Last post

သင္ဟာ လိင္စိတ္အထြတ္အထိပ္ေရာက္ၿပီး အခ်ိန္ဘယ္ေလာက္အၾကာတြင္ ေနာက္တစ္ၾကိမ္ ျပန္စႏိုင္သလဲ


အမ်ဳိးသားႏွင့္ အမ်ဳိးသမီးမ်ားတြင္ ဘယ္သူက လိင္ပုိင္းဆုိင္ရာႏွင့္ ပတ္သက္ၿပီး ပုိစိတ္ဝင္စားမွဳ ရွိတယ္ဆုိတာကုိ ေျပာရခက္ပါတယ္။ လိင္တစ္ခါဆက္ဆံတုိင္းမွာ အႀကိမ္မ်ားစြာ ဆႏၵၿပီးေျမာက္ႏုိင္တယ္လုိ႔ လိင္ပုိင္းဆုိင္ရာ အေတြ႕အၾကဳံရွိသူ အမ်ဳိးသမီး အခ်ဳိ႕ကေျပာေလ့ရွိၾကပါတယ္။ အခ်ဳိ႕အမ်ဳိးသားမ်ားကေတာ့ သူတုိ႔ရဲ႕ လိင္တံ ေထာင္မတ္မွဳ ဆုံးရွဳံးသြားျခင္းမရွိဘူးဆိုရင္ အႀကိမ္ေပါင္းမ်ားစြာ စိတ္ဆႏၵ ၿပီးေျမာက္ႏုိင္တယ္လုိ႔ ဆုိၾကပါတယ္။ အျခားသူမ်ားကေတာ့ လိင္စိတ္အထြတ္အထိပ္ ေနာက္ထပ္ မျဖစ္ခင္ အခ်ိန္ေစာင့္ရတယ္လုိ႔ ဆုိၾကပါတယ္။
လိင္ဆႏၵၿပီးေျမာက္သြားတဲ့ေနာက္ အမ်ဳိးသားႏွင့္ အမ်ဳိးသမီးေတြ ေနာက္ တစ္ၾကိမ္ျပန္စဖို႔ အခ်ိန္ယူရေသာ ကာလ။
အမ်ဳိးသားမ်ားဟာ ဒီ ျပန္ေစာင့္ရေသာ အခ်ိန္ကာလသည္ အနည္းဆုံး မိနစ္ ၃၀ မွ ၄၀ ၾကား လုိအပ္တယ္လုိ႔ လူအမ်ားက ယုံၾကည္ၾကပါတယ္။ သုိ႔ေသာ္ လြတ္လပ္စြာ ေတြးေခၚႏုိင္ပါတယ္။ ကၽြႏု္ပ္တုိ႔မွာ ၎ႏွင့္ ပတ္သက္ၿပီး အခ်က္အလက္ အတိအက်မရွိပါဘူး။ ဒါေၾကာင့္ မတူညီေသာ ၾကာခ်ိန္မ်ားကို ပုံမွန္ မဟုတ္ဘူးလုိ႔ မေျပာႏုိင္ပါဘူး။ ျပႆနာကေတာ့ ဒီၾကာတဲ့ အခ်ိန္ကုိ ကၽြႏ္ုပ္တုိ႔ဟာ မစစ္ေဆးႏုိင္ပါဘူး။ အေျခအေနေပၚမူတည္ၿပီး ဒီ ၾကာခ်ိန္ဟာ အမ်ဳိးမ်ဳိး ကဲြျပားျခားနားႏုိင္ပါတယ္။
ဒီ လိင္စိတ္အထြတ္အထိ္ပ္ တစ္ခု ႏွင့္ တစ္ခု ၾကားၾကာခ်ိန္ဟာ လိင္စိတ္ဆႏၵျပီးေျမာက္ခ်ိိန္ ႏွင့္ ဟာ မိမိရဲ႕ လိင္ဆက္ဆံေဖာ္က ေနာက္တစ္ႀကိမ္ လိင္ဆက္ဆံလုိစိတ္ေပၚမွာလည္း မူတည္ပါေသးတယ္။ ဘယ္လုိအေၾကာင္းျပခ်က္မ်ဳိးပဲ ရွိေနပါေစ ကိစၥ မရွိပါဘူး။ တကယ္လုိ႔ အမ်ဳိးသားဟာ မိမိရဲ႕ ဆက္ဆံေဖာ္ အေၾကာင္းကုိ ေသခ်ာအားလုံး သိေနမယ္ဆုိရင္ ေနာက္ပုိင္းမွာ အမ်ဳိးသားရဲ႕ လိင္စိတ္အထြတ္အထိပ္ၾကား ၾကာခ်ိန္ဟာလည္း တုိေတာင္းလာႏုိင္ပါတယ္။
တကယ္တမ္း လိင္စိတ္ဆႏၵ ၿပီးေျမာက္ျခင္းဟာ ရုပ္ရွင္ေတြထဲကနဲ႔ မတူပါဘူး။
အမ်ဳိးသမီးမ်ားႏွင့္ မတူတာကေတာ့ အမ်ဳိးသားမ်ားဟာ ေနာက္တစ္ႀကိမ္ အတူမေနခင္မွာ အခ်ိန္ယူရပါတယ္။ ၎အခ်ိန္ဆုိတာ သင့္ရဲ႕ ပထမဆုံး လိင္စိတ္ၿပီးေျမာက္ျခင္း အခ်ိန္ကေန စၿပီးေနာက္တစ္ႀကိမ္ သုက္္ရည္ထြက္ကာ လိင္စိတ္ၿပီးေျမာက္သြားတဲ့ အခ်ိန္ၾကား ၾကာတဲ့ ကာလကုိ ေျပာတာျဖစ္ပါတယ္။ တစ္ဖက္ကေျပာရမယ္ဆုိရင္ ရုပ္ရွင္ေတြထဲမွာ ေတြ႕ရတဲ့ လိင္မွဳ ဆုိင္ရာ အေျခအေနေတြဟာ တကယ္ဘဝနဲ႔ အရမ္းကုိ ကြာျခားပါတယ္။ ရုပ္ရွင္ေတြထဲမွာ ဆုိရင္ မင္းသားဟာ တစ္ညမွာ အႀကိမ္ေပါင္းမ်ားစြာ ခ်စ္တင္းေႏွာ ၿပီး နာရီအနည္းငယ္အတြင္းမွာပင္ ၃၊ ၄ ႀကိမ္ေလာက္ ေတာင္ ထပ္ၿပီး ခ်စ္တင္းေႏွာ ႏုိင္ပါတယ္။ သုိ႔ေသာ္ ဒါဟာ မမွန္ကန္ပါဘူး။ ဆီးႏွင့္ ေက်ာက္ကပ္ဆုိင္ရာ ကုသေသာ ဆရာဝန္မ်ားက ၎မင္းသားမ်ားကဲ့သုိ႔ လုိက္မလုပ္ၾကဖုိ႔ အၾကံေပးထားပါတယ္။ ဘာေၾကာင့္လဲ ဆုိရင္ ဒါဟာ အရမ္း အနၱရာယ္မ်ားလြန္းတဲ့ အတြက္ေၾကာင့္ျဖစ္ပါတယ္။ အမ်ဳိးသားတစ္ေယာက္ဟာ သုက္ရည္ထြက္သြားၿပီးလုိ႔ ေနာက္တစ္ႀကိမ္ လိင္အဂါၤ ျပန္ေတာင့္တင္းလာဖုိ႔အတြက္ကေတာ့ အနည္းဆုံး ၂နာရီကေန ၃ နာရီၾကား အခ်ိန္ယူရပါတယ္။
သုက္ရည္ထြက္သြားျခင္းဟာ သုက္ပုိးပမာဏကုိ ခ်က္ခ်င္း က်သြားေစႏုိင္ၿပီး သာမန္ အမ်ဳိးသား တစ္ေယာက္ဟာဆုိရင္ ၎ကုိ ျပန္ျဖည့္ဖုိ႔ရာ အခ်ိန္လုိပါတယ္။ တကယ္လုိ႔ အမ်ဳိးသား တစ္ေယာက္ဟာ အခ်ိန္တုိအတြင္းမွာပဲ သုက္ရည္ကုိ ၂ ႀကိမ္ထက္ပုိၿပီး ထုတ္လႊတ္တယ္ဆုိရင္ ၎ဟာ မ်ဳိးမေအာင္ျခင္း၊ ျမဳံျခင္းကုိ ျဖစ္ေစႏုိင္ပါတယ္။ ဒါေၾကာင့္ ေဆးပညာဆုိင္ရာ ကြ်မ္းက်င္သူမ်ားက အမ်ဳိးသားမ်ားဟာ သုက္ပိုးပမာဏ အျမင့္ဆံုးရေအာင္ ေနာက္တစ္ႀကိမ္ သုက္ရည္ မထုတ္လႊတ္ခင္ အနည္းဆုံး ၂ရက္ေလာက္ ေစာင့္သင့္တယ္လုိ႔ အၾကံေပးထားပါတယ္။
အတုိခ်ဳံ႕ေျပာရမယ္ဆုိရင္ အမ်ဳိးမ်ဳိးေသာ လူေနမွဳ ပုံစံ အခ်က္အလက္မ်ားက သင့္ရဲ႕ လိင္ပုိင္းဆုိင္ရာ အျပဳအမူေတြေပၚမွာ အက်ဳိးသက္ေရာက္မွဳ ရွိပါတယ္။ ဥပမာ အားျဖင့္ ပုံမွန္ တစ္ကုိယ္ေတာ္ လိင္စိတ္ေျဖေဖ်ာက္ျခင္း သုိ႔မဟုတ္ အရက္ေသာက္ျခင္းဟာဆုိရင္ သင့္ကုိ ျပန္လည္အားျပည့္ဖုိ႔ရာ အခ်ိန္မ်ားစြာ လုိပါလိမ့္မယ္။ လိင္စိတ္ဆႏၵ ၿပီးေျမာက္ျခင္း အခ်ိန္ ၂ခုၾကားမွာ ဘယ္လုိပဲ ပုံမွန္ အခ်ိန္ၾကာသည္ျဖစ္ပါေစ တစ္ရက္ေလာက္ ေစာင့္လုိက္ျခင္းကေတာ့ အႏၱရာယ္ ကင္းေစႏုိင္ပါတယ္။
credit: Hello Health Group

#Unicode Version
အမျိုးသားနှင့် အမျိုးသမီးများတွင် ဘယ်သူက လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး ပိုစိတ်ဝင်စားမှု ရှိတယ်ဆိုတာကို ပြောရခက်ပါတယ်။ လိင်တစ်ခါဆက်ဆံတိုင်းမှာ အကြိမ်များစွာ ဆန္ဒပြီးမြောက်နိုင်တယ်လို့ လိင်ပိုင်းဆိုင်ရာ အတွေ့အကြုံရှိသူ အမျိုးသမီး အချို့ကပြောလေ့ရှိကြပါတယ်။ အချို့အမျိုးသားများကတော့ သူတို့ရဲ့ လိင်တံ ထောင်မတ်မှု ဆုံးရှုံးသွားခြင်းမရှိဘူးဆိုရင် အကြိမ်ပေါင်းများစွာ စိတ်ဆန္ဒ ပြီးမြောက်နိုင်တယ်လို့ ဆိုကြပါတယ်။ အခြားသူများကတော့ လိင်စိတ်အထွတ်အထိပ် နောက်ထပ် မဖြစ်ခင် အချိန်စောင့်ရတယ်လို့ ဆိုကြပါတယ်။
လိင်ဆန္ဒပြီးမြောက်သွားတဲ့နောက် အမျိုးသားနှင့် အမျိုးသမီးတွေ နောက် တစ်ကြိမ်ပြန်စဖို့ အချိန်ယူရသော ကာလ။
အမျိုးသားများဟာ ဒီ ပြန်စောင့်ရသော အချိန်ကာလသည် အနည်းဆုံး မိနစ် ၃၀ မှ ၄၀ ကြား လိုအပ်တယ်လို့ လူအများက ယုံကြည်ကြပါတယ်။ သို့သော် လွတ်လပ်စွာ တွေးခေါ်နိုင်ပါတယ်။ ကျွနု်ပ်တို့မှာ ၎င်းနှင့် ပတ်သက်ပြီး အချက်အလက် အတိအကျမရှိပါဘူး။ ဒါကြောင့် မတူညီသော ကြာချိန်များကို ပုံမှန် မဟုတ်ဘူးလို့ မပြောနိုင်ပါဘူး။ ပြဿနာကတော့ ဒီကြာတဲ့ အချိန်ကို ကျွန်ုပ်တို့ဟာ မစစ်ဆေးနိုင်ပါဘူး။ အခြေအနေပေါ်မူတည်ပြီး ဒီ ကြာချိန်ဟာ အမျိုးမျိုး ကွဲပြားခြားနားနိုင်ပါတယ်။
ဒီ လိင်စိတ်အထွတ်အထိ်ပ် တစ်ခု နှင့် တစ်ခု ကြားကြာချိန်ဟာ လိင်စိတ်ဆန္ဒပြီးမြောက်ချိိန် နှင့် ဟာ မိမိရဲ့ လိင်ဆက်ဆံဖော်က နောက်တစ်ကြိမ် လိင်ဆက်ဆံလိုစိတ်ပေါ်မှာလည်း မူတည်ပါသေးတယ်။ ဘယ်လိုအကြောင်းပြချက်မျိုးပဲ ရှိနေပါစေ ကိစ္စ မရှိပါဘူး။ တကယ်လို့ အမျိုးသားဟာ မိမိရဲ့ ဆက်ဆံဖော် အကြောင်းကို သေချာအားလုံး သိနေမယ်ဆိုရင် နောက်ပိုင်းမှာ အမျိုးသားရဲ့ လိင်စိတ်အထွတ်အထိပ်ကြား ကြာချိန်ဟာလည်း တိုတောင်းလာနိုင်ပါတယ်။
တကယ်တမ်း လိင်စိတ်ဆန္ဒ ပြီးမြောက်ခြင်းဟာ ရုပ်ရှင်တွေထဲကနဲ့ မတူပါဘူး။
အမျိုးသမီးများနှင့် မတူတာကတော့ အမျိုးသားများဟာ နောက်တစ်ကြိမ် အတူမနေခင်မှာ အချိန်ယူရပါတယ်။ ၎င်းအချိန်ဆိုတာ သင့်ရဲ့ ပထမဆုံး လိင်စိတ်ပြီးမြောက်ခြင်း အချိန်ကနေ စပြီးနောက်တစ်ကြိမ် သုက််ရည်ထွက်ကာ လိင်စိတ်ပြီးမြောက်သွားတဲ့ အချိန်ကြား ကြာတဲ့ ကာလကို ပြောတာဖြစ်ပါတယ်။ တစ်ဖက်ကပြောရမယ်ဆိုရင် ရုပ်ရှင်တွေထဲမှာ တွေ့ရတဲ့ လိင်မှု ဆိုင်ရာ အခြေအနေတွေဟာ တကယ်ဘဝနဲ့ အရမ်းကို ကွာခြားပါတယ်။ ရုပ်ရှင်တွေထဲမှာ ဆိုရင် မင်းသားဟာ တစ်ညမှာ အကြိမ်ပေါင်းများစွာ ချစ်တင်းနှော ပြီး နာရီအနည်းငယ်အတွင်းမှာပင် ၃၊ ၄ ကြိမ်လောက် တောင် ထပ်ပြီး ချစ်တင်းနှော နိုင်ပါတယ်။ သို့သော် ဒါဟာ မမှန်ကန်ပါဘူး။ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ ကုသသော ဆရာဝန်များက ၎င်းမင်းသားများကဲ့သို့ လိုက်မလုပ်ကြဖို့ အကြံပေးထားပါတယ်။ ဘာကြောင့်လဲ ဆိုရင် ဒါဟာ အရမ်း အန္တရာယ်များလွန်းတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အမျိုးသားတစ်ယောက်ဟာ သုက်ရည်ထွက်သွားပြီးလို့ နောက်တစ်ကြိမ် လိင်အဂါင်္ ပြန်တောင့်တင်းလာဖို့အတွက်ကတော့ အနည်းဆုံး ၂နာရီကနေ ၃ နာရီကြား အချိန်ယူရပါတယ်။
သုက်ရည်ထွက်သွားခြင်းဟာ သုက်ပိုးပမာဏကို ချက်ချင်း ကျသွားစေနိုင်ပြီး သာမန် အမျိုးသား တစ်ယောက်ဟာဆိုရင် ၎င်းကို ပြန်ဖြည့်ဖို့ရာ အချိန်လိုပါတယ်။ တကယ်လို့ အမျိုးသား တစ်ယောက်ဟာ အချိန်တိုအတွင်းမှာပဲ သုက်ရည်ကို ၂ ကြိမ်ထက်ပိုပြီး ထုတ်လွှတ်တယ်ဆိုရင် ၎င်းဟာ မျိုးမအောင်ခြင်း၊ မြုံခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများက အမျိုးသားများဟာ သုက်ပိုးပမာဏ အမြင့်ဆုံးရအောင် နောက်တစ်ကြိမ် သုက်ရည် မထုတ်လွှတ်ခင် အနည်းဆုံး ၂ရက်လောက် စောင့်သင့်တယ်လို့ အကြံပေးထားပါတယ်။
အတိုချုံ့ပြောရမယ်ဆိုရင် အမျိုးမျိုးသော လူနေမှု ပုံစံ အချက်အလက်များက သင့်ရဲ့ လိင်ပိုင်းဆိုင်ရာ အပြုအမူတွေပေါ်မှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဥပမာ အားဖြင့် ပုံမှန် တစ်ကိုယ်တော် လိင်စိတ်ဖြေဖျောက်ခြင်း သို့မဟုတ် အရက်သောက်ခြင်းဟာဆိုရင် သင့်ကို ပြန်လည်အားပြည့်ဖို့ရာ အချိန်များစွာ လိုပါလိမ့်မယ်။ လိင်စိတ်ဆန္ဒ ပြီးမြောက်ခြင်း အချိန် ၂ခုကြားမှာ ဘယ်လိုပဲ ပုံမှန် အချိန်ကြာသည်ဖြစ်ပါစေ တစ်ရက်လောက် စောင့်လိုက်ခြင်းကတော့ အန္တရာယ် ကင်းစေနိုင်ပါတယ်။
credit: Hello Health Group

0 Comments