Last post

ဆယ္ေက်ာ္သက္အ႐ြယ္မွာ ကိုယ္ဝန္ မရေစဖို႔


လိင္အသိပညာေပးျခင္းနဲ႕ ဆယ္ေက်ာ္သက္ကိုယ္ဝန္ေဆာင္ျခင္းက တခုနဲ႕ တခု ဆက္စပ္ေနပါတယ္။ လိင္နဲ႕ ပတ္သက္တဲ့ အသိပညာရွိမယ္ဆိုရင္ ဆယ္ေက်ာ္သက္အ႐ြယ္မွာ ကိုယ္ဝန္ရတဲ့ အျဖစ္ေတြကိုေလ်ာ့က်ေစပါတယ္။ ေနာက္ဆုံးျပဳလုပ္ခဲ့ တဲ့ ေလ့လာမႈေတြ အရလည္း ျပည့္စုံတဲ့ အသိပညာေပးျခင္းေၾကာင့္ ဆယ္ေက်ာ္သက္အ႐ြယ္မွာ ကိုယ္ဝန္ေဆာင္ရတဲ့ ကိစၥ ေတြ က်ဆင္းသြားတယ္ဆိုတာ ေတြ႕ရပါတယ္။ ေက်ာင္းေတြ ေကာလိပ္ေတြမွာ လိင္အသိပညာေပးျခင္းေၾကာင့္ဆယ္ေက်ာ္ သက္ ကိုယ္ဝန္တခုထဲကိုသာ ကာကြယ္ေပး နိုင္တာ မဟုတ္ပါဘူး။ ဆယ္ေက်ာ္သက္ေတြၾကားမွာ လိင္ဆက္ဆံမႈ ကေန တဆင့္ ကူးစက္တတ္တဲ့ေရာဂါေတြ (STDs) ကို လည္း ပ်ံ့ပြားျခင္း မရွိရေအာင္ တားဆီး ေပးနိုင္ပါတယ္။ ဒီတပတ္ လိင္ ပညာေပးအျဖစ္ ဆယ္ေက်ာ္သက္ အ႐ြယ္ေလးေတြ ပန္းေကာင္း အၫႊန႔္က်ိဳးမျဖစ္ရေအာင္ ကိုယ္ဝန္ ေဆာင္မႈ ဘယ္လို ကာကြယ္ တားဆီးနိုင္မလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။
ပဋိသေႏၶတားဆီးျခင္းအေၾကာင္း အသိေပးျခင္း
လိင္အသိပညာေပးရာမွာ ဆယ္ေက်ာ္သက္ေတြ အေနနဲ႕ သားဆက္ျခားေဆး (သို႔မဟုတ္) ပဋိသေႏၶတားေဆးေတြနဲ႕ သူတို႔ အသုံးျပဳပုံေတြကို ရွင္းရွင္းလင္းလင္းနားလည္ထားမယ္ဆိရင္ ပိုၿပီးထိေရာက္မႈရွိပါတယ္။ အေမရိကန္နိုင္ငံ ေရာဂါထိန္းခ်ဳပ္ ေရး ဌာန (CDC) က ျပဳလုပ္ခဲ့တဲ့ လူငယ္ေတြရဲ႕ အေလ့အထနဲ႕ ပတ္သက္တဲ့ စစ္တမ္းတခု အရ လူငယ္ေတြၾကားမွာ ပဋိ သေႏၶတားဆီးေရးနည္းလမ္းေတြကို ထိထိေရာက္ေရာက္ အသုံးခ်မႈရွိမယ္ဆိုရင္ ဆယ္ေက်ာ္သက္အ႐ြယ္မွာ ကိုယ္ဝန္ ေဆာင္ရျခင္းကို ၈၀ ရာခိုင္ႏႈန္းအထိေလွ်ာ့ခ်နိဳင္တယ္လို႔ သိရပါတယ္။
တနည္းေျပာရမယ္ဆိုရင္ ပဋိသေႏၶတားဆီးမႈနဲ႕ ပတ္သက္လို႔ ပညာေပးျခင္းေၾကာင့္ ကိုယ္ဝန္ဖ်က္ခ်မႈ ႏႈန္းကိုလည္း ေလွ်ာ့ခ်ေပး နိုင္မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဆယ္ေက်ာ္သက္ အမ်ားစုဟာ သူတို႔အတြက္ေ႐ြးခ်ယ္စရာနည္းလမ္းေတြနဲ႕ အဲဒါ ေတြရဲ႕ ထိေရာက္မႈကို မသိၾကေသးပါဘူး။
လိင္ကိစၥႏွင့္ ပတ္သက္ေသာ အေျခခံအေၾကာင္းအရာမ်ား ပညာေပးျခင္း
လိင္အသိပညာေပးျခင္းမွာ လိင္မႈကိစၥအေပၚ ဘယ္လိုသေဘာထားသင့္သလဲဆိုတာလည္းပါဝင္ပါတယ္။ လိင္မႈကိစၥ နဲ႕ ပတ္သက္လို႔ ပိုမိုေကာင္းမြန္စြာ အသိပညာေပးလာျခင္းေၾကာင့္ ၁၉၉၁ ခုႏွစ္က စၿပီးၾကည့္မယ္ဆိုရင္ ဆယ္ေက်ာ္သက္ ကိုယ္ဝန္ေဆာင္ျခင္း ၂၀ ရာခိုင္ႏႈန္း က်ဆင္းလာခဲ့တယ္လို႔ CDC ရဲ႕ စစ္တမ္းက ဆိုပါတယ္။
ဆယ္ေက်ာ္သက္အ႐ြယ္မွာ ကိုယ္ဝန္ရတဲ့ ကိစၥေတြရဲ႕ အမ်ားစုက ပဋိသေႏၶတားျခင္းနဲ႕ ပတ္သက္လို႔ ဗဟုသုတ မရွိၾကတာ ေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဆယ္ေက်ာ္သက္ေတြကို လိင္အသိပညာေပးတဲ့ အခါမွာ မ်ိဳးဆက္ပြားက်န္းမာေရး အ ေၾကာင္းကို ဦးစားေပးသင့္ပါတယ္။ ဆယ္ေက်ာ္သက္အ႐ြယ္မွာ ကိုယ္ဝန္ရွိလာတာေၾကာင့္ ပညာတပိုင္းတစနဲ႕ ေက်ာင္းထြက္လိုက္ရတာ မ်ိဳးေတြရွိနိုင္သလို လူမႈ အသိုင္းအဝိုင္းမွာ လည္း အဆင္မေျပမႈေတြႀကဳံေတြ႕ရနိုင္ပါတယ္။
ျပည့္စုံေသာ လိင္အသိပညာေပးျခင္း
ျပည့္စုံတဲ့ လိင္အသိပညာေပးျခင္းရဲ႕ အေရးပါမႈကို ဒီကိစၥကို ေရွာင္က်ဥ္ဖို႔ အတြက္သာ ပညာေပးျခင္းနဲ႕ ႏွိုင္းယွဥ္ၿပီးေတာ့ အေမရိကန္နိုင္ငံ ဝါရွင္တန္ တကၠသိုလ္က ေလ့လာမႈတခုျပဳလုပ္ခဲ့ပါတယ္။ ဒီလိုေလ့လာၾကည့္တဲ့ေနရာမွာ ျပည့္စုံတဲ့ လိင္ အသိပညာေပးမႈကို ရရွိခဲ့သူဟာ ဆယ္ေက်ာ္သက္ အ႐ြယ္မွာကိုယ္ဝန္ရနိုင္ေျခ ၆၀ ရာခိုင္ႏႈန္းပိုနည္းတယ္ဆိုတာ ေတြ႕ရွိခဲ့ ရပါတယ္။
ျပည့္စုံတဲ့ လိင္အသိပညာေပးျခင္းက လိုအပ္ပါတယ္။ ဒါမွသာလွ်င္ ဆယ္ေက်ာ္သက္တေယာက္အေနနဲ႕ ကြၽမ္းက်င္သူ ေဆးပညာ ရွင္နဲ႕ အခ်ိန္မီျပနိုင္ဖို႔ကို ရွက္ေၾကာက္တြန႔္ဆုတ္ေနျခင္း မျဖစ္ေတာ့မွာပါ။ အခ်ိန္မီ ျပသတိုင္ပင္မႈ မလုပ္တာ ေၾကာင့္ ေနာက္က်သြားၿပီး ကိုယ္ဝန္ပ်က္က်တာေတြ၊ ကေလးအေသေမြးဖြားတာေတြ ကေနတဆင့္ အဲဒီဆယ္ေက်ာ္ သက္ မိန္းကေလးရဲ႕ မ်ိဳးပြား အဂၤါေတြ ထိခိုက္ပ်က္စီးတာမ်ိဳး ျဖစ္လာနိုင္ပါတယ္။ တခ်ိဳ႕သူေတြမွာ ေသြးအားနည္းတာနဲ႕ ေသြးတက္တာ ေတြ အၿမဲတမ္းျဖစ္သြားနိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဆယ္ေက်ာ္သက္ မိန္းကေလး တေယာက္ အေနနဲ႕ သူ႕ရဲ႕ ဖြံ႕ၿဖိဳးမႈက ျပည့္စုံျခင္း မရွိေသးပါဘူး။ အခ်ိန္မတိုင္မီ ကိုယ္ဝန္ေဆာင္လိုက္ရျခင္းေၾကာင့္ သူ႕ကိုယ္ခႏၶာမွာ ေျပာင္းလဲေတြ႕ႀကဳံလာတဲ့ အတိုင္း အျပည့္အဝခ်ိန္ညွိနိုင္ျခင္း မရွိေသးတဲ့ မ်ိဳး ပြား စနစ္ေတြကို ထိခိုက္ေစပါတယ္။
ဒါေၾကာင့္ ဆယ္ေက်ာ္သက္မွာကိုယ္ဝန္ရွိတာမ်ိဳးကို ဂ႐ုတစိုက္နဲ႕ ေျဖရွင္းရမွာျဖစ္ပါတယ္။ မိဘေတြနဲ႕ ပတ္ဝန္းက်င္ အသိုင္း အဝိုင္းကလည္း ႐ုပ္ပိုင္းဆိုင္ရာ အရေရာ၊ စိတ္ပိုင္းဆိုင္ရာ အရပါ အကူအညီေပးရမွာ ျဖစ္ပါတယ္။ ဒီလိုမွ မဟုတ္ရင္ စိတ္ ထိခိုက္မႈက ေနတဆင့္ ေၾကာင့္ လူေတာမတိုးဝံ့တာ မ်ိဳး ေတြျဖစ္သြားနိုင္ပါတယ္။ ဘ၀ ရဲ႕တာဝန္နဲ႕ သူတို႔ ကိုယ္တိုင္ ေဆာင္႐ြက္ရမွာေတြ ရွိလာၿပီဆိုတာ သိေအာင္လုပ္ေပးမွသာ အဆင္ေျပသြားမွာ ျဖစ္ပါတယ္။
Source: onlymyhealth.com

Facebook မွၾကည့္ခ်င္တဲ့သူေတြအတြက္ ဒီကိုႏွိပ္ပါ
#အိမ္ေထာင္သည္က်န္းမာေရး
အႏၲရာယ္ကင္းေဘးရွင္းဖို႔ sex toys သံုးက်စို႔
ဖုန္းေဆာ့၀ဲယူခ်င္ရင္ ဒီကိုႏွိပ္ပါ


Unicode
 ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန် မရစေဖို့
............................
လိင်အသိပညာပေးခြင်းနဲ့ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်ခြင်းက တခုနဲ့ တခု ဆက်စပ်နေပါတယ်။ လိင်နဲ့ ပတ်သက်တဲ့ အသိပညာရှိမယ်ဆိုရင် ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ရတဲ့ အဖြစ်တွေကိုလျော့ကျစေပါတယ်။ နောက်ဆုံးပြုလုပ်ခဲ့ တဲ့ လေ့လာမှုတွေ အရလည်း ပြည့်စုံတဲ့ အသိပညာပေးခြင်းကြောင့် ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်ရတဲ့ ကိစ္စ တွေ ကျဆင်းသွားတယ်ဆိုတာ တွေ့ရပါတယ်။ ကျောင်းတွေ ကောလိပ်တွေမှာ လိင်အသိပညာပေးခြင်းကြောင့်ဆယ်ကျော် သက် ကိုယ်ဝန်တခုထဲကိုသာ ကာကွယ်ပေး နိုင်တာ မဟုတ်ပါဘူး။ ဆယ်ကျော်သက်တွေကြားမှာ လိင်ဆက်ဆံမှု ကနေ တဆင့် ကူးစက်တတ်တဲ့ရောဂါတွေ (STDs) ကို လည်း ပျံ့ပွားခြင်း မရှိရအောင် တားဆီး ပေးနိုင်ပါတယ်။ ဒီတပတ် လိင် ပညာပေးအဖြစ် ဆယ်ကျော်သက် အရွယ်လေးတွေ ပန်းကောင်း အညွှန့်ကျိုးမဖြစ်ရအောင် ကိုယ်ဝန် ဆောင်မှု ဘယ်လို ကာကွယ် တားဆီးနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ပဋိသန္ဓေတားဆီးခြင်းအကြောင်း အသိပေးခြင်း

လိင်အသိပညာပေးရာမှာ ဆယ်ကျော်သက်တွေ အနေနဲ့ သားဆက်ခြားဆေး (သို့မဟုတ်) ပဋိသန္ဓေတားဆေးတွေနဲ့ သူတို့ အသုံးပြုပုံတွေကို ရှင်းရှင်းလင်းလင်းနားလည်ထားမယ်ဆိရင် ပိုပြီးထိရောက်မှုရှိပါတယ်။ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ် ရေး ဌာန (CDC) က ပြုလုပ်ခဲ့တဲ့ လူငယ်တွေရဲ့ အလေ့အထနဲ့ ပတ်သက်တဲ့ စစ်တမ်းတခု အရ လူငယ်တွေကြားမှာ ပဋိ သန္ဓေတားဆီးရေးနည်းလမ်းတွေကို ထိထိရောက်ရောက် အသုံးချမှုရှိမယ်ဆိုရင် ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန် ဆောင်ရခြင်းကို ၈၀ ရာခိုင်နှုန်းအထိလျှော့ချနိုင်တယ်လို့ သိရပါတယ်။

တနည်းပြောရမယ်ဆိုရင် ပဋိသန္ဓေတားဆီးမှုနဲ့ ပတ်သက်လို့ ပညာပေးခြင်းကြောင့် ကိုယ်ဝန်ဖျက်ချမှု နှုန်းကိုလည်း လျှော့ချပေး နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက် အများစုဟာ သူတို့အတွက်ရွေးချယ်စရာနည်းလမ်းတွေနဲ့ အဲဒါ တွေရဲ့ ထိရောက်မှုကို မသိကြသေးပါဘူး။

လိင်ကိစ္စနှင့် ပတ်သက်သော အခြေခံအကြောင်းအရာများ ပညာပေးခြင်း

လိင်အသိပညာပေးခြင်းမှာ လိင်မှုကိစ္စအပေါ် ဘယ်လိုသဘောထားသင့်သလဲဆိုတာလည်းပါဝင်ပါတယ်။ လိင်မှုကိစ္စ နဲ့ ပတ်သက်လို့ ပိုမိုကောင်းမွန်စွာ အသိပညာပေးလာခြင်းကြောင့် ၁၉၉၁ ခုနှစ်က စပြီးကြည့်မယ်ဆိုရင် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း ၂၀ ရာခိုင်နှုန်း ကျဆင်းလာခဲ့တယ်လို့ CDC ရဲ့ စစ်တမ်းက ဆိုပါတယ်။

ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ရတဲ့ ကိစ္စတွေရဲ့ အများစုက ပဋိသန္ဓေတားခြင်းနဲ့ ပတ်သက်လို့ ဗဟုသုတ မရှိကြတာ ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်တွေကို လိင်အသိပညာပေးတဲ့ အခါမှာ မျိုးဆက်ပွားကျန်းမာရေး အ ကြောင်းကို ဦးစားပေးသင့်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ရှိလာတာကြောင့် ပညာတပိုင်းတစနဲ့ ကျောင်းထွက်လိုက်ရတာ မျိုးတွေရှိနိုင်သလို လူမှု အသိုင်းအဝိုင်းမှာ လည်း အဆင်မပြေမှုတွေကြုံတွေ့ရနိုင်ပါတယ်။

ပြည့်စုံသော လိင်အသိပညာပေးခြင်း

ပြည့်စုံတဲ့ လိင်အသိပညာပေးခြင်းရဲ့ အရေးပါမှုကို ဒီကိစ္စကို ရှောင်ကျဉ်ဖို့ အတွက်သာ ပညာပေးခြင်းနဲ့ နှိုင်းယှဉ်ပြီးတော့ အမေရိကန်နိုင်ငံ ဝါရှင်တန် တက္ကသိုလ်က လေ့လာမှုတခုပြုလုပ်ခဲ့ပါတယ်။ ဒီလိုလေ့လာကြည့်တဲ့နေရာမှာ ပြည့်စုံတဲ့ လိင် အသိပညာပေးမှုကို ရရှိခဲ့သူဟာ ဆယ်ကျော်သက် အရွယ်မှာကိုယ်ဝန်ရနိုင်ခြေ ၆၀ ရာခိုင်နှုန်းပိုနည်းတယ်ဆိုတာ တွေ့ရှိခဲ့ ရပါတယ်။

ပြည့်စုံတဲ့ လိင်အသိပညာပေးခြင်းက လိုအပ်ပါတယ်။ ဒါမှသာလျှင် ဆယ်ကျော်သက်တယောက်အနေနဲ့ ကျွမ်းကျင်သူ ဆေးပညာ ရှင်နဲ့ အချိန်မီပြနိုင်ဖို့ကို ရှက်ကြောက်တွန့်ဆုတ်နေခြင်း မဖြစ်တော့မှာပါ။ အချိန်မီ ပြသတိုင်ပင်မှု မလုပ်တာ ကြောင့် နောက်ကျသွားပြီး ကိုယ်ဝန်ပျက်ကျတာတွေ၊ ကလေးအသေမွေးဖွားတာတွေ ကနေတဆင့် အဲဒီဆယ်ကျော် သက် မိန်းကလေးရဲ့ မျိုးပွား အင်္ဂါတွေ ထိခိုက်ပျက်စီးတာမျိုး ဖြစ်လာနိုင်ပါတယ်။ တချို့သူတွေမှာ သွေးအားနည်းတာနဲ့ သွေးတက်တာ တွေ အမြဲတမ်းဖြစ်သွားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆယ်ကျော်သက် မိန်းကလေး တယောက် အနေနဲ့ သူ့ရဲ့ ဖွံ့ဖြိုးမှုက ပြည့်စုံခြင်း မရှိသေးပါဘူး။ အချိန်မတိုင်မီ ကိုယ်ဝန်ဆောင်လိုက်ရခြင်းကြောင့် သူ့ကိုယ်ခန္ဓာမှာ ပြောင်းလဲတွေ့ကြုံလာတဲ့ အတိုင်း အပြည့်အဝချိန်ညှိနိုင်ခြင်း မရှိသေးတဲ့ မျိုး ပွား စနစ်တွေကို ထိခိုက်စေပါတယ်။

ဒါကြောင့် ဆယ်ကျော်သက်မှာကိုယ်ဝန်ရှိတာမျိုးကို ဂရုတစိုက်နဲ့ ဖြေရှင်းရမှာဖြစ်ပါတယ်။ မိဘတွေနဲ့ ပတ်ဝန်းကျင် အသိုင်း အဝိုင်းကလည်း ရုပ်ပိုင်းဆိုင်ရာ အရရော၊ စိတ်ပိုင်းဆိုင်ရာ အရပါ အကူအညီပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် စိတ် ထိခိုက်မှုက နေတဆင့် ကြောင့် လူတောမတိုးဝံ့တာ မျိုး တွေဖြစ်သွားနိုင်ပါတယ်။ ဘဝ ရဲ့တာဝန်နဲ့ သူတို့ ကိုယ်တိုင် ဆောင်ရွက်ရမှာတွေ ရှိလာပြီဆိုတာ သိအောင်လုပ်ပေးမှသာ အဆင်ပြေသွားမှာ ဖြစ်ပါတယ်။

Source:onlymyhealth.com


Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ 

0 Comments