ေက်နပ္သာယာမႈတခုကို ခံစားေနတဲ့ အခ်ိန္မွာ ၾကည္ႏူးဖြယ္ရာ
အေကာင္းဆံုးအခိုက္အတန္႔တခုကို မရရွိဘဲနဲ႔ ဘယ္သူမွ အဆံုးသတ္ခ်င္ၾကမွာ
မဟုတ္ပါဘူး။ အဆံုးသတ္မွာ ဒီလို မျဖစ္ခဲ့ဘူးဆိုရင္ အမ်ိဳးသားမ်ားေရာ
အမ်ိဳးသမီးမ်ားပါ သူတို႔ရဲ႕ အေဖာ္အတြက္ ေရာ သူတို႔ကိုယ္တိုင္အတြက္ပါ
အျပစ္မကင္းသလို ခံစားၾကရပါတယ္။ စိတ္လႈပ္ ရွားစရာ အေကာင္းဆံုး ကစားပြဲတခုမွာ
ၿပီးဆံုးခါနီးေရာက္မွ ပြဲထဲကေနထြက္လိုက္ရလို႔ စိတ္ပ်က္ရတာမ်ိဳးနဲ႔
အလားတူတယ္လို႔ ဆိုရပါမယ္။
ဆက္ဆံျခင္းရဲ႕အထြဋ္အထိပ္ကိုမေရာက္မီအခ်ိန္မွာ သူတို႔ရဲ႕ အိမ္မႈကိစၥေတြ
ဒါမွမဟုတ္ တျခား အိမ္တြင္းေရး အေၾကာင္း အရာေတြက အမ်ိဳးသမီးေတြဟာ
ေခါင္းထဲကို၀င္လာတတ္ပါတယ္။ အဲဒီလို အေတြးက ၀င္လာရင္ ကိုယ္တိုင္ ေဖ်ာက္ ဖ်က္
ပစ္ဖို႔လည္း ခက္ပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးေတြ အေနနဲ႔ သူတို႔ရဲ႕ ေန႔စဥ္
အိမ္မႈ၀တၱရားေတြနဲ႔ ပတ္သက္ တာ ေတြ မွန္သမွ် မေတြးမိေအာင္ ေနသင့္ပါတယ္။
အဲဒါေတြကို စိတ္ေရာက္ေစမယ့္ အရာေတြကိုလည္း မျမင္ေအာင္ ဖယ္ရွား
ထားသင့္ပါတယ္။
အမ်ိဳးသားေတြ အတြက္ေတာ့ အရက္ အလြန္အကၽြံေသာက္ျခင္း၊
ၾကြက္သားအားနည္းျခင္း၊ စိတ္က်ေရာဂါခံစားေနရျခင္း၊ ဆီးခ်ိဳေရာဂါ ဒါမွမဟုတ္
လိင္ကိစၥကို အဟန္႔ အတားျဖစ္ေစတဲ့ ေဆး၀ါးေတြကို မွီ၀ဲေနရသူေတြဟာ
လိင္ဆက္ဆံျခင္းရဲ႕ အထြဋ္အထိပ္ကိုရရွိဖို႔ အခက္အခဲရွိေတြ႕ေလ့ရွိပါတယ္။
သုက္ရည္ပန္းထုတ္ႏိုင္ဖို႔
အတြက္ sympathetic နာ့ဗ္ေၾကာေတြရဲ႕ လုပ္ေဆာင္ခ်က္လိုပါတယ္။ ေသြးလႊတ္ေၾကာ
ခြဲစိတ္ ကုသမႈ တခ်ိဳ႕ေၾကာင့္ အဲဒီ နာ့ဗ္ေၾကာေတြ ထိခိုက္ေနႏိုင္ပါတယ္။
လိင္ဆက္ဆံျခင္းရဲ႕အထြဋ္အထိပ္ကိုေရာက္ေတာ့မယ့္
အခ်ိန္မွာ အာရံုစူးစိုက္လြန္းတာကလည္း မွားယြင္းတဲ့ ခ်ဥ္းကပ္မႈျဖစ္ ပါတယ္။
သာယာမႈကို ခံစားမယ့္အစား ကိုယ့္ကိုယ္ကိုေလ့လာသံုးသပ္ေနတာကလည္း တျခားသူကို
စိတ္အေႏွာက္ေပးသ လိုျဖစ္ေစပါတယ္။ အထြဋ္အထိပ္ကိုေရာက္ေတာ့မယ့္ အခ်ိန္မွာ
အသက္ကိုမွန္မွန္ ႐ွဴသြင္းရွဴထုတ္တာျဖစ္ျဖစ္ ကိုယ့္ရဲ႕ အေဖာ္ကို
ကိုယ့္စိတ္ထဲမွာ ဘယ္လိုျဖစိေနတယ္ဆိုတဲ့ ခံစားခ်က္ကို ေျပာျပတာပဲျဖစ္ျဖစ္
လုပ္သင့္ပါတယ္။ ခံစားခ်က္ေတြ အျပန္အလွန္သိႏိုင္ျခင္းကေန ကိုယ့္ရဲ႕
အေဖာ္ကိုလည္း အထြဋ္အထိပ္ကို ေရာက္ေစႏိူင္ပါတယ္။
အမ်ိဳးသားေတြဟာ
အလိုက္သင့္သြားေနရမယ့္ အစား အထြဋ္အထိပ္ကိုေရာက္မယ့္ အခ်ိန္ကို ေမွ်ာ္လင့္
ေစာင့္ဆိုင္းၾကည့္ ေနမယ္ဆိုရင္လည္း အျမင့္ဆံုး သုခကိုရဖို႔
အခက္ေတြ႕ရႏိုင္ပါတယ္။ အထြဋ္အထိပ္ကိုေရာက္ဖို႔ ၾကာျမင့္ခ်ိန္ကို ေတြးေန
တတ္ျခင္းက ေယာက္်ားေတြအတြက္ ျပႆနာတခုျဖစ္ပါတယ္။ အဲဒါကို သူတို႔က
ေယာက္်ားပီသမႈနဲ႔ ဆက္စပ္ထားၿပီး ေတာ့ သူတို႔ရဲ႕ အေဖာ္ကို စိတ္ေက်နပ္မႈ
မေပးႏိုင္မွာလည္း စိုးရိမ္ၾကပါတယ္။ အခက္အခဲႀကံဳရင္လည္း ခ်ဲ႕ကားၿပီး ေတြး
လိုက္ၾကတာက ပိုမ်ားပါတယ္။ တကယ္ေတာ့ အေျခခံ ႀကံ့ခိုင္ေရး
နည္းလမ္းေတြလိုက္နာလိုက္႐ံုေလာက္နဲ႔ အထြဋ္အထိပ္ ကို
သက္ေတာင့္သက္သာေရာက္ရွိႏိုင္ပါတယ္။
အမ်ိဳးသမီးေတြ အေနနဲ႔ကေတာ့
သူတို႔က အေပၚက ေနတဲ့ ပံုစံမ်ိဳးနဲ႔ ဆက္ဆံတဲ့ အခါမွာ သူတို႔ရဲ႕ ဗိုက္နဲ႔
တျခားကိုယ္ခႏၶာ အစိတ္အပိုင္းေတြက ဘယ္လိုပံုစံျဖစ္ေနမလဲလို႔
စိုးရိမ္မႈေၾကာင့္ စိတ္အေႏွာက္ အယွက္ျဖစ္ရတတ္ပါတယ္။ တကယ္ေတာ့ သူတို႔ရဲ႕
အမ်ိဳးသားက ရမၼက္စိတ္၀င္ေနၿပီဆိုရင္ တျခားမေတြးမိဘဲနဲ႔ ကိုယ့္ရဲ႕
အမ်ိဳးသမီးက ၾကည့္ေကာင္းတယ္လို႔ပဲ ေတြး ၾကမွာျဖစ္ပါတယ္။ တကယ္လို႔
အမ်ိဳးသမီး အေနနဲ႔ ကိုယ့္ရဲ႕ ခႏၶာကုိယ္အေပၚ မလံုမလဲ စိတ္ေတြ
မေဖ်ာက္ႏိုင္ဘူးဆိုရင္ ေတာ့ ကိုယ့္ကိုယ္ကို မျမင္ရတဲ့ ပံုစံအေနအထားကို
ေျပာင္းလိုက္တာက ေကာင္းပါတယ္။
Credit: Irrawaddy
Unicode
ကျေနပ်သာယာမှုတခုကို ခံစားနေတဲ့ အချိန်မှာ ကြည်နူးဖွယ်ရာ
အကောင်းဆုံးအခိုက်အတန့်တခုကို မရရှိဘဲနဲ့ ဘယ်သူမှ အဆုံးသတ်ချင်ကြမှာ
မဟုတ်ပါဘူး။ အဆုံးသတ်မှာ ဒီလို မဖြစ်ခဲ့ဘူးဆိုရင် အမျိုးသားများရော
အမျိုးသမီးများပါ သူတို့ရဲ့ အဖော်အတွက် ရော သူတို့ကိုယ်တိုင်အတွက်ပါ
အပြစ်မကင်းသလို ခံစားကြရပါတယ်။ စိတ်လှုပ် ရှားစရာ အကောင်းဆုံး
ကစားပွဲတခုမှာ ပြီးဆုံးခါနီးရောက်မှ ပွဲထဲကနေထွက်လိုက်ရလို့
စိတ်ပျက်ရတာမျိုးနဲ့ အလားတူတယ်လို့ ဆိုရပါမယ်။
ဆက်ဆံခြင်းရဲ့အထွဋ်အထိပ်ကိုမရောက်မီအချိန်မှာ
သူတို့ရဲ့ အိမ်မှုကိစ္စတွေ ဒါမှမဟုတ် တခြား အိမ်တွင်းရေး အကြောင်း အရာတွေက
အမျိုးသမီးတွေဟာ ခေါင်းထဲကိုဝင်လာတတ်ပါတယ်။ အဲဒီလို အတွေးက ဝင်လာရင်
ကိုယ်တိုင် ဖျောက် ဖျက် ပစ်ဖို့လည်း ခက်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ
အနေနဲ့ သူတို့ရဲ့ နေ့စဉ် အိမ်မှုဝတ္တရားတွေနဲ့ ပတ်သက် တာ တွေ မှန်သမျှ
မတွေးမိအောင် နေသင့်ပါတယ်။ အဲဒါတွေကို စိတ်ရောက်စေမယ့် အရာတွေကိုလည်း
မမြင်အောင် ဖယ်ရှား ထားသင့်ပါတယ်။
အမျိုးသားတွေ အတွက်တော့ အရက်
အလွန်အကျွံသောက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ စိတ်ကျရောဂါခံစားနေရခြင်း၊
ဆီးချိုရောဂါ ဒါမှမဟုတ် လိင်ကိစ္စကို အဟန့် အတားဖြစ်စေတဲ့ ဆေးဝါးတွေကို
မှီဝဲနေရသူတွေဟာ လိင်ဆက်ဆံခြင်းရဲ့ အထွဋ်အထိပ်ကိုရရှိဖို့
အခက်အခဲရှိတွေ့လေ့ရှိပါတယ်။
သုက်ရည်ပန်းထုတ်နိုင်ဖို့ အတွက်
sympathetic နာ့ဗ်ကြောတွေရဲ့ လုပ်ဆောင်ချက်လိုပါတယ်။ သွေးလွှတ်ကြော ခွဲစိတ်
ကုသမှု တချို့ကြောင့် အဲဒီ နာ့ဗ်ကြောတွေ ထိခိုက်နေနိုင်ပါတယ်။
လိင်ဆက်ဆံခြင်းရဲ့အထွဋ်အထိပ်ကိုရောက်တော့မယ့်
အချိန်မှာ အာရုံစူးစိုက်လွန်းတာကလည်း မှားယွင်းတဲ့ ချဉ်းကပ်မှုဖြစ် ပါတယ်။
သာယာမှုကို ခံစားမယ့်အစား ကိုယ့်ကိုယ်ကိုလေ့လာသုံးသပ်နေတာကလည်း တခြားသူကို
စိတ်အနှောက်ပေးသ လိုဖြစ်စေပါတယ်။ အထွဋ်အထိပ်ကိုရောက်တော့မယ့် အချိန်မှာ
အသက်ကိုမှန်မှန် ရှူသွင်းရှူထုတ်တာဖြစ်ဖြစ် ကိုယ့်ရဲ့ အဖော်ကို
ကိုယ့်စိတ်ထဲမှာ ဘယ်လိုဖြစိနေတယ်ဆိုတဲ့ ခံစားချက်ကို ပြောပြတာပဲဖြစ်ဖြစ်
လုပ်သင့်ပါတယ်။ ခံစားချက်တွေ အပြန်အလှန်သိနိုင်ခြင်းကနေ ကိုယ့်ရဲ့
အဖော်ကိုလည်း အထွဋ်အထိပ်ကို ရောက်စေနိူင်ပါတယ်။
အမျိုးသားတွေဟာ
အလိုက်သင့်သွားနေရမယ့် အစား အထွဋ်အထိပ်ကိုရောက်မယ့် အချိန်ကို မျှော်လင့်
စောင့်ဆိုင်းကြည့် နေမယ်ဆိုရင်လည်း အမြင့်ဆုံး သုခကိုရဖို့
အခက်တွေ့ရနိုင်ပါတယ်။ အထွဋ်အထိပ်ကိုရောက်ဖို့ ကြာမြင့်ချိန်ကို တွေးနေ
တတ်ခြင်းက ယောက်ျားတွေအတွက် ပြဿနာတခုဖြစ်ပါတယ်။ အဲဒါကို သူတို့က
ယောက်ျားပီသမှုနဲ့ ဆက်စပ်ထားပြီး တော့ သူတို့ရဲ့ အဖော်ကို စိတ်ကျေနပ်မှု
မပေးနိုင်မှာလည်း စိုးရိမ်ကြပါတယ်။ အခက်အခဲကြုံရင်လည်း ချဲ့ကားပြီး တွေး
လိုက်ကြတာက ပိုများပါတယ်။ တကယ်တော့ အခြေခံ ကြံ့ခိုင်ရေး
နည်းလမ်းတွေလိုက်နာလိုက်ရုံလောက်နဲ့ အထွဋ်အထိပ် ကို
သက်တောင့်သက်သာရောက်ရှိနိုင်ပါတယ်။
အမျိုးသမီးတွေ အနေနဲ့ကတော့
သူတို့က အပေါ်က နေတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံတဲ့ အခါမှာ သူတို့ရဲ့ ဗိုက်နဲ့
တခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေက ဘယ်လိုပုံစံဖြစ်နေမလဲလို့
စိုးရိမ်မှုကြောင့် စိတ်အနှောက် အယှက်ဖြစ်ရတတ်ပါတယ်။ တကယ်တော့ သူတို့ရဲ့
အမျိုးသားက ရမ္မက်စိတ်ဝင်နေပြီဆိုရင် တခြားမတွေးမိဘဲနဲ့ ကိုယ့်ရဲ့
အမျိုးသမီးက ကြည့်ကောင်းတယ်လို့ပဲ တွေး ကြမှာဖြစ်ပါတယ်။ တကယ်လို့
အမျိုးသမီး အနေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်အပေါ် မလုံမလဲ စိတ်တွေ
မဖျောက်နိုင်ဘူးဆိုရင် တော့ ကိုယ့်ကိုယ်ကို မမြင်ရတဲ့ ပုံစံအနေအထားကို
ပြောင်းလိုက်တာက ကောင်းပါတယ်။
Credit: Irrawaddy
0 Comments