တစ္စံုတစ္ဦးကို ႏွစ္ႏွစ္ကာကာနမ္းတဲ့အခါမွာ မ်က္လံုးေတြက ဘာေၾကာင့္မွိတ္သြားတာလဲ။ ဒီ့အတြက္ သိပၸံနည္းက်အေျဖရွိပါတယ္။
အဂၤလန္ႏုိင္ငံ Royal Holloway တကၠသိုလ္မွ စိတ္ပညာရွင္ေတြရဲ႕ ေလ့လာခ်က္အရ ဒီလိုမ်က္လံုးမွိတ္ရျခင္းဟာ အာရုံစူးစိုက္မႈနဲ႔ သက္ဆုိင္တယ္လို႔ ဆုိပါတယ္။ အျမင္အာရုံနဲ႔ အထိအေတြ႕အာရုံေတြကို အေျခခံကာ လူေတြကို စမ္းသပ္ေလ့လာခဲ့တာျဖစ္ျပီး မ်က္လံုးကိုဖြင့္ထားျပီး အျမင္အာရုံရဲ႕ ၾကားျဖတ္မႈရွိေနတဲ့အခါ အျခားအာရုံတစ္ခုကို ဦးေႏွာက္က လုပ္ေဆာင္ဖို႔ ခက္ခဲတယ္လို႔ သိရပါတယ္။
စမ္းသပ္ခံမယ့္လူေတြရဲ႕လက္ကို တုန္ခါေအာင္ျပဳလုပ္ထားျပီး မ်က္လံုးက စာေတြကို ရွာခိုင္းတဲ့အခါ လက္ရဲ႕ တုန္ခါမႈနည္းလာေလေလ မ်က္လံုးက ပိုအလုပ္လုပ္ႏုိင္ေလျဖစ္တာကို သုေတသနက ေတြ႕ရွိခဲ့ပါတယ္။ အာရုံတစ္ခုကို ႏွစ္ႏွစ္ကာကာ ခံစားမယ့္အခါမွာ အျခားအာရုံတစ္ခုကို ရပ္ထားတတ္တာေၾကာင့္ လူေတြနမ္းတဲ့အခါ မ်က္လံုးက မွိတ္သြားတတ္တာ ျဖစ္ပါတယ္။
ဒါေၾကာင့္ နမ္းတဲ့အခါ မ်က္လံုးဖြင့္ရင္ အနမ္းကရရွိမယ့္အာရုံခံစားမႈကို သိပ္ႏွစ္ႏွစ္ကာကာ မရွိတာေၾကာင့္ျဖစ္ႏုိင္ပါတယ္။ သုေတသနကို Experimental Psychology: Human Perception and Performance မွာ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။
Credit: millionlike
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်စုံတစ်ဦးကို နှစ်နှစ်ကာကာနမ်းတဲ့အခါမှာ မျက်လုံးတွေက ဘာကြောင့်မှိတ်သွားတာလဲ။ ဒီ့အတွက် သိပ္ပံနည်းကျအဖြေရှိပါတယ်။
အင်္ဂလန်နိုင်ငံ Royal Holloway တက္ကသိုလ်မှ စိတ်ပညာရှင်တွေရဲ့ လေ့လာချက်အရ ဒီလိုမျက်လုံးမှိတ်ရခြင်းဟာ အာရုံစူးစိုက်မှုနဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။ အမြင်အာရုံနဲ့ အထိအတွေ့အာရုံတွေကို အခြေခံကာ လူတွေကို စမ်းသပ်လေ့လာခဲ့တာဖြစ်ပြီး မျက်လုံးကိုဖွင့်ထားပြီး အမြင်အာရုံရဲ့ ကြားဖြတ်မှုရှိနေတဲ့အခါ အခြားအာရုံတစ်ခုကို ဦးနှောက်က လုပ်ဆောင်ဖို့ ခက်ခဲတယ်လို့ သိရပါတယ်။
စမ်းသပ်ခံမယ့်လူတွေရဲ့လက်ကို တုန်ခါအောင်ပြုလုပ်ထားပြီး မျက်လုံးက စာတွေကို ရှာခိုင်းတဲ့အခါ လက်ရဲ့ တုန်ခါမှုနည်းလာလေလေ မျက်လုံးက ပိုအလုပ်လုပ်နိုင်လေဖြစ်တာကို သုတေသနက တွေ့ရှိခဲ့ပါတယ်။ အာရုံတစ်ခုကို နှစ်နှစ်ကာကာ ခံစားမယ့်အခါမှာ အခြားအာရုံတစ်ခုကို ရပ်ထားတတ်တာကြောင့် လူတွေနမ်းတဲ့အခါ မျက်လုံးက မှိတ်သွားတတ်တာ ဖြစ်ပါတယ်။
ဒါကြောင့် နမ်းတဲ့အခါ မျက်လုံးဖွင့်ရင် အနမ်းကရရှိမယ့်အာရုံခံစားမှုကို သိပ်နှစ်နှစ်ကာကာ မရှိတာကြောင့်ဖြစ်နိုင်ပါတယ်။ သုတေသနကို Experimental Psychology: Human Perception and Performance မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
Credit: millionlike
0 Comments