အေရးေပၚသေႏၶတားနည္းနဲ႔ပတ္သက္ျပီး သိထားသင့္သည့္အခ်က္မ်ား
အေရးေပၚသေႏၶတားနည္းဆိုတာဘာလဲ
အေရးေပၚသေႏၶတားနည္းဆိုတာ လိင္ဆက္ဆံျပီးေနာက္ ကိုယ္ဝန္ရမသြားေစဖို႔ အသံုးျပဳနိုင္တဲ့ သားဆက္ျခားနည္းလမ္းေတြျဖစ္ပါတယ္။ ဒီနည္းလမ္းေတြကို ၅ ရက္အတြင္းအသံုးျပဳလို႔ရတယ္လို႔ အၾကံျပဳထားေပမယ့္ လိင္ဆက္ဆံျပီး ျမန္ျမန္အသံုးျပဳနိုင္ေလ ထိေရာက္ေလျဖစ္ပါတယ္။ဘယ္သူေတြအသံုးျပဳနိုင္သလဲ၊ ဘယ္လိုအေျခအေနမ်ိဳးမွာသံုးၾကသလဲ
ပ်မ္းမွ်အားျဖင့္ အသက္ ၁၅ ႏွစ္အရြယ္ကေန ၄၄ ႏွစ္အတြင္းအမ်ိဳးသမီးေတြ ကိုယ္ဝန္မရေအာင္တားလိုတဲ့အခါ သံုးၾကပါတယ္။ အေရးေပၚသားဆက္ျခားနည္းကိုအသံုးျပဳဖို႔ အသက္ကန္႔သတ္ခ်က္မရွိပါဘူး။ အေရးေပၚသေႏၶတားနည္းေတြကို လိင္ဆက္ဆံျပီးေနာက္ အေျခအေနအမ်ိဳးမ်ိဳးမွာ အသံုးျပဳၾကပါတယ္ –- သေႏၶတားေဆးမသံုးထားျခင္း၊
- လိင္ပိုင္းဆိုင္ရာေစာ္ကားခံရျခင္း၊
- ပံုမွန္သားဆက္ျခားနည္းလမ္းေတြမွာ အမွားအယြင္း သို႔မဟုတ္ ခြ်တ္ယြင္းမႈရွိတဲ့အခါမ်ိဳး၊
- ကြန္ဒံုးေပါက္ျပဲျခင္း၊ ေခ်ာ္ထြက္ျခင္း၊အသံုးျပဳပံုမမွန္ကန္ျခင္း၊
- သေႏၶတားေသာက္ေဆးေတြကို ေသာက္သံုးဖို႔ ၃ ရက္နဲ႔အထက္ ရက္ေက်ာ္ျခင္း၊
- သားအိမ္ဝအဖံုး(diaphragm )သို႔မဟုတ္ သားအိမ္ဝအပိတ္ (cervical cap) အေနအထားမမွန္ျခင္း၊ ပ်က္စီးျခင္း၊ ေပါက္ျပဲျခင္း၊ ထြက္က်ျခင္း(expulsion)
- ရက္တြက္ သေႏၶတားနည္းမွာ ရက္အတြက္မွားျခင္း၊
- သားအိမ္တြင္းထည့္ပစၥည္း (IUD)သို႔မဟုတ္ အေရျပားေအာက္ ထည့္သြင္းရတဲ့သေႏၶတားပစၥည္း ကိုထုတ္လိုက္ျပီးတဲ့အခ်ိန္ေတြမွာ အေရးေပၚသေႏၶတားနည္းေတြကိုသံုးၾကပါတယ္။
- အေရးေပၚသေႏၥတား ေသာက္ေဆးမ်ား
- IUD ( သားအိမ္တြင္းထည့္ပစၥည္း သို႔မဟုတ္ coil)
အေရးေပၚသေႏၶတားေဆး
နိုင္ငံအမ်ားစုမွာ Plan B One-Step၊ 72-Hours ၊ G- Pill၊ Norlevo ၊ Pill 72၊ စတဲ့ေဆးဝါးေတြကို အသံုးမ်ားၾကေပမယ့္ ဒီမွာေတာ့ Ecee 2 ကိုအသံုးမ်ားၾကပါတယ္။Ecee 2 ဆိုတာဘာလဲ
Ecee 2 ဆိုတာ အကာအကြယ္မဲ့လိင္ဆက္ဆံျပီး ၇၂ နာရီအတြင္း ကိုယ္ဝန္မရေအာင္ကာကြယ္ေပးနိုင္ပါတယ္။ Levonorgestrel ပါဝင္တဲ့ Ecee 2 ဟာ မ်ိဳးဥကိုမေၾကြေအာင္ တားဆီးေပးတာျဖစ္ပါတယ္။ Levonorgestrel အေရးေပၚတားေဆးကို သားဆက္ျခားနည္းအျဖစ္ ပံုမွန္စြဲေသာက္ဖို႔ စီမံထားတာမဟုတ္ပါဘူး။ သားဆက္ျခားနည္း ပံုစံအမ်ိဳးမ်ိဳးကို သိနိုင္ဖို႔ ဆရာဝန္နဲ႔ ျပသေဆြးေႏြးပါ။Levonorgestrel ေဆးကို အကာအကြယ္မဲ့လိင္ဆက္ဆံျပီးေနာက္ ေစာနုိင္သမွ်အေစာဆံုး(၇၂ နာရီထက္ပိုမၾကာဘဲ) ပထမအၾကိမ္ေသာက္သံုးရမွာျဖစ္ပါတယ္။ ဒုတိယအၾကိမ္ကိုေတာ့ ပထမတစ္လံုးေသာက္ျပီး ၁၂ နာရီအၾကာမွာ ထပ္ေသာက္ရပါမယ္။ ဒီေဆးေတြရဲ႕ ထိေရာက္မႈအာနိသင္က ေဆးေသာက္တဲ့အခ်ိန္အပိုင္းအျခားေပၚ လံုးဝမူတည္ေနပါတယ္။
အေရးေပၚသေႏၶတားေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးကဘာေတြရွိလဲ
အေရးေပၚသေႏၶတားေဆးေတြေသာက္သံုးျခင္းက ျပင္းထန္တဲ့ သို႔မဟုတ္ ေရရွည္ က်န္းမာေရးျပႆနာေတြျဖစ္လာတာ မေတြ႔ရဖူးပါဘူး။ ဒါေပမယ့္လည္း တခါတရံေတာ့ ေဘးထြက္ဆိုးက်ိဳးေတြရွိနိုင္ပါတယ္။ အျဖစ္မ်ားတဲ့ေဘးထြက္ဆိုးက်ိဳးေတြကေတာ့ –- ဗိုက္ေအာင့္ျခင္း
- ေခါင္းကိုက္ျခင္း
- ပံုမွန္မဟုတ္ဘဲ ရာသီေသြးဆင္းျခင္း(အနည္းငယ္ သို႔မဟုတ္ မ်ားမ်ား)
- ေနမေကာင္းျဖစ္ျခင္း
- ပင္ပန္းႏြမ္းနယ္ျခင္း
- ရင္သားေတြတင္းျပီးနာလာျခင္း
- ေခါင္းမူးျခင္း
- ပ်ိဳ႕အန္ျခင္း(ေဆးေသာက္ျပီး ၂ နာရီ၊ ၃ နာရီအတြင္း ပ်ိဳ႕အန္လာပါက ဆရာဝန္ျပပါ)
- ကိုယ္ဝန္ရွိလာျပီလို႔ထင္ေနရင္
- ရာသီလာဖို႔ ေနာက္က်ေနတာ ၇ ရက္ေက်ာ္လာရင္
- ရာသီေသြးက ပံုမွန္လာေနက်ထက္ ပိုနည္းလာ၊ ရက္ပိုတိုလာရင္
- ဝမ္းဗိုက္ေအာက္ပိုင္းက ရုတ္တရက္ သို႔မဟုတ္ ပံုမွန္မဟုတ္ဘဲ နာက်င္လာ၊ေအာင့္လာရင္။
တျခားေဆးဝါးေတြနဲ႔ ေရာမိရင္
အေရးေပၚသေႏၶတားေဆးေတြက တျခားေဆးဝါးေတြနဲ႔ ဓာတ္ျပဳတံု႔ျပန္မႈရွိလာနုိင္ပါတယ္။- St John’s Wort ေဆးဖက္ဝင္ေဆးမ်ား
- ဝက္ရူးျပန္ေရာဂါကုသေဆးတခ်ိဳ႕
- အိတ္ခ်္အိုင္ဗီ ကုသေဆးတခ်ိဳ႕
- တီဘီေဆးတခ်ိဳ႕
- အုိမီပရာေဇာ(omeprazole ) လို႔ အစာအိမ္ေဆးတခ်ိဳ႕ တို႔နဲ႔ ေရာမေသာက္သင့္ပါဘူး။ ေဆးအာနိသင္ေလ်ာ့ပါလိမ့္မယ္။
သားအိမ္တြင္းထည့္ သေႏၶတားပစၥည္း (IUD)
IUD ရဲ႕လုပ္ေဆာင္ခ်က္
သားအိမ္တြင္းထည့္သြင္းရတဲ့ သေႏၶတားပစၥည္း (IUD) ဟာ ပလတ္စတစ္ ၊ေကာ့ပါးတို႔နဲ႔ ့့ျပဳလုပ္ထားတဲ့ T ပံုစံ သေႏၶတားပစၥည္းငယ္ တစ္ခုပါ။ ဒီပစၥည္းကို က်န္းမာေရးကြ်မ္းက်င္ပညာရွင္ကေန သားအိမ္ထဲထည့္ေပးရတာျဖစ္ပါတယ္။ ဒီနည္းက သားအိမ္မွာ မ်ိဳးဥမတည္နိုင္ေအာင္ သို႔မဟုတ္ မ်ိဳးမေအာင္နုိင္ဖို႔ တားဆီးေပးပါတယ္။အကာအကြယ္မဲ့လိင္ဆက္ဆံမႈရွိခဲ့တယ္ဆိုရင္ ကိုယ္ဝန္မရေစဖို႔ IUD ကို ေနာက္ ၅ ရက္ေလာက္အထိ သို႔မဟုတ္ မ်ိဳးဥေၾကြျပီး ၅ ရက္ေလာက္အထိ ထည့္သြင္းထားနိုင္ပါတယ္။ IUD ကို သားဆက္ျခားနည္းအျဖစ္ ေနာက္ပိုင္းအတြက္လည္း ဆက္သံုးသြားလို႔ရပါတယ္။
IUD ကိုဘယ္သူေတြသံုးလို႔ရသလဲ
အမ်ိဳးသမီးအမ်ားစုက IUD ကိုသံုးလို႔ရပါတယ္။ ကိုယ္ဝန္မေဆာင္ဖူးသူေတြနဲ႔ အိတ္ခ်္အိုင္ဗီပိုးရွိသူေတြလည္း အပါအဝင္ျဖစ္ပါတယ္။ IUD က ကိုယ္နဲ႔သင့္ေတာ္ပါ့မလားဆိုတာကို ေဆးမွတ္တမ္းေတြကိုၾကည့္ျပီး ဆရာဝန္က ဆံုးျဖတ္အၾကံေပးပါလိမ့္မယ္။ေအာက္ပါအခ်က္ေတြရွိေနရင္ IUD ကိုမသံုးသင့္ပါ –
- လိင္ကတဆင့္ကူးစက္တတ္တဲ့ေရာဂါ(STI) သို႔မဟုတ္ ဆီးခံုပိုးဝင္ျခင္းကို မကုသရင္
- သားအိမ္ သို႔မဟုတ္ သားအိမ္ေခါင္းမွာ မူမမွန္မႈေတြရွိေနရင္
- ေယာနိကေန အေၾကာင္းရင္းမသိရဘဲ ေသြးဆင္းေနရင္ – ဥပမာ ရာသီလာခ်ိန္မဟုတ္တဲ့ၾကားကာလ သို႔မဟုတ္ လိင္ဆက္ဆံျပီးခ်ိန္ေသြးဆင္းတာ
- ႏွလံုးေရာဂါရွိသူ အမ်ိဳးသမီးေတြဟာလည္း IUD မထည့္သြင္းမီ ဆရာဝန္နဲ႔ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။
IUD ရဲ႕ေဘးထြက္ဆိုးက်ိဳး
IUD ထည့္သြင္းျခင္းရဲ႕ ေနာက္ဆက္တြဲျပႆနာကေတာ့ ရွားပါတယ္။ ဒါေပမယ့္ နာက်င္ကိုက္ခဲမႈ၊ ေရာဂါပိုးဝင္ျခင္း၊ သားအိမ္ထိခိုက္မႈ၊သို႔မဟုတ္ သားအိမ္ထဲကေန သူ႔အလိုလိုထြက္လာျခင္း တို႔ပါဝင္နိုင္ပါတယ္။ IUD ကို ပံုမွန္သားဆက္ျခားနည္းအျဖစ္ ဆက္သံုးေနတယ္ဆိုရင္ ရာသီေသြးဆင္းခ်ိန္ ပိုၾကာနိုင္၊ ပိုမ်ားနုိင္၊ နာက်င္ကိုက္ခဲမႈပိုလာနုိင္ပါတယ္။ေအာက္ပါလကၡဏာေတြျဖစ္လာရင္ ဆရာဝန္ျပပါ –
- ကိုယ္ဝန္ရွိလာျပီထင္ရင္
- လိင္ဆက္ဆံမႈအတြင္း သားအိမ္တဝိုက္နာက်င္ကိုက္ခဲျခင္း
- ပံုမွန္မဟုတ္တဲ့အျဖဴဆင္းျခင္း သို႔မဟုတ္ လိင္အဂၤါမွာအနာျဖစ္ျခင္း
- အေၾကာင္းရင္းမယ္မယ္ရရမရွိဘဲ ဖ်ားေနျခင္း
- လိင္ကတဆင့္ကူးစက္နိုင္တဲ့ေရာဂါ (STDs)ကူးစက္ခံရျပီဆိုရင္
- ေခါင္းတျခမ္းကိုက္ျခင္းျပင္းထန္လာရင္
- အသားဝါလာျခင္း ဒါမွမဟုတ္ မ်က္ျဖဴသားကဝါလာျခင္း(အသည္းျပႆနာရွိတဲ့လကၡဏာျဖစ္နုိင္)
- ေလျဖတ္ျခင္း သို႔မဟုတ္ ႏွလံုးရုတ္တရက္ ေခတၱရပ္ျခင္းျဖစ္လာရင္
- သင့္အိမ္ေထာင္ဘက္က အိတ္ခ်္အိုင္ဗီပိုးရွိလာရင္
- ေယာနိက ေသြးဆင္းမ်ားရင္ သို႔မဟုတ္ ေသြးဆင္းတာၾကာလာရင္
credit: Hello Health Group
#Unicode Version
အရေးပေါ်သန္ဓေတားနည်းဆိုတာဘာလဲ
အရေးပေါ်သန္ဓေတားနည်းဆိုတာ လိင်ဆက်ဆံပြီးနောက် ကိုယ်ဝန်ရမသွားစေဖို့ အသုံးပြုနိုင်တဲ့ သားဆက်ခြားနည်းလမ်းတွေဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို ၅ ရက်အတွင်းအသုံးပြုလို့ရတယ်လို့ အကြံပြုထားပေမယ့် လိင်ဆက်ဆံပြီး မြန်မြန်အသုံးပြုနိုင်လေ ထိရောက်လေဖြစ်ပါတယ်။
ဘယ်သူတွေအသုံးပြုနိုင်သလဲ၊ ဘယ်လိုအခြေအနေမျိုးမှာသုံးကြသလဲ
ပျမ်းမျှအားဖြင့် အသက် ၁၅ နှစ်အရွယ်ကနေ ၄၄ နှစ်အတွင်းအမျိုးသမီးတွေ ကိုယ်ဝန်မရအောင်တားလိုတဲ့အခါ သုံးကြပါတယ်။ အရေးပေါ်သားဆက်ခြားနည်းကိုအသုံးပြုဖို့ အသက်ကန့်သတ်ချက်မရှိပါဘူး။ အရေးပေါ်သန္ဓေတားနည်းတွေကို လိင်ဆက်ဆံပြီးနောက် အခြေအနေအမျိုးမျိုးမှာ အသုံးပြုကြပါတယ် –
သန္ဓေတားဆေးမသုံးထားခြင်း၊
လိင်ပိုင်းဆိုင်ရာစော်ကားခံရခြင်း၊
ပုံမှန်သားဆက်ခြားနည်းလမ်းတွေမှာ အမှားအယွင်း သို့မဟုတ် ချွတ်ယွင်းမှုရှိတဲ့အခါမျိုး၊
ကွန်ဒုံးပေါက်ပြဲခြင်း၊ ချော်ထွက်ခြင်း၊အသုံးပြုပုံမမှန်ကန်ခြင်း၊
သန္ဓေတားသောက်ဆေးတွေကို သောက်သုံးဖို့ ၃ ရက်နဲ့အထက် ရက်ကျော်ခြင်း၊
သားအိမ်ဝအဖုံး(diaphragm )သို့မဟုတ် သားအိမ်ဝအပိတ် (cervical cap) အနေအထားမမှန်ခြင်း၊ ပျက်စီးခြင်း၊ ပေါက်ပြဲခြင်း၊ ထွက်ကျခြင်း(expulsion)
ရက်တွက် သန္ဓေတားနည်းမှာ ရက်အတွက်မှားခြင်း၊
သားအိမ်တွင်းထည့်ပစ္စည်း (IUD)သို့မဟုတ် အရေပြားအောက် ထည့်သွင်းရတဲ့သန္ဓေတားပစ္စည်း ကိုထုတ်လိုက်ပြီးတဲ့အချိန်တွေမှာ အရေးပေါ်သန္ဓေတားနည်းတွေကိုသုံးကြပါတယ်။
အရေးပေါ်သန္ဓေတားနည်းတွေက အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် သို့မဟုတ် လက်ရှိအသုံးပြုနေတဲ့ သန္ဓေတားနည်းက မအောင်မြင်ခဲ့ရင် (ဥပမာ- ကွန်ဒုံးပေါက်ပြဲတာ သို့မဟုတ် ဆေးသောက်ဖို့မေ့သွားတာ)တွေမှာ ကိုယ်ဝန်မရအောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။ နည်းလမ်းနှစ်မျိုးရှိပါတယ် –
အရေးပေါ်သန္စေတား သောက်ဆေးများ
IUD ( သားအိမ်တွင်းထည့်ပစ္စည်း သို့မဟုတ် coil)
အရေးပေါ်သန္ဓေတားဆေး
နိုင်ငံအများစုမှာ Plan B One-Step၊ 72-Hours ၊ G- Pill၊ Norlevo ၊ Pill 72၊ စတဲ့ဆေးဝါးတွေကို အသုံးများကြပေမယ့် ဒီမှာတော့ Ecee 2 ကိုအသုံးများကြပါတယ်။
Ecee 2 ဆိုတာဘာလဲ
Ecee 2 ဆိုတာ အကာအကွယ်မဲ့လိင်ဆက်ဆံပြီး ရ၂ နာရီအတွင်း ကိုယ်ဝန်မရအောင်ကာကွယ်ပေးနိုင်ပါတယ်။ Levonorgestrel ပါဝင်တဲ့ Ecee 2 ဟာ မျိုးဥကိုမကြွေအောင် တားဆီးပေးတာဖြစ်ပါတယ်။ Levonorgestrel အရေးပေါ်တားဆေးကို သားဆက်ခြားနည်းအဖြစ် ပုံမှန်စွဲသောက်ဖို့ စီမံထားတာမဟုတ်ပါဘူး။ သားဆက်ခြားနည်း ပုံစံအမျိုးမျိုးကို သိနိုင်ဖို့ ဆရာဝန်နဲ့ ပြသဆွေးနွေးပါ။
Levonorgestrel ဆေးကို အကာအကွယ်မဲ့လိင်ဆက်ဆံပြီးနောက် စောနိုင်သမျှအစောဆုံး(၇၂ နာရီထက်ပိုမကြာဘဲ) ပထမအကြိမ်သောက်သုံးရမှာဖြစ်ပါတယ်။ ဒုတိယအကြိမ်ကိုတော့ ပထမတစ်လုံးသောက်ပြီး ၁၂ နာရီအကြာမှာ ထပ်သောက်ရပါမယ်။ ဒီဆေးတွေရဲ့ ထိရောက်မှုအာနိသင်က ဆေးသောက်တဲ့အချိန်အပိုင်းအခြားပေါ် လုံးဝမူတည်နေပါတယ်။
အရေးပေါ်သန္ဓေတားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးကဘာတွေရှိလဲ
အရေးပေါ်သန္ဓေတားဆေးတွေသောက်သုံးခြင်းက ပြင်းထန်တဲ့ သို့မဟုတ် ရေရှည် ကျန်းမာရေးပြဿနာတွေဖြစ်လာတာ မတွေ့ရဖူးပါဘူး။ ဒါပေမယ့်လည်း တခါတရံတော့ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်။ အဖြစ်များတဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ –
ဗိုက်အောင့်ခြင်း
ခေါင်းကိုက်ခြင်း
ပုံမှန်မဟုတ်ဘဲ ရာသီသွေးဆင်းခြင်း(အနည်းငယ် သို့မဟုတ် များများ)
နေမကောင်းဖြစ်ခြင်း
ပင်ပန်းနွမ်းနယ်ခြင်း
ဖြစ်ခဲတဲ့ ဘေးထွက်ဆိုးကျိုးတချို့ကတော့ –
ရင်သားတွေတင်းပြီးနာလာခြင်း
ခေါင်းမူးခြင်း
ပျို့အန်ခြင်း(ဆေးသောက်ပြီး ၂ နာရီ၊ ၃ နာရီအတွင်း ပျို့အန်လာပါက ဆရာဝန်ပြပါ)
အရေးပေါ်သန္ဓေတားဆေးတွေသောက်ပြီးနောက် ဖြစ်လာတဲ့လက္ခဏာတွေကို စိုးရိမ်လာတယ်ဆိုရင် ဆေးခန်း သို့မဟုတ် ဆေးပညာဝန်ထမ်းတစ်ယောက်ယောက်ကိုဆက်သွယ် အကြံဉာဏ်တောင်းပါ။ အောက်ပါအချက်တွေဖြစ်လာရင် ဆရာဝန်ပြသင့်ပါတယ် –
ကိုယ်ဝန်ရှိလာပြီလို့ထင်နေရင်
ရာသီလာဖို့ နောက်ကျနေတာ ရ ရက်ကျော်လာရင်
ရာသီသွေးက ပုံမှန်လာနေကျထက် ပိုနည်းလာ၊ ရက်ပိုတိုလာရင်
ဝမ်းဗိုက်အောက်ပိုင်းက ရုတ်တရက် သို့မဟုတ် ပုံမှန်မဟုတ်ဘဲ နာကျင်လာ၊အောင့်လာရင်။
တခြားဆေးဝါးတွေနဲ့ ရောမိရင်
အရေးပေါ်သန္ဓေတားဆေးတွေက တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုတုံ့ပြန်မှုရှိလာနိုင်ပါတယ်။
St John’s Wort ဆေးဖက်ဝင်ဆေးများ
ဝက်ရူးပြန်ရောဂါကုသဆေးတချို့
အိတ်ချ်အိုင်ဗီ ကုသဆေးတချို့
တီဘီဆေးတချို့
အိုမီပရာဇော(omeprazole ) လို့ အစာအိမ်ဆေးတချို့ တို့နဲ့ ရောမသောက်သင့်ပါဘူး။ ဆေးအာနိသင်လျော့ပါလိမ့်မယ်။
သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း (IUD)
IUD ရဲ့လုပ်ဆောင်ချက်
သားအိမ်တွင်းထည့်သွင်းရတဲ့ သန္ဓေတားပစ္စည်း (IUD) ဟာ ပလတ်စတစ် ၊ကော့ပါးတို့နဲ့ ့့ပြုလုပ်ထားတဲ့ T ပုံစံ သန္ဓေတားပစ္စည်းငယ် တစ်ခုပါ။ ဒီပစ္စည်းကို ကျန်းမာရေးကျွမ်းကျင်ပညာရှင်ကနေ သားအိမ်ထဲထည့်ပေးရတာဖြစ်ပါတယ်။ ဒီနည်းက သားအိမ်မှာ မျိုးဥမတည်နိုင်အောင် သို့မဟုတ် မျိုးမအောင်နိုင်ဖို့ တားဆီးပေးပါတယ်။
အကာအကွယ်မဲ့လိင်ဆက်ဆံမှုရှိခဲ့တယ်ဆိုရင် ကိုယ်ဝန်မရစေဖို့ IUD ကို နောက် ၅ ရက်လောက်အထိ သို့မဟုတ် မျိုးဥကြွေပြီး ၅ ရက်လောက်အထိ ထည့်သွင်းထားနိုင်ပါတယ်။ IUD ကို သားဆက်ခြားနည်းအဖြစ် နောက်ပိုင်းအတွက်လည်း ဆက်သုံးသွားလို့ရပါတယ်။
IUD ကိုဘယ်သူတွေသုံးလို့ရသလဲ
အမျိုးသမီးအများစုက IUD ကိုသုံးလို့ရပါတယ်။ ကိုယ်ဝန်မဆောင်ဖူးသူတွေနဲ့ အိတ်ချ်အိုင်ဗီပိုးရှိသူတွေလည်း အပါအဝင်ဖြစ်ပါတယ်။ IUD က ကိုယ်နဲ့သင့်တော်ပါ့မလားဆိုတာကို ဆေးမှတ်တမ်းတွေကိုကြည့်ပြီး ဆရာဝန်က ဆုံးဖြတ်အကြံပေးပါလိမ့်မယ်။
အောက်ပါအချက်တွေရှိနေရင် IUD ကိုမသုံးသင့်ပါ –
လိင်ကတဆင့်ကူးစက်တတ်တဲ့ရောဂါ(STI) သို့မဟုတ် ဆီးခုံပိုးဝင်ခြင်းကို မကုသရင်
သားအိမ် သို့မဟုတ် သားအိမ်ခေါင်းမှာ မူမမှန်မှုတွေရှိနေရင်
ယောနိကနေ အကြောင်းရင်းမသိရဘဲ သွေးဆင်းနေရင် – ဥပမာ ရာသီလာချိန်မဟုတ်တဲ့ကြားကာလ သို့မဟုတ် လိင်ဆက်ဆံပြီးချိန်သွေးဆင်းတာ
နှလုံးရောဂါရှိသူ အမျိုးသမီးတွေဟာလည်း IUD မထည့်သွင်းမီ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
IUD ရဲ့ဘေးထွက်ဆိုးကျိုး
IUD ထည့်သွင်းခြင်းရဲ့ နောက်ဆက်တွဲပြဿနာကတော့ ရှားပါတယ်။ ဒါပေမယ့် နာကျင်ကိုက်ခဲမှု၊ ရောဂါပိုးဝင်ခြင်း၊ သားအိမ်ထိခိုက်မှု၊သို့မဟုတ် သားအိမ်ထဲကနေ သူ့အလိုလိုထွက်လာခြင်း တို့ပါဝင်နိုင်ပါတယ်။ IUD ကို ပုံမှန်သားဆက်ခြားနည်းအဖြစ် ဆက်သုံးနေတယ်ဆိုရင် ရာသီသွေးဆင်းချိန် ပိုကြာနိုင်၊ ပိုများနိုင်၊ နာကျင်ကိုက်ခဲမှုပိုလာနိုင်ပါတယ်။
အောက်ပါလက္ခဏာတွေဖြစ်လာရင် ဆရာဝန်ပြပါ –
ကိုယ်ဝန်ရှိလာပြီထင်ရင်
လိင်ဆက်ဆံမှုအတွင်း သားအိမ်တဝိုက်နာကျင်ကိုက်ခဲခြင်း
ပုံမှန်မဟုတ်တဲ့အဖြူဆင်းခြင်း သို့မဟုတ် လိင်အင်္ဂါမှာအနာဖြစ်ခြင်း
အကြောင်းရင်းမယ်မယ်ရရမရှိဘဲ ဖျားနေခြင်း
လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါ (STDs)ကူးစက်ခံရပြီဆိုရင်
ခေါင်းတခြမ်းကိုက်ခြင်းပြင်းထန်လာရင်
အသားဝါလာခြင်း ဒါမှမဟုတ် မျက်ဖြူသားကဝါလာခြင်း(အသည်းပြဿနာရှိတဲ့လက္ခဏာဖြစ်နိုင်)
လေဖြတ်ခြင်း သို့မဟုတ် နှလုံးရုတ်တရက် ခေတ္တရပ်ခြင်းဖြစ်လာရင်
သင့်အိမ်ထောင်ဘက်က အိတ်ချ်အိုင်ဗီပိုးရှိလာရင်
ယောနိက သွေးဆင်းများရင် သို့မဟုတ် သွေးဆင်းတာကြာလာရင်
အရေးပေါ်သန္ဓေတားခြင်းက လိင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါ(STDs) တွေကို မကာကွယ်နိုင်ပါဘူး။ လိင်ဆက်ဆံတဲ့အခါ သားဆက်ခြားနည်းသုံးထားတယ်ဆိုရင်တောင် STD တွေကို ကာကွယ်ဖို့ ကွန်ဒုံးသုံးတာ အကောင်းဆုံးပါပဲ။
credit: Hello Health Group
0 Comments