို
ဆုပ္ကိုင္ထားရာကေန ရုတ္တရက္ ေပ်ာက္ဆံုးသြားတဲ့အေပၚမွာ ခံစားရတဲ့ ခံစားမႈနဲ႕
တူျပီး ဆႏၵေတြ လႊတ္ခ်လိုက္ရလို႕ ငုိမိသြားၾကတာျဖစ္ပါတယ္။
ဒီလို
အေၾကာင္းအမ်ိဳးမ်ိဳးရွိတဲ့ အမ်ိဳးသမီးေတြရဲ႕ ငုိျခင္းအေပၚမွာ သင္ဟာ
အိမ္ေထာင္ေရး ထိခိုက္မွာ ေၾကာက္လန္႔စရာမလိုပါဘူး။သူတို႕ ဘာအတြက္ ငုိလဲဆိုတာ
ခန္႔မွန္းတတ္ဖို႕လိုျပီး အားငယ္စိတ္ေၾကာင့္ ျဖစ္ရင္ သူတို႕ကို
ႏွစ္သိမ့္ေပးဖို႕လိုပါတယ္။တကယ္လို႕ သူတို႕ဟာ ဆႏၵျပည့္ဝလို႕ မ်က္ရည္က်တာ
ငုိတာဆိုရင္ သင့္အေနနဲ႔ ကိုယ့္လက္တြဲေဖာ္ အိမ္ေထာင္ဖက္ကို ေကာင္းမြန္စြာ
ခ်ဳပ္ကိုင္တတ္ဖို႕ လိုအပ္ပါတယ္။
Credit: cantwait2say
# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ့်ဇနီးမယား လက်တွဲဖော်ဟာ ကိုယ်နဲ့ ဆက်ဆံပြီးတဲ့အခါ တခါတလေ
အမှတ်ထင်ငိုတတ်ပါတယ်။သူတို့ဟာ အကြောင်းပြချက်မရှိ တခါတလေ ငိုတတ်ပြီး ဘာလို့
ငိုတာလဲမေးရင် တိကျတဲ့အဖြေ သင်ပြန်ပြန်ရမှာမဟုတ်ဘူး။ဘာလို့ ငိုတတ်လဲဆိုတာ
ဖော်ပြပေးလိုက်ပါတယ်။
သူတို့ဟာ သင်နဲ့ ဆက်ဆံအပြီးမှာ တခါတလေ ငိုတာဟာ
သူတို့ဆန္ဒပြီးမြောက်သွားလို့ ဖြစ်ပါတယ်။သင့် ဇနီးမယားရဲ့ စိတ်ခံစားမှုက
ရယ်နေမှ သူတို့အတွက် ကောင်းမွန်တာ မဟုတ်သလို ငိုသွားတိုင်းလဲ
ငြိုြင်တာမဟုတ်ပါဘူး။သူတို့ရဲ့ ကျေနပ်မှုကို မသိစိတ်က
ဖော်ပြလိုက်ခြင်းသားဖြစ်ပါတယ်။
Postcoital dysphoria (PCD) ဆိုတဲ့
ခံစားမှုဟာ လူတိုင်းမှာ ရှိပါတယ်။အများစုကတော့ အမျိုးသမီးတိုင်းနီးပါးမှာ
ရှိပါတယ်။ဝမ်းသာလို့ကျတတ်တဲ့ မျက်ရည်မျိုးဖြစ်ပြီး တခါတလေမှာ
ငါးမိနစ်လောက်သာ ကြာတတ်ပေမယ့် တချို့ဆို 2 နာရီအထိ ကြာတတ်ပါတယ်။
အွန်လိုင်းက
စစ်တမ်းကောက်တဲ့အခါ အမျိုးသမီး အယောက် 230 မှာ 46% လောက်က ဒီလို
အပြုအမှုမျိုး ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ဒီ PCD ဆိုတဲ့ ခံစားမှုဟာ တလမှာ
အနည်းဆုံး ငါးကြိမ်လောက် ဖြစ်တယ်လို့ သိရပါတယ်။
Sexual Health
ဆိုတဲ့ ဂျာနယ်မှာ 2011 ခုနှစ်က ပါခဲ့တဲ့ အကြောင်းအရာမှာဆို အမျိုးသမီး
သုံးယောက်မှာ တစ်ယောက်နှုန်းနဲ့ ဒီလို ပြည့်ဝတဲ့ ဆန္ဒခံယူချင်နေတာဖြစ်ပြီး
သူတို့ရဲ့ စိတ်ကျေနပ်မှုကို ပုံစံအမျိုးမျိုးနဲ့ တုံ့ပြန်ရာမှာ ဒီနည်းဟာ
အပြင်းထန်ဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ငိုတယ်ဆိုတာ လင်မယားချင်း
သမားရိုးကျ ဆက်ဆံရင်း ဖြစ်လာတဲ့ ခံစားမှုကိုသာ ဆိုလိုခြင်းဖြစ်ပြီး
ကိုယ့်ဇနီးမယားကို သာမာန်မဟုတ်တဲ့ နည်းလမ်းသုံးပြီး
ဆက်ဆံတာမျိုးမဟုတ်ပါဘူး။အမျိုးသမီးတစ်ဦး စိတ်ကျေနပ်မှုကြောင့်
ဖြစ်ပေါ်လာတဲ့ မျက်ရည်ကိုသိရင် သူ ဘယ်လိုပုံစံ ဆက်ဆံရတာ
ကျေနပ်အားရမှုအရှိဆုံးလဲ သင်သိနိုင်ပြီး ပိုခိုင်မြဲတဲ့ အိမ်ထောင်ရေးကို
ဖန်တီးနိုင်ကြောင်း ဒေါက်တာ Herbenick က ဆိုပါတယ်။
အမျိုးသမီးစုကို
မဆိုလိုပေမယ့် တချို့က သမားရိုးကျပုံစံနဲ့တင်ပင် သူတို့ရဲ့ ကြီးမားတဲ့
စိတ်ခံစားမှုကို ဖြည့်စည်းပေးနိုင်တယ်လို့ BuzzFeed မှာ ဒေါက်တာ Herbenick က
ပြောကြားခဲ့ပါတယ်။
တချို့အမျိုးသမီးတွေဟာ ဆန္ဒပြီးမြောက်လို့
ငိုတာမဟုတ်ပါဘူး။သူတို့ရဲ့ ငယ်စဉ်က လိင်းပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှု
ရှိခဲ့ရင် ဒါကို တုန်လှုပ်ပြီးလည်း ငိုကြွေးတတ်ပါတယ်။သူတို့ရဲ့
စိတ်ခံစားချက်မှာ အားငယ်မှုနဲ့ ကြောက်လန့်မှု မသိမသာစိုးမိုးနေတာဖြစ်ပါတယ်။
တချို့ကတော့ ဆန္ဒပြီးမြောက်တဲ့ ဟော်မုန်းပမာဏများစွာဆုံးရှုံးလိုက်ရပြီး သူတို့ရဲ့ အားနည်းသွားကာ တုန်ရီပြီး ငိုကြွေးတတ်ကြပါတယ်။
ဒီလို
ငိုကြွေးမှုမျိုးဟာ ဘာနဲ့တူလဲဆိုတော့ ကြီးမားတဲ့ မျှော်လင့်ချက်ကြီးကို
ဆုပ်ကိုင်ထားရာကနေ ရုတ်တရက် ပျောက်ဆုံးသွားတဲ့အပေါ်မှာ ခံစားရတဲ့
ခံစားမှုနဲ့ တူပြီး ဆန္ဒတွေ လွှတ်ချလိုက်ရလို့ ငိုမိသွားကြတာဖြစ်ပါတယ်။
ဒီလို
အကြောင်းအမျိုးမျိုးရှိတဲ့ အမျိုးသမီးတွေရဲ့ ငိုခြင်းအပေါ်မှာ သင်ဟာ
အိမ်ထောင်ရေး ထိခိုက်မှာ ကြောက်လန့်စရာမလိုပါဘူး။သူတို့ ဘာအတွက် ငိုလဲဆိုတာ
ခန့်မှန်းတတ်ဖို့လိုပြီး အားငယ်စိတ်ကြောင့် ဖြစ်ရင် သူတို့ကို
နှစ်သိမ့်ပေးဖို့လိုပါတယ်။တကယ်လို့ သူတို့ဟာ ဆန္ဒပြည့်ဝလို့ မျက်ရည်ကျတာ
ငိုတာဆိုရင် သင့်အနေနဲ့ ကိုယ့်လက်တွဲဖော် အိမ်ထောင်ဖက်ကို ကောင်းမွန်စွာ
ချုပ်ကိုင်တတ်ဖို့ လိုအပ်ပါတယ်။
Credit: cantwait2say

0 Comments