အမ်ိဳးသမီးမ်ား အေနနဲ႔ ရာသီလာစဥ္အခါမွာ ဝမ္းဗိုက္နာက်င္ျခင္း၊
ခါးနာက်င္ကိုက္ခဲျခင္း စတာေတြ ျဖစ္ေပၚတတ္ၿပီး ခႏၶာကိုယ္ ႏံုးခ်ိေနတတ္ပါတယ္။
ဒါေတြဟာ သဘာဝတရား ဆုိေပမယ့္လည္း မိမိဘက္က ဓမၼတာလာစဥ္အတြင္း က်န္းမာေရး
လိုက္စားမႈ၊ ေနထိုင္မႈ ပံုစံေတြ မွန္ကန္ရင္ေတာ့ ဒီလိုဒုကၡေတြကို
ေကာင္းမြန္စြာ ေက်ာ္လႊားႏိုင္မွာပါ။ ဒါ့ေၾကာင့္ အမ်ိဳးသမီးမ်ား လစဥ္
ဓမၼတာလာစဥ္ အေတာအတြင္းမွာ ေရွာင္ၾကဥ္သင့္တာေလးေတြကို သတိျပဳမိေစဖို႔
ေဖာ္ျပေပးလိုက္ပါတယ္။
(၁) အကာအကြယ္မပါဘဲ လိင္ဆက္ဆံျခင္း မျပဳပါနဲ႔။
ဓမၼတာလာစဥ္မွာ ဒီလို ကိစၥေတြကို ေရွာင္တာက အေကာင္းဆံုးပါပဲ။ ဘာ့ေၾကာင့္လဲ
ဆိုေတာ့ ဓမၼတာလာစဥ္အတြင္းမွ လိင္ဆံဆက္ရင္ ပိုးမႊားကူးစက္မႈနဲ႔
ေရာဂါဝင္ေရာက္ႏိုင္မႈ အမ်ားဆံုး အခ်ိန္ပါပဲ။ မေရွာင္ႏိုင္ဘူး ဆိုရင္ေတာင္
အကာအကြယ္ပါတာ အေကာင္းဆံုးပါပဲေနာ္။
(၂) ရာသီလာစဥ္အတြင္းမွာ
ေတာ္ေတာ္မ်ားမ်ားက အစားအေသာက္ေရွာင္တာေတြကို ေတြ႔ရပါတယ္။ အခ်ိဳ႕က diet
လုပ္ၾကပါတယ္။ ဒီလိုမျပဳလုပ္သင့္ပါဘူး။ ေသြးဆင္းခ်ိန္မွာ ခႏၶာကိုယ္တြင္းမွ
သံဓာတ္မ်ားနဲ႔ အာဟာရဓာတ္မ်ား ကုန္ဆံုးသြားတာေၾကာင့္ အာဟာရသင့္တင့္မွ်တစြာ
စားသံုးၿပီး အားအင္မ်ား ျပန္လည္္ျဖည့္ေပးသင့္ပါတယ္။
(၃)
အမ်ိဳးသမီးမ်ား ရာသီိလာစဥ္အတြင္းမွာ Gym ေဆာ့တာ၊ ျပင္းထန္လြန္းတဲ့
ကိုယ္လက္ေလ့က်င့္ခန္း ျပဳလုပ္တာ၊ ေျပးလႊားတာေတြကို ေရွာင္သင့္ပါတယ္။ ခါးနဲ႔
ဝမ္းဗိုက္ နာက်င္ျခင္းတို႔ ျဖစ္ေပၚႏိုင္တာေၾကာင့္ပါ။ ေပါ့ေပါ့ပါးပါး
ေယာဂက်င့္စဥ္မ်ိဳးကသာ ခါးနဲ႔ ဝမ္းဗိုက္ နာက်င္တာကို
သက္သာေစႏိုင္ပါလိမ့္မယ္။
(၄) ဆုိဒါပါဝင္တဲ့ ေဖ်ာ္ရည္၊ ေရခဲေရ၊
တို႔ကို ေသာက္သံုးတာဟာ သားအိမ္ရဲ႕နံရံေတြမွာ ေသြးမ်ားခဲၿပီး
က်န္ရစ္တတ္တာေၾကာင့္ ရာသီလာစဥ္အတြင္း လံုးဝမေသာက္သံုးသင့္ပါဘူး။ ဒါ့အျပင္
သခြားသီးမွာ ပါဝင္တဲ့ ဓာတ္မ်ားကလည္း ေသြးစီးဆင္းမႈကို ေႏွာင့္ေႏွးေစၿပီး
သားအိမ္နံရံကို ထိခိုက္ေစတာေၾကာင့္ အမ်ိဳးသမီးမ်ား အေနနဲ႔ ဓမၼတာလာစဥ္မွာ
မစားသံုးသင့္ပါဘူးေနာ္။
(၅) ဒီလို ျဖစ္ေနတဲ့အခိ်န္ဆိုရင္
သာမာန္ေန႔ေတြထက္ ပိုၿပီး ဆာေလာင္တာ၊ အစားအေသာက္ ေတာင့္တတာမ်ိဳးေတြ
ႀကံဳေတြ႔ရတတ္ပါတယ္။ ဝ မွာ၊ ဝိတ္ တက္မွာစိုးၿပီး မစားဘဲ မေနပါနဲ႔။ အေပၚမွာ
ေျပာခဲ့သလိုပဲ ေသြးဆင္းတာေၾကာင့္ ကိုယ္ခႏၶာတြင္း အားအင္မ်ား
ကုန္ဆံုးသြားတာေၾကာင့္ စားသံုးေပးသင့္ပါတယ္။ ဒါေပမယ့္ အသင့္စား
အစားအစာမ်ားနဲ႔ ဆီေၾကာ္မုန္႔မ်ားကိုေတာ့ မစားသံုးမိေစဖို႔ တိုက္တြန္းပါရေစ။
ဒါေတြက နာက်င္ကိုက္ခဲျခင္းကို ႏိုးဆြေပးေနတဲ့ အရာေတြပါပဲ။
Credit: စံပယ္(ေရႊအင္းေလး)
Unicode
အမျိုးသမီးများ
အနေနဲ့ ရာသီလာစဉ်အခါမှာ ဝမ်းဗိုက်နာကျင်ခြင်း၊ ခါးနာကျင်ကိုက်ခဲခြင်း
စတာတွေ ဖြစ်ပေါ်တတ်ပြီး ခန္ဓာကိုယ် နုံးချိနေတတ်ပါတယ်။ ဒါတွေဟာ သဘာဝတရား
ဆိုပေမယ့်လည်း မိမိဘက်က ဓမ္မတာလာစဉ်အတွင်း ကျန်းမာရေး လိုက်စားမှု၊
နေထိုင်မှု ပုံစံတွေ မှန်ကန်ရင်တော့ ဒီလိုဒုက္ခတွေကို ကောင်းမွန်စွာ
ကျော်လွှားနိုင်မှာပါ။ ဒါ့ကြောင့် အမျိုးသမီးများ လစဉ် ဓမ္မတာလာစဉ်
အတောအတွင်းမှာ ရှောင်ကြဉ်သင့်တာလေးတွေကို သတိပြုမိစေဖို့
ဖော်ပြပေးလိုက်ပါတယ်။
(၁) အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း မပြုပါနဲ့။
ဓမ္မတာလာစဉ်မှာ ဒီလို ကိစ္စတွေကို ရှောင်တာက အကောင်းဆုံးပါပဲ။ ဘာ့ကြောင့်လဲ
ဆိုတော့ ဓမ္မတာလာစဉ်အတွင်းမှ လိင်ဆံဆက်ရင် ပိုးမွှားကူးစက်မှုနဲ့
ရောဂါဝင်ရောက်နိုင်မှု အများဆုံး အချိန်ပါပဲ။ မရှောင်နိုင်ဘူး ဆိုရင်တောင်
အကာအကွယ်ပါတာ အကောင်းဆုံးပါပဲနော်။
(၂) ရာသီလာစဉ်အတွင်းမှာ
တော်တော်များများက အစားအသောက်ရှောင်တာတွေကို တွေ့ရပါတယ်။ အချို့က diet
လုပ်ကြပါတယ်။ ဒီလိုမပြုလုပ်သင့်ပါဘူး။ သွေးဆင်းချိန်မှာ ခန္ဓာကိုယ်တွင်းမှ
သံဓာတ်များနဲ့ အာဟာရဓာတ်များ ကုန်ဆုံးသွားတာကြောင့် အာဟာရသင့်တင့်မျှတစွာ
စားသုံးပြီး အားအင်များ ပြန်လည်ဖြည့်ပေးသင့်ပါတယ်။
(၃)
အမျိုးသမီးများ ရာသီလာစဉ်အတွင်းမှာ Gym ဆော့တာ၊ ပြင်းထန်လွန်းတဲ့
ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်တာ၊ ပြေးလွှားတာတွေကို ရှောင်သင့်ပါတယ်။
ခါးနဲ့ ဝမ်းဗိုက် နာကျင်ခြင်းတို့ ဖြစ်ပေါ်နိုင်တာကြောင့်ပါ။
ပေါ့ပေါ့ပါးပါး ယောဂကျင့်စဉ်မျိုးကသာ ခါးနဲ့ ဝမ်းဗိုက် နာကျင်တာကို
သက်သာစေနိုင်ပါလိမ့်မယ်။
(၄) ဆိုဒါပါဝင်တဲ့ ဖျော်ရည်၊ ရေခဲရေ၊
တို့ကို သောက်သုံးတာဟာ သားအိမ်ရဲ့နံရံတွေမှာ သွေးများခဲပြီး
ကျန်ရစ်တတ်တာကြောင့် ရာသီလာစဉ်အတွင်း လုံးဝမသောက်သုံးသင့်ပါဘူး။ ဒါ့အပြင်
သခွားသီးမှာ ပါဝင်တဲ့ ဓာတ်များကလည်း သွေးစီးဆင်းမှုကို နှောင့်နှေးစေပြီး
သားအိမ်နံရံကို ထိခိုက်စေတာကြောင့် အမျိုးသမီးများ အနေနဲ့ ဓမ္မတာလာစဉ်မှာ
မစားသုံးသင့်ပါဘူးနော်။
(၅) ဒီလို ဖြစ်နေတဲ့အချိန်ဆိုရင်
သာမာန်နေ့တွေထက် ပိုပြီး ဆာလောင်တာ၊ အစားအသောက် တောင့်တတာမျိုးတွေ
ကြုံတွေ့ရတတ်ပါတယ်။ ဝ မှာ၊ ဝိတ် တက်မှာစိုးပြီး မစားဘဲ မနေပါနဲ့။ အပေါ်မှာ
ပြောခဲ့သလိုပဲ သွေးဆင်းတာကြောင့် ကိုယ်ခန္ဓာတွင်း အားအင်များ
ကုန်ဆုံးသွားတာကြောင့် စားသုံးပေးသင့်ပါတယ်။ ဒါပေမယ့် အသင့်စား
အစားအစာများနဲ့ ဆီကြော်မုန့်များကိုတော့ မစားသုံးမိစေဖို့ တိုက်တွန်းပါရစေ။
ဒါတွေက နာကျင်ကိုက်ခဲခြင်းကို နိုးဆွပေးနေတဲ့ အရာတွေပါပဲ။
Credit: စံပယ်(ရွှေအင်းလေး)
0 Comments