Last post

လိင္စိတ္ဆႏၵလြန္ကဲျခင္းေရာဂါ (nymphomania)


Nymphomania ဆိုတာဘာလဲ
Nymphomania ဆိုတာ လိင္စိတ္ဆႏၵျပင္းျပမႈလြန္ကဲတဲ့ စိတ္ပိုင္းဆိုင္ရာေရာဂါတစ္ခုျဖစ္ပါတယ္။ လိင္စိတ္လြန္ကဲမႈဆိုတာ ကိုယ္တိုင္ သာယာမႈမရွိဘဲ၊ ထိန္းခ်ဳပ္လို႔မရနိုင္ဘဲ ၊ကိုယ္တိုင္မလိုလားဘဲ အၾကိမ္ၾကိမ္ျပဳလုပ္မိေနတဲ့ အျပဳအမူေတြျဖစ္ပါတယ္။ Nymphomania ျဖစ္ေနတဲ့သူေတြဟာ အလိုလိုျဖစ္လာတဲ့အာသာဆႏၵျပင္းျပမႈကိုေျဖေဖ်ာက္ဖို႔ လိင္ဆက္ဆံေဖာ္မ်ားျခင္း(promiscuity) လိုမ်ိဳး ေရာဂါအႏၱရာယ္မ်ားတဲ့လုပ္ရပ္ေတြလုပ္မိတတ္ပါတယ္။
ဒီေရာဂါဟာ အရြယ္ေရာက္ျပီးသူတိုင္းမွာ ျဖစ္နိုင္သလို သူ႔ရဲ႕လကၡဏာေတြက လိင္ကိစၥအျပဳအမူေတြအျပင္ စဥ္းစားေတြးေခၚနိုင္စြမ္းမွာ ျပႆနာရွိလာျခင္း၊ မလိုလားအပ္တဲ့ အေတြးေတြအၾကိမ္ၾကိမ္ျဖစ္ေပၚလာျခင္း(စိတ္စြဲလမ္းျခင္း)၊ ရွက္စိတ္၊အျပစ္ရွိစိတ္နဲ႔ ခ်ိဳ႕ယြင္းခ်က္ရွိသလို ခံစားေနရျခင္းတို႔ပါဝင္ပါတယ္။
nymphomania ျဖစ္ရတဲ့အဓိကအေၾကာင္းရင္းကိုေတာ့ အတိအက်မသိရေသးပါဘူး။ တျခားစိတ္ေရာဂါေဝဒနာေတြလိုပဲ nymphomania ဟာ ပတ္ဝန္းက်င္၊ မ်ိဳးရိုးအခံ၊ဘဝအေနအထား စတဲ့အခ်က္ေတြရဲ႕ ရလဒ္အျဖစ္ ခံစားလာရတတ္ပါတယ္။ စိတ္ခံစားမႈနဲ႔သက္ဆိုင္တဲ့ serotonin, dopamine နဲ႔ norepinephrine လို ဦးေႏွာက္တြင္း neurotransmitters ေတြမညီမွွ်မႈ၊ ဦးေႏွာက္ကို ထိခိုက္ေစတဲ့ ေရာဂါတခ်ိဳ႕၊ ဦးေႏွာက္ရဲ႕ အာရံုေၾကာဆဲလ္လႈပ္ရွားမႈလမ္းေၾကာင္း( neural circuits)မွာ အေျပာင္းအလဲျဖစ္ျခင္းတို႔ကလည္း nymphomania အေၾကာင္းရင္းထဲမွာပါဝင္နိုင္ပါတယ္။
nymphomania ရဲ႕အျဖစ္မ်ားတဲ့လကၡဏာေတြကဘာေတြလဲ
nymphomania ရဲ႕အဓိကလကၡဏာကေတာ့ လိင္မႈကိစၥအာသာဆႏၵျပင္းျပမႈျဖစ္ပါတယ္။ ဒီေရာဂါက တျခားအာသာဆႏၵျပင္းျပေနတဲ့ စြဲလမ္းမႈျပႆနာေတြ ဒါမွမဟုတ္ တျခားစိတ္ေဝဒနာေတြရဲ႕လကၡဏာေတြနဲ႔အတူ ျဖစ္လာနုိင္ပါတယ္။ nymphomania လကၡဏာေတြကို ေန႔တိုင္း သို႔မဟုတ္ ခဏၾကာတိုင္းတစ္ၾကိမ္ ျဖစ္လာတတ္ပါတယ္။
လိင္စိတ္ဆႏၵကျပင္းထန္လာျပီး ကိုယ့္ကုိယ္ကိုယ္ထိန္းခ်ဳပ္လို႔မရသလို ခံစားလာရျခင္း၊
လိင္ဆက္ဆံမႈေတြျပီးဆံုးရင္ေတာင္မွ စိတ္ေက်နပ္မႈမရွိသလို။ စိတ္မေပ်ာ္သလိုခံစားေနရျခင္း၊
လိင္ဆက္ဆံမႈကို အထီးက်န္ျခင္း၊စိတ္ဓာတ္က်ျခင္း၊ စိတ္ပူပန္ျခင္း၊ စိတ္ဖိစီးမႈတို႔လို တျခားျပႆနာေတြရဲ႕ ထြက္ေပါက္အျဖစ္ သေဘာထားျခင္း၊
လိင္မွတဆင့္ကူးစက္နုိင္ေသာေရာဂါမ်ား ကူးစက္ရရွိျခင္း သို႔မဟုတ္ တျခားသူဆီကူးစက္ေစျခင္း၊ အေရးပါေသာ ဆက္ဆံေရးေတြ ျပတ္ေတာက္ဆံုးရံႈးရျခင္း၊ အလုပ္မွာအဆင္မေျပျခင္း တို႔လို ဆိုးရြားတဲ့ေနာက္ဆက္တြဲျပႆနာေတြျဖစ္လာနိုင္တဲ့အထိ လိင္ကိစၥကို ဆက္လက္လိုက္စားျခင္း၊
ကိုယ္က လက္ထပ္ျပီးသား သို႔မဟုတ္ လက္ထပ္ဖို႔ရည္ရြယ္ထားသူရွိေနရင္ေတာင္မွ စိတ္ခ်င္းရင္းႏွီးဖို႔ ဆက္ဆံေရးတည္ေဆာက္ဖို႔ ခက္ခဲေနျခင္း
တခါတရံမွာ လကၡဏာေတြက ပိုဆိုးရြားလာနိုင္ပါတယ္ –
အာရံုစူးစိုက္မရျခင္း
ရွက္ရြံ႔စိတ္ခံစားရျခင္း သို႔မဟုတ္ စိတ္ေက်နပ္မႈမရွိျခင္း
အျပစ္ရွိစိတ္
ထပ္ကာတလဲလဲ ထိန္းခ်ဳပ္မရတဲ့အျပဳအမူမ်ား(အာသာဆႏၵျပင္းျပျခင္း)
ထပ္ကာတလဲလဲ ျဖစ္ေပၚလာေသာ မလိုလားအပ္တဲ့အေတြးမ်ား(စြဲလမ္းျခင္း)
အသက္အႏၱရာယ္စိုးရိမ္ရတဲ့အထိ ျဖစ္ေစနုိင္တဲ့ ျပင္းထန္တဲ့လကၡဏာမ်ား
တခ်ိဳ႕ေတြမွာ nymphomania ေၾကာင့္ အသက္အႏၱရာယ္စိုးရိမ္ရတဲ့အေျခအေနမ်ိဳးေတြျဖစ္လာေစတတ္ပါတယ္။ ေအာက္ပါအခ်က္ေတြထဲက တစ္ခုခုျဖစ္လာခဲ့ရင္ ခ်က္ခ်င္းကုသမႈခံယူသင့္ပါတယ္။
ထိန္းခ်ဳပ္မရတဲ့ ကိုယ့္ရဲ႕လိင္မႈကိစၥလြန္က်ဴးမႈေတြေၾကာင့္ ထိခိုက္မႈေတြျဖစ္လာနိုင္ေတာ့မယ္လို႔ ထင္ရတဲ့အခါ
ကိုယ့္ကိုယ္ကုိယ္ထိန္းခ်ဳပ္နိုင္စြမ္းျပႆနာ သို႔မဟုတ္ စိတ္ႏွစ္ခြေဝဒနာရွိေနျပီး လိင္ကိစၥလြန္က်ဴးမႈကလည္း အေတာမသတ္တဲ့အခါ
ကိုယ့္ကိုယ္ကုိယ္အဆံုးစီရင္ဖို႔ ေတြးမိတတ္လာတဲ့အခါ
အေၾကာင္းမဲ့ ျခိမ္းေျခာက္ျခင္း၊ အဆံုးစီရင္မယ့္အျပဳအမူေတြ အပါအဝင္ ကိုယ့္ကိုယ္ကုိယ္ သို႔မဟုတ္ တျခားသူေတြကို အႏၱရာယ္ေပးမယ့္အေနအထားျဖစ္လာတဲ့အခါ
ကိုယ့္ကိုယ္ကိုယ္ ဂရုမစိုက္နိုင္ျဖစ္လာတဲ့အခါ
ဘယ္သူေတြမွာ ခံစားရနိုင္ေျခပိုမ်ားသလဲ
အသက္ ၃၀ ေအာက္အရြယ္ရွိသူမ်ား
စိတ္ေဝဒနာသည္ မ်ိဳးရိုးအခံရွိသူမ်ား
လိင္တူစိတ္ဝင္စားသူမ်ား
စိတ္ေဝဒနာျဖစ္ဖူးသူမ်ား
ေလာေလာလတ္လတ္ စိတ္ဒဏ္ရာရစရာအျဖစ္မ်ိဳး ၾကံဳထားသူမ်ား
စိတ္ဖိစီးမႈခံစားရသူမ်ား
ကုသမႈ
nymphomania အတြက္ ေပ်ာက္ကင္းနိုင္တဲ့ေဆးမရွိေပမယ့္ ေအာက္ပါကုထံုးေတြ သံုးေလ့ရွိပါတယ္ –
ေတြးေခၚျပဳမူနိုင္စြမ္း ကုထံုး (ျပႆနာေတြကိုေျဖရွင္းနိုင္ဖို႔)
မိသားစု သို႔မဟုတ္ လူမႈဆက္ဆံေရး ကုထံုး
စိုးရိမ္ပူပန္မႈ၊စိတ္က်ေဝဒနာ၊ စိတ္ေဝဒနာတို႔အတြက္ ေသာက္ေဆးေတြအပါအဝင္ ေဆးဝါးကုထံုး
စကားေျပာဆို ေျဖာင္းဖ်ျခင္းကုထံုး
nymphomania ကုသမႈခံယူေနရင္း ဘယ္လိုဆင္ျခင္ေနထိုင္မလဲ
က်န္းမာေရးနဲ႔ညီညြတ္မွ်တတဲ့အစာအာဟာရကိုစားသံုးပါ
လူမႈေရးလႈပ္ရွားမႈေတြ၊ စိတ္ေပ်ာ္ရႊင္စရာတျခားလႈပ္ရွားမႈေတြမွာ ပါဝင္ေဆာင္ရြက္ပါ
ပံုမွန္ကိုယ္လက္ေလ့က်င့္ခန္းလုပ္ပါ။ ပံုမွန္အိပ္ပါ။
မိသားစုနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြဆီက အားေပးအၾကံျပဳမႈကို ခံယူပါ
တျခားကုထံုးေတြကေတာ့ –
အပ္စိုက္ကုသျခင္း
အႏွိပ္ခံျခင္း
ေဆးဖက္ဝင္ကုထံုးမ်ား၊ လက္ဖက္ေျခာက္ရည္မ်ား၊အာဟာရဓာတ္စာမ်ားႏွင့္အလားတူပစၥည္းမ်ား
ေယာဂေလ့က်င့္ျခင္း
nymphomania ရဲ႕ ေနာက္ဆက္တြဲျပႆနာမ်ား
nymphomania ကိုမကုသရင္ ဒါမွမဟုတ္ မထိန္းခ်ဳပ္နိုင္ေတာ့ရင္ ျဖစ္လာနို္င္တဲ့ ေနာက္ဆက္တြဲျပႆနာေတြက ဆိုးရြားလာနုိင္ပါတယ္။ ကြ်မ္းက်င္သူတစ္ဦးဦးရဲ႕ ကုသေစာင့္ေရွာက္မႈကိုခံယူျပီး ကိုယ္တိုင္လိုက္နာရင္းနဲဲ႔ ေအာက္ပါဆိုးက်ိဳး အႏၱရာယ္ေတြကို ေလွ်ာ့ခ်နိုင္ပါတယ္။
စိတ္က်ေရာဂါ
လႈပ္ရွားလုပ္ေဆာင္မႈေတြမွာ ပံုမွန္အတိုင္းမပါဝင္နုိင္ေတာ့ျခင္း
လိင္မွတဆင့့္ကူးစက္နိုင္တဲ့ေရာဂါမ်ား ကူးစက္ခံရနိင္ျခင္း(STDs)
အလုပ္အကိုင္ပ်က္ျခင္း
ခ်စ္သူခင္သူမ်ားပစ္ခြာသြားျခင္း
လူမႈဆက္ဆံေရးျပႆနာမ်ား
ညစ္ညမ္းစာေပ၊အေခြမ်ားဝယ္ယူျခင္း၊ လိင္ေၾကးစားမ်ားအတြက္ေငြကုန္ျခင္းတို႔အတြက္ အေၾကြးပိျခင္း
လိင္ပိုင္းေစာ္ကားမႈစြဲခ်က္နဲ႔ ေထာင္နန္းစံရနိုင္ျခင္း တို႔ျဖစ္လာနိုင္ပါတယ္။
Hello Health Group

Unicode
Nymphomania ဆိုတာဘာလဲ
Nymphomania ဆိုတာ လိင်စိတ်ဆန္ဒပြင်းပြမှုလွန်ကဲတဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတစ်ခုဖြစ်ပါတယ်။ လိင်စိတ်လွန်ကဲမှုဆိုတာ ကိုယ်တိုင် သာယာမှုမရှိဘဲ၊ ထိန်းချုပ်လို့မရနိုင်ဘဲ ၊ကိုယ်တိုင်မလိုလားဘဲ အကြိမ်ကြိမ်ပြုလုပ်မိနေတဲ့ အပြုအမူတွေဖြစ်ပါတယ်။ Nymphomania ဖြစ်နေတဲ့သူတွေဟာ အလိုလိုဖြစ်လာတဲ့အာသာဆန္ဒပြင်းပြမှုကိုဖြေဖျောက်ဖို့ လိင်ဆက်ဆံဖော်များခြင်း(promiscuity) လိုမျိုး ရောဂါအန္တရာယ်များတဲ့လုပ်ရပ်တွေလုပ်မိတတ်ပါတယ်။
ဒီရောဂါဟာ အရွယ်ရောက်ပြီးသူတိုင်းမှာ ဖြစ်နိုင်သလို သူ့ရဲ့လက္ခဏာတွေက လိင်ကိစ္စအပြုအမူတွေအပြင် စဉ်းစားတွေးခေါ်နိုင်စွမ်းမှာ ပြဿနာရှိလာခြင်း၊ မလိုလားအပ်တဲ့ အတွေးတွေအကြိမ်ကြိမ်ဖြစ်ပေါ်လာခြင်း(စိတ်စွဲလမ်းခြင်း)၊ ရှက်စိတ်၊အပြစ်ရှိစိတ်နဲ့ ချို့ယွင်းချက်ရှိသလို ခံစားနေရခြင်းတို့ပါဝင်ပါတယ်။
nymphomania ဖြစ်ရတဲ့အဓိကအကြောင်းရင်းကိုတော့ အတိအကျမသိရသေးပါဘူး။ တခြားစိတ်ရောဂါဝေဒနာတွေလိုပဲ nymphomania ဟာ ပတ်ဝန်းကျင်၊ မျိုးရိုးအခံ၊ဘဝအနေအထား စတဲ့အချက်တွေရဲ့ ရလဒ်အဖြစ် ခံစားလာရတတ်ပါတယ်။ စိတ်ခံစားမှုနဲ့သက်ဆိုင်တဲ့ serotonin, dopamine နဲ့ norepinephrine လို ဦးနှောက်တွင်း neurotransmitters တွေမညီမျှှမှု၊ ဦးနှောက်ကို ထိခိုက်စေတဲ့ ရောဂါတချို့၊ ဦးနှောက်ရဲ့ အာရုံကြောဆဲလ်လှုပ်ရှားမှုလမ်းကြောင်း( neural circuits)မှာ အပြောင်းအလဲဖြစ်ခြင်းတို့ကလည်း nymphomania အကြောင်းရင်းထဲမှာပါဝင်နိုင်ပါတယ်။
nymphomania ရဲ့အဖြစ်များတဲ့လက္ခဏာတွေကဘာတွေလဲ
nymphomania ရဲ့အဓိကလက္ခဏာကတော့ လိင်မှုကိစ္စအာသာဆန္ဒပြင်းပြမှုဖြစ်ပါတယ်။ ဒီရောဂါက တခြားအာသာဆန္ဒပြင်းပြနေတဲ့ စွဲလမ်းမှုပြဿနာတွေ ဒါမှမဟုတ် တခြားစိတ်ဝေဒနာတွေရဲ့လက္ခဏာတွေနဲ့အတူ ဖြစ်လာနိုင်ပါတယ်။ nymphomania လက္ခဏာတွေကို နေ့တိုင်း သို့မဟုတ် ခဏကြာတိုင်းတစ်ကြိမ် ဖြစ်လာတတ်ပါတယ်။
လိင်စိတ်ဆန္ဒကပြင်းထန်လာပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်လို့မရသလို ခံစားလာရခြင်း၊
လိင်ဆက်ဆံမှုတွေပြီးဆုံးရင်တောင်မှ စိတ်ကျေနပ်မှုမရှိသလို။ စိတ်မပျော်သလိုခံစားနေရခြင်း၊
လိင်ဆက်ဆံမှုကို အထီးကျန်ခြင်း၊စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်ခြင်း၊ စိတ်ဖိစီးမှုတို့လို တခြားပြဿနာတွေရဲ့ ထွက်ပေါက်အဖြစ် သဘောထားခြင်း၊
လိင်မှတဆင့်ကူးစက်နိုင်သောရောဂါများ ကူးစက်ရရှိခြင်း သို့မဟုတ် တခြားသူဆီကူးစက်စေခြင်း၊ အရေးပါသော ဆက်ဆံရေးတွေ ပြတ်တောက်ဆုံးရှုံးရခြင်း၊ အလုပ်မှာအဆင်မပြေခြင်း တို့လို ဆိုးရွားတဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တဲ့အထိ လိင်ကိစ္စကို ဆက်လက်လိုက်စားခြင်း၊
ကိုယ်က လက်ထပ်ပြီးသား သို့မဟုတ် လက်ထပ်ဖို့ရည်ရွယ်ထားသူရှိနေရင်တောင်မှ စိတ်ချင်းရင်းနှီးဖို့ ဆက်ဆံရေးတည်ဆောက်ဖို့ ခက်ခဲနေခြင်း
တခါတရံမှာ လက္ခဏာတွေက ပိုဆိုးရွားလာနိုင်ပါတယ် –
အာရုံစူးစိုက်မရခြင်း
ရှက်ရွံ့စိတ်ခံစားရခြင်း သို့မဟုတ် စိတ်ကျေနပ်မှုမရှိခြင်း
အပြစ်ရှိစိတ်
ထပ်ကာတလဲလဲ ထိန်းချုပ်မရတဲ့အပြုအမူများ(အာသာဆန္ဒပြင်းပြခြင်း)
ထပ်ကာတလဲလဲ ဖြစ်ပေါ်လာသော မလိုလားအပ်တဲ့အတွေးများ(စွဲလမ်းခြင်း)
အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်စေနိုင်တဲ့ ပြင်းထန်တဲ့လက္ခဏာများ
တချို့တွေမှာ nymphomania ကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေမျိုးတွေဖြစ်လာစေတတ်ပါတယ်။ အောက်ပါအချက်တွေထဲက တစ်ခုခုဖြစ်လာခဲ့ရင် ချက်ချင်းကုသမှုခံယူသင့်ပါတယ်။
ထိန်းချုပ်မရတဲ့ ကိုယ့်ရဲ့လိင်မှုကိစ္စလွန်ကျူးမှုတွေကြောင့် ထိခိုက်မှုတွေဖြစ်လာနိုင်တော့မယ်လို့ ထင်ရတဲ့အခါ
ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်စွမ်းပြဿနာ သို့မဟုတ် စိတ်နှစ်ခွဝေဒနာရှိနေပြီး လိင်ကိစ္စလွန်ကျူးမှုကလည်း အတောမသတ်တဲ့အခါ
ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ တွေးမိတတ်လာတဲ့အခါ
အကြောင်းမဲ့ ခြိမ်းခြောက်ခြင်း၊ အဆုံးစီရင်မယ့်အပြုအမူတွေ အပါအဝင် ကိုယ့်ကိုယ်ကိုယ် သို့မဟုတ် တခြားသူတွေကို အန္တရာယ်ပေးမယ့်အနေအထားဖြစ်လာတဲ့အခါ
ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်နိုင်ဖြစ်လာတဲ့အခါ
ဘယ်သူတွေမှာ ခံစားရနိုင်ခြေပိုများသလဲ
အသက် ၃၀ အောက်အရွယ်ရှိသူများ
စိတ်ဝေဒနာသည် မျိုးရိုးအခံရှိသူများ
လိင်တူစိတ်ဝင်စားသူများ
စိတ်ဝေဒနာဖြစ်ဖူးသူများ
လောလောလတ်လတ် စိတ်ဒဏ်ရာရစရာအဖြစ်မျိုး ကြုံထားသူများ
စိတ်ဖိစီးမှုခံစားရသူများ
ကုသမှု
nymphomania အတွက် ပျောက်ကင်းနိုင်တဲ့ဆေးမရှိပေမယ့် အောက်ပါကုထုံးတွေ သုံးလေ့ရှိပါတယ် –
တွေးခေါ်ပြုမူနိုင်စွမ်း ကုထုံး (ပြဿနာတွေကိုဖြေရှင်းနိုင်ဖို့)
မိသားစု သို့မဟုတ် လူမှုဆက်ဆံရေး ကုထုံး
စိုးရိမ်ပူပန်မှု၊စိတ်ကျဝေဒနာ၊ စိတ်ဝေဒနာတို့အတွက် သောက်ဆေးတွေအပါအဝင် ဆေးဝါးကုထုံး
စကားပြောဆို ဖြောင်းဖျခြင်းကုထုံး
nymphomania ကုသမှုခံယူနေရင်း ဘယ်လိုဆင်ခြင်နေထိုင်မလဲ
ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့အစာအာဟာရကိုစားသုံးပါ
လူမှုရေးလှုပ်ရှားမှုတွေ၊ စိတ်ပျော်ရွှင်စရာတခြားလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ပါ
ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ ပုံမှန်အိပ်ပါ။
မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီက အားပေးအကြံပြုမှုကို ခံယူပါ
တခြားကုထုံးတွေကတော့ –
အပ်စိုက်ကုသခြင်း
အနှိပ်ခံခြင်း
ဆေးဖက်ဝင်ကုထုံးများ၊ လက်ဖက်ခြောက်ရည်များ၊အာဟာရဓာတ်စာများနှင့်အလားတူပစ္စည်းများ
ယောဂလေ့ကျင့်ခြင်း
nymphomania ရဲ့ နောက်ဆက်တွဲပြဿနာများ
nymphomania ကိုမကုသရင် ဒါမှမဟုတ် မထိန်းချုပ်နိုင်တော့ရင် ဖြစ်လာနို်င်တဲ့ နောက်ဆက်တွဲပြဿနာတွေက ဆိုးရွားလာနိုင်ပါတယ်။ ကျွမ်းကျင်သူတစ်ဦးဦးရဲ့ ကုသစောင့်ရှောက်မှုကိုခံယူပြီး ကိုယ်တိုင်လိုက်နာရင်းနဲဲ့ အောက်ပါဆိုးကျိုး အန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။
စိတ်ကျရောဂါ
လှုပ်ရှားလုပ်ဆောင်မှုတွေမှာ ပုံမှန်အတိုင်းမပါဝင်နိုင်တော့ခြင်း
လိင်မှတဆင့့်ကူးစက်နိုင်တဲ့ရောဂါများ ကူးစက်ခံရနိင်ခြင်း(STDs)
အလုပ်အကိုင်ပျက်ခြင်း
ချစ်သူခင်သူများပစ်ခွာသွားခြင်း
လူမှုဆက်ဆံရေးပြဿနာများ
ညစ်ညမ်းစာပေ၊အခွေများဝယ်ယူခြင်း၊ လိင်ကြေးစားများအတွက်ငွေကုန်ခြင်းတို့အတွက် အကြွေးပိခြင်း
လိင်ပိုင်းစော်ကားမှုစွဲချက်နဲ့ ထောင်နန်းစံရနိုင်ခြင်း တို့ဖြစ်လာနိုင်ပါတယ်။
credit: Hello Health Group

0 Comments