ရှောင်လေဝေးဝေး စီလီကွန်ဘေး
(အောက်ဖော်ပြပါ ဆောင်းပါးတွင် ၁၈ နှစ်မပြည့်သေးသူများအတွက် မသင့်လျော်သောအချက်အလက်များပါဝင်သောကြောင့် ၁၈နှစ်ပြည့်ပြီးမှသာဖတ်ပါရန်)
အပြာရုပ်ရှင်တွေထဲက မင်းသားတွေတောင် ထိုးကြသေးတာပဲ။ ကျုပ်တို့ထိုးတော့ ဘာဖြစ်မှာမို့လဲ? ဆိုတဲ့ မေးခွန်းကနေ အစပြုတဲ့ အမျိုးသားတို့ရဲ့ ပြဿနာတစ်ခုရှိပါတယ်။ အဲဒါကတော့ လိင်တံထဲကို စီလီကွန်ထိုးပြီး အရွယ်အစားကြီးအောင် လုပ်ခြင်းပါပဲ။ အရပ်အခေါ်အဝေါ်အရတော့ ဆေးထိုးတယ်၊ စီစီထိုးတယ်လို့ ခေါ်ဝေါ်ပါတယ်။ လိင်တံထဲကို စီလီကွန်တွေထိုးထည့်လိုက်ရင် အရွယ်အစားက နှစ်ဆ သို့မဟုတ် သုံးဆထိအောင် လုံးပတ်တုတ်လာမယ်ဆိုတဲ့ မက်လုံးတွေကလည်း ရှိလေတော့ ယောက်ျားဘသားတွေ လက်တည့်စမ်းမိတာ မဆန်းပါဘူး။ ၁၂ လက်မလောက်အရှည်ရှိတဲ့ လိင်တံတစ်ချောင်းကို မပိုင်ဆိုင်ချင်တဲ့ အမျိုးသားအတော်ရှားပါလိမ့်မယ်။ တကယ်တမ်းလက်တွေ့မှာတော့ လိင်တံထဲစီလီကွန်ထိုးခြင်းဟာ နာကျင်ရုံသာမက အန္တရာယ်ကလည်း ကြီးပါသေးတယ်။
အမျိုးသမီးတွေတောင် သူတို့ရင်သားထဲကို ဆီလီကွန်ထိုးကြသေးတာပဲ၊ အမျိုးသားတွေရော သူတို့လိင်တံထဲကို ဘာလို့ ထိုးလို့မရရမှာလဲဆိုတဲ့ အတွေးမှားကနေ ဒီပြဿနာဟာအခြေခံလာပါတယ်။ လုပ်ရတာကလည်း လွယ်ကူတယ်လေ။ စီလီကွန်အရည် (Liquid Silicone) ကို ကပ္ပါယ်အိတ်နဲ့ လိင်တံထဲ ထိုးသွင်းလိုက်ရုံပဲ။ ဒီလိုလုပ်လိုက်ရင် ဧရာမလိင်တံကြီးကိုပိုင်ဆိုင်ခွင့်ရတော့မယ်ပေါ့? ဧရာမတော့ ဧရာမပါပဲ။ ဒါပေမဲ့ လိင်တံဟာ ရှည်ထွက်လာတာမျိုးမဟုတ်ဘဲ လူငယ်တွေပြောပြောနေကျ “လုံးပတ်က ကျုံးတစ်ပတ်” ဆိုတဲ့အထိုင်း ထူထူတုတ်တုတ်ကြီးပဲဖြစ်လာတာပါ။
နောက်ဆက်တွဲဆိုးကျိုး
(၁) ထူထူတုတ်တုတ် စိတ်ပျက်စရာကြီး
ဘယ်လောက်ထိအောင် ထူထူတုတ်တုတ်ဖြစ်လာတယ်ဆိုရင် တစ်ချို့တွေခမျာ သူတို့ဟာတွေက လက်ဖျံလောက်ထိ တုတ်လာကြတယ်လို့ ဆိုကြပါတယ်။ ကျွန်တော်တို့ဟာ လူသားတွေပါ။ လူသားအချင်းချင်း ကျားနဲ့ မနဲ့ပဲ လိင်ဆက်ဆံကြတာပါ။ ဆင်တွေ၊ မြင်းတွေနဲ့ သဘာဝလွန်လိင်ဆက်ဆံကြသူတွေမဟုတ်ပါဘူး။ ဒီတော့ လက်ဖျံလောက်ကြီး တုတ်နေတဲ့ လိင်တံနဲ့ ဆက်ဆံရင် မနာကျင်တဲ့ အာဂလူသားအမျိုးသမီးကတော့ ရှိမယ်မထင်ဘူး။ အမျိုးသမီးတွေရဲ့ယောနိလမ်းကြောင်းဟာ သာမန်လူသားအမျိုးသားတစ်ယောက်ရဲ့ လိင်တံအရွယ်အစားနဲ့သာ ဆက်ဆံဖို့ သင့်လျော်ပါတယ်။ လက်ဖျံကြီးနဲ့ ဆက်ဆံဖို့ဆိုရင် သူ့နေရာမှာ ကိုယ်သာဝင်ခံစားကြည့်လိုက်ပါတော့။ ဒီတော့ အပြာရုပ်ရှင်တွေထဲမှာ မဟုတ်မဟတ်တွေ လုပ်ကြံရိုက်ပြပြီး အမျိုးသမီးတွေက ကြီးလေကြိုက်လေဆိုတဲ့ လော့ဂျစ်အလွဲတွေပြနေတာကိုမေ့လိုက်ပါ။ သာမန်အမျိုးသမီးတစ်ယောက်ရဲ့ ယောနိလမ်းကြောင်းထဲမှာ “ဆင်စီးပြီးမြင်းရံ” ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
(၂) ခံစားမှုတွေပျောက်ဆုံး
စီလီကွန်ထိုးခြင်း လိင်တံကို လုံးဝစုတ်ပြတ်သတ်သွားနိုင်စေပါတယ်။ စီလီကွန်ရဲ့ ဖိအားကြောင့် လိင်တံတစ်သျှူး၊ သွေးကြောနဲ့ အာရုံကြောတွေ ပျက်စီးသွားနိုင်ပါတယ်။ အဲဒါတွေပျက်စီးသွားပြီဆိုရင် လိင်တံမှာဘာခံစားမှုမှာရှိတော့မှာမဟုတ်ဘဲ ရာဘာတုတ်ပျော့လဖတ်ကြီးအဖြစ်နဲ့ ခြားမှာမဟုတ်တော့ပါဘူး။ ဆိုတော့ကာ … ရတာမလိုလိုတာမရဖြစ်ပြီး လိင်တံထောင်မတ်မှုလည်းလုပ်နိုင်မှာ မဟုတ်တော့တာကြောင့် ဆီးသွားဖို့ကလွဲပြီး ဘာမှအသုံးမကျတော့တဲ့ လိင်တံတစ်ခုကို ပိုင်ဆိုင်ရပါလိ့မ်မယ်။ ဒီလိုသာထိခိုက်ပျက်စီးသွားပြီဆိုရင် ပြန်ကောင်းချင်တယ်ဆိုလည်း မရတော့ပါဘူး။
(၃) အရောင်ပြောင်း
စီလီကွန်ထိုးလိုက်ရင် လိင်တံ၊ ဝှေးဥနဲ့ ပတ်ပတ်လည်ဧရိယာတွေ“ာ ဖောင်းကားလာပြီး အရောင်တွေပြောင်းသွားပါလိ့မ်မယ်။
(၄) ကင်ဆာတဲ့ဗျာ
စီလီကွန်ရဲ့အဆိုးဆုံးဘေးထွက်ဆိုးကျိုးတစ်ခုကတော့ ကင်ဆာဖြစ်နိုင်ခြေရှိတာပါပဲ။ စီလီကွန်မှာ ဘေးထွက်ဆိုးကျိုးတွေရှိတာကိုသိတာကြောင့် Plastic Surgeon ခွဲစိတ်ဆရာဝန်တွေဟာ အမျိုးသမီးတွေရဲ့ ရင်သားကလွဲလို့ ဘယ်ထဲကိုမှ စီလီကွန်မထည့်ပေးတတ်ကြပါဘူး။ ပြီးတော့ ရင်သားမှာထည့်တဲ့ စီလီကွန်ကို အသားနဲ့တိုက်ရိုက်မထိတွေ့အောင် အကာအိတ်လေးနဲ့စနစ်တကျထည့်ပေးတာပါ။ အဲဒီလိုမှမဟုတ်ဘဲ စီလီကွန်တွေကို အသားထဲမှာ ပြေးချင်သလိုပြေးစေဆိုရင် ကင်ဆာက စောင့်ကြိုနေပါလိမ့်မယ်။
#MUNA

0 Comments