Last post

ခ်စ္တင္းႏွီးေႏွာ ၿပီး ေနာက္တစ္္ရက္မွာ ဆီးစပ္ေအာင့္ေနတယ္ဆိုရင္

အထူးသျဖင့္ေတာ့ ပထမဦးဆံုး အႀကိမ္ ေယာက်ာ္းနဲ႔ အတူေနၿပီးရင္ အဲ့လိုမ်ိဳး ဆီးခံု၊ ဆီးစပ္နဲ႔ ပတ္သက္တဲ့ ေဝဒနာေတြကို ခံစားရတတ္ပါတယ္။

ခ်စ္ခ်စ္နဲ႔ ခ်စ္ၾကရမယ့္ ကိစၥကလည္း အေရးႀကီးတယ္ေနာ္
Marry ရဲ႕ သတို႔သမီးေလာင္းေလးတို႔ေရ လက္ထပ္ေတာ့မယ္ဆိုတာနဲ႔ မဂၤလာပြဲ က်င္းပတဲ့ ကိစၥအျပင္ ကိုယ့္ရဲ႕ ခ်စ္ခ်စ္နဲ႔ ခ်စ္ၾကရမယ့္ ကိစၥကလည္း အေရးႀကီးတယ္ေနာ္။ ကိုယ့္ရဲ႕ ခင္ပြန္းသည္နဲ႔ ခ်စ္တင္းႏွီးေႏွာတဲ့ ကိစၥဟာ စိတ္လႈပ္ရွားစရာ၊ ရင္ခုန္စရာ ေကာင္းသလို သတိထားရမယ့္ ကိစၥေတြလည္း ရွိပါတယ္။ အိမ္ေထာင္ေရး တစ္ခု အဆင္ေျပ ေခ်ာေမြ႕ဖို႔ဆိုတာ Sex ကိစၥရဲ႕ အေရးပါ အရာေရာက္မႈကိုလည္း ေမ့ထားလို႔မွ မရတာဘဲေနာ္။

ဒါေပမယ့္ သတို႔သမီးေလးတို႔ အေနနဲ႔ သတို႔သားနဲ႔ ခ်စ္တင္းႏွီးေႏွာၿပီး ေနာက္မွာ ႀကံဳရမယ့္ နာက်င္မႈ ေဝဒနာ တစ္ရပ္ရွိတာေၾကာင့္မို႔ အဲ့ဒိေဝဒနာအေၾကာင္း သတို႔သမီးေလးတို႔ကို က်န္းမာေရး အသိ ရွိေစခ်င္ပါတယ္။ မဟုတ္ရင္ အဲ့ဒိေဝဒနာေၾကာင့္ ခင္ပြန္းသည္နဲ႔ အတူေနရမွာ ေၾကာက္သြားၿပီး အိမ္ေထာင္ဦး ကာလေတြဟာ သတို႔သမီးေလးအတြက္ ၾကည္ႏူးစရာ မေကာင္းဘဲ ထိတ္လန္႔စရာ တစ္ခု ျဖစ္သြားႏိုင္ပါတယ္။

လင္ေရာ မယားေရာက ကိစၥတိုင္းမွာ အေပးအယူမွ်မွ် ရွိေနဖို႔လိုပါတယ္
သာယာေပ်ာ္ရႊင္တဲ့ အိမ္ေထာင္ တစ္ခုအတြက္ လင္ေရာ မယားေရာက ကိစၥတိုင္းမွာ အေပးအယူမွ်မွ် ရွိေနဖို႔လိုတာေၾကာင့္ သတို႔သမီးေလးတို႔ သိတိျပဳထားရမယ့္ က်န္းမာေရး အသိေလးကို ေဝမွ်ေပးခ်င္တာပါ။ မိန္းကေလးေတြအေနနဲ႔ ေယာက်ာ္းနဲ႔ အတူေနၿပီးတဲ့ အခါမွာ အခန္႔မသင့္ရင္ ဆီးစပ္ေအာင့္တာ၊ ဆီးက်ဥ္တာ၊ ဆီးက်န္သလို ျဖစ္ၿပီး ေအာင့္ေနတာ၊ ဆီးနည္းနည္းေလးကို ခဏခဏ သြားေနတာ၊ ဆီးသြားရ ခက္ခဲေနတာ အစရွိတဲ့ ေဝဒနာေတြကို ခံစားရတတ္ပါတယ္။ အထူးသျဖင့္ေတာ့ ပထမဦးဆံုး အႀကိမ္ ေယာက်ာ္းနဲ႔ အတူေနၿပီးရင္ အဲ့လိုမ်ိဳး ဆီးခံု၊ ဆီးစပ္နဲ႔ ပတ္သက္တဲ့ ေဝဒနာေတြကို ခံစားရတတ္ပါတယ္။

တစ္ခ်ိဳ႕ေတြကေတာ့ ဆိုးဆိုးဝါးဝါး ရက္ရွည္ရွည္ ခံစားရတတ္ပါတယ္
အခန္႔မသင့္ရင္ေတာ့ ဖ်ားနာတတ္ပါတယ္။ မ်ားေသာအားျဖင့္ကေတာ့ ခဏေလာက္ပဲ ခံစားရၿပီး ရက္အနည္းငယ္ အၾကားမွာ သက္သာ ေပ်ာက္ကင္းသြားပါတယ္။ တစ္ခ်ိဳ႕ေတြကေတာ့ ဆိုးဆိုးဝါးဝါး ရက္ရွည္ရွည္ ခံစားရတတ္ပါတယ္။ အဲလိုရက္ရွည္ရင္ မိန္းမကိုယ္ လမ္းေၾကာင္းထဲ ပိုးဝင္တာမ်ိဳး ျဖစ္ႏိုင္တဲ့အတြက္ ပိုးသတ္ေဆး ေသာက္ေပးရပါမယ္။ ဒါေပမယ့္ အဲ့လို ျဖစ္တာမ်ိဳးက ရွားေတာ့ရွားပါတယ္၊ အခန္႔မသင့္မွ ျဖစ္ႏိုင္တာပါ။

အဲ့လို ဆီးေအာင့္တဲ့ ေဝဒနာကို ႀကိဳတင္ကာကြယ္ႏိုင္ဖို႔ လိင္ကိစၥ တစ္ခါၿပီးတိုင္း ေရမ်ားမ်ားသံုးၿပီး ေဆးေၾကာသန္႔စင္ေပးဖို႔နဲ႔ ေဆးေၾကာတဲ့အခါ ေနာက္ကေနေရွ႕ကို မေဆးဘဲ ေရွ႕ကေနေနာက္ကို ေဆးတဲ့ ပံုစံမ်ိဳးနဲ႔သာ ေဆးေၾကာေပးရပါမယ္။ ေဝဒနာ ခံစားလာရရင္လည္း ျမန္ျမန္ သက္သာေပ်ာက္ကင္းေစဖို႔ ေရမ်ားမ်ား ေသာက္သံုးေပးဖို႔ အႀကံေပးခ်င္ပါတယ္။


Credit: Marry with
Unicode
 အထူးသဖြင့်တော့ ပထမဦးဆုံး အကြိမ် ယောကျာ်းနဲ့ အတူနေပြီးရင် အဲ့လိုမျိုး ဆီးခုံ၊ ဆီးစပ်နဲ့ ပတ်သက်တဲ့ ဝေဒနာတွေကို ခံစားရတတ်ပါတယ်။

ချစ်ချစ်နဲ့ ချစ်ကြရမယ့် ကိစ္စကလည်း အရေးကြီးတယ်နော်
Marry ရဲ့ သတို့သမီးလောင်းလေးတို့ရေ လက်ထပ်တော့မယ်ဆိုတာနဲ့ မင်္ဂလာပွဲ ကျင်းပတဲ့ ကိစ္စအပြင် ကိုယ့်ရဲ့ ချစ်ချစ်နဲ့ ချစ်ကြရမယ့် ကိစ္စကလည်း အရေးကြီးတယ်နော်။ ကိုယ့်ရဲ့ ခင်ပွန်းသည်နဲ့ ချစ်တင်းနှီးနှောတဲ့ ကိစ္စဟာ စိတ်လှုပ်ရှားစရာ၊ ရင်ခုန်စရာ ကောင်းသလို သတိထားရမယ့် ကိစ္စတွေလည်း ရှိပါတယ်။ အိမ်ထောင်ရေး တစ်ခု အဆင်ပြေ ချောမွေ့ဖို့ဆိုတာ Sex ကိစ္စရဲ့ အရေးပါ အရာရောက်မှုကိုလည်း မေ့ထားလို့မှ မရတာဘဲနော်။

ဒါပေမယ့် သတို့သမီးလေးတို့ အနေနဲ့ သတို့သားနဲ့ ချစ်တင်းနှီးနှောပြီး နောက်မှာ ကြုံရမယ့် နာကျင်မှု ဝေဒနာ တစ်ရပ်ရှိတာကြောင့်မို့ အဲ့ဒိဝေဒနာအကြောင်း သတို့သမီးလေးတို့ကို ကျန်းမာရေး အသိ ရှိစေချင်ပါတယ်။ မဟုတ်ရင် အဲ့ဒိဝေဒနာကြောင့် ခင်ပွန်းသည်နဲ့ အတူနေရမှာ ကြောက်သွားပြီး အိမ်ထောင်ဦး ကာလတွေဟာ သတို့သမီးလေးအတွက် ကြည်နူးစရာ မကောင်းဘဲ ထိတ်လန့်စရာ တစ်ခု ဖြစ်သွားနိုင်ပါတယ်။

လင်ရော မယားရောက ကိစ္စတိုင်းမှာ အပေးအယူမျှမျှ ရှိနေဖို့လိုပါတယ်
သာယာပျော်ရွှင်တဲ့ အိမ်ထောင် တစ်ခုအတွက် လင်ရော မယားရောက ကိစ္စတိုင်းမှာ အပေးအယူမျှမျှ ရှိနေဖို့လိုတာကြောင့် သတို့သမီးလေးတို့ သိတိပြုထားရမယ့် ကျန်းမာရေး အသိလေးကို ဝေမျှပေးချင်တာပါ။ မိန်းကလေးတွေအနေနဲ့ ယောကျာ်းနဲ့ အတူနေပြီးတဲ့ အခါမှာ အခန့်မသင့်ရင် ဆီးစပ်အောင့်တာ၊ ဆီးကျဉ်တာ၊ ဆီးကျန်သလို ဖြစ်ပြီး အောင့်နေတာ၊ ဆီးနည်းနည်းလေးကို ခဏခဏ သွားနေတာ၊ ဆီးသွားရ ခက်ခဲနေတာ အစရှိတဲ့ ဝေဒနာတွေကို ခံစားရတတ်ပါတယ်။ အထူးသဖြင့်တော့ ပထမဦးဆုံး အကြိမ် ယောကျာ်းနဲ့ အတူနေပြီးရင် အဲ့လိုမျိုး ဆီးခုံ၊ ဆီးစပ်နဲ့ ပတ်သက်တဲ့ ဝေဒနာတွေကို ခံစားရတတ်ပါတယ်။

တစ်ချို့တွေကတော့ ဆိုးဆိုးဝါးဝါး ရက်ရှည်ရှည် ခံစားရတတ်ပါတယ်
အခန့်မသင့်ရင်တော့ ဖျားနာတတ်ပါတယ်။ များသောအားဖြင့်ကတော့ ခဏလောက်ပဲ ခံစားရပြီး ရက်အနည်းငယ် အကြားမှာ သက်သာ ပျောက်ကင်းသွားပါတယ်။ တစ်ချို့တွေကတော့ ဆိုးဆိုးဝါးဝါး ရက်ရှည်ရှည် ခံစားရတတ်ပါတယ်။ အဲလိုရက်ရှည်ရင် မိန်းမကိုယ် လမ်းကြောင်းထဲ ပိုးဝင်တာမျိုး ဖြစ်နိုင်တဲ့အတွက် ပိုးသတ်ဆေး သောက်ပေးရပါမယ်။ ဒါပေမယ့် အဲ့လို ဖြစ်တာမျိုးက ရှားတော့ရှားပါတယ်၊ အခန့်မသင့်မှ ဖြစ်နိုင်တာပါ။

အဲ့လို ဆီးအောင့်တဲ့ ဝေဒနာကို ကြိုတင်ကာကွယ်နိုင်ဖို့ လိင်ကိစ္စ တစ်ခါပြီးတိုင်း ရေများများသုံးပြီး ဆေးကြောသန့်စင်ပေးဖို့နဲ့ ဆေးကြောတဲ့အခါ နောက်ကနေရှေ့ကို မဆေးဘဲ ရှေ့ကနေနောက်ကို ဆေးတဲ့ ပုံစံမျိုးနဲ့သာ ဆေးကြောပေးရပါမယ်။ ဝေဒနာ ခံစားလာရရင်လည်း မြန်မြန် သက်သာပျောက်ကင်းစေဖို့ ရေများများ သောက်သုံးပေးဖို့ အကြံပေးချင်ပါတယ်။

Credit: Marry with

0 Comments