အရင္က က်ေနာ္တို႔ သိထားခဲ့တာက လိင္ဆက္ဆံမွုဟာ က်န္းမာေရး အတြက္ ေကာင္းေစတယ္ ဆိုတာမ်ိဳးပါပဲေနာ္၊ စာဖတ္သူတို႔ကို နည္းနည္းေလာက္ ဖတ္မိသမၽွေလး ျပန္ေျပာရရင္ ..
လိင္တႀကိမ္ ဆက္ဆံတိုင္း ကယ္လိုရီ ၁၂၀ ေလာက္ ေလာင္ကၽြမ္းသြားလို႔ လိင္ဆက္ဆံျခင္းက ကိုယ္အေလးခ်ိန္ အနည္းငယ္ က်ေစနိုင္တယ္ …
လိင္ဆက္ဆံမွုမွာ ေသြးပူျခင္းနဲ႔အတူ ေဟာ္မုန္းနိုးထမွုေတြေၾကာင့္ ေသြးလည့္ပတ္မွု မွန္ကန္ၿပီး ေသြးတြင္း အဆီအနည္ထိုင္မွုကို ေခ်ဖ်က္မွု အားေကာင္းေစနိုင္တယ္ …
အိပ္ယာမဝင္ခင္ လိင္ဆက္ဆံျခင္းက ေကာင္းေကာင္း အိပ္ေမာက်ေစၿပီး အိပ္ေရးဝေစနိုင္တယ္ ..
လိင္ဆက္ဆံျခင္းက စိတ္ေရာ လူပါ လန္းဆန္းမွု ျဖစ္ေစတယ္ ဆိုတာေတြ၊ ဒါေတြက အခု ေျပာမယ့္ မူရင္း ေဆာင္းပါးထဲမွာမပါေပမယ့္ အရင္က ဖတ္ထားခဲ့တာေလးေတြ နည္းနည္းျပန္ေျပာျပတာပါ။ ဒီေတာ့ လိင္ဆက္ဆံျခင္းက အထက္မွာ က်ေနာ္ေျပာခဲ့သလို က်န္းမာေရးအတြက္ ေကာင္းမြန္မွုရွိတယ္၊ ၿပီးေတာ့ေရာ..
ဆီးက်ိတ္ကင္ဆာ ျဖစ္နိုင္ေခ်ကို ေလ်ာ့ခ်ေပးနိုင္တယ္။
ကိုယ္တြင္း အာ႐ုံခံစနစ္ေတြ အေကာင္းဆုံး လည္ပတ္လုပ္ေဆာင္နိုင္ေစတယ္။
စိတ္ကို တက္ႂကြလန္းဆန္းမွု အျမင့္ဆုံး ရွိေနေစတယ္။
စိတ္ဖိစီးမွုေတြကိုလည္း ေလ်ာ့ခ်ေပးနိုင္ပါတယ္။
ၿပီးေတာ့ အခုေျပာမယ့္ ႏွလုံးေရာဂါ ျဖစ္နိုင္ေခ်ကို ေလ်ာ့ခ်ၿပီး ကာကြယ္မွု ေပးနိုင္တယ္ ဆိုတာေရာ သိၿပီးပါၿပီလား။
တကယ္လို႔ သင့္မွာ ႏွလုံးေရာဂါ အခံ၊ ဒါမွမဟုတ္ ႏွလုံးေရာဂါျဖစ္ခ်င္ေနၿပီ၊ ျဖစ္ေနၿပီဆိုရင္ သင့္ကို ေလ့က်င့္ခန္း မွန္မွန္လုပ္ဖို႔၊ အစားအေသာက္ ဆင္ဆင္ျခင္ျခင္နဲ႔ မွန္မွန္ကန္ကန္စားဖို႔၊ ဒါေတြကို ဆရာဝန္ေတြက ေျပာလာပါလိ့္မ္မယ္။
ဟုတ္ပါတယ္၊ ႏွလုံးေရာဂါရွိေနၿပီဆိုရင္ သင့္အေနနဲ႔ အေနအထိုင္၊ အစားအေသာက္ အားလုံးကို ဆင္ျခင္ေနရပါလိမ့္မယ္။ ဒါေပမယ့္ အခုမွ သိလာတဲ့ ႏွလုံးေရာဂါသည္ေတြ၊ ႏွလုံးအားနည္းသူေတြအတြက္ အေကာင္းဆုံး ေလ့က်င့္ခန္းပုံစံ လွုပ္ရွားမွုလည္း ျဖစ္မယ္၊ စိတ္ေရာလူပါ က်န္းမာေရး ေကာင္းေစမယ့္ အခ်က္ကေတာ့ လိင္ဆက္ဆံျခင္းပါ။
အထူးသျဖင့္ေတာ့ ႏွလုံးေရာဂါျဖစ္နိုင္ေခ်ကို အေကာင္းဆုံး ေလၽွာ့ခ်ေပးနိုင္တာျဖစ္တယ္လို႔ သိပၸံ ပညာရွင္ေတြက ဆိုပါတယ္။ Amino Acid Homocysteine လို႔ ဆိုတဲ့ ေသြးတြင္း အမိုင္နိုအက္ဆစ္စုဖြဲ႕မွုကို လိင္ဆက္ဆံျခင္းကေန ေခ်ဖ်က္ ေလ်ာ့က်ေစျခင္း ျဖစ္တယ္လို႔ ဆိုပါတယ္။ အမိုင္နိုအက္ဆစ္ဓါတ္ ကိုယ္တြင္းမွာ စုဖြဲ႕မွု နည္းေလေလ သင့္အတြက္ ေကာင္းေလေလ ျဖစ္ၿပီး ဒီဓါတ္ကို အေကာင္းဆုံး ေလၽွာ့ခ်နိုင္မွုမယ့္ နည္းလမ္းကေတာ့ လိင္ဆက္ဆံျခင္းလို႔ ဆိုပါတယ္။
ဒီေနရာမွာ မၾကာခဏ လိင္ဆက္ဆံမယ္၊ အိမ္ေထာင္သည္ေတြမွာ ပုံမွန္ လိင္ဆက္ဆံမွု ရွိမယ္ဆိုရင္ေတာ့ အမိုင္နိုအက္ဆစ္ဓါတ္ကိုလည္း ပုံမွန္ေလၽွာ့ခ်ေပးၿပီးသား ျဖစ္လာမွာပါ။ ဒီေနရာမွာ အခု အမိုင္နိုအက္ဆစ္ဓါတ္ကို ေလ်ာ့က်ေအာင္ အႀကိမ္ေရ အမ်ားအျပား လိက္ဆက္ဆံဖို႔ ဆိုလိုျခင္း မဟုတ္ဘဲ ပုံမွန္ဆက္ဆံမွု ရွိရင္ အဆင္ေျပတယ္လို႔လည္း သိရပါတယ္။
၂၀၁၅ ခုႏွစ္ အတြင္းက မွတ္သားထားတဲ့ စာရင္းေတြအရ အမိုင္နိုအက္ဆစ္ဓါတ္စုဖြဲ႕မွု မ်ားျခင္းက ႏွလုံးေရာဂါနဲ႔ ပတ္သက္ၿပီး ေသဆုံးႏွုန္းကို ၆၆ ရာခိုင္ႏွုန္းထိေအာင္ တိုးျမင့္ေစတယ္လို႔လည္း ဆိုပါတယ္။ ေလျဖတ္ နိုင္ဖို႔လည္း အားေပးရာ ေရာက္တယ္၊ ပုံမွန္ထက္ ေလျဖတ္နိုင္ေခ် ၃၃ ရာခိုင္ႏွုန္း ပိုေစတယ္၊ ၿပီးေတာ့ ဦးေႏွာက္ အေျမႇးေရာင္ ေရာဂါေရာ ကင္ဆာ ျဖစ္နိုင္ေခ်ေတြနဲ႔ပါ ဆက္စပ္ အားေပးမွု ျဖစ္ေစတာ ေတြ႕ရတယ္လို႔ ဆိုပါတယ္။
ဒီေတာ့ ပုံမွန္လိင္ဆက္ဆံမွု ရွိမွပဲ အခုလို ေသြးတြင္း အမိုင္နိုအက္ဆစ္ဓါတ္ စုဖြဲ႕မွုကို ေလ်ာ့နိုင္မယ္။ ႏွလုံးနဲ႔ ပတ္သက္တဲ့ ေရာဂါေတြကို ကာကြယ္မွုျဖစ္ေစမယ္ေပါ့။ ဒါေပမယ့္ အမ်ိဳးသမီးေတြအတြက္ကေတာ့ ပုံမွန္ လိင္ဆက္ဆံမွုက ႏွလုံးေရာဂါနဲ႔ ပတ္သက္ၿပီး ကာကြယ္မွု သိသာေလာက္ေအာင္ မျဖစ္ေစဘူးလို႔ ဆိုပါတယ္။ အေၾကာင္းကေတာ့ လိင္အဂၤါ ဖြဲ႕စည္းမွုနဲ႔ ေသြးလည္ပတ္မွု စနစ္ေတြအရ လိင္ဆက္ဆံျခင္းဟာ အမ်ိဳးသမီးေတြရဲ့ ေသြးတြင္း အမိုင္နိုအက္ဆစ္စုဖြဲ႕မွုကို အမ်ိဳးသားေတြမွာေလာက္ ဖယ္ထုတ္နိုင္ျခင္း မရွိလို႔ပဲ ျဖစ္ပါတယ္။ ဒီေတာ့ အခု ေဆာင္းပါးက အဆုံးသတ္မွာမွ အမ်ိဳးသားေတြအတြက္ က်န္းမာေရး ေဆာင္းပါး သက္သက္ ျဖစ္သြားပါတယ္။ ေနာက္တခါမွ အမ်ိဳးသမီးေတြအတြက္ အမိုင္နိုအက္ဆစ္ဓါတ္ ေလၽွာ့ခ်နိုင္မယ့္ နည္းလမ္းေတြ႕ရင္ ေျပာျပပါေတာ့မယ္။
www.maxim.com တြင္ေဖာ္ျပထားတဲ့ Having lots of sex prevents heart attacks, so follow me if want to live ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။
Did you find apk for android? You can find new Free Android Games and apps.
Topics: ႏွလုံးေရာဂါ, လိင္ဆက္ဆံျခင္း
#Unicode Version
အရင်က ကျနော်တို့ သိထားခဲ့တာက လိင်ဆက်ဆံမှုဟာ ကျန်းမာရေး အတွက် ကောင်းစေတယ် ဆိုတာမျိုးပါပဲနော်၊ စာဖတ်သူတို့ကို နည်းနည်းလောက် ဖတ်မိသမျှလေး ပြန်ပြောရရင် ..
လိင်တကြိမ် ဆက်ဆံတိုင်း ကယ်လိုရီ ၁၂၀ လောက် လောင်ကျွမ်းသွားလို့ လိင်ဆက်ဆံခြင်းက ကိုယ်အလေးချိန် အနည်းငယ် ကျစေနိုင်တယ် …
လိင်ဆက်ဆံမှုမှာ သွေးပူခြင်းနဲ့အတူ ဟော်မုန်းနိုးထမှုတွေကြောင့် သွေးလည့်ပတ်မှု မှန်ကန်ပြီး သွေးတွင်း အဆီအနည်ထိုင်မှုကို ချေဖျက်မှု အားကောင်းစေနိုင်တယ် …
အိပ်ယာမဝင်ခင် လိင်ဆက်ဆံခြင်းက ကောင်းကောင်း အိပ်မောကျစေပြီး အိပ်ရေးဝစေနိုင်တယ် ..
လိင်ဆက်ဆံခြင်းက စိတ်ရော လူပါ လန်းဆန်းမှု ဖြစ်စေတယ် ဆိုတာတွေ၊ ဒါတွေက အခု ပြောမယ့် မူရင်း ဆောင်းပါးထဲမှာမပါပေမယ့် အရင်က ဖတ်ထားခဲ့တာလေးတွေ နည်းနည်းပြန်ပြောပြတာပါ။ ဒီတော့ လိင်ဆက်ဆံခြင်းက အထက်မှာ ကျနော်ပြောခဲ့သလို ကျန်းမာရေးအတွက် ကောင်းမွန်မှုရှိတယ်၊ ပြီးတော့ရော..
ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ချေကို လျော့ချပေးနိုင်တယ်။
ကိုယ်တွင်း အာရုံခံစနစ်တွေ အကောင်းဆုံး လည်ပတ်လုပ်ဆောင်နိုင်စေတယ်။
စိတ်ကို တက်ကြွလန်းဆန်းမှု အမြင့်ဆုံး ရှိနေစေတယ်။
စိတ်ဖိစီးမှုတွေကိုလည်း လျော့ချပေးနိုင်ပါတယ်။
ပြီးတော့ အခုပြောမယ့် နှလုံးရောဂါ ဖြစ်နိုင်ချေကို လျော့ချပြီး ကာကွယ်မှု ပေးနိုင်တယ် ဆိုတာရော သိပြီးပါပြီလား။
တကယ်လို့ သင့်မှာ နှလုံးရောဂါ အခံ၊ ဒါမှမဟုတ် နှလုံးရောဂါဖြစ်ချင်နေပြီ၊ ဖြစ်နေပြီဆိုရင် သင့်ကို လေ့ကျင့်ခန်း မှန်မှန်လုပ်ဖို့၊ အစားအသောက် ဆင်ဆင်ခြင်ခြင်နဲ့ မှန်မှန်ကန်ကန်စားဖို့၊ ဒါတွေကို ဆရာဝန်တွေက ပြောလာပါလိ့်မ်မယ်။
ဟုတ်ပါတယ်၊ နှလုံးရောဂါရှိနေပြီဆိုရင် သင့်အနေနဲ့ အနေအထိုင်၊ အစားအသောက် အားလုံးကို ဆင်ခြင်နေရပါလိမ့်မယ်။ ဒါပေမယ့် အခုမှ သိလာတဲ့ နှလုံးရောဂါသည်တွေ၊ နှလုံးအားနည်းသူတွေအတွက် အကောင်းဆုံး လေ့ကျင့်ခန်းပုံစံ လှုပ်ရှားမှုလည်း ဖြစ်မယ်၊ စိတ်ရောလူပါ ကျန်းမာရေး ကောင်းစေမယ့် အချက်ကတော့ လိင်ဆက်ဆံခြင်းပါ။
အထူးသဖြင့်တော့ နှလုံးရောဂါဖြစ်နိုင်ချေကို အကောင်းဆုံး လျှော့ချပေးနိုင်တာဖြစ်တယ်လို့ သိပ္ပံ ပညာရှင်တွေက ဆိုပါတယ်။ Amino Acid Homocysteine လို့ ဆိုတဲ့ သွေးတွင်း အမိုင်နိုအက်ဆစ်စုဖွဲ့မှုကို လိင်ဆက်ဆံခြင်းကနေ ချေဖျက် လျော့ကျစေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ အမိုင်နိုအက်ဆစ်ဓါတ် ကိုယ်တွင်းမှာ စုဖွဲ့မှု နည်းလေလေ သင့်အတွက် ကောင်းလေလေ ဖြစ်ပြီး ဒီဓါတ်ကို အကောင်းဆုံး လျှော့ချနိုင်မှုမယ့် နည်းလမ်းကတော့ လိင်ဆက်ဆံခြင်းလို့ ဆိုပါတယ်။
ဒီနေရာမှာ မကြာခဏ လိင်ဆက်ဆံမယ်၊ အိမ်ထောင်သည်တွေမှာ ပုံမှန် လိင်ဆက်ဆံမှု ရှိမယ်ဆိုရင်တော့ အမိုင်နိုအက်ဆစ်ဓါတ်ကိုလည်း ပုံမှန်လျှော့ချပေးပြီးသား ဖြစ်လာမှာပါ။ ဒီနေရာမှာ အခု အမိုင်နိုအက်ဆစ်ဓါတ်ကို လျော့ကျအောင် အကြိမ်ရေ အများအပြား လိက်ဆက်ဆံဖို့ ဆိုလိုခြင်း မဟုတ်ဘဲ ပုံမှန်ဆက်ဆံမှု ရှိရင် အဆင်ပြေတယ်လို့လည်း သိရပါတယ်။
၂၀၁၅ ခုနှစ် အတွင်းက မှတ်သားထားတဲ့ စာရင်းတွေအရ အမိုင်နိုအက်ဆစ်ဓါတ်စုဖွဲ့မှု များခြင်းက နှလုံးရောဂါနဲ့ ပတ်သက်ပြီး သေဆုံးနှုန်းကို ၆၆ ရာခိုင်နှုန်းထိအောင် တိုးမြင့်စေတယ်လို့လည်း ဆိုပါတယ်။ လေဖြတ် နိုင်ဖို့လည်း အားပေးရာ ရောက်တယ်၊ ပုံမှန်ထက် လေဖြတ်နိုင်ချေ ၃၃ ရာခိုင်နှုန်း ပိုစေတယ်၊ ပြီးတော့ ဦးနှောက် အမြှေးရောင် ရောဂါရော ကင်ဆာ ဖြစ်နိုင်ချေတွေနဲ့ပါ ဆက်စပ် အားပေးမှု ဖြစ်စေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ဒီတော့ ပုံမှန်လိင်ဆက်ဆံမှု ရှိမှပဲ အခုလို သွေးတွင်း အမိုင်နိုအက်ဆစ်ဓါတ် စုဖွဲ့မှုကို လျော့နိုင်မယ်။ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်မှုဖြစ်စေမယ်ပေါ့။ ဒါပေမယ့် အမျိုးသမီးတွေအတွက်ကတော့ ပုံမှန် လိင်ဆက်ဆံမှုက နှလုံးရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်မှု သိသာလောက်အောင် မဖြစ်စေဘူးလို့ ဆိုပါတယ်။ အကြောင်းကတော့ လိင်အင်္ဂါ ဖွဲ့စည်းမှုနဲ့ သွေးလည်ပတ်မှု စနစ်တွေအရ လိင်ဆက်ဆံခြင်းဟာ အမျိုးသမီးတွေရဲ့ သွေးတွင်း အမိုင်နိုအက်ဆစ်စုဖွဲ့မှုကို အမျိုးသားတွေမှာလောက် ဖယ်ထုတ်နိုင်ခြင်း မရှိလို့ပဲ ဖြစ်ပါတယ်။ ဒီတော့ အခု ဆောင်းပါးက အဆုံးသတ်မှာမှ အမျိုးသားတွေအတွက် ကျန်းမာရေး ဆောင်းပါး သက်သက် ဖြစ်သွားပါတယ်။ နောက်တခါမှ အမျိုးသမီးတွေအတွက် အမိုင်နိုအက်ဆစ်ဓါတ် လျှော့ချနိုင်မယ့် နည်းလမ်းတွေ့ရင် ပြောပြပါတော့မယ်။
www.maxim.com တွင်ဖော်ပြထားတဲ့ Having lots of sex prevents heart attacks, so follow me if want to live ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
Did you find apk for android? You can find new Free Android Games and apps.
Topics: နှလုံးရောဂါ, လိင်ဆက်ဆံခြင်း

0 Comments