Last post
living together နှင့် နောက်ဆက်တွဲ ကိုယ်ဝန်ပြသနာအကြောင်းသိကောင်းစရာများ
Credit: Shwe Wuki
 Unicode
လက်မထပ်ခင် အတူတူနေခြင်း နှင့် ကိုယ်ဝန် ပြဿနာ … !
အခုခေတ် မှာ ယောကျာ်းလေးနဲ့ မိန်းကလေး လက်မထပ်ခင် ဟိုတယ်မှာ အတူတူ သွားနေတာမျိုး …. လူကြီးမိဘ မရှိတဲ့ အခန်း … သူငယ်ချင်းတွေ အခန်းတွေမှာ အတူတူ နေကြတာ မျိုးတွေဟာ
မဆန်းတော့ပါဘူး … (ကြိုပွိုင့် စနစ်နဲ့ အရစ်ကျ ငွေချေပြီး တိုက်ခန်းဝယ်သလိုပေါ့)
တစ်ခုပဲ ဆန်းတာက … လက်မထပ်ခင် ကိုယ်ဝန်ယူခြင်း .. မယူခြင်းကိစ္စ
မိန်းကလေး တစ်ယောက်ဟာ … ကိုယ့်သဘောနဲ့ ကိုယ် ချစ်သူ နဲ့ လိုက်နေတယ် … လက်မထပ်ဘဲ အတူ တူနေပြီ ဆိုကတည်းက .. ကိုယ်ဝန် ဆိုတဲ့ ကိစ္စကို ခေါင်းထဲ ထည့်ထားရမယ် .. အနောက်နိုင်ငံမှာ Single Mom ဆိုတာ ပြဿနာ မရှိပေမယ့် .. မြန်မာနိုင်ငံ မှာတော့ … Single Mom ဆိုရင်ပဲ လင်ကောင် မပေါ်ဘဲ ဗိုက်ကြီး သလိုလို .. ပတ်ဝန်းကျင်က ရှုံ့ချကြတယ်။
တစ်ခါ တစ်ရံမှာ အိပ်ဖြစ်တဲ့ စုံတွဲတွေ အတွက် .. နှစ်ယောက် အတူတူနေပြီးရင် Emergency Pill ကို (၇၂)နာရီ အတွင်း သောက်လို့ရတယ်။ မကြာမကြာ နေဖြစ်တဲ့ စုံတွဲတွေ ကတော့ … OC pill or Injection ထိုး ထားလို့ ရပါတယ် …
READ ကိုယ်ဝန် ဖျက်ချခွင့် ရှိသင့်သလား
မိန်းကလေးတွေ ဘက်က တရားဝင် လက် မထပ်နိုင်သေးဘဲ အိပ်ဖို့ သက်သက် .. ဖီးလ်ကောင်း ဖို့ သက်သက်ပဲ သိပြီး .. ကိုယ်ဝန် ရသွားမှ … ယောကျာ်းလေး ကို ဇွတ်ယူခိုင်း တာမျိုး .. ယောကျာ်းလေး ဘက်က Ready to get Married အခြေ အနေမျိုး မဖြစ်သေး လို့ အချိန်ဆွဲ တာမျိုး .. ရှောင်တာမျိုးကို ရင်ဆိုင်ရမှ … လူယုတ်မာ လို့ မပြောကြနဲ့ … ယောကျာ်း ဆိုတာ … ဒီလိုမျိုး လည်း လုပ်ချင် လုပ်တတ် လိမ့်မယ် လို့ ကြိုတွေးပြီးမှ အိပ်ကြပါ။ အဲဒီလောက် အထိ အဆုံးစွန် စိတ်ဓါတ် ကို ပြင်ဆင် ထားပြီးမှ အတူတူ လိုက်အိပ်ကြပါ။
Living Together နေတုန်း ကတော့ ခေတ်မှီကြပြီး .. ဗိုက်ကြီး မှ ကိုယ့်ချစ် သူကို မျက်နှာ ငယ်လေးနဲ့ မယူခိုင်းနဲ့ … ကိုယ့်ကို အတူတူ အိပ်ပြီး သွားတဲ့ ယောကျာ်းတိုင်း ကိုယ့်ကို ယူချင်မှ လည်း ယူလိမ့်မယ် .. ယူချင်လည်း ယူလိမ့်မယ် .. နဂို ကတည်းက စိတ်ဓါတ် မမာရင် .. Living Together မနေကြနဲ့ … တရားဝင် လက်ထပ်ပြီး မှ အတူတူနေ … ခေတ်မှီ ချင်တော့ LT နေတယ် .. ယောကျာ်းလေးက ထွက်ပြေး မှ .. မြန်မာ မိန်းမပီပီ … အရှက်တွေ သိက္ခာတွေ လာမပြောနဲ့ ။။ (နားခါးတယ်။)
READ လူပျို၊ အပျို ဘ၀ ကို ဘယ်အချိန်မှာ ဆုံးရှုံး ခံသင့်သလဲ
ယောကျာ်းလေး က ကိုယ်ဝန် မရအောင် မကာကွယ်တတ် ရင်လည်း မိန်းကလေး ဘက်က သိထားရမယ် .. ကာကွယ်တတ် ရမယ် … ကိုယ်ဝန် ရသွားပြီးမှ လူ့လောက ထဲ ရောက်လာမယ့် ကလေးဟာ … အဖေ အမေ မစုံ မလင် နဲ့ မျက်နှာ ငယ်ရမယ့် အဖြစ်မျိုးကို … ဖခင်လောင်း မိခင်လောင်းတွေ အလေးထားသင့်တယ်။
Credit: Shwe Wuki
0 Comments