လိင်ဆက်ဆံတဲ့အခါမှာ မိမိလိုချင်တဲ့ခံစားမှုမျိုး အပြည့်အဝရဖို့အတွက်
ကိုယ်ခံအားကောင်းဖို့အရေးကြီးတာကြောင့် ကျန်းမာနေဖို့လိုပါတယ်။
စိတ်ကျေနပ်မှုမရသေးဘဲ ပင်ပန်းနွမ်းနယ်သွားလို့ အရှိန်ရပ်သွားမယ်ဆိုရင်
ချစ်ရသူကလည်း ကြာလာတော့ငြီးငွေ့သွားတတ်ပါတယ်။ ကျန်းမာသန်စွမ်းနေပါလျက်နဲ့
ချစ်တင်းနှောချိန်မှာ မောပန်းလွယ်ရတာလဲဆိုတာကိုတော့
အဖြေရှာကြည့်ဖို့လိုနေပါပြီနော်။ သင့်ရဲ့နေထိုင်စားသောက်မှုပုံစံကို
ပြန်လည်စမ်းစစ်ကြည့်ပါ။ အထူးသဖြင့် လိင်မဆက်ဆံခင်မှာ ယခုဖော်ပြပေးမယ့်
အစားအသောက်ကိုရှောင်ကြဉ်သင့်ပါတယ်။
(၁) ပီကေ
ခံတွင်းနံ့နံတဲ့အခါ
ယုံကြည်မှုလျော့နည်းစေတာအမှန်ပါပဲ။ ပီကေကခံတွင်းအနံ့ဆိုးကို သက်သာစေနိုင်တာ
မှန်ပေမယ့် လိင်မဆက်ဆံခင်အချိန်လေးမှာ မစားသုံးဖို့ အကြံပြုထားပါတယ်။
ပီကေဝါးတယ်ဆိုတာ လေတွေကိုဝါးနေတာနဲ့အတူတူပါပဲ။ ဒီလေတွေက
အပြင်ကိုရောက်ရမယ့်အစား ဝမ်းဗိုက်ထဲကိုဝင်သွားတာကြောင့် ရင်ပြည့်ခြင်းနဲ့
မအီမသာဖြစ်ခြင်းမျိုး ဖြစ်တတ်တာကြောင့် ပန်းတိုင်ကိုရောက်ရှိဖို့
အနှောင့်အယှက်ပေးတဲ့ အရာတစ်ခုပါပဲ။
(၂) အရက်
အရက်လို့ပြောလိုက်လို့
ဟင်ကနဲဖြစ်သွားသလား။ အလွန်အကျွံသောက်သုံးခြင်းကိုသာ ဆိုလိုတာပါ။
အမှန်တကယ်တော့ လိင်မဆက်ဆံခင်မှာ ဝိုင်တစ်ခွက်၊ ဒါမှမဟုတ်
အရက်တစ်ခွက်သောက်သုံးမယ်ဆိုရင် ခံစားမှုအထွတ်အထိပ်ရောက်လွယ်တယ်လို့
ဆိုပါတယ်။ အလွန်အကျွံသောက်သုံးထားမယ်ဆိုရင်တော့ ပင်ပန်းနွမ်းနယ်လွယ်စေပြီး
အရက်နံ့ကြောင့် ချစ်ရသူကိုစိတ်အနှောင့်အယှက်ဖြစ်သွားစေပါတယ်။
(၃) အမဲသား
ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့
အမဲသားက ခွန်အားဖြစ်စေတယ်ဆိုပေမယ့်လည်း အမဲသားကဲ့သို့သော
ပရိုတိန်းဓာတ်ကြွယ်ဝလွန်းတဲ့ အစားအစာကို လိင်မဆက်ဆံခင်မှာ စားသုံးမယ်ဆိုရင်
ခေါင်းမူးဝေပြီးစွမ်းဆောင်ရည်လျော့ကျစေနိုင်ပါတယ်တဲ့။
(၄) ချိစ့်(cheese)
ချိစ့်ကိုလည်း
လိင်မဆက်ဆံခင်မှာရှောင်ရှားဖို့အတွက် တိုက်တွန်းထားပါသေးတယ်။
ချိစ့်ကအဆီအဆိမ့်လည်းဖြစ်တာကြောင့် ကိုယ်လက်မအီမသာဖြစ်ခြင်းမျိုး
ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ချိစ့်ပါဝင်တဲ့အစားအသောက်စားသုံးထားပြီး
လိင်ဆက်ဆံရင် မိမိလိုချင်တဲ့ခံစားချက်ကိုအပြည့်အဝ ရမှာမဟုတ်ပါဘူးနော်။
အထက်ဖော်ပြပါ
အစားအသောက်အားလုံးကို လုံးဝရှောင်ရှားဖို့ ပြောတာမဟုတ်ပါဘူးနော်။
လိင်ဆက်ဆံခါနီးမှာမှ မစားသောက်ဖို့အကြံပြုထားတာပဲ ဖြစ်ပါတယ်။
Credit: စံပယ်(ရွှေအင်းလေး)
0 Comments