သင္ သိပါသလား ???
စိတ္ေက်နပ္စရာ အခ်ိန္တစ္ခုကို
ႏွစ္ဦးသားအတူတူျဖတ္သန္းခဲ့ၿပီးမွ သင္လုပ္ေဆာင္လိုက္တဲ့ အရာတစ္ခုက
သင့္ပါတနာကို စိတ္ပ်က္သြားေစႏိုင္တယ္ဆိုတာ…..
ခ်စ္တင္းေႏွာျခင္းဟာ
ႏွစ္ဦးႏွစ္ဖက္စလံုးအတြက္ သာယာေက်နပ္မႈကို ေပးစြမ္းႏိုင္ပါတယ္။ ဒါေပမယ့္
အတူေနၿပီးခ်ိန္မွာ မရည္ရြယ္ပဲနဲ႔ လုပ္လိုက္မဲ့ အရာတစ္ခုက သင့္ပါတနာရဲ႕
စိတ္ခံစားမႈကို ထိခိုက္ေစႏိုင္ပါတယ္။ ေနာက္တစ္ခါ အတူေနဖို႔အတြက္
အဆင္မေျပတာမ်ိဳးေတြအထိ ျဖစ္လာႏိုင္ပါတယ္။
အိပ္ေပ်ာ္သြားတာ
ဒီကိစၥက
စံုတြဲေတာ္ေတာ္မ်ားမ်ားမွာ အျဖစ္မ်ားပါတယ္။ ႏွစ္ေယာက္ထဲက တစ္ေယာက္ကေတာ့
ခ်စ္တင္းေႏွာၿပီးၿပီးခ်င္းမွာ တခ်ိဳးတည္းအိပ္ေပ်ာ္သြားတာမ်ိဳး
ျဖစ္တတ္ပါတယ္။ ဒီလိုလုပ္တာဟာ သာယာေက်နပ္မႈကို ဖ်က္စီးတာနဲ႔ အတူတူပါပဲ။
တခ်ိဳးတည္းအိပ္ေပ်ာ္သြားတာဟာ အတူေနခဲ့ရတဲ့ သာယာေက်နပ္မႈေတြကို
မခံစားတတ္တဲ့သေဘာျဖစ္ပါတယ္။
ေရခ်ိဳးခန္းသြားတာ
အတူမေနခင္မွာ
ေရအတူခ်ိဳးတာက အေကာင္းဆံုးအပ်ိဳးျဖစ္ေစႏိုင္ေပမယ့္
ခ်စ္တင္းေႏွာၿပီးၿပီးခ်င္း ေရခ်ိဳးခန္းထဲမွာ သြားၿပီး သန္႔ရွင္းေရးလုပ္တာက
မမွန္ကန္ပါဘူး။ အတူေနေနခ်ိန္မွာ ဘယ္လိုမွမေနေပမယ့္ ကိစၥၿပီးသြားရင္ေတာ့
သန္႔ရွင္းေရးတန္းလုပ္တတ္သူေတြ ရွိပါတယ္။ ဒီလိုလုပ္တာဟာ
ဘာမွမျဖစ္ေလာက္ပါဘူးလို႔ ထင္ရေပမယ့္ တစ္ဖက္လူက အတူဆက္ေနခ်င္ေသးလားဆိုတာကို
ထည့္မေတြးတာပဲျဖစ္ပါတယ္။ ေနာက္တစ္ခုက အတူေနခဲ့တာနဲ႔ပတ္သက္ၿပီး
အဆင္မေျပဘူးမ်ားလားလို႔ ေတြးမိေစႏိုင္ပါတယ္။
ဖုန္းဆက္တာ
ခ်စ္တင္းေႏွာၿပီးခါစမွာ
စံုတြဲေတြလုပ္တတ္ၾကတဲ့ ေနာက္ထပ္အမွားတစ္ခုက ဖုန္းဆက္တာပဲျဖစ္ပါတယ္။
ဒီလိုသာယာေက်နပ္စရာအခ်ိန္ထက္ ဘာေတြက ပိုအေရးႀကီးေနတာလဲ။ မနက္ေရာက္မွာ
ေျပာလို႔ေရာ မရဘူးလား။ ဒါတင္မဟုတ္ေသးပါဘူး။ ခ်စ္တင္းေႏွာေတာ့မယ္ဆိုရင္
သင့္ဖုန္းကေန မက္ေဆ့ဂ်္ေတြ၊ ဖုန္းေခၚဆိုမႈေတြ ၀င္လာမလား
ေမွ်ာ္လင့္မေနသင့္ပါဘူး။ သင့္မ်က္လံုးနဲ႔ နားက ဖုန္းဆီကိုပဲ ေရာက္ေနရင္
အတူေနဖက္ ပါတနာအေပၚမွာ စိတ္မ၀င္စားရာေရာက္ၿပီး ေပ်ာ္ရႊင္မႈကို
ပ်က္စီးေစပါတယ္။
စာဖတ္တာ ဒါမွမဟုတ္ အလုပ္တန္းလုပ္တာ
ခ်စ္တင္းေႏွာေနတဲ့
အခ်ိန္မွာ ေခါင္းထဲမွာ ဘာအေၾကာင္းစဥ္းစားေနလဲဆိုတာက ေမးခြန္းတစ္ခုပါ။
အတူေနၿပီးၿပီးခ်င္းမွာ စာဖတ္တာ၊ အလုပ္ေတြ တန္းလုပ္တာဟာ ဒီေမးခြန္းကို
ေျဖလိုက္သလိုပါပဲ။ ကိစၥၿပီးသြားတိုင္း ခ်စ္တင္းေႏွာတာ
ၿပီးသြားတာမဟုတ္ပါဘူး။ အိပ္ရာထဲမွာ အတူေနၿပီး သာယာေက်နပ္မႈေလးေတြကို
ဆက္လက္ခံစားတတ္ဖို႔ လိုပါတယ္။
အိပ္ရာခြဲအိပ္တာ
သင္တို႔ႏွစ္ဦးက
အိပ္ရာခြဲအိပ္ေလ့ရွိတယ္ဆိုရင္ေတာင္မွ ခ်စ္တင္းေႏွာျဖစ္တဲ့ညမ်ိဳးမွာေတာ့
ခြဲမအိပ္သင့္ပါဘူး။ အတူေနၿပီးေတာ့မွာ အိပ္ရာထဲမွာ သင့္ပါတနာကို ထားခဲ့ၿပီး
တျခားမွာသြားအိပ္တာက နည္းလမ္းမက်ပါဘူး။ ဒီတစ္ညအတြက္ သာယာေက်နပ္မႈကို
ပ်က္စီးေစ႐ုံသာမက ေနာက္ထပ္ညေတြအတြက္ပါ စိတ္ပ်က္စရာျဖစ္ေစႏိုင္ပါတယ္။
ကေလးေတြကို ေခၚသိပ္တာ
ႏွစ္ဦးၾကားက
သီးျခားက႑ကို ဘယ္သူတစ္ဦးတစ္ေယာက္ကိုမွ ၀င္ေရာက္စြက္ဖက္ျခင္း
မရွိေစရပါဘူး။ ကေလးေတြဆိုရင္ ပိုလို႔ေတာင္ မျဖစ္သင့္ပါဘူး။
တစ္ခ်ိဳ႕အမ်ိဳးသမီးေတြက ကေလးေတြနဲ႔ အတူအိပ္ခ်င္တဲ့အတြက္
ခ်စ္တင္းေႏွာၿပီးတဲ့အခါမွာ ကေလးေတြကို ေခၚသိပ္တတ္ပါတယ္။ ဒီလိုလုပ္တာဟာ
သင့္ပါတနာက အတူေနၿပီးရင္လည္း ေနာက္ထပ္သာယာေက်နပ္စရာတစ္ခုခုကို
စီစဥ္ထားမယ္ဆိုရင္ စိတ္ပ်က္စရာျဖစ္သြားမွာ ေသခ်ာပါတယ္။
အစားစားတာ
အတူမေနခင္မွာ
႐ိုမန္းတစ္ဆန္တဲ့ ညစာကို အတူစားတာက အရမ္းေကာင္းတဲ့အခ်က္ပါ။ ဒါေပမယ့္
အတူေနၿပီးမွ မီးဖိုခန္းထဲသြားၿပီး စားစရာတစ္ခုခုရွာစားတာက
စိတ္ပ်က္စရာေကာင္းပါတယ္။ ဒီလိုလုပ္တာက သင့္အေနနဲ႔ အတူေနေနခ်ိန္မွာ
ဗိုက္ဆာေနၿပီး အစားစားဖို႔ပဲ ေတြးေနတဲ့အတြက္ သာယာမႈကို
မခံစားႏိုင္ျဖစ္ေနတယ္လို႔ သင့္ပါတနာက ထင္သြားေစႏိုင္ပါတယ္။
Credit: Gentleman Magazine
Unicode
သင် သိပါသလား ???
စိတ်ကျေနပ်စရာ အချိန်တစ်ခုကို
နှစ်ဦးသားအတူတူဖြတ်သန်းခဲ့ပြီးမှ သင်လုပ်ဆောင်လိုက်တဲ့ အရာတစ်ခုက
သင့်ပါတနာကို စိတ်ပျက်သွားစေနိုင်တယ်ဆိုတာ…..
ချစ်တင်းနှောခြင်းဟာ
နှစ်ဦးနှစ်ဖက်စလုံးအတွက် သာယာကျေနပ်မှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့်
အတူနေပြီးချိန်မှာ မရည်ရွယ်ပဲနဲ့ လုပ်လိုက်မဲ့ အရာတစ်ခုက သင့်ပါတနာရဲ့
စိတ်ခံစားမှုကို ထိခိုက်စေနိုင်ပါတယ်။ နောက်တစ်ခါ အတူနေဖို့အတွက်
အဆင်မပြေတာမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။
အိပ်ပျော်သွားတာ
ဒီကိစ္စက
စုံတွဲတော်တော်များများမှာ အဖြစ်များပါတယ်။ နှစ်ယောက်ထဲက တစ်ယောက်ကတော့
ချစ်တင်းနှောပြီးပြီးချင်းမှာ တချိုးတည်းအိပ်ပျော်သွားတာမျိုး
ဖြစ်တတ်ပါတယ်။ ဒီလိုလုပ်တာဟာ သာယာကျေနပ်မှုကို ဖျက်စီးတာနဲ့ အတူတူပါပဲ။
တချိုးတည်းအိပ်ပျော်သွားတာဟာ အတူနေခဲ့ရတဲ့ သာယာကျေနပ်မှုတွေကို
မခံစားတတ်တဲ့သဘောဖြစ်ပါတယ်။
ရေချိုးခန်းသွားတာ
အတူမနေခင်မှာ
ရေအတူချိုးတာက အကောင်းဆုံးအပျိုးဖြစ်စေနိုင်ပေမယ့်
ချစ်တင်းနှောပြီးပြီးချင်း ရေချိုးခန်းထဲမှာ သွားပြီး သန့်ရှင်းရေးလုပ်တာက
မမှန်ကန်ပါဘူး။ အတူနေနေချိန်မှာ ဘယ်လိုမှမနေပေမယ့် ကိစ္စပြီးသွားရင်တော့
သန့်ရှင်းရေးတန်းလုပ်တတ်သူတွေ ရှိပါတယ်။ ဒီလိုလုပ်တာဟာ
ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်ရပေမယ့် တစ်ဖက်လူက အတူဆက်နေချင်သေးလားဆိုတာကို
ထည့်မတွေးတာပဲဖြစ်ပါတယ်။ နောက်တစ်ခုက အတူနေခဲ့တာနဲ့ပတ်သက်ပြီး
အဆင်မပြေဘူးများလားလို့ တွေးမိစေနိုင်ပါတယ်။
ဖုန်းဆက်တာ
ချစ်တင်းနှောပြီးခါစမှာ
စုံတွဲတွေလုပ်တတ်ကြတဲ့ နောက်ထပ်အမှားတစ်ခုက ဖုန်းဆက်တာပဲဖြစ်ပါတယ်။
ဒီလိုသာယာကျေနပ်စရာအချိန်ထက် ဘာတွေက ပိုအရေးကြီးနေတာလဲ။ မနက်ရောက်မှာ
ပြောလို့ရော မရဘူးလား။ ဒါတင်မဟုတ်သေးပါဘူး။ ချစ်တင်းနှောတော့မယ်ဆိုရင်
သင့်ဖုန်းကနေ မက်ဆေ့ဂျ်တွေ၊ ဖုန်းခေါ်ဆိုမှုတွေ ဝင်လာမလား
မျှော်လင့်မနေသင့်ပါဘူး။ သင့်မျက်လုံးနဲ့ နားက ဖုန်းဆီကိုပဲ ရောက်နေရင်
အတူနေဖက် ပါတနာအပေါ်မှာ စိတ်မဝင်စားရာရောက်ပြီး ပျော်ရွှင်မှုကို
ပျက်စီးစေပါတယ်။
စာဖတ်တာ ဒါမှမဟုတ် အလုပ်တန်းလုပ်တာ
ချစ်တင်းနှောနေတဲ့
အချိန်မှာ ခေါင်းထဲမှာ ဘာအကြောင်းစဉ်းစားနေလဲဆိုတာက မေးခွန်းတစ်ခုပါ။
အတူနေပြီးပြီးချင်းမှာ စာဖတ်တာ၊ အလုပ်တွေ တန်းလုပ်တာဟာ ဒီမေးခွန်းကို
ဖြေလိုက်သလိုပါပဲ။ ကိစ္စပြီးသွားတိုင်း ချစ်တင်းနှောတာ
ပြီးသွားတာမဟုတ်ပါဘူး။ အိပ်ရာထဲမှာ အတူနေပြီး သာယာကျေနပ်မှုလေးတွေကို
ဆက်လက်ခံစားတတ်ဖို့ လိုပါတယ်။
အိပ်ရာခွဲအိပ်တာ
သင်တို့နှစ်ဦးက
အိပ်ရာခွဲအိပ်လေ့ရှိတယ်ဆိုရင်တောင်မှ ချစ်တင်းနှောဖြစ်တဲ့ညမျိုးမှာတော့
ခွဲမအိပ်သင့်ပါဘူး။ အတူနေပြီးတော့မှာ အိပ်ရာထဲမှာ သင့်ပါတနာကို ထားခဲ့ပြီး
တခြားမှာသွားအိပ်တာက နည်းလမ်းမကျပါဘူး။ ဒီတစ်ညအတွက် သာယာကျေနပ်မှုကို
ပျက်စီးစေရုံသာမက နောက်ထပ်ညတွေအတွက်ပါ စိတ်ပျက်စရာဖြစ်စေနိုင်ပါတယ်။
ကလေးတွေကို ခေါ်သိပ်တာ
နှစ်ဦးကြားက
သီးခြားကဏ္ဍကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဝင်ရောက်စွက်ဖက်ခြင်း
မရှိစေရပါဘူး။ ကလေးတွေဆိုရင် ပိုလို့တောင် မဖြစ်သင့်ပါဘူး။
တစ်ချို့အမျိုးသမီးတွေက ကလေးတွေနဲ့ အတူအိပ်ချင်တဲ့အတွက်
ချစ်တင်းနှောပြီးတဲ့အခါမှာ ကလေးတွေကို ခေါ်သိပ်တတ်ပါတယ်။ ဒီလိုလုပ်တာဟာ
သင့်ပါတနာက အတူနေပြီးရင်လည်း နောက်ထပ်သာယာကျေနပ်စရာတစ်ခုခုကို
စီစဉ်ထားမယ်ဆိုရင် စိတ်ပျက်စရာဖြစ်သွားမှာ သေချာပါတယ်။
အစားစားတာ
အတူမနေခင်မှာ
ရိုမန်းတစ်ဆန်တဲ့ ညစာကို အတူစားတာက အရမ်းကောင်းတဲ့အချက်ပါ။ ဒါပေမယ့်
အတူနေပြီးမှ မီးဖိုခန်းထဲသွားပြီး စားစရာတစ်ခုခုရှာစားတာက
စိတ်ပျက်စရာကောင်းပါတယ်။ ဒီလိုလုပ်တာက သင့်အနေနဲ့ အတူနေနေချိန်မှာ
ဗိုက်ဆာနေပြီး အစားစားဖို့ပဲ တွေးနေတဲ့အတွက် သာယာမှုကို
မခံစားနိုင်ဖြစ်နေတယ်လို့ သင့်ပါတနာက ထင်သွားစေနိုင်ပါတယ်။
Credit: Gentleman Magazine

0 Comments