စုံတွဲများ အမေးအဖြေ(ကျန်းမာရေး ဗဟုသုတ)၁၈ နှစ်ပြည့်မှ ဖတ်ပါ
၁၈ နှစ်ပြည့်မှ ဖတ်ပါ
8. I have a problem when having sex with my husband
၁၈ နှစ်ပြည့်မှ ဖတ်ပါ
credit: orginal author
#Unicode Version
၁၈ နှစ်ပြည့်မှ ဖတ်ပါ
1. ရာသီသွေးဆင်းပြီး (၇) ရက်အတွင်း ကလေးမရနှိင်ဘူး
2. အသက်ငယ်သူတွေနဲ့ ဆက်ဆံတာနှင့် Feeling ကွာခြားမှု ရှိပါသလား
3. သူနဲ့ နေတဲ့အခါတိုင်းမှာ အရမ်း တက်ကြွနေပြီး
4. အဲတာ G-spot ဖြစ်နှိင်မလား
5. သားအိမ်များ ကျနေပါသလား
6. ကလေးရရှိခြင်း မရှိသေးပါ
7. ကြော်ငြာထားတဲ့ ဆေးတွေ သောက်ရင် အိမ်ထောင်ကျတဲ့အခါ
Q 1: ကျွန်တော်တို့ မင်္ဂလာဆောင်အပြီးမှာ ၄ ရက်လောက်တော့ အမျိုးသမီးက ရာသီသွေးဆင်းတယ်ဗျာ။ ကျွန်တော် သိတာက ရာသီသွေးဆင်းပြီး (၇) ရက်အတွင်း ကလေးမရနှိင်ဘူး။ (၇) ရက်မြောက်မှ ကလေးရနှိင်တာ ဟုတ်ပါတယ်နော်။ (၇) ရက်မြောက်ပြီး အမျိုးသမီး နဲ့ (၆) ရက်ပဲ အတူတူနေရတယ်ဗျ။ အဲ့ဒီလို အခြေနေမျိုးမှာ ကလေးရနှိင်ဖို့ဆိုတာ ရာခိုင်နှုန်း ဘယ်လောက်ရှိပါသလဲ။
A: ရက်ရှောင်နည်း Calendar method of birth control ထင်တာ မှန်ပါတယ်။ ရှေ့-နောက် ရ ရက်စီလို့ အကြမ်းဖျင်း ပြောနိုင်တယ်။ နဲနဲ ပိုတိကျရရင် ရာသီစလာတဲ့နေ့ကနေ ရေတွက်ပြီး၊ (၇) ရက်စီဖြစ်တယ်။ ဘယ်လောက် စိတ်ချရသလဲ % ပြောဘို့ ခက်တယ်။ သုတေသနတွေက အမျိုးမျိုးရှိတယ်။ ရာသီစလာတဲ့ရက်နဲ့ နီးလေးလေး စိတ်ချရလေ ဖြစ်တယ်။ ၁-၂-၃ ရက်တွေက ၁ဝဝ% လို့ ပြောနိုင်တယ်။ နောက်ရက်တွေမှာ တရက်ထက် တရက် % လျှော့သွားမယ်။ မိန်းကလေး တဦးနဲ့ တဦးက ရာသီရက်တွေ မတူကြဘူး။
Q 2: ကျွန်တော်အသက် ၂၈ နှစ်၊ အမျိုးသမီးကတော့ ၃၂ ပါ ဆရာ။ ဒီလို အသက်အပိုင်းအခြား ကွာတော့ အတူတူ လိင်ဆက်ဆံတဲ့အခါ အသက်ငယ်သူတွေနဲ့ ဆက်ဆံတာနှင့် Feeling ကွာခြားမှု ရှိပါသလားဆရာ။ ကျွန်တော် သိပ် မခံစားရသလိုပဲ။ ဘာကြောင့်လဲ ဆရာ။
A: အသက် ကွာခြားမှုနဲ့ သာယာမှု ဆက်စပ်တာ မရှိဘူးတော့ မဟုတ်ပါ။ အသက် ကွာတာများလေ ခံစားမှု ကွာလေပေါ့။ ဒါပေမဲ့ Sexuality ဆိုတာ တယောက်နဲ့ တယောက် မတူသလို တယောက်ထည်းလည်း တချိန်နဲ့ တချိန် မတူပါ။
Q 3: ကျွန်မအသက် ၁၉ နှစ် ပြည့်ပြီးပါပြီ။ လိင်ဆက်ဆံမှု ပထမ နှစ်ကြိမ်၊ သုံးကြိမ်မှာ ဘာမှ သိပ်မခံစားရပေမယ့် နောက်ပိုင်းတွေမှာ သူ ပွတ်သတ်လိုက်ရုံနဲ့ သူနဲ့ နေချင်မိလာပါတယ်။ သူနဲ့ နေတဲ့အခါတိုင်းမှာ အရမ်း တက်ကြွနေပြီး၊ သတိလက်လွတ် ဖြစ်နေတယ်။ နောက်ပြီးမှ နာကျင်မှုကို ခံစားရတယ်။ ဒါကို ရောဂါတစ်ခုလို ခံစားလာရတယ်။ အဲဒါ ဘာဖြစ်နေတာပါလဲ။ အန္တရာယ်ရှိနိုင်လား။
A: အလွန်မတန် ပုံမှန်ဖြစ်တာပါ။ ရောဂါ မဟုတ်ပါ။ အရွယ်အရ လိင်စိတ် တက်ကြွလာနေချိန်ဖြစ်တယ်။ ဟော်မုန်းတွေလဲ နိုးကြားမှု ကောင်းနေတယ်။ ဘယ်မိန်းကလေးမဆို ကိုယ်စိတ်ချ ယုံကြည်သူ၊ ချစ်ခင်နှစ်သက်သူဆိုရင် စိုးရိမ်စိတ်လဲ မရှိရင် အဲလိုစိတ် ဖြစ်ပေါ်ပါတယ်။
သတိလက်လွှတ်လိုအထိ ဖြစ်တာလဲ ပုံမှန်ပါဘဲ။ လူတွေရဲ့ အာရုံခံစားမှုတွေ အာလုံးထဲမှာ ကာမဆန္ဒဆိုတာ အကြီးမားဆုံး တခုထဲမှာ ပါတယ်။ ငတ်-ကြိုက်-ငိုက် ဆိုတာ ကြားဘူးမှာပေါ့။ မရှက်သုံးပါး။
တခုတော့ သတိပေးချင်တယ်။ လက်ထပ်တာ မဟုတ်သေးရင် ကိုယ်က စိတ်ချယုံကြည်သူ။ ရည်မှန်းသူ၊ ရောဂါ ကင်းရှင်းသူနဲ့သာ စိတ်ကို လွှတ်ပါ။ လူ့ဘဝဆိုတာ ရှုတ်ထွေး လွန်းလှတယ်။ ရှည်လျှားတယ်။ ထိန်းသင့်တဲ့အခါ ထိန်းပါလေ။ တဦးထဲနဲ့ ဆိုရင်တောင် သူက ကိုယ်ကို အထင်မသေးစေနဲ့။ ဒါမှ ရည်ရှည်အတွက် ကောင်းမယ်။
Q 4: အတူတူနေချိ်န်မှာ သူ့ကိုတော့ ဦးစားပေးပြီး ကျေနှပ်စေအောင် လုပ်ပေးခဲ့ပါတယ်။ သူလည်း ခဏခဏပြီးတယ် ပြောတယ်ဆရာ။ ၁ ရက်မှာ ၂ ခေါက်လောက်ပဲ နေဖြစ်တာများပါတယ်။ အဲ့လို အမျိုးသမီး ပြီးခဲ့တဲ့ အကြိမ်ထဲက တစ်ကြိမ်မှာ သူနဲ့ ခဏလေး နေနေရတဲ့ အချိန်မှာ သူပြီးသွားတာ အရင်လိုမဟုတ်ပဲ တအား Feeling ဖြစ်သွားတယ်တဲ့။ အဲ့တာ G-spot ဖြစ်နှိင်မလား။ ဒါတွေ အားလုံးပေါင်းရင် ကလေးရဖို့သေချာသလောက် ဖြစ်နိုင်ပါသလားဗျ။
A: သာယာမှု နဲ့ ကိုယ်ဝန်ရှိတာ မဆက်စပ်ပါ။ အဓမ္မကျင့်ခံရသူလည်း ကိုယ်ဝန်ရသွားတတ်တယ်။ G-spot အကြောင်း “Female Orgasm အမျိုးသမီး ပြီးခြင်း” မှာ ရေးထားပါတယ်။
Q 5: သမီးက အိမ်ထောင်သည်ပါ။ သမီးလေးတစ်ယောက် မွေးထားပါတယ်။ ၂ နှစ်ရှိပါပြီ။ ကလေး မွေးတုန်းက မိန်းမကိုယ်ကို သူတို့ ချုပ်တာ မကောင်းလို့လား မသိဘူး၊ ကျယ်နေပါတယ်။ ပြီးတော့ သားအိမ်ကလည်း မိန်းမကိုယ် အဝနားမှာ ထွက်ချင်သလို ဖြစ်နေပါတယ်။ ဘာမှ နာကျင်မှု မရှိပါ။ သားအိမ်များ ကျနေပါသလားဆရာ။
A: ထင်တာ ၂ မျိုးလုံး ဖြစ်နေနိုင်တယ်။ (ဆောရီး)။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ကုလို့-ပြင်လို့ ရပါတယ်။ အိမ်ထောင်သည် အမျိုးသမီး အတော်များများ အဲလိုဖြစ်နေတယ်။ တချို့က ဆရာဝန် တိုင်ပင်ရကောင်းမှန်း မသိဘူး။
(၁) မွေးလမ်းအဝ ကျယ်တယ် ထင်တာ ပြင်ချုပ်လို့ ရတယ်။ အခုကစပြီး ခွဲဘို့ အချိန်-နေရာ ရွေးနိုင်ပါပြီ။ ထုံဆေးနဲ့ လုပ်မှာပါ။ အလွန်ဆုံး ခါးထုံဆေးနဲ့ပေါ့။ မကြာပါ။ ၅-၇ ရက် ချုပ်ရိုး ဖြေမယ်။ အတွေ့အကြုံရှိတဲ့ ဆရာဝန်နဲ့ လုပ်စေချင်တယ်။
(၂) သားအိမ်ကျချင်တာ လေ့ကျင့်ခန်းလုပ်ပါ။ မပူပါနဲ့။ ရေးပြီးသား ပို့ပေးပါတယ်။ လုပ်ပါ။ သေခြာကောင်းလာပါမယ်။ နောင် ကလေးမွေးတိုင်း ဂရုစိုက်ပါ။ နောက်ကလေးတွေ မွေးလမ်းချဲ့စရာ မလိုတတ်တော့ပါ။ ဒါပေမဲ့ ဆီးအိမ်-သားအိမ် မကျအောင်၊ အနေအထိုင် ဂရုစိုက်ပါ။ လိုသေးရင် မေးပါ။
“Pelvic floor exercises အမျိုးသမီးတိုင်းအတွက် လေ့ကျင့်ခန်း” ကို ဖတ်ပါ။
Q 6: အိမ်ထောင်ပြုတာ (့့့့့) ရက်နေ့ကပါ။ ပထမစရပြီးကတည်းက အမျိုးသမီးမှာ ကလေးယူခွင့် မရှိတာနဲ့ တားဆေး စားခဲ့ပါတယ်။ (၁) နှစ်လောက် ကြာပါတယ်။ အခု ၂ဝဝ၉ (၁ဝ) လပိုင်း လောက်ကစပြီး တားဆေး မစားတော့ပါဘူး။ အခု ကလေးယူဘို့ အတူဆက်ဆံသော်လည်း ကလေးရရှိခြင်း မရှိသေးပါ။ ကျွန်တော်မှာ အမျိုးသမီးနဲ့ ဆက်ဆံတဲ့အခါတိုင်း သုတ်လွှတ်တာ စောပါတယ်။ ခဏလေး အတွင်းမှာဘဲ ဆက်ဆံတာ ပြီးသွားတတ်ပါတယ်။ အိမ်ထောင်သက်လည်း ရလာတော့ ကလေးလည်း လိုချင်ပါတယ်။ OG နဲ့ တိုင်ပင်မလို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော့် အမျိုးသမီးက (့့့့့) မှာ ကျွန်တော်က (့့့့့) မှာပါ။ ကလေးရဖို့အတွက် အကြံအဉာဏ်တောင်းတာပါ။ ဘယ်လိုပြုမူနေထိုင်ရမယ်၊ ဘာဆေးဝါးတွေ သုံးစွဲရမယ်၊ ဘယ်လို ဆရာဝန်တွေဆီမှာ တိုင်ပင်ရမယ်ဆိုတာတွေကို ပြန်ကြားပေးစေချင်းပါတယ်။
A: ၁။ တားဆေးရပ်လိုက်ရင် ကလေးရနိုင်ပါတယ်။ သီအိုရီအရ ပြောတာပါ။
၂။ သုတ်လွှတ်စောတာ စိတ် စနိုးစနောင့် မဖြစ်ပါနဲ့။ ရေးပြီးသား စာတပုဒ် အချိန်ရရင် ဖတ်ဘို့ ထည့်ပေးလိုက်ပါတယ်။
၃။ ကလေးရဘို့ OG ပြတာ ကောင်းပါတယ်။ တခု သတိပေးထားချင်တာက တချို့ Cases တွေက အတော် ခက်တတ်တယ်။ ဘယ်အထူးကုဆရာဝန်၊ အထူးကုဌာန၊ သိပ်ခေတ်မီ တိုင်းပြည်တွေမှာတောင် မလွယ်တဲ့အခါ မလွယ်ပါ။ ဒီခေါင်းစဉ်အတွက်လဲ စာတပုဒ် ထည့်လိုက်ပါတယ်။
“Early ejaculation သုတ်လွှတ်စောခြင်း”
“Infertility ကလေးမရနိုင်သေးခြင်း” တွေကို ဖတ်ပါ။
Q 7: အင်တာနက်ဆိုက်တွေမှာ ကြော်ငြာထားတဲ့ ဆေးနံမည်တွေ တွေ့ရတယ်။ လိင်တံကြီးတဲ့ ဆေးတွေပါ။ ကျွန်တော့် ပစ္စည်းက သေးတယ်။ သာမန် အရွယ်အစားလောက်တော့ ရှိချင်ပါတယ်။ စာတွေမှာ ရေးထားတာ ဖတ်ဘူးပါတယ်။ ကြီးအောင်လုပ်တာ ဘေးဖြစ်စေတတ်တဲ့ အကြောင်းတွေ၊ ကောင်းကျိုးထက် မကောင်းကျိုးက ပိုများတယ် ဆိုတာတွေ ကိုတော့ ဖတ်ဘူးပါတယ်။ အခုကြောငြာထားတဲ့ ဆေးတွေ သောက်ရင် အိမ်ထောင်ကျတဲ့အခါ ကလေးမရနိုင်တာတို့ ပြီးတော့ တခြားကိစ္စတွေ ဖြစ်လာနိုင်မှာ စိုးရိမ်လို့ပါ။ ဒီလိုဆေးမသောက်သင့်ရင် အန္တရာယ် ကင်းကင်းနဲ့ ကြီးနိုင်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးရှိရင် အကြံပေးစေချင်ပါတယ်။
A: “Penis enlargement ကျားအင်္ဂါ ကြီးစေခြင်း” ကို ဖတ်ပါ။
ကြော်ညာတဲ့ ဆေးတွေ မသောက်စေချင်ပါ။ သဘာဝလိမ်းဆေးနဲ့ လေ့ကျင်ခန်းက ပြဿနာမရှိပါ။ (မာစတာဘေးရှင်း) လုပ်တာလဲ လေ့ကျင့်ခန်းသဘော ဖြစ်တယ်။ စိတ်မပူစေချင်ပါ။ ကိုယ့်အဖေါ် ကျေနပ်စေဘို့ အရွယ်အစားထက် နည်းနာနဲ့ အချိန် ပေးနိုင်တာတွေ ပိုလိုတယ်။ အရွယ်အစား ကြီးလွန်းကြောင့် နာစေတတ်လို့ တချို့ အဖေါ်က သိပ်သဘောမကျဘူး။ ဓါတ်ပုံရိုက်ဘို့ဘဲ ကြီးတာ၊ ရှည်တာ အသုံးဝင်တယ်။ ယောက်ျားများများနဲ့ တယောက်ပြီး တယောက်နေတဲ့ မိန်းမမျိုးတွေက ကြီး-ရှည်-ကြာတာကို သဘောကျနိုင်တယ်။
Jelqing Technique နည်းဆိုတာ ဘာသာပြန်ရေးရရင် – ရေနွေးချိုးပါ၊ ရေနွေးဝတ်သုံးပါ။ ပိုးသန့်တဲ့ ဆီတခုခု လိမ်းပါ။ အရင်းကနေ အဖျားဆီ လက်တဖက်နဲ့ ခပ်တင်းတင်း ကိုင်ပြီး၊ ဆွဲချပေး။ လက်ကိုလဲ ဘယ်-ညာပြောင်း၊ ၁၅ ကြိမ်လုပ်ပါ။ သန်မာလာတာကို ၂ဝ-၄ဝ% အထိသာ ဖြစ်လာပါစေ။ ပိုမသွားအောင် နားပါ။ ဆီ ဆိုရာမှာ အိန္ဒိယဆိုရင် မုံညင်းဆီ၊ မြေထဲပင်လယ်ဒေသမှာဆို သံလွင်ဆီ စသဖြင့် သုံးတယ်။ သူတို့အရပ်မှာ ပေါတာတွေကိုး။ ဗမာပြည်မှာ နှမ်းဆီ၊ အုံးဆီ၊ ကြက်ဆူဆီ စတာတွေ သုံးနိုင်ပါမယ်။ ဒီကိစ္စအတွက် သီးသန့်ခွဲထားပေါ့။ မဟုတ်ရင် မှိုရောဂါဝင်တတ်တယ်။ ပြီးရင် ဆပ်ပြာနဲ့ ဆေးကြောပါ။