Last post

လိင္ဆက္ဆံျခင္း ပုံစံနဲ႕ သားသမီးရတနာ


အိမ္ေထာင္ထူေထာင္ၾကၿပီဆိုရင္ မိမိတို႔မ်ိဳးဆက္သားသမီးကို လိုခ်င္ၾကတာပဲ။ တခ်ိဳ႕စုံတြဲေတြမွာ ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ ကိုယ္ဝန္မရၾကေပမယ့္ အမ်ားစုကေတာ့ လိင္ဆက္ဆံတဲ့ အေနအထား ပုံစံမမွန္တာေၾကာင့္ ကိုယ္ဝန္ မနိုင္ၾကတာ ျဖစ္ပါတယ္။ ကိုယ္ဝန္ရွိဖို႔ ဆိုတာက တခ်ိဳ႕ စုံတြဲေတြ အတြက္ လြယ္ကူေကာင္း လြယ္ကူေနနိုင္ေပမယ့္ တခ်ိဳ႕ေတြ အတြက္ ကေတာ့ ကေလး တေယာက္ရဖို႔ကို သူမ်ားထက္ပိုၿပီး ခက္ခဲတာ၊ အားထုတ္ရတာေတြလည္း ရွိေနတတ္ပါတယ္။ ကိုယ္ဝန္ရွိနိုင္ဖို႔ အတြက္ လင္မယားစုံတြဲေတြဟာ မ်ိဳးဥဆင္းတာကို ေစာင့္ၾကည့္ရတာမ်ိဳးကေနၿပီးေတာ့ ကိုယ္ဝန္ရဖို႔ အေထာက္အကူ ရေအာင္လို႔ လိင္ဆက္ဆံတဲ့နည္းလမ္း ပုံစံေတြ အမ်ိဳးမ်ိဳး ေျပာင္းၿပီး ႀကိဳးစားၾကည့္ၾကရတာမ်ိဳးေတြ အထိ အလုပ္ရႈပ္ၾက ရပါတယ္။ ဘယ္လိုပုံစံက ကိုယ္ဝန္ရဖို႔ အတြက္ အေထာက္အကူ ျဖစ္တယ္ တခ်ိဳ႕ ကေတာ့ မျဖစ္ဘူး ဆိုတာမ်ိဳးကလည္း အၿမဲလို အျငင္းပြားစရာ ေခါင္းစဥ္တခုပါပဲ။ ဒါေၾကာင့္ ကိုယ္ဝန္ရဖို႔ အေကာင္းဆုံး ပုံစံလို႔ ဆိုၾကတဲ့ နည္းလမ္းတခ်ိဳ႕ အေၾကာင္းကို ဒီတပတ္ လိင္ပညာေပးအျဖစ္ ေဖာ္ျပေပးလိုက္ပါတယ္။
Missionary position
ေလွႀကီးထိုးလို႔ ေခၚၾကတဲ့ Missionary position က ကိုယ္ဝန္ရရွိဖို႔ အေကာင္းဆုံးလို႔ ဆိုၾကပါတယ္။ ဒီနည္းက အမ်ိဳးသား က အမ်ိဳးသမီးရဲ႕ အေပၚမွာေနတဲ့ နည္းျဖစ္ပါတယ္။ ေယာက္်ားရဲ႕ သုတ္ပိုးေတြက မမ်ိဳးဥ နဲ႕ လြယ္လြယ္ကူကူ ျမန္ျမန္ဆန္ ဆန္ ထိေတြ႕နိုင္တယ္လို႔ သိရပါတယ္။ ဒီနည္းနဲ႕ လိင္ဆက္ဆံစဥ္မွာ အမ်ိဳးသမီးရဲ႕တင္ပါးေအာက္မွာ ေခါင္းအုံးတလုံးခုေပး ထားမယ္ဆိုရင္ ကိုယ္ဝန္ရနိုင္ေျခပိုမ်ားတယ္လို႔လည္းသိရပါတယ္။ အမ်ိဳးသားသုက္ပိုးကို အမ်ိဳးသမီးရဲ႕ သားအိမ္ေခါင္းနဲ႕ အနီးဆုံးပို႔ေဆာင္ေပးနိုင္တဲ့ နည္းလို႔လည္း ဆိုၾကပါတယ္။
Rear entry style
ဒီနည္းကိုေတာ့ doggy style လို႔ အသိမ်ားပါတယ္။ အမ်ိဳးသမီးက ေလးဘက္ေထာက္အေနအထားမွာ ရွိေနၿပီးေတာ့ အမ်ိဳးသား က ေနာက္ကေန ထိုးသြင္းဆက္ဆံရတာျဖစ္ပါတယ္။ ကိုယ္ဝန္ရရွိေစနဲ႕တဲ့ အခြင့္အလမ္းမ်ားတဲ့ နည္းလို႔လည္း သတ္မွတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီနည္းကလည္း အမ်ိဳးသားရဲ႕ သုက္ရည္ကို အမ်ိဳးသမီးရဲ႕ သားအိမ္ေခါင္း နားကို အနီးဆုံးအထိေရာက္ေအာင္ ပို႔ေဆာင္ေပးနိုင္လို႔ ျဖစ္ပါတယ္။
Side by side style
ကိုယ္ဝန္ရေစဖို႔ အေထာက္အကူ ျဖစ္တဲ့ ေနာက္ တနည္းကေတာ့ အမ်ိဳးသားနဲ႕ အမ်ိဳးသမီး မ်က္ႏွာခ်င္းဆိုင္ တေစာင္း လွဲၿပီး ဆက္ဆံတဲ့ ပုံစံျဖစ္ပါ တယ္။ ဒီလိုဆက္ဆံျခင္းအားျဖင့္ အမ်ိဳးသမီး၏ သားအိမ္ေခါင္းဆီကို သုက္ပိုးေတြ ပိုၿပီး ခ်ဥ္း ကပ္လာနိုင္ေစတယ္လို႔ သိရပါတယ္။
သုံးသပ္ခ်က္
ကိုယ္ဝန္ရေစနိုင္တဲ့ အခြင့္အလမ္း ပိုမ်ားလာေစဖို႔အတြက္ ဘယ္လို ပုံစံနဲ႕ပဲ ဆက္ဆံသည္ျဖစ္ေစ အေရး အႀကီးဆုံး က ေတာ့ လိင္ဆက္ဆံမႈၿပီးတဲ့အခါမွာ အမ်ိဳးသားရဲ႕ သုက္ပိုးေတြက အမ်ိဳးသမီးရဲ႕ ကိုယ္ထဲမွာ ဆက္ၿပီး ရွိေနေစဖို႔ ျဖစ္ ပါ တယ္။ ဒါေၾကာင့္ အမ်ိဳးသမီး အေနနဲ႕ ဆက္ဆံမႈၿပီး တာနဲ႕ ခ်က္ခ်င္း ထလာတာမ်ိဳး မလုပ္သင့္ပါဘူး။ ဘယ္အခ်ိန္မွာ သုတ္ ပိုးနဲ႕ မမ်ိဳးဥ ေတြ႕ဆုံၿပီး သေႏၶတည္သြားနိုင္မယ္ဆိုတာက မသိနိုင္တဲ့ အတြက္ ၁၅ မိနစ္ ကေန မိနစ္ ၂၀ ေလာက္အထိ ဆက္ၿပီး လဲေလ်ာင္းေနသင့္ပါတယ္။ ေနာက္ထပ္ အေရးႀကီးတာ တခုကေတာ့ ကေလးယူဖို႔ ႀကိဳးစားေနမယ္ဆိုရင္ မမ်ိဳးဥ ထြက္လာနိုင္တဲ့ အခ်ိန္ကို မွန္းဆနိုင္ဖို႔ ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြ ရာသီလာၿပီး ေနာက္ ၁၄ ရက္ၾကာရင္ မ်ိဳးဥ စၿပီးဆင္းပါ တယ္။ အဲဒီအခ်ိန္ဟာ သေႏၶတည္ဖို႔ အေကာင္းဆုံး အခ်ိန္ျဖစ္ၿပီးေတာ့ အဲဒီအခ်ိန္မွာ လိင္ဆက္ဆံမယ္ဆိုရင္ ကိုယ္လိုခ်င္တဲ့ ရလဒ္ မ်ိဳးရနိုင္ပါတယ္။ အမ်ိဳးသမီး အေနနဲ႕ မ မ်ိဳးဥ ထြက္လာတဲ့ အခ်ိန္မွာ မိမိရဲ႕ ကိုယ္ခႏၶာမွာ ဘယ္လို အရိပ္အေယာင္ျဖစ္ တတ္ တယ္ဆိုတာကိုလည္း သိထားရပါမယ္။ မမ်ိဳးဥဆင္းခ်ိန္မွာ အမ်ိဳးသမီးေတြ ကိုယ္အပူခ်ိန္တက္ လာေလ့ရွိတဲ့အတြက္ မနက္အိပ္ယာက နိုးနိုးခ်င္းမွာ ကိုယ္ပူခ်ိန္တိုင္းၿပီး မွတ္သားထားမယ္ဆိုရင္ မမ်ိဳးဥဆင္းလာတဲ့ ရက္ ကို သိနိုင္မွာ ျဖစ္ပါတယ္။

Facebook မွၾကည့္ခ်င္တဲ့သူေတြအတြက္ ဒီကိုႏွိပ္ပါ
#အိမ္ေထာင္သည္က်န္းမာေရး
အႏၲရာယ္ကင္းေဘးရွင္းဖို႔ sex toys သံုးက်စို႔
ဖုန္းေဆာ့၀ဲယူခ်င္ရင္ ဒီကိုႏွိပ္ပါ


Unicode

လိင်ဆက်ဆံခြင်း ပုံစံနဲ့ သားသမီးရတနာ
..............................................
အိမ်ထောင်ထူထောင်ကြပြီဆိုရင် မိမိတို့မျိုးဆက်သားသမီးကို လိုချင်ကြတာပဲ။ တချို့စုံတွဲတွေမှာ ချို့ယွင်းချက်ကြောင့် ကိုယ်ဝန်မရကြပေမယ့် အများစုကတော့ လိင်ဆက်ဆံတဲ့ အနေအထား ပုံစံမမှန်တာကြောင့် ကိုယ်ဝန် မနိုင်ကြတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိဖို့ ဆိုတာက တချို့ စုံတွဲတွေ အတွက် လွယ်ကူကောင်း လွယ်ကူနေနိုင်ပေမယ့် တချို့တွေ အတွက် ကတော့ ကလေး တယောက်ရဖို့ကို သူများထက်ပိုပြီး ခက်ခဲတာ၊ အားထုတ်ရတာတွေလည်း ရှိနေတတ်ပါတယ်။ ကိုယ်ဝန်ရှိနိုင်ဖို့ အတွက် လင်မယားစုံတွဲတွေဟာ မျိုးဥဆင်းတာကို စောင့်ကြည့်ရတာမျိုးကနေပြီးတော့ ကိုယ်ဝန်ရဖို့ အထောက်အကူ ရအောင်လို့ လိင်ဆက်ဆံတဲ့နည်းလမ်း ပုံစံတွေ အမျိုးမျိုး ပြောင်းပြီး ကြိုးစားကြည့်ကြရတာမျိုးတွေ အထိ အလုပ်ရှုပ်ကြ ရပါတယ်။ ဘယ်လိုပုံစံက ကိုယ်ဝန်ရဖို့ အတွက် အထောက်အကူ ဖြစ်တယ် တချို့ ကတော့ မဖြစ်ဘူး ဆိုတာမျိုးကလည်း အမြဲလို အငြင်းပွားစရာ ခေါင်းစဉ်တခုပါပဲ။ ဒါကြောင့် ကိုယ်ဝန်ရဖို့ အကောင်းဆုံး ပုံစံလို့ ဆိုကြတဲ့ နည်းလမ်းတချို့ အကြောင်းကို ဒီတပတ် လိင်ပညာပေးအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

Missionary position

လှေကြီးထိုးလို့ ခေါ်ကြတဲ့ Missionary position က ကိုယ်ဝန်ရရှိဖို့ အကောင်းဆုံးလို့ ဆိုကြပါတယ်။ ဒီနည်းက အမျိုးသား က အမျိုးသမီးရဲ့ အပေါ်မှာနေတဲ့ နည်းဖြစ်ပါတယ်။ ယောက်ျားရဲ့ သုတ်ပိုးတွေက မမျိုးဥ နဲ့ လွယ်လွယ်ကူကူ မြန်မြန်ဆန် ဆန် ထိတွေ့နိုင်တယ်လို့ သိရပါတယ်။ ဒီနည်းနဲ့ လိင်ဆက်ဆံစဉ်မှာ အမျိုးသမီးရဲ့တင်ပါးအောက်မှာ ခေါင်းအုံးတလုံးခုပေး ထားမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေပိုများတယ်လို့လည်းသိရပါတယ်။ အမျိုးသားသုက်ပိုးကို အမျိုးသမီးရဲ့ သားအိမ်ခေါင်းနဲ့ အနီးဆုံးပို့ဆောင်ပေးနိုင်တဲ့ နည်းလို့လည်း ဆိုကြပါတယ်။

Rear entry style

ဒီနည်းကိုတော့ doggy style လို့ အသိများပါတယ်။ အမျိုးသမီးက လေးဘက်ထောက်အနေအထားမှာ ရှိနေပြီးတော့ အမျိုးသား က နောက်ကနေ ထိုးသွင်းဆက်ဆံရတာဖြစ်ပါတယ်။ ကိုယ်ဝန်ရရှိစေနဲ့တဲ့ အခွင့်အလမ်းများတဲ့ နည်းလို့လည်း သတ်မှတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနည်းကလည်း အမျိုးသားရဲ့ သုက်ရည်ကို အမျိုးသမီးရဲ့ သားအိမ်ခေါင်း နားကို အနီးဆုံးအထိရောက်အောင် ပို့ဆောင်ပေးနိုင်လို့ ဖြစ်ပါတယ်။

Side by side style

ကိုယ်ဝန်ရစေဖို့ အထောက်အကူ ဖြစ်တဲ့ နောက် တနည်းကတော့ အမျိုးသားနဲ့ အမျိုးသမီး မျက်နှာချင်းဆိုင် တစောင်း လှဲပြီး ဆက်ဆံတဲ့ ပုံစံဖြစ်ပါ တယ်။ ဒီလိုဆက်ဆံခြင်းအားဖြင့် အမျိုးသမီး၏ သားအိမ်ခေါင်းဆီကို သုက်ပိုးတွေ ပိုပြီး ချဉ်း ကပ်လာနိုင်စေတယ်လို့ သိရပါတယ်။

သုံးသပ်ချက်

ကိုယ်ဝန်ရစေနိုင်တဲ့ အခွင့်အလမ်း ပိုများလာစေဖို့အတွက် ဘယ်လို ပုံစံနဲ့ပဲ ဆက်ဆံသည်ဖြစ်စေ အရေး အကြီးဆုံး က တော့ လိင်ဆက်ဆံမှုပြီးတဲ့အခါမှာ အမျိုးသားရဲ့ သုက်ပိုးတွေက အမျိုးသမီးရဲ့ ကိုယ်ထဲမှာ ဆက်ပြီး ရှိနေစေဖို့ ဖြစ် ပါ တယ်။ ဒါကြောင့် အမျိုးသမီး အနေနဲ့ ဆက်ဆံမှုပြီး တာနဲ့ ချက်ချင်း ထလာတာမျိုး မလုပ်သင့်ပါဘူး။ ဘယ်အချိန်မှာ သုတ် ပိုးနဲ့ မမျိုးဥ တွေ့ဆုံပြီး သန္ဓေတည်သွားနိုင်မယ်ဆိုတာက မသိနိုင်တဲ့ အတွက် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်အထိ ဆက်ပြီး လဲလျောင်းနေသင့်ပါတယ်။ နောက်ထပ် အရေးကြီးတာ တခုကတော့ ကလေးယူဖို့ ကြိုးစားနေမယ်ဆိုရင် မမျိုးဥ ထွက်လာနိုင်တဲ့ အချိန်ကို မှန်းဆနိုင်ဖို့ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ရာသီလာပြီး နောက် ၁၄ ရက်ကြာရင် မျိုးဥ စပြီးဆင်းပါ တယ်။ အဲဒီအချိန်ဟာ သန္ဓေတည်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပြီးတော့ အဲဒီအချိန်မှာ လိင်ဆက်ဆံမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ရလဒ် မျိုးရနိုင်ပါတယ်။ အမျိုးသမီး အနေနဲ့ မ မျိုးဥ ထွက်လာတဲ့ အချိန်မှာ မိမိရဲ့ ကိုယ်ခန္ဓာမှာ ဘယ်လို အရိပ်အယောင်ဖြစ် တတ် တယ်ဆိုတာကိုလည်း သိထားရပါမယ်။ မမျိုးဥဆင်းချိန်မှာ အမျိုးသမီးတွေ ကိုယ်အပူချိန်တက် လာလေ့ရှိတဲ့အတွက် မနက်အိပ်ယာက နိုးနိုးချင်းမှာ ကိုယ်ပူချိန်တိုင်းပြီး မှတ်သားထားမယ်ဆိုရင် မမျိုးဥဆင်းလာတဲ့ ရက် ကို သိနိုင်မှာ ဖြစ်ပါတယ်။

Facebook မှကြည့်ချင်တဲ့သူတွေအတွက် ဒီကိုနှိပ်ပါ
#အိမ်ထောင်သည်ကျန်းမာရေး
အန္တရာယ်ကင်းဘေးရှင်းဖို့ sex toys သုံးကျစို့
ဖုန်းဆော့ဝဲယူချင်ရင် ဒီကိုနှိပ်ပါ 

0 Comments