အမျိုးသမီးတိုင်း မိမိရဲ့ မိန်းမကိုယ် ကျန်းမာသန့်ရှင်းဖို့အတွက် မဖြစ်မနေ
သိထား၇မှာတွေ ရှိပါတယ် ။ မသိ နားမလည်ထားတဲ့အတွက် မိန်းမကိုယ်နှင့်
ဆက်စပ်သော ရောဂါများ ဖြစ်လာနိုင်ပါတယ် ။ဒါ့အပြင် အနံ့အသက် ဆိုးရွားခြင်း ၊
သန့်ရှင်းမှုမရှိခြင်းကလည်း အင်မတန် စိတ်အနှောင့်အယှက် ဖြစ်စရာ ကိစ္စပါပဲ ။
အချို့ အမျိုးသမီးတွေဟာ ဒီလိုကိစ္စနဲ့ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးရမှာ ၊
ပြောပြရမှာကို ရှက်ရွံနေတတ်ကြပါတယ် ။ အနံ့အသက်ကင်းပြိး ကျန်းမာသန့်ရှင်းတဲ့
မိန်းမကိုယ်အတွက် လုပ်ဆောင်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်…
၁။မိန်းမကိုယ် အနံအသက် မဆိုးရွားစေရန် ချည်သားအတွင်းခံ ဘောင်းဘီကိုသာ ဝတ်ဆင်ပါ။
၂။သန့်ရှင်းမှု ရှိစေရန် ရိတ်ခြင်း / Waxing လုပ်ခြင်း ပြုလုပ်ပါ။ ( မဖြစ်မနေ မဟုတ်ပါ)
၃။အတွင်းထဲထိ ကြမ်းတမ်းစွာ နိုက်ချွတ်ဆေးခြင်းမျိုး ရှောင်ကြဉ်ပါ။
၎။မိန်းမကိုယ် အပေါ်ယံအလွှာ ၊ clitoris (အစေ့) ကို လက်ချောင်းလေးဖြင့်သာ ညှင်ညှင်သာသာ ပွတ်ဆေးပေးပါ။
၅။မိန်းမကိုယ်နှင့် သက်ဆိုင်သော ရောဂါပိုးမွှားများ ကူးစက်ဝင်ရောက်ခြင်း
မဖြစ်စေရန် နေ့စဉ် အနည်းဆုံး တစ်ကြိမ်ခန့် သေချာဆေးကြောပေးပါ။
အမွှေးဆပ်ပြာများဖြင့် မဆေးကြောရပါ။ မိန်းမကိုယ် သန့်စင်ဆေးရည် ကို တစ်နေ့
အများဆုံး နှစ်ကြိမ်ခန့် သုံးနိုင်ပါသည် ။ ဆေးကြာတဲ့အခါမှာ ရေသီးသန့်ဖြင့်
ဆေးကြောပေးခြင်းက အကောင်းဆုံးပါပဲ ။
Credit: CHAN (ရွှေအင်းလေး)
0 Comments