ဆီလီကွန်အရုပ်မများကို ၁၀ နှစ်ကျော်ကြာအောင် ပြုပြင်သူတစ်ဦးက
ထိုအရုပ်မများအား သုံးသင့်သည်ထက် ပိုမိုအသုံးပြုပါက ပြုပြင်စရိတ်
အလွန်ကြီးကြောင်း ဖွင့်ဟပြောဆိုပါသည် ။ ဆလိတ်ဖီရရှိ(Slade Fiero) ဆိုသူသည်
ထိုဆီလီကွန် အရုပ်မပေါင်း ရာနှင့်ချီပြီး ပြင်ဆင်ခဲ့ဖူးပါသည် ။ သူသည် The
Sun သတင်းဌာနသို့ ပြောပြရာတွင် ပုံမှန် အသုံးပြုသူများ အနေနှင့်
ထိုဆီလီကွန် အရုပ်မမှာ ကြာရှည်အသုံးပြုနိုင်ပြီး အဓိကအားဖြင့်
သိမ်းဆည်းခြင်းနှင့် သန့်ရှင်းမှုသည် ထိုအရုပ်မအတွက် အလွန်အရေးကြီးပြီး
အသိမ်းမတတ်လျှင် ဂျိုင်းနေရာနှင့် ဒူးခေါင်းနေရာများ ပျက်စီးနိုင်ပါသည် ။
ပျက်စီးမှုတိုင်း လိတ်တက်(Latex) ကော်ကပ်ပြီး လွယ်လွယ်ကူကူ မပြုပြင်နိုင်ပါ
။
ဖီရရိုထံသို့ ပြုပြင်ရန် ရောက်လာသောအချို့ဆီလီကွန် အရုပ်မများမှာ
ဆိုးဆိုးဝါ၀ါး ပျက်စီးနေပြီး နောက်တစ်ကြိမ် ပြုပြင်ချင်စိတ်ပင်
မရှိတော့ကြောင်း ပြောဆိုပါသည် ။ လူတစ်ဦးဆိုလျှင် သူ၏အရုပ်မအား ၂ ကြိမ်ခန့်
ပြုပြင်ရန် ဖီရရို ထံသို့ ယူလာခဲ့ဖူးကြောင်း တတိယအကြိမ်တွင် နောက်တစ်ကြိမ်
ပြန်မလာရန် ပြောလွှတ်ဖူးခဲ့ပြီး ထိုလူသည် ကာမသောင်းကျန်ပြီး
မိန်းကလေးများကို အကြမ်းဖက်မည့်သူဖြစ်ကြောင်း ဆီလီကွန် အရုပ်မ၀ယ်ယူထားသည့်
ခြေထောက်ပြုတ်ထွက်သည် အထိ ကာမဆက်ဆံကြောင်းကိုလဲ ပြောကြားသွားပါသည် ။
ဆီလီကွန် အရုပ်မ ၀ယ်ယူထားသည့် အမျိုးသားတိုင်း လေးလေးစားစား
အသုံးပြုသင့်ပါကြောင်းလည်း အကြံပြုပါသေးသည် ။
ဖီရရိုသည် အမျိုးသားများ၏ ဆီလီကွန် အရုပ်မများကို မပြုပြင် ပေးတော့သော်လည်း
သူ၏ ပန်းချီလုပ်ငန်းအသစ်တွင် ငွေလိုသည့် အခါ အင်တာနက်မှ အရုပ်မ
အဟောင်းများကို ၀ယ်ယူပြီး အသစ်ဖြစ်အောင် ပြုပြင်ကာ အင်တာနက်ပေါ်မှာပင်
ပြန်လည်ရောင်းချကာ ၀င်ငွေရှာပါသည် ။ အရုပ်မတွေက လူတွေအသုံးပြုဖို့လေ
ကျွန်တော်ကတော့ မထင်ပါဘူး ..နောက်ဆို ဆီလီကွန် အရုပ်မတွေအစား စက်ရုပ်မတွေ
လာမယ်။ အဲဒါတွေက လူတွေရဲ့ ကာမမိတ်ဖက်အဖြစ် အသုံးပြုလို့ ရချင်ရမယ်။
ဒါပေမယ့် လူအချင်းချင်း ထိတွေ့မှုနဲ့ လဲလို့တော့ မရနိုင်သေးပါဘူး ဟု
နောက်ဆုံးတွင် ပြောကြားခဲ့ပါသည် ။.....။
မျိုးမြန်မာမှ ဘာသာပြန်ဆို ရေးသားသည် ။
Credit: allyouths.com
0 Comments