Last post

သားဆက္ျခားဖုိ႔အတြက္ စဥ္းစားစရာအဆင့္ဆင့္

သားဆက္ျခားဖုိ႔အတြက္ စဥ္းစားစရာအဆင့္ဆင့္

သားဆက္ျခားတဲ့ကိစၥဟာ အိမ္ေထာင္သည္တုိင္းအတြက္ အင္မတန္မွကို အေရးၾကီးတဲ့ လုပ္ေဆာင္မႈ ျဖစ္ပါတယ္။ မိခင္က်န္းမာေရး၊ ကေလးက်န္းမာေရး၊ စီးပြါးေရး၊ လူမႈေရးစတဲ့ အက်ိဳးေက်းဇူူးေတြအမ်ားၾကီးပဲ ရွိတာမုိ႕ ဒါကို စံုတြဲေတာ္ေတာ္မ်ားမ်ားက အေလးထား လုပ္ေဆာင္လာၾကပါတယ္။ ပူပူေႏြးေႏြး မဂၤလာေဆာင္ျပီးသြားရင္ စံုတြဲတစ္တြဲအေနနဲ႕ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ လြတ္လြတ္လပ္လပ္ ဘ၀တစ္ခုကုိ ျဖတ္သန္းမယ္၊ ေမွ်ာ္မွန္းထားတဲ့ အေျခအေနတစ္ခုေရာက္ေအာင္ သြားၾကမယ္ ဆုိတဲ့အခါ အဆင္သင့္မျဖစ္ေသးဘဲ ကေလးမရသြားေအာင္ ၾကိဳတင္ျပင္ဆင္လာၾကတယ္။
အဲဒီအခါ အမ်ိဳးသမီးေတြ ေမးေလ့ရွိတဲ့ ေမးခြန္းတစ္ခု ရွိပါတယ္။ ကၽြန္မနဲ႕ အသင့္ေတာ္ဆံုး သားဆက္ျခားနည္းက ဘာျဖစ္မလဲ ဆုိတာပါပဲ။ တစ္ခါမွကလည္း မသံုးဖူး၊ အရြယ္ေတြက ငယ္ေသးေတာ့ ဒီေဆးေတြ သံုးလုိ႕ ၀လာျပီး မလွေတာ့မွာကလည္း စိုးေသးတယ္၊ ဒီၾကားထဲမွာ တျခားအမ်ိဳးသမီးၾကီးေတြရဲ႕ စကားကလည္း တစ္စြန္းတစ္စ ၾကားထားေလေတာ့ ပုိျပီး ေ၀ခြဲရခက္ေနတတ္ပါတယ္။
တကယ္ေတာ့ ဘယ္နည္းလမ္းနဲ႕ သင့္ေတာ္တယ္ဆုိတာ ဘယ္သူကမွ ဆံုးျဖတ္ေပးလို႕ မရပါဘူး။ အမ်ိဳးသမီးေတြကုိယ္တုိင္ပဲ ဆံုးျဖတ္ရတာပါ။ ဒီလိုေရြးခ်ယ္ဆံုးျဖတ္ႏုိင္ဖုိ႕ကုိသာ ကၽြန္ေတာ္တို႕ ဆရာ၀န္ေတြက ကူညီေပးရတာျဖစ္ပါတယ္။
ဒါေၾကာင့္ အဲဒီလို မိသားစုစီမံကိန္းဆြဲေတာ့မယ္၊ သားဆက္ျခားဖို႕အတြက္ ျပင္ဆင္ေတာ့မယ္ဆုိရင္ စဥ္းစားသင့္တာေတြကို အဆင့္လိုက္ ေရးသြားပါမယ္။
၁။ ဘယ္ႏွႏွစ္ ကုိယ္၀န္တားထားခ်င္တာလဲ စစဥ္းစားပါ။
သားဆက္ျခားနည္းေတြမွာ ကာလတုိနည္းနဲ႕ ကာလရွည္နည္းရယ္လို႕ ရွိတယ္။ လပို္င္းေလာက္၊ ႏွစ္အနည္းငယ္ေလာက္ပဲ တားထားမယ္ဆုိ ကြန္ဒံုး၊ ေဆးကတ္နဲ႕ ထုိးေဆးေတြ သံုးလို႕ရတယ္။ ႏွစ္ရွည္တားထားခ်င္တာဆုိ သားအိမ္ထဲထည္႕တာ၊ လက္ေမာင္းထဲထည္႕တာေတြ လုပ္လုိ႔ရတယ္။ အရင္ကေတာ့ သားအိမ္ထဲထည္႕တာက ကေလးတစ္ခါမွ မေမြးဖူးေသးရင္ ထည္႕လို႕မရဘူး ေျပာၾကေပမယ့္ ခုေနာက္ပုိင္းမွာ ထည္႕လုိ႕ျဖစ္ႏုိင္တယ္လို႕ ေျပာလာၾကတာမုိ႕ သံုးမယ္ဆုိ အသံုးျပဳႏုိ္င္ပါတယ္။
၂။ ေဟာ္မုန္းရဲ႕ ေဘးထြက္ဆုိးက်ိဳးေတြနဲ႕ အဆင္ေျပမေျပ စဥ္းစားပါ။
ကာလတုိနည္းထဲမွာလည္း ေဟာ္မုန္းပါတာနဲ႕ မပါတာရွိသလို၊ ကာလရွည္နည္းေတြထဲမွာလည္း ရွိပါတယ္။ ဘာကြာမလဲဆုိေတာ့ ေဟာ္မုန္းပါတဲ့နည္းေတြသံုးရင္ ေဟာ္မုန္းရဲ႕ ေဘးထြက္ဆုိုက်ိဳးေတြကုိ ခံစားရတာမ်ိဳး ရွိႏုိင္တယ္။ ကိုယ္အေလးခ်ိန္ အေျပာင္းအလဲျဖစ္တာ၊ အသားအရည္ေျပာင္းသြားတာ၊ ေခါင္းမူးတာ၊ ပ်ိဳ႕အန္တာေတြ ျဖစ္တတ္တယ္။ ဒီေနရာမွာ တစ္ခု သိေစခ်င္တာက ဒါေတြျဖစ္ကုိျဖစ္မယ္လုိ႕ေတာ့ မဟုတ္ဘူး။ တစ္ေယာက္နဲ႕တစ္ေယာက္ မတူၾကဘူး၊ တခ်ိဳ႕ျဖစ္တယ္၊ တခ်ိဳ႕မျဖစ္ဘူး။ ေနာက္ျပီး ၀လာတာဆုိတာကလည္း ဒီနည္းေတြေၾကာင့္ ၀တာက နည္းနည္းပဲ၊ အဓိကက အသက္အရြယ္နဲ႕ ေနထုိင္မႈပံုစံေၾကာင့္သာ ၀လာတာျဖစ္တယ္။ ဒါေၾကာင့္ ကုိယ့္အေနနဲ႕ အစားေရွာင္မယ္၊ ေလ့က်င့္ခန္းမ်ားမ်ား လုပ္မယ္ဆုိရင္ ၀မလာေအာင္ ထိန္းထားလို႕ရမယ္။ ကာလတုိနည္းျဖစ္တဲ့ ကြန္ဒံုးနဲ႕ ကာလရွည္နည္းထဲက တစ္ခုျဖစ္တဲ့ သားအိမ္တြင္းထည္႕ပစၥည္းတုိ႕က ေဟာ္မုန္းမပါတာမို႕ ဒီလိုေဘးထြက္ဆုိးက်ိဳးေတြ မခံစားခ်င္ဘူးဆုိရင္ ေရြးခ်ယ္လို႕ရတယ္။
သားဆက္ျခားနည္းတစ္ခုကုိ ေရြးေတာ့မယ္ဆုိ အဓိက စဥ္းစားရမွာက ဒီႏွစ္ခုပါပဲ။ ဘယ္ႏွႏွစ္တားခ်င္တာလဲ၊ ေဟာ္မုန္းပါတာဆုိ အဆင္ေျပမလား။ ဒီေလာက္ဆုိ ေတာ္ေတာ္ေလးလည္း စဥ္းစားရလြယ္လာျပီ။ ျပီးေတာ့မွ အေသးစိတ္ ထပ္စဥ္းစားရမွာတခ်ိဳ႕ကို ဆက္ေရးပါမယ္။
၃။ ရာသီပံုမွန္ေပၚမွ အဆင္ေျပတာလား
ကြန္ဒံုးနဲ႕ သားအိမ္တြင္းထည္႕ပစၥည္းကေတာ့ ရာသီပံုမွန္ေပၚတယ္။ ေန႕စဥ္ေသာက္ေဆးကတ္ကလည္း ေနာက္ဆံုးတန္း အားေဆးလံုးေတြ ေသာက္ေနျပီဆုိရင္ ေသြးဆင္းလာတတ္တယ္။ ၃လခံထုိးေဆးနဲ႕ လက္ေမာင္းတြင္းထည္႔ပစၥည္းကေတာ့ ရာသီမေပၚတာမ်ားတယ္။ အဲ့လိုမေပၚလို႕လည္း ဘာေရာဂါမွေတာ့ မျဖစ္ဘူး။ သူ႕ရဲ႕ အာနိသင္ေၾကာင့္ ျဖစ္တာပဲ။ ဒီအခါ တခ်ိဳ႕အမ်ိဳးသမီးေတြက အလုပ္ရႈပ္ေတာင္ သက္သာေသးတယ္ ဆုိျပီး သေဘာက်ေပမယ့္ တခ်ိဳ႕အမ်ိဳးသမီးေတြကေတာ့ ရာသီမေပၚရင္ မေနတတ္ဘူး၊ မိန္းမမဆန္သလို ခံစားရတယ္လို႕ ထင္တတ္ၾကတယ္။ ဒီလိုဆိုရင္ေတာ့ ရာသီမေပၚတတ္တဲ့နည္းေတြကို အသံုးျပဳဖို႕ အဆင္ေျပႏုိင္ မေျပႏုိင္ ေသခ်ာစဥ္းစားသင့္တယ္။
၄။ ကေလး ခ်က္ခ်င္းျပန္ရမွ အဆင္ေျပတာလား
သားဆက္ျခားနည္းေတြ အားလံုးထဲမွာ ၃ လခံထုိးေဆးမွာပဲရွိတဲ့ ထူးျခားခ်က္တစ္ခုက အာနိသင္က်န္တတ္တာပါပဲ။ ဆုိလိုတာက ေဆးထုိးရပ္လုိက္ေပမယ့္ ကေလးခ်က္ခ်င္း ျပန္မရတတ္ဘူး။ လံုးမ၀မရႏုိင္ေတာ့တာ မဟုတ္ေပမယ့္ လအနည္းငယ္ေစာင့္ရတတ္တယ္။ ျပီးတဲ့အခါ ကုိယ္၀န္ျပန္ရလာလိမ့္မယ္။ ဒါေပမယ့္လည္း ကိုယ္၀န္လိုခ်င္ရင္ ခ်က္ခ်င္းရမွျဖစ္မယ္ ဆုိတဲ့ စံုတြဲမ်ိဳးေတြအတြက္ေတာ့ ဒါကုိ ေသခ်ာစဥ္းစားရမယ္။ အထူးသျဖင့္၊ ကေလးရျပီးသားစံုတြဲဆုိ ျပႆနာမရွိေပမယ့္ ကေလးတစ္ခါမွ မေမြးဖူးေသးရင္ေတာ့ ပုိလို႕ သတိထားရပါလိမ့္မယ္။
၅။ တစ္ေန႕တစ္လံုး ေသာက္ဖုိ႕ အဆင္ေျပႏုိင္လား
ဒါက ေန႕စဥ္ေသာက္ေဆးကတ္ကုိ ေရြးေတာ့မယ္ဆုိ ကုိယ့္ကုိယ္ကုိယ္ မျဖစ္မေန ေမးသင့္တဲ့ေမးခြန္းပါ။ ေန႕စဥ္ေန႕တုိင္း အခိ်န္မွန္ေဆးေသာက္ဖုိ႕ဆုိတာ ထင္သေလာက္ မလြယ္ပါဘူး။ ဒါေၾကာင့္မုိ႕ ကုိယ္ဟာ ဒီလုိေသာက္ႏုိ္င္တဲ့ အေျခအေနရွိလား စဥ္းစားပါ။ ေနာက္ျပီး ေဆးေသာက္ဖုိ႕ ေမ့ခဲ့ရင္ ဘယ္လိုလုပ္ရမယ္ဆုိတာကုိလည္း သိေအာင္ လုုပ္ထားေစခ်င္ပါတယ္။ ဒီေဆးကတ္ ေသာက္ေနတဲ့ အမ်ိဳးသမီးအမ်ားစုဟာ ေသာက္သာေသာက္ေနၾကတယ္၊ ေမ့ခဲ့ရင္ ဘယ္လိုလုပ္ရမလဲဆုိတာကို မွန္မွန္ကန္ကန္ သိမေနၾကပါဘူး။
၆။ အမ်ိဳးသားရဲ႕ ဆႏၵ
သားဆက္ျခားတဲ့ကိစၥဟာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ကိုယ္ပုိင္ဆံုးျဖတ္ခြင့္ ဆုိေပမယ့္ ကြန္ဒံုးလို နည္းလမ္းမ်ိဳးက် အမ်ိဳးသားရဲ႕ပူးေပါင္းပါ၀င္မႈ လိုအပ္ပါတယ္။ သားအိမ္ထဲထည္႕တာဆုိလည္း အမ်ိဳးသားက သေဘာမက်ဘူး ဆိုတာေတြ ရွိတတ္တာမို႕ သူနဲ႕တုိင္ပင္ျပီးမွ ေရြးခ်ယ္တာ ပိုအဆင္ေျပပါတယ္။ ေဆးခန္းသြားတဲ့အခါ ဆရာ၀န္နဲ႕ ေဆြးေႏြးရင္ သူ႕ကုိပါ တစ္ပါတည္း ေခၚသြားတာမ်ိဳး လုပ္ႏုိင္ပါတယ္။
၇။ ေသာက္ေနတ့ဲေဆးနဲ႕ ျဖစ္ေနတဲ့ေရာဂါေတြ
ဥပမာ တီဘီေဆးေသာက္ေနတဲ့အခ်ိန္ဆုိ ေဟာ္မုန္းပါတဲ့နည္းေတြ သံုးလို႕မရဘူး။ သံုးရင္ အာနိသင္က်တတ္လို႕ ကုိယ္၀န္ရသြားတာမ်ိဳး ျဖစ္တတ္တယ္။ ေနာက္ျပီး လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြ၊ သားအိမ္အေနအထား အဆင္မေျပတာေတြ ရွိႏုိင္ရင္လည္း ဆရာ၀န္နဲ႕ စစ္ေဆးျပီး စိတ္ခ်ရမွ သားအိမ္ထဲထည္႕တာမ်ိဳး လုပ္သင့္တယ္။ ဒီလိုမ်ိဳး ဘယ္ေဆးက မတည္႕ဘူး၊ ဘယ္ေရာဂါနဲ႕ဆုိ အဆင္မေျပဘူးဆုိတာေတြကေတာ့ သာမန္လူတစ္ေယာက္အေနနဲ႕ မသိႏုိင္တာမို႕ ဆရာ၀န္ကုိသာ ေသခ်ာေျပာျပရမွာျဖစ္ပါတယ္။ ဒါမွ သူက အေကာင္းဆံုးအၾကံဉာဏ္ေတြ ေပးႏုိ္င္မွာပါ။
ခုေျပာခဲ့တဲ့အခ်က္ေတြကေတာ့ သားဆက္ျခားနည္းတစ္ခု သံုးေတာ့မယ္ဆုိရင္ ကုိယ္နဲ႕ဘယ္နည္းလမ္းနဲ႕က သင့္ေတာ္သလဲဆုိတာကို ေရြးခ်ယ္ႏုိင္ဖို႕အတြက္ အဆင့္ဆင့္စဥ္းစားသင့္တာေလးေတြ ျဖစ္ပါတယ္။ ဒီအေပၚ အေျခခံ၊ ဆရာ၀န္ဆရာမက ေျပာျပတဲ့ အခ်က္ေတြနဲ႕ ေပါင္းစပ္ျပီး ကုိယ္နဲ႕အသင့္ေတာ္ဆံုးျဖစ္မယ့္ သားဆက္ျခားနည္းကို ေရြးခ်ယ္ႏုိင္ၾကမယ္လို႕ ေမွ်ာ္လင့္ပါတယ္။
ဤေဆာင္းပါးကို က်န္းမာေရးႏွင့္ ေဆးပညာဝက္ဘ္ဆိုဒ္ hellosayarwon.com မွ ကူးယူေဖာ္ျပပါသည္။

#Unicode Version
သားဆက်ခြားတဲ့ကိစ္စဟာ အိမ်ထောင်သည်တိုင်းအတွက် အင်မတန်မှကို အရေးကြီးတဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။ မိခင်ကျန်းမာရေး၊ ကလေးကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေးစတဲ့ အကျိုးကျေးဇူူးတွေအများကြီးပဲ ရှိတာမို့ ဒါကို စုံတွဲတော်တော်များများက အလေးထား လုပ်ဆောင်လာကြပါတယ်။ ပူပူနွေးနွေး မင်္ဂလာဆောင်ပြီးသွားရင် စုံတွဲတစ်တွဲအနေနဲ့ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ် ဘဝတစ်ခုကို ဖြတ်သန်းမယ်၊ မျှော်မှန်းထားတဲ့ အခြေအနေတစ်ခုရောက်အောင် သွားကြမယ် ဆိုတဲ့အခါ အဆင်သင့်မဖြစ်သေးဘဲ ကလေးမရသွားအောင် ကြိုတင်ပြင်ဆင်လာကြတယ်။
အဲဒီအခါ အမျိုးသမီးတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ ကျွန်မနဲ့ အသင့်တော်ဆုံး သားဆက်ခြားနည်းက ဘာဖြစ်မလဲ ဆိုတာပါပဲ။ တစ်ခါမှကလည်း မသုံးဖူး၊ အရွယ်တွေက ငယ်သေးတော့ ဒီဆေးတွေ သုံးလို့ ၀လာပြီး မလှတော့မှာကလည်း စိုးသေးတယ်၊ ဒီကြားထဲမှာ တခြားအမျိုးသမီးကြီးတွေရဲ့ စကားကလည်း တစ်စွန်းတစ်စ ကြားထားလေတော့ ပိုပြီး ဝေခွဲရခက်နေတတ်ပါတယ်။
တကယ်တော့ ဘယ်နည်းလမ်းနဲ့ သင့်တော်တယ်ဆိုတာ ဘယ်သူကမှ ဆုံးဖြတ်ပေးလို့ မရပါဘူး။ အမျိုးသမီးတွေကိုယ်တိုင်ပဲ ဆုံးဖြတ်ရတာပါ။ ဒီလိုရွေးချယ်ဆုံးဖြတ်နိုင်ဖို့ကိုသာ ကျွန်တော်တို့ ဆရာဝန်တွေက ကူညီပေးရတာဖြစ်ပါတယ်။
ဒါကြောင့် အဲဒီလို မိသားစုစီမံကိန်းဆွဲတော့မယ်၊ သားဆက်ခြားဖို့အတွက် ပြင်ဆင်တော့မယ်ဆိုရင် စဉ်းစားသင့်တာတွေကို အဆင့်လိုက် ရေးသွားပါမယ်။
၁။ ဘယ်နှနှစ် ကိုယ်ဝန်တားထားချင်တာလဲ စစဉ်းစားပါ။
သားဆက်ခြားနည်းတွေမှာ ကာလတိုနည်းနဲ့ ကာလရှည်နည်းရယ်လို့ ရှိတယ်။ လပို်င်းလောက်၊ နှစ်အနည်းငယ်လောက်ပဲ တားထားမယ်ဆို ကွန်ဒုံး၊ ဆေးကတ်နဲ့ ထိုးဆေးတွေ သုံးလို့ရတယ်။ နှစ်ရှည်တားထားချင်တာဆို သားအိမ်ထဲထည့်တာ၊ လက်မောင်းထဲထည့်တာတွေ လုပ်လို့ရတယ်။ အရင်ကတော့ သားအိမ်ထဲထည့်တာက ကလေးတစ်ခါမှ မမွေးဖူးသေးရင် ထည့်လို့မရဘူး ပြောကြပေမယ့် ခုနောက်ပိုင်းမှာ ထည့်လို့ဖြစ်နိုင်တယ်လို့ ပြောလာကြတာမို့ သုံးမယ်ဆို အသုံးပြုနို်င်ပါတယ်။
၂။ ဟော်မုန်းရဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ အဆင်ပြေမပြေ စဉ်းစားပါ။
ကာလတိုနည်းထဲမှာလည်း ဟော်မုန်းပါတာနဲ့ မပါတာရှိသလို၊ ကာလရှည်နည်းတွေထဲမှာလည်း ရှိပါတယ်။ ဘာကွာမလဲဆိုတော့ ဟော်မုန်းပါတဲ့နည်းတွေသုံးရင် ဟော်မုန်းရဲ့ ဘေးထွက်ဆိုုကျိုးတွေကို ခံစားရတာမျိုး ရှိနိုင်တယ်။ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ အသားအရည်ပြောင်းသွားတာ၊ ခေါင်းမူးတာ၊ ပျို့အန်တာတွေ ဖြစ်တတ်တယ်။ ဒီနေရာမှာ တစ်ခု သိစေချင်တာက ဒါတွေဖြစ်ကိုဖြစ်မယ်လို့တော့ မဟုတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး၊ တချို့ဖြစ်တယ်၊ တချို့မဖြစ်ဘူး။ နောက်ပြီး ၀လာတာဆိုတာကလည်း ဒီနည်းတွေကြောင့် ၀တာက နည်းနည်းပဲ၊ အဓိကက အသက်အရွယ်နဲ့ နေထိုင်မှုပုံစံကြောင့်သာ ၀လာတာဖြစ်တယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ အစားရှောင်မယ်၊ လေ့ကျင့်ခန်းများများ လုပ်မယ်ဆိုရင် ၀မလာအောင် ထိန်းထားလို့ရမယ်။ ကာလတိုနည်းဖြစ်တဲ့ ကွန်ဒုံးနဲ့ ကာလရှည်နည်းထဲက တစ်ခုဖြစ်တဲ့ သားအိမ်တွင်းထည့်ပစ္စည်းတို့က ဟော်မုန်းမပါတာမို့ ဒီလိုဘေးထွက်ဆိုးကျိုးတွေ မခံစားချင်ဘူးဆိုရင် ရွေးချယ်လို့ရတယ်။
သားဆက်ခြားနည်းတစ်ခုကို ရွေးတော့မယ်ဆို အဓိက စဉ်းစားရမှာက ဒီနှစ်ခုပါပဲ။ ဘယ်နှနှစ်တားချင်တာလဲ၊ ဟော်မုန်းပါတာဆို အဆင်ပြေမလား။ ဒီလောက်ဆို တော်တော်လေးလည်း စဉ်းစားရလွယ်လာပြီ။ ပြီးတော့မှ အသေးစိတ် ထပ်စဉ်းစားရမှာတချို့ကို ဆက်ရေးပါမယ်။
၃။ ရာသီပုံမှန်ပေါ်မှ အဆင်ပြေတာလား
ကွန်ဒုံးနဲ့ သားအိမ်တွင်းထည့်ပစ္စည်းကတော့ ရာသီပုံမှန်ပေါ်တယ်။ နေ့စဉ်သောက်ဆေးကတ်ကလည်း နောက်ဆုံးတန်း အားဆေးလုံးတွေ သောက်နေပြီဆိုရင် သွေးဆင်းလာတတ်တယ်။ ၃လခံထိုးဆေးနဲ့ လက်မောင်းတွင်းထည့်ပစ္စည်းကတော့ ရာသီမပေါ်တာများတယ်။ အဲ့လိုမပေါ်လို့လည်း ဘာရောဂါမှတော့ မဖြစ်ဘူး။ သူ့ရဲ့ အာနိသင်ကြောင့် ဖြစ်တာပဲ။ ဒီအခါ တချို့အမျိုးသမီးတွေက အလုပ်ရှုပ်တောင် သက်သာသေးတယ် ဆိုပြီး သဘောကျပေမယ့် တချို့အမျိုးသမီးတွေကတော့ ရာသီမပေါ်ရင် မနေတတ်ဘူး၊ မိန်းမမဆန်သလို ခံစားရတယ်လို့ ထင်တတ်ကြတယ်။ ဒီလိုဆိုရင်တော့ ရာသီမပေါ်တတ်တဲ့နည်းတွေကို အသုံးပြုဖို့ အဆင်ပြေနိုင် မပြေနိုင် သေချာစဉ်းစားသင့်တယ်။
၄။ ကလေး ချက်ချင်းပြန်ရမှ အဆင်ပြေတာလား
သားဆက်ခြားနည်းတွေ အားလုံးထဲမှာ ၃ လခံထိုးဆေးမှာပဲရှိတဲ့ ထူးခြားချက်တစ်ခုက အာနိသင်ကျန်တတ်တာပါပဲ။ ဆိုလိုတာက ဆေးထိုးရပ်လိုက်ပေမယ့် ကလေးချက်ချင်း ပြန်မရတတ်ဘူး။ လုံးမဝမရနိုင်တော့တာ မဟုတ်ပေမယ့် လအနည်းငယ်စောင့်ရတတ်တယ်။ ပြီးတဲ့အခါ ကိုယ်ဝန်ပြန်ရလာလိမ့်မယ်။ ဒါပေမယ့်လည်း ကိုယ်ဝန်လိုချင်ရင် ချက်ချင်းရမှဖြစ်မယ် ဆိုတဲ့ စုံတွဲမျိုးတွေအတွက်တော့ ဒါကို သေချာစဉ်းစားရမယ်။ အထူးသဖြင့်၊ ကလေးရပြီးသားစုံတွဲဆို ပြဿနာမရှိပေမယ့် ကလေးတစ်ခါမှ မမွေးဖူးသေးရင်တော့ ပိုလို့ သတိထားရပါလိမ့်မယ်။
၅။ တစ်နေ့တစ်လုံး သောက်ဖို့ အဆင်ပြေနိုင်လား
ဒါက နေ့စဉ်သောက်ဆေးကတ်ကို ရွေးတော့မယ်ဆို ကိုယ့်ကိုယ်ကိုယ် မဖြစ်မနေ မေးသင့်တဲ့မေးခွန်းပါ။ နေ့စဉ်နေ့တိုင်း အချိန်မှန်ဆေးသောက်ဖို့ဆိုတာ ထင်သလောက် မလွယ်ပါဘူး။ ဒါကြောင့်မို့ ကိုယ်ဟာ ဒီလိုသောက်နို်င်တဲ့ အခြေအနေရှိလား စဉ်းစားပါ။ နောက်ပြီး ဆေးသောက်ဖို့ မေ့ခဲ့ရင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း သိအောင် လုုပ်ထားစေချင်ပါတယ်။ ဒီဆေးကတ် သောက်နေတဲ့ အမျိုးသမီးအများစုဟာ သောက်သာသောက်နေကြတယ်၊ မေ့ခဲ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာကို မှန်မှန်ကန်ကန် သိမနေကြပါဘူး။
၆။ အမျိုးသားရဲ့ ဆန္ဒ
သားဆက်ခြားတဲ့ကိစ္စဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဆိုပေမယ့် ကွန်ဒုံးလို နည်းလမ်းမျိုးကျ အမျိုးသားရဲ့ပူးပေါင်းပါ၀င်မှု လိုအပ်ပါတယ်။ သားအိမ်ထဲထည့်တာဆိုလည်း အမျိုးသားက သဘောမကျဘူး ဆိုတာတွေ ရှိတတ်တာမို့ သူနဲ့တိုင်ပင်ပြီးမှ ရွေးချယ်တာ ပိုအဆင်ပြေပါတယ်။ ဆေးခန်းသွားတဲ့အခါ ဆရာဝန်နဲ့ ဆွေးနွေးရင် သူ့ကိုပါ တစ်ပါတည်း ခေါ်သွားတာမျိုး လုပ်နိုင်ပါတယ်။
၇။ သောက်နေတဲ့ဆေးနဲ့ ဖြစ်နေတဲ့ရောဂါတွေ
ဥပမာ တီဘီဆေးသောက်နေတဲ့အချိန်ဆို ဟော်မုန်းပါတဲ့နည်းတွေ သုံးလို့မရဘူး။ သုံးရင် အာနိသင်ကျတတ်လို့ ကိုယ်ဝန်ရသွားတာမျိုး ဖြစ်တတ်တယ်။ နောက်ပြီး လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ၊ သားအိမ်အနေအထား အဆင်မပြေတာတွေ ရှိနိုင်ရင်လည်း ဆရာဝန်နဲ့ စစ်ဆေးပြီး စိတ်ချရမှ သားအိမ်ထဲထည့်တာမျိုး လုပ်သင့်တယ်။ ဒီလိုမျိုး ဘယ်ဆေးက မတည့်ဘူး၊ ဘယ်ရောဂါနဲ့ဆို အဆင်မပြေဘူးဆိုတာတွေကတော့ သာမန်လူတစ်ယောက်အနေနဲ့ မသိနိုင်တာမို့ ဆရာဝန်ကိုသာ သေချာပြောပြရမှာဖြစ်ပါတယ်။ ဒါမှ သူက အကောင်းဆုံးအကြံဉာဏ်တွေ ပေးနို်င်မှာပါ။
ခုပြောခဲ့တဲ့အချက်တွေကတော့ သားဆက်ခြားနည်းတစ်ခု သုံးတော့မယ်ဆိုရင် ကိုယ်နဲ့ဘယ်နည်းလမ်းနဲ့က သင့်တော်သလဲဆိုတာကို ရွေးချယ်နိုင်ဖို့အတွက် အဆင့်ဆင့်စဉ်းစားသင့်တာလေးတွေ ဖြစ်ပါတယ်။ ဒီအပေါ် အခြေခံ၊ ဆရာဝန်ဆရာမက ပြောပြတဲ့ အချက်တွေနဲ့ ပေါင်းစပ်ပြီး ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် သားဆက်ခြားနည်းကို ရွေးချယ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။
ဤဆောင်းပါးကို ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

0 Comments