Last post

မ်ိဳးပြားအဂၤါေရယုန္ (Genital Herpes) အေၾကာင္း

မ်ိဳးပြားအဂၤါေရယုန္ (Genital Herpes) အေၾကာင္း

မ်ိဳးပြားအဂၤါေရယုန္ (Gential Herpes) သည္ လိင္မွတဆင့္ အမ်ားဆံုးကူူးစက္တတ္ေသာေရာဂါျဖစ္ၿပီး က်ား၊ မ မေရြး ျဖစ္ပြားႏုိင္ပါတယ္။ ၎ေရာဂါသည္ ဗုိင္းရပ္စ္ပိုးတစ္မ်ိဳးျဖစ္ေသာ Herpes Simplex Virus (HSV) ေၾကာင့္ ျဖစ္ပြားရျခင္းျဖစ္ၿပီး ယခုအခ်ိန္ထိ ခႏၶာကိုယ္တြင္းသို႔ ေရာက္ရွိၿပီးသားပိုးကို သတ္ႏုိင္သည့္ ေဆး၀ါးမေပၚေသးပါဘူး။

ျဖစ္ပြားရသည့္ အေၾကာင္းရင္းမ်ား

Genital Herpes ကုိ ျဖစ္ေစႏိုင္တဲ့ ဗုိင္းရပ္စ္မ်ားမွာ -

HSV-1   -      HSV-1 ဗိုင္းရပ္စ္သည္ ပါးစပ္တစ္၀ိုက္တြင္ အရည္ၾကည္ဖုမ်ား၊ အနာမ်ားျဖစ္ေစၿပီး Oral Sex မွတဆင့္ မ်ဳိးပြားအဂၤါမ်ားသုိ႔ ပ်ံ႕ႏွံ႕သြားပါတယ္။ HSV-2 ဗိုင္းရပ္စ္ပိုးေလာက္ ေရာဂါမၾကာခဏျပန္ၾကြတာမ်ိဳးမရွိပါဘူး။

HSV-2   -      HSV-2 ဗိုင္းရပ္စ္သည္ လိင္မွတဆင့္ျဖစ္ေစ၊ အသားခ်င္းထိစပ္၍ျဖစ္ေစ ကူးႏိုင္ပါတယ္။ မ်ဳိးပြားအဂၤါမ်ား တြင္ ေရယုန္ျဖစ္ေစတဲ့ အဓိကဗိုင္းရပ္စ္ျဖစ္ၿပီး အေရျပားမွာ အနာရွိရွိ မရွိရွိ ကူးစက္ႏိုင္ပါတယ္။

ေရာဂါကူးစက္ခံရႏိုင္ေျခမ်ားသူမ်ား

၁။   အမ်ိဳးသမီးမ်ား - အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ေရာဂါကူးစက္ခံရႏုိင္ေျခပိုမ်ားပါတယ္။ အမ်ိဳးသမီးကေန အမ်ိဳးသားဆီကူးတာထက္ အမ်ိဳးသားကေန အမ်ိဳးသမီးဆီကူးစက္တာ ပိုမ်ားပါတယ္။

၂။ တစ္ေယာက္ထက္ပိုေသာ အိမ္ေထာင္ဖက္ရွိသူမ်ား

-ေရာဂါလကၡဏာမ်ား

အမ်ားစုတြင္ ေရာဂါလကၡဏာျပျခင္းမရွိပါ။ ေရာဂါလကၡဏာျပလာပါက

-   မ်ဳိးပြားအဂၤါမ်ားတြင္ ယားယံျခင္း၊ နာက်င္ျခင္း ( ပိုး၀င္ၿပီး ၂ ရက္ မွ ၁၀ ရက္ အတြင္း)

-   အနီဖုေလးမ်ား(သို႔) ျပည္ဖုေလးမ်ားေပါက္ျခင္း

-   ျပည္ဖုေပါက္သြားၿပီး အနာျဖစ္ျခင္း

-   အနာေဖးတက္ျခင္း

-   ဆီးသြားရာတြင္ နာက်င္ျခင္း

-   ဖ်ားနာျခင္း

-   ေခါင္းကိုက္ျခင္း

-   ေပါင္ၿခံတြင္ အက်ိတ္ျဖစ္ျခင္း တုိ႔ျဖစ္ပါတယ္။

             Genital Herpes ရဲ႕ေရာဂါလကၡဏာမ်ားဟာ မၾကာခဏျပန္ေပၚလာတတ္ၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္ မတူညီၾကပါဘူး။

♦ စစ္ေဆးျခင္း

Herpes Simplex ဗိုင္းရပ္စ္ပိုးကို ေအာက္ပါနည္းလမ္းမ်ားျဖင့္ ရွာေဖြစစ္ေဆးႏိုင္ပါတယ္။

၁။ အနာ(သို႔) အနာေဖးကုိ ဓာတ္ခြဲစစ္ေဆးျခင္း (Viral Culture)

၂။ ေသြး(သို႔) အနာ (သို႔) ခါးဆစ္အတြင္းရွိ အရည္ (Spinal Fluid) မွရရွိေသာ DNA ကုိ အသံုးျပဳ၍ စစ္ေဆးျခင္း (Polymerase Chain Reaction (PCR) Test)

၃။ ေသြးထဲတြင္ HSV Antibodies ရွိမရွိစစ္ေဆးျခင္း ( Blood Test )

♦ ကုသျခင္း

ေရွ႕မွာေျပာခဲ့တဲ့အတိုင္းပဲ အခုခ်ိန္ထိေတာ့ ေရယုန္ကုိေပ်ာက္ကင္းေအာင္ ကုသႏိုင္ျခင္းမရွိေသးပါဘူး။ အနာက်က္ျမန္ေအာင္၊ ေရာဂါ သက္သာေအာင္၊ ခဏခဏျပန္ျဖစ္ျခင္းကုိ ေလ်ာ့နည္းေအာင္၊ အျခားသူမ်ားကုိ ကူးစက္ ျခင္းမရွိေအာင္ေတာ့ ကုသေပးလို႔ရပါတယ္။ ဒီအတြက္ Acyclovir, Famciclovir နဲ႔ Valacyclovir စတဲ့ Antiviral ေဆး၀ါးေတြကုိ အသံုးျပဳေလ့ရွိပါတယ္။

♦ ေနာက္ဆက္တြဲဆုိးက်ဳိးမ်ား

-   လိင္မွတစ္ဆင့္ ကူးစက္တတ္ေသာ အျခားေရာဂါမ်ား ကူးစက္ႏိုင္ျခင္း

-   မိခင္မွကေလးသုိ႔ ကူးစက္ျခင္း

-   ဆီးသြားရာတြင္ ခက္ခဲျခင္း

-   ဦးေႏွာက္အေျမႇးပါးေရာင္ျခင္း

-   စအိုေရာင္ရမ္းျခင္း

♦ ႀကိဳတင္ကာကြယ္ျခင္း

လိင္အဂၤါ ေရယုန္ေပါက္ျခင္းမွ ႀကိဳတင္ကာကြယ္ရန္ ေအာက္ပါနည္းလမ္းမ်ားကုိ လိုက္နာသင့္ပါ တယ္။

-    လိင္ဆက္ဆံတိုင္း ကြန္ဒံုးသံုးပါ။

-    ေရယုန္ေပါက္ေနေသာ အေဖာ္ႏွင့္ လိင္မဆက္ဆံပါႏွင့္။

-    အကယ္၍ ကုိယ္၀န္ေဆာင္မိခင္မ်ားတြင္ ေရယုန္ေပါက္ေနပါက ဆရာ၀န္ႏွင့္တိုင္ပင္၍ ကုသမႈခံယူသင့္ပါတယ္။ (ေမြးဖြားခါနီးႏွင့္ မီးတြင္းကာလအတြင္း ေရာဂါႂကြလာမႈမရွိေအာင္ ကိုယ္၀န္ေႏွာင္းပိုင္းကတည္းက ေဆးေသာက္တာမ်ိဳး၊ မီးဖြားေတာ့မယ့္အခ်ိန္မွာမွ ေရာဂါႂကြေနရင္ ခြဲစိတ္ၿပီး ေမြးဖြားတာမ်ိဳး စတာေတြ ျပဳလုပ္ဖို႔လိုအပ္ပါတယ္။)


Credit: Dr. Htet Htet Aung (drmyanmar)

Unicode

မျိုးပွားအင်္ဂါရေယုန် (Gential Herpes) သည် လိင်မှတဆင့် အများဆုံးကူူးစက်တတ်သောရောဂါဖြစ်ပြီး ကျား၊ မ မရွေး ဖြစ်ပွားနိုင်ပါတယ်။ ၎င်းရောဂါသည် ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်သော Herpes Simplex Virus (HSV) ကြောင့် ဖြစ်ပွားရခြင်းဖြစ်ပြီး ယခုအချိန်ထိ ခန္ဓာကိုယ်တွင်းသို့ ရောက်ရှိပြီးသားပိုးကို သတ်နိုင်သည့် ဆေးဝါးမပေါ်သေးပါဘူး။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

Genital Herpes ကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်များမှာ -

HSV-1   -      HSV-1 ဗိုင်းရပ်စ်သည် ပါးစပ်တစ်ဝိုက်တွင် အရည်ကြည်ဖုများ၊ အနာများဖြစ်စေပြီး Oral Sex မှတဆင့် မျိုးပွားအင်္ဂါများသို့ ပျံ့နှံ့သွားပါတယ်။ HSV-2 ဗိုင်းရပ်စ်ပိုးလောက် ရောဂါမကြာခဏပြန်ကြွတာမျိုးမရှိပါဘူး။

HSV-2   -      HSV-2 ဗိုင်းရပ်စ်သည် လိင်မှတဆင့်ဖြစ်စေ၊ အသားချင်းထိစပ်၍ဖြစ်စေ ကူးနိုင်ပါတယ်။ မျိုးပွားအင်္ဂါများ တွင် ရေယုန်ဖြစ်စေတဲ့ အဓိကဗိုင်းရပ်စ်ဖြစ်ပြီး အရေပြားမှာ အနာရှိရှိ မရှိရှိ ကူးစက်နိုင်ပါတယ်။

ရောဂါကူးစက်ခံရနိုင်ခြေများသူများ

၁။   အမျိုးသမီးများ - အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ရောဂါကူးစက်ခံရနိုင်ခြေပိုများပါတယ်။ အမျိုးသမီးကနေ အမျိုးသားဆီကူးတာထက် အမျိုးသားကနေ အမျိုးသမီးဆီကူးစက်တာ ပိုများပါတယ်။

၂။ တစ်ယောက်ထက်ပိုသော အိမ်ထောင်ဖက်ရှိသူများ

-ရောဂါလက္ခဏာများ

အများစုတွင် ရောဂါလက္ခဏာပြခြင်းမရှိပါ။ ရောဂါလက္ခဏာပြလာပါက

-   မျိုးပွားအင်္ဂါများတွင် ယားယံခြင်း၊ နာကျင်ခြင်း ( ပိုးဝင်ပြီး ၂ ရက် မှ ၁၀ ရက် အတွင်း)

-   အနီဖုလေးများ(သို့) ပြည်ဖုလေးများပေါက်ခြင်း

-   ပြည်ဖုပေါက်သွားပြီး အနာဖြစ်ခြင်း

-   အနာဖေးတက်ခြင်း

-   ဆီးသွားရာတွင် နာကျင်ခြင်း

-   ဖျားနာခြင်း

-   ခေါင်းကိုက်ခြင်း

-   ပေါင်ခြံတွင် အကျိတ်ဖြစ်ခြင်း တို့ဖြစ်ပါတယ်။

             Genital Herpes ရဲ့ရောဂါလက္ခဏာများဟာ မကြာခဏပြန်ပေါ်လာတတ်ပြီး တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။

♦ စစ်ဆေးခြင်း

Herpes Simplex ဗိုင်းရပ်စ်ပိုးကို အောက်ပါနည်းလမ်းများဖြင့် ရှာဖွေစစ်ဆေးနိုင်ပါတယ်။

၁။ အနာ(သို့) အနာဖေးကို ဓာတ်ခွဲစစ်ဆေးခြင်း (Viral Culture)

၂။ သွေး(သို့) အနာ (သို့) ခါးဆစ်အတွင်းရှိ အရည် (Spinal Fluid) မှရရှိသော DNA ကို အသုံးပြု၍ စစ်ဆေးခြင်း (Polymerase Chain Reaction (PCR) Test)

၃။ သွေးထဲတွင် HSV Antibodies ရှိမရှိစစ်ဆေးခြင်း ( Blood Test )

♦ ကုသခြင်း

ရှေ့မှာပြောခဲ့တဲ့အတိုင်းပဲ အခုချိန်ထိတော့ ရေယုန်ကိုပျောက်ကင်းအောင် ကုသနိုင်ခြင်းမရှိသေးပါဘူး။ အနာကျက်မြန်အောင်၊ ရောဂါ သက်သာအောင်၊ ခဏခဏပြန်ဖြစ်ခြင်းကို လျော့နည်းအောင်၊ အခြားသူများကို ကူးစက် ခြင်းမရှိအောင်တော့ ကုသပေးလို့ရပါတယ်။ ဒီအတွက် Acyclovir, Famciclovir နဲ့ Valacyclovir စတဲ့ Antiviral ဆေးဝါးတွေကို အသုံးပြုလေ့ရှိပါတယ်။

♦ နောက်ဆက်တွဲဆိုးကျိုးများ

-   လိင်မှတစ်ဆင့် ကူးစက်တတ်သော အခြားရောဂါများ ကူးစက်နိုင်ခြင်း

-   မိခင်မှကလေးသို့ ကူးစက်ခြင်း

-   ဆီးသွားရာတွင် ခက်ခဲခြင်း

-   ဦးနှောက်အမြှေးပါးရောင်ခြင်း

-   စအိုရောင်ရမ်းခြင်း

♦ ကြိုတင်ကာကွယ်ခြင်း

လိင်အင်္ဂါ ရေယုန်ပေါက်ခြင်းမှ ကြိုတင်ကာကွယ်ရန် အောက်ပါနည်းလမ်းများကို လိုက်နာသင့်ပါ တယ်။

-    လိင်ဆက်ဆံတိုင်း ကွန်ဒုံးသုံးပါ။

-    ရေယုန်ပေါက်နေသော အဖော်နှင့် လိင်မဆက်ဆံပါနှင့်။

-    အကယ်၍ ကိုယ်ဝန်ဆောင်မိခင်များတွင် ရေယုန်ပေါက်နေပါက ဆရာဝန်နှင့်တိုင်ပင်၍ ကုသမှုခံယူသင့်ပါတယ်။ (မွေးဖွားခါနီးနှင့် မီးတွင်းကာလအတွင်း ရောဂါကြွလာမှုမရှိအောင် ကိုယ်ဝန်နှောင်းပိုင်းကတည်းက ဆေးသောက်တာမျိုး၊ မီးဖွားတော့မယ့်အချိန်မှာမှ ရောဂါကြွနေရင် ခွဲစိတ်ပြီး မွေးဖွားတာမျိုး စတာတွေ ပြုလုပ်ဖို့လိုအပ်ပါတယ်။)

Credit: Dr. Htet Htet Aung (drmyanmar)

0 Comments